Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Thursday, March 31, 2011

အပြောကြီးတဲ့ ကိုသာဂေါင်

(ပုံကို GG မှ ယူသည်)
ဒဟတ်တော ရွာမှာ ကိုသာဂေါင် ဆိုတဲ့ လူတစ်ယောက် ရှိပါတယ်။
သူက သူ့ကိုယ်သူ သတ္တိ ရှိတဲ့လူ လို့   သတ်မှတ်ထားတာဗျ...။ ပြေ
ာလိုက်ရင်တော့  သူ ကြောက်တာ ဘာမှကို မရှိပါဘူး...။ တကယ်
တမ်းကြတော့ မြွေ   တစ်ကောင်တောင် မသတ်ရဲတဲ့သူပါ...။ သူက
အခြားရွာက ဦးသာလုံး ဆီမှာ သိုင်းပညာသင်ယူနေတဲ့ လူပေါ့။ သူ
နဲ့ အတူတူ သင်တဲ့ သူတွေ   ပညာစုံတာတောင် သူကတော့ မူရင်း
အတိုင်းပါပဲ...။  သူ့နောက်က လူတွေ သူနဲ့ အတူတူ သင်လည်း သူ
ကတော့ မူရင်းအတိုင်းပါပဲ...။ ဟိုစကားပုံလိုပေါ့   “ဒုံရင်းက ဒုံရင်း”
ပါပဲ။ ဒါပေမယ့် သူကတော့ အပြောမလျှော့ ဆရာကြီးက သူ့ကို ချ
စ်လို့၊ သူက ပညာတွေ ဆရာကြီး နီးပါး တတ်လို့ သူ့ကို ညာလက်ရုံ
း ခန့်ထားတာတဲ့လေ...။  ဆရာကြီးက အဲဒီစကားကို သိပေမယ့်လ
ည်း ဘာမှမပြောခဲ့ပါဘူး...။     ရွဲာက လူတွေကတော့ သာဂေါင် အ
ပြောကြီးနေမှန်းမသိကြပါဘူး။ အဲဒါကြောင့် သာဂေါင် စကားကို ယုံ
ကြည်နေကြတာပေါ့...။ လူငယ်လေး တွေကဆိုရင် ကိုသာဂေါင်ဆီ
မှာတောင် တပည့်ခံချင်နေကြတာလေ။   သူက သတ္တိတာ မရှိတာ
ဟန်တော့ အကောင်းသားဗျ...။  “ ဟန် ကိုယ့်ဖို့ ”ဆိုတဲ့ စကားပုံလို
ပေါ့...။


 တစ်ရက်တော့ ကိုသာဂေါင်တစ်ယောက် လှည်းတစ်စီးနဲ့ အခြားရွာ
ကို သွားပါတယ်။  လမ်းတစ်နေရာ ရောက်တေ့ လှည်းလမ်းဘေး နှ
စ်ဘက် လုံးမှာ ခြုံနွယ်တွေကလည်း ထူနေတာပေါ့။ အဲဒီ ထူနေတဲ့
တစ်နေရာအရောက်မှာ လှည်းတစ်စီးကလည်း သာဂေါင်တို့ မောင်
းလာတဲ့ ဆီကို ဦးတည်လာပါသည်။ သာဂေါင်တို့က မြောက် အရပ်
ကို အသွား၊  ဟိုလှည်းက တောင်အရပ်ကို အလာဆိုတော့ ထိပ်တို
က် တွေ့ရောဗျို့...။    အဲဒါနဲ့ ကိုသာဂေါင်နဲ့ အတူတူ လှည်းပေါ်မှာပါ
လာတဲ့ ရွာက လူငယ်လေးက ပြောတာပေါ့...။  “ကိုသာဂေါင် အရှုံး
မပေးနဲ့နော်... သူတို့လှည်းကို      နောက်ပြန်ဆုတ်ခိုင်း တကယ်လို့
ဆုတ် မပေးဘူးဆိုရင်လည်း    ကြောက်စရာမလိုဘူးလေ... ကိုသာ
ဂေါင်က သိုင်းတတ်တာပဲ”...။  အဲလို ပြောတော့ ကိုသာဂေါင်လည်
း ခပ်တည်တည်နဲ့   “ဗျို့..ရှေ့ကလှည်းစရာ နောက်ကို  ပြန်ဆုတ်ပေ
းပါ...။ ကျုပ်ကတော့ မဆုတ်နိုင်ဘူး...”။     “ဒီမယ် ကိုယ့်လူ ကျုပ်က
ဝန်တွေနဲ့ နောက်မဆုတ်နိုင်ဘူး”  ဟိုဘက်က လှည်းသမားက ပြန်
ဖြေလိုက်တယ်။   “မရဘူး ကျုပ်တို့ကို ရှောင်ပေး” ကိုသာဂေါင် ပြန်
ပြောလိုက်ပါသည်။ “ကျုပ် ခင်ဗျားကို ကောင်းကောင်းပြောနေတာ
ပါ။ ကျုပ်က ၀န်တွေနဲ့ဆိုတော့ မတတ်နိုင်ဘူးဗျ”။  အဲလို ပြေပြေပြ
စ်ပြစ် ပြောနေတာကို ကိုသာဂေါင်တစ်ယောက်   ပြောနေတုန်းပါပဲ
...။ နောက်တော့ တောင်းပန်နေတဲ့ လှည်းသမားက တောင်းပန်လို
့မရတဲ့ အဆုံးမှာတော့   “ဒီမယ် ကိုယ့်လူ ကျုပ်ကတော့ဝန်တွေနဲ့မို့
နောက် ပြန်မဆုတ်နိုင်ဘူး။  အဲလို မဆုတ်နိုင်တာကို မကျေနပ်ဘူး
ဆိုရင် ခင်ဗျား ဘာလုပ်မလဲ”။   လှည်းသမားက ခပ်တည်တည် မျ
က်နှာအနေအထားကို   ပြောင်းပြီး ပြောလိုက်တော့... ကိုသာဂေါင်
တစ်ယောက်  မျက်မှောင်လေးကို ကုတ်ပြီး  “ ခင်ဗျား ရှောင်မပေး
ရင် ကျုပ်ရှောင်ပေးမလို့ပါတဲ့”။   အဲလို ပြောတော့ နောက်က ပါလ
ာတဲ့ ကောင်လေးက   “ကိုသာဂေါင် ဒီမှာ ဘယ်လိုရှောင်မှာလဲ သူ
ကမှ နောက်ပြန်ဆုတ်ရင် တော်သေးတယ်။  သူ့မှာ ပါတဲ့ ၀န်ဆိုတ
ာကလည်း မပြောပလောက်ဘူးဗျ။  သူက ရှောင်မပေးချင်လို့ ပြော
နေတာဗျ။ဘယ်လိုပြောပြော ကိုသာဂေါင်ကတော့ နွားတွေကို လှ
ည်းမှ ချွတ်ပြီး လှည်းကြီးကို   နောက်ပြန်တွန်းရင်း ပြောလိုက်ပါသ
ည်...“ဟကောင်လေး သူကတကယ်လုပ်မဲ့ ပုံကွ”တဲ့ ကိုင်း ကောင်
းကြသေးရဲ့လား။ အမှန်တော့ ဟို လှည်းသမားက မှားတာပါ...။ ဒါ
ပေမယ့် ကိုသာဂေါင်က ကြောက်တော့ သူမှန်နေတာတောင် အပ
င်ပန်းခံပြီး လှည်းကို ပြန်တွန်းပေးတာလေ။  အဲဒီ သတင်းက နော
က်တော့ တစ်ရွာလုံးကို ပျံ့သွားတော့တာပဲ။   အဲဒီနောက်မှာတော့
ကိုသာဂေါင် အပြောကြီး  တယ်ဆိုတာကို သိသွားတဲ့    ရွာသူ၊ ရွာ
သားတွေက ကိုသာဂေါင် စ ကားဆိုရင် ဖုတ်လေတဲ့ ငါးပိ ရှိလေ
တယ်တောင် မထင်တော့ဘူးလေ...။

မိတ်ဆွေတို့တွေလည်း အပြောကြီးတဲ့ သူတွေ တွေ့ဖူးမှာပေါ့....။
အဲလို အပြောကြီးတဲ့ သူတွေကိုတော့      လူတွေက ရှောင်တတ်
ကြတယ်လေ။ အဲတော့ မိတ်ဆွေ အပေါင်းအသင်းတို့လည်းအေ
ပြာ မကြီးကြနဲ့နော် တော်ကြာ... ဖုတ်လေတဲ့ ငါးပိဖြစ်မယ်...:)

(ကျွန်တော့်ရဲ့ ရေးသားချက်များ အဓိပ္ပါယ် မပေါ်လွင်ခဲ့ပါက ကျွန်ေ
တာ့်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်း ၀န်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ရင်ထဲကလာတဲ့ စကားလေးတွေကိုစောင့်မျှော်နေပါတယ်။

အားလုံကိုကျေးဇူးတင်ပါတယ်........

ရာဇာ(ကျေးတောသားလေး)
31.3.2011

7 comments:

Unknown said...

မှတ်သားထိုက်ပါတယ် ကိုသာခေါင်ရေ၊ အော်မှားလို့၊ ကျေးလက်သားလေးရေ။ စာလေးလာဖတ်သွားတယ်နော်။ စေတနာပန်းခင်းကိုလည်း လာည်ပါဦး။ စာလေးအသစ်တင်ထားတယ်။ အောင်မြင်ပါစေ။

Unknown said...

မှတ်သားထိုက်ပါတယ် ကိုသာခေါင်ရေ၊ အဲမှားလို့၊ ကျေးလက်သားလေးရေ။ စာလေးလာဖတ်သွားတယ်နော်။ စေတနာပန်းခင်းခင်းကိုလည်း လာလည်ပါဦး။ စလေးတွေ အသစ်ရေးထားတယ်။ အောင်မြင်ပါစေ။

Angelhlaing(May everybody be happy and healthy! said...

ဟုတ်ပ ညီမလေးလည်း အမြင်ကတ်မှကတ် အဟီး...
အားပေးလျှက်ပါအကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။

မိုးယံ said...

အဲဒါတော့ မမိုက်ပါဘူး... နွားတွေကို ဘက်ဂီယာ ထိုးတတ်အောင် သင်ထားပေးရင် အဆင်ပြေတန်ကောင်းရဲ့။

yar zar said...

ဟုတ်ပါ့ ကိုမိုးယံ ပြောသလို နွားတွေကို သင်ပေးထားရမယ်...
အဲဒါဆိုရင်တော့ အဆင်ပြေပြီ..:P

Kyarphyuhtet said...
This comment has been removed by the author.
Deepak said...

here you guy the best christmas and happy new year 2016 wishes check this out guys: -
Christmas Love Quotes
Happy New Year 2016 Wishes, Grettings, Thought and Status for FB
Merry Christmas Wishes Greetings and Quotes
Christmas Love Messages, Love Quotes, Cute Sayings
Merry Christmas Images, Wallpapers & Profile Pics for whatsapp
Merry Christmas Status for Facebook, Whatsapp and Hike Messenger
Advance Merry Christmas Wishes, Messages and Love Quotes
Christmas Greeting Cards, Messages and sayings
Santa Claus Images,cute Santa pics and Wallpapers

Post a Comment