Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Tuesday, March 1, 2011

မွေးရပ်အညာနဲ့ရွှေဧည့်သည်(၂)


ထမင်းစားပြီးတာနဲ့ နေဇော်နဲ့ အောင်ဦးတို့လည်း မန်ကျဉ်းပင်အောက်မှာချထားတဲ့ ထန်းပလက်ကုလားထိုင်
ပေါ်မှာ ထိုင်နေကြပါတယ်။ သူတို့နှစ်ယောက်ရဲ့လက်ထဲမှာလည်း ယပ်တောင်လေးတွေကိုယ်စီနဲ့လေ။ကျွန်
တော်လည်း သူတို့ထိုင်နေတဲ့အနားမှာသွားပြီး ထိုင်လိုက်ပါတယ်။“နေဇော်နဲ့ အောင်ဦးနှစ်ယောက်လုံးပျင်းေ
နကြပြီလား။ မပျင်းပါဘူးကွာ...ငါတို့ကရောက်တဲ့နေရာကမှာပျော်တတ်တယ်ကွ။ ငါ့အမေကဆို ငါ့ကိုအမြဲ
ပြောတယ်။ အောင်ဦး နင်ကကြက်တွေလိုပဲတဲ့...ချေးကျရာပျော်တဲ့အကောင်တဲ့လေ။ နေဇော်ကလည်း
အားကျမခံ ငါကတော့ မင်းလိုမဟုတ်ဘူး ရောက်တဲ့နေရာမှာ သင့်တင့်လျောက်ပတ်အောင်နေတတ်တယ်။
အေး မင်းတို့အရင်ရောက်ဖူးတဲ့နေရာဒေသတွေနဲ့တော့တူမှာမဟုတ်ဘူး အရာအားလုံးပေါ့ကွာ”။ နည်းနည်း
မှောင်လာတော့ ဘက်ထရီအိုးလေးကို မီးထွန်းလိုက်ပါတယ်။ “ရာဇာ...။ဗျာ အဖေ။ အေးနေဇော်တို့ အောင်
ဦးတို့ ပူနေမှာ တလင်းပြင်မှာလှည်းထိုးကွာ။ ဟုတ် အဖေ”။ ပြောပြောဆို တမာပင်အောက်မှာရှိတဲ့ လှည်း
ကိုသွားပြီးဆွဲလိုက်ပါတယ်။ နေဇော်နဲ့ အောင်ဦးတို့နှစ်ယောက်က ကျွန်တော်လှည်းဆွဲလာတာကို အံ့သြတ
ကြီးနဲ့ကြည့်နေကြပါတယ်။“ရာဇာ ဒီလှည်းကဘာလုပ်ဖို့လဲဟင်။ သြော်...မင်းတို့နှစ်ယောက်ပူနေမှာဆိုးလို့ေ
လ တို့ရွာက အဲကွန်းဖွင့်ပေးမလို့” ကျွန်တော်အရွှမ်းဖောက်လိုက်ပါသည်။ လှည်းဘီးနဲ့ လှည်းဝင်ရိုးအကြား
ကို လှည်းမပြိုအောင် ထမ်းပိုးတုန်း ကလန့်ထားလိုက်ပါသည်။ ကျွန်တော် အမေက နှီးဖြာတစ်ချက်ယူလာပြီ
း၊ရော့ လှည်းပေါ်မှာခင်းဆိုပြီး ကျွန်တော့်ဆီကိုလှမ်းပေးလိုက်ပါသည်။ကျွန်တော်လည်း ဖျာကိုလှည်းပေါ်မှာ
ခင်းပြီး... ကိုင်း...မင်းတို့ဆီက အဲကွန်းနဲ့ဘယ်ကအေးလည်း လာကြည့်ကြပါအုံး။ ဟိုနှစ်ကောင်ကလည်းကျွ
န်တော့်ကို ဟာသပြန်လုပ်ပါသည်။ ငါတို့တော့ အေးလွန်းလို့ တုန်ကိုနေပြီဟေ့။ မင်းတို့နှစ်ယောက် စကားေ
ပြာနှင့်ကြအုံး။ ငါအိမ်ထဲသွားလိုက်အုံးမယ်။ အေး..မင်းမိဘတွေနဲ့ အေးအေးဆေးဆေး စကားပြောပါအုံး။ငါ
တို့ကြည့်ပဲ ဧည့်ခံမနေနဲ့...ငါတို့ကဧည့်သည်မှမဟုတ်တာ။ အေးပါကွာ။ ကျွန်တော်လည်း အိမ်ကလူတွေနဲ့စ
ကားစမြည်ပြောနေတာပေါ့။ အဲဒီအချိန်မှာ ဒက်...........ဒက်..........ဒက်......ဒက်....
တောက်တဲ့...မိုးလားတောက်တဲ့... လေလား၊ တောက်တဲ့... မိုးလား၊ တောက်တဲ့ လေလား။ တောက်
တဲ့အော်တာကို ကလေးတွေက မိုးလေ၀သ ခန့်မှန်းဖို့လိုက်အော်နေတာပါ။
“ ယုန်ကလေးကနားရွက်ထောင်၊ ပညာရှိယောင်ဆောင်
ကြောင်ကလေးကလက်သည်းဖွက် ၊ ချောင်းလိုက်ရတဲ့ကြွက်
ရွှေဇီးဂွက်ရဲ့ အိနြေ္ဒ ၊ ဘုရင်ကြီးလိုနေ
မိုးလေ၀သတွက်ခါဟော ၊ တောက်တဲ့ ကိုလေပေါ
ပြောတိုင်းယုံတဲ့ ပုတ်သင်ညို၊ ခေါင်းညိတ်လှတယ်ဆို
ရွှေကျီးညိုသာပါတော့ ၊ ဧည့်သည်လာမှာပေါ့” ဆိုတဲ့ ကဗျာလေးထဲကလိုပါပဲ။ တောက်တဲ့စအော်တာနဲ့က
လေးတွေက မိုးလား၊လေလား ဆိုပြီးလိုက်မှတ်နေတာလေ။ တောက်တဲ့ အော်ပြီးလို့ရပ်တဲ့အချိန် မိုးကျရင် မိုး
ရွာမယ်၊ လေကျရင် လေတိုက်မယ် ဆိုပြီးဟောကိန်းထုတ်တော့တာပါပဲ။
ထမင်းဝိုင်း

အဲဒီတောက်တဲ့အော်လို့ ကလေးတွေမိုးလေ၀သဟောဖို့ မိုးလား၊ လေလား အော်နေတာကို မောင်းမင်းကြီး
သားနှစ်ယောက်က လှည်းပေါ်မှာစကားပြောတာကိုရပ်ပြီး မျက်တောင်မခတ်တမ်း အထူးအဆန်းလုပ်ပြီးက
လေးတွေကို ကြည့်နေပါတယ်။ ကျွန်တော် သူတို့အနားရောက်သွားမှ “ရာဇာ တောက်တဲ့ အော်တာကို ကေ
လးတွေက ဘာလိုက်အော်နေတာလဲ။ အော်..ဒီလိုကွဆိုပြီး ကျွန်တော်လည်း မိုးလေ၀သတွက်တဲ့အကြောင်
းရှင်းပြလိုက်ပါတယ်။ အော်..အဲလိုလား။ အေး ဟုတ်တယ်ကွ.. မင်းတို့အတွက် မြင်မြင်သမျှ အထူးအဆန်း
တွေဖြစ်နေပြီထင်တယ်။ ကျွန်တော်တို့အိမ်ကလူတွေကလည်း သူတို့နှစ်ယောက်ကိုကြည့်ပြီး သဘောကျေ
နကျပါတယ်။ “ကလေးတွေ လာတဲ့နေ့မှပဲ လေကမလာ ပူလိုက်တာတော် အရီးစောငြီးနေခြင်းပါ။ မစောဒီ
ဘက်ကိုလာလေ.. ဒီဘက်ကနဲနဲလေကြောင်းသင့်သေးတယ်ဟဲ့။ အဖွားက အရီးစောကိုလှမ်းခေါ်လိုက်ခြင်း
ဖြစ်ပါသည်။ ဟုတ်ကဲ့ မမကြင်မေ ကျုပ်လာပြီ။ ရာဇာရေ.. လေကြောင်းပိတ်နေတယ်ဟ လေချွန်ပြီးခေါ်ပါ
အုံး။ ကျွန်တော်လည်း ကောက်ခါငင်ခါ လေချွန်လိုက်ပါသည်။ ရွှီ...ရွှီ...ရွှီး..”။ကျွန်တော်လေချွန်နေတာ
ကို ကျွန်တော့်သူငယ်ချင်းနှစ်ယောက်က “မင်းဘာလို့လေချွန်တာတုန်း ငါတို့ကိုပြောပြအုံး။အကြောင့်မဲ့လေ
ချွန်တာမဟုတ်ဘူးဆိုတာငါတို့သိတယ်။ မင်းတို့လုပ်သမျှ အကုန်အထူးအဆန်းတွေကြည့်ပဲ။ အေးပါ..အခုေ
လချွန်တာက လေကြောင်းပိတ်နေလို့ လေလာအောင်လေချွန်ခေါ်တာလေ...တို့ဆီရဲ့ ဓလေ့တစ်ခုပဲပေါ့။ ထူးဆန်းပြန်ပြီနော်...မင်းတို့ဆီလိုက်လာရတာ ဗဟုသုတရစရာကြည့်ပါပဲကွာ။အမလေးအေးလိုက်တာတေ
ာ် အဖိုးတန်လိုက်တဲ့လေလေး အရီးစော လေ ကိုကျေးဇူးတင်နေခြင်းပါ။ ငါ့မြေးတို့ ရေချိုးမှာဆိုချိုးကြလေ.
..အခုလောက်ဆို မပူတော့ပါဘူး”။ ကျွန်တော့် အဖွားကလှမ်းပြောလိုက်ခြင်းပါ။ “ရာဇာ ရေကဘယ်သွားချိုး
ရမှာလဲဟ။စက်ရေတွင်းမှာသွားချိုးလည်းရတယ် တစ်ခါချိုး(15)ကျပ်ကွ။ ရေတွင်းကတော့ ကိုယ့်ဟာကို ရေ
ငင်ချိုးရမယ်။ ဒါဆို ရေတွင်းသွားချိုးရအောင်ကွာ ဗဟုသုတရတာပေါ့။ အေး သွားမယ်လေ။ ရေတွင်းကဘ
ယ်မှာလဲ” အောင်ဦးမေးလိုက်ခြင်းပါ။ တို့အိမ်တောင်ဘက်တင်ပဲလေ။ အိမ်ကနေ ရေပုံး နဲ့လွန် ရယ်၊ဆပ်ပြာ
ခွက်ရယ်ယူသွားလိုက်ပါတယ်။ ရေတွင်းကိုရောက်တော့ အောင်ဦးနဲ့ နေဇော်တို့ မ၀ံ့မရဲလေး ရေတွင်းကိုငုံ့
ကြည့်ပါသည်။ ဟာ.......ရေတွင်းကအနက်ကြီးဟ။အောင်ဦး အော်လိုက်ခြင်းပါ။ နေဇော်က ဟုတ်တယ်
ဟ ရေတွင်းကအနက်ကြီး ဒီလောက်နက်တဲ့တွင်းမျိုးကို ငါတစ်ခါမှမမြင်ဖူးဘူး။ အတောင်ဘယ်လောက်န
က်လဲဟ။ အတောင်(၃၀) နဲ့ (၄၀)ကြားမှာရှိတယ်။သြော်..မလွယ်ပါလားကွာ။ ကျွန်တော်လည်း ရေပုံးကို
ကြိုးချည်ပြီး ရေငင်ပြီး တစ်လှည့်စီ ချိုးကြပါသည်။ ရေကတော့ချိုသားပဲကွ အောင်ဦးကပြောလိုက်ပါသည်။
အေး ဟုတ်တယ်။ စာဆိုတောင်ရှိတယ်လေ “ကွေ့ကြီးရေ နောက်ကျိကျိ သောက်မိကမပြန်ချင်တဲ့ ” လေ။
အေး ဟုတ်မှာကွ ရေကတော့တော်တော်ချိုတယ်။ ဒီလိုနဲ့ ရေချိုးပြီးတော့ အိမ်ပြန်လာပြီး စကားစမြည်လေး
ပြောပြီး အိပ်ယာဝင်ကြပါတယ်။မနက်(၅)နာရီလောက်မှာ အမေက ကျွန်တော့်ကိုလာနှိုးပါတယ်။ ဧည့်သည်
တွေအတွက် အားလုံးချက်ပြုတ်ထားခဲ့တယ် ။ မင်းကောင်းကောင်းဧည့်ခံလိုက်အုံးနော်။ အမေတို့ တောသွား
ပြီး နွားစာရိတ်ရင်း ဆီးသီးခြောက်တွေသယ်ရင်းသွားမှာ စောစောပြန်ရောက်မှာပါ။ နေ့လည်စာကိုတော့ အ
မေပြန်လာမှ ချက်တော့မယ်နော်။ အမေတို့ လှည်းကောက်ပြီးသွားတော့ ကျွန်တော်လည်း မျက်နှာသစ်လုပ်
စရာရှိတာလေးတွေလုပ် အားလုံးပြီးတော့ (၈)နာရီထိုးနေပြီ။“အောင်ဦး နဲ့ နေဇော် ထကျတော့(၈)နာရီထိုး
နေပြီကွ။ အဲဒါနဲ့သူတို့နှစ်ယောက်လည်း လူးလှိမ့်ထကြပါသည်။ ဟင် မင်းတို့ရွာကတိတ်ဆိတ်ငြိမ်သက်နေ
တာပဲ ဘာဖြစ်လို့လဲဟင်။သြော်...သူငယ်ချင်းတို့ရယ် ဒီအချိန်က တောသွားတဲ့အချိန်လေ..အဲဒါကြောင့်ငြိမ်
နေတာကွ။ ဟာ...ငါတို့ရှက်ဖို့ကောင်းလိုက်တာကွာ။ မင်းတို့ရွာရောက်မှပဲ ကိုယ့်ကိုယ်ကို အပျင်းကြီးတဲ့သူ
တွေဆိုတာသိတော့တယ်ကွာ။ အဲလိုလည်းမဟုတ်ပါဘူးကွာ.. “ဒူးနေရာဒူး၊ တော်နေရာတော်ပေါ့” ၊“ရောမ
ရောက်တော့လည်း ရောမလိုကျင့်”ကြပေါ့ကွာ။ သူတို့နှစ်ယောက်မျက်နှာသစ်နေတဲ့အချိန်မှာ ကျွန်တော်က
ထမင်းပွဲပြင်ထားလိုက်ပါတယ်။ကျွန်တော့်တို့အိမ်ကထွက်တဲ့ မနောသုခဆန်သွယ်သွယ်လေးနဲ့ချက်ထားတဲ့
ထမင်းလေးကို ဆီဆမ်း၊ အကြော်စုံရယ်၊ ပဲပြုတ်ရယ်၊ တို့ဟူးသုပ်ရယ်၊ ငါးခြောက်ဖုတ်ဆီဆမ်းလေးကိုစားပွဲ
ပေါ်တင်ပြီး ကျွန်တော်တို့(၃)ယောက်စာ ပြင်ထားလိုက်ပါတယ်။ မျက်နှာသစ်လို့ပြီးကြပြီလား ထမင်းစားရ
အောင်ပြင်ပြီးပြီ။ နေဇော်နဲ့ အောင်ဦးတို့ ထမင်းစားပွဲဆီလာနေကျပါတယ်။ သူငယ်ချင်းတို့ရေ အားတော့နာ
တယ်ကွာ..ရှိတာလေးနဲ့ အဆင်ပြေသလိုစားကြပေါ့။ ရပါတယ်ကွာ အားမနာနဲ့ မင်းနဲ့ ငါတို့က အားနာရမဲ့သူ
တွေမှမဟုတ်တာကွာ။ ကျွန်တော်တို့ထမင်းစားကြတာ ထမင်းအိုးတစ်အိုး နည်းနည်းပဲကျန်တော့တယ်။
မင်းတို့အခုလိုထမင်းစားနေတာမြင်တော့ဝမ်းသာလိုက်တာကွာ။ ကျွန်တော်တို့ထမင်းစားပြီး ခဏနေတော့
အမေတို့တောကပြန်လာကြပါတယ်။သူတို့တွေကို ထမင်းကျွေးပြီးပြီလား။ ဟုတ်အမေ။ အေး တောသွားစရ
ာရှိလို့ ဟင်းတောင်ချက်မသွားနိုင်ဘူး အားနာလိုက်တာကွယ်။ ဒေါ်ဒေါ်ကသာ အားနာနေတာ ထမင်းအိုးက
တစ်အိုးကုန်ဖို့ နည်းနည်းပဲလိုတော့တယ်ဗျ...။အေးကွယ်...အဲလိုကြားရတာ ၀မ်းသာတယ်။အမေညနေစာ
ကို ဘလေးတို့ အိမ်ကကျွေးမှာတဲ့ ၊ နေ့လည်စာက မမထိုက်တို့အိမ်ကကျွေးမှာ။ သြော်..ဟုတ်လား။ ဒါဆို
အမေမချက်တော့ဘူးပေါ့ကွယ်။
တောရွာထမင်းဝိုင်း
ပဲပြုတ်ဆီဆမ်းလေး

နေ့လည်ရောက်တော့ “ရာဇာရေ တို့အိမ်ရေနွေးသောက်လိုက်ခဲ့ပါအုံး ဧည့်သည်လေးတွေခေါ်ခဲ့နော်။သြော်
ဟုတ်ကဲ့ မမအေး ကျွန်တော်တို့လာခဲ့မယ်။ မောင်မောင်ဟန် တော်ပါလိုက်ခဲ့နော်။ အေးပါငါ့နှမရာ ဧည့်မြှေ
ာင်လုပ်ပြီး လိုက်ခဲ့မှာပေါ့ဟာ” အဖေကပြန်ပြောလိုက်ခြင်းဖြစ်ပါသည်။မမအေး အခုမမထိုက်တော့အိမ်က
ထမင်းစားလာခေါ်လို့လိုက်သွားလိုက်အုံးမယ် ပြီးမှလာခဲ့မယ်။ အော်..အေးအေး..မေ့မနေနဲ့နော် ဆက်ဆက်
လာခဲ့အုံး။ကျွန်တော်တို့က မမထိုက် ထမင်းစားလာခေါ်တဲ့နောက် လိုက်ပါသွားကြပါသည်။ ငါ့မောင်တို့အား
မနာနဲ့နော်.. မမထိုက်က ရာဇာက မောင်နှစ်မ၀မ်းကွဲတော်တယ်။ ဟုတ်ကဲ့ပါ အစ်မဆိုပြီး သူတို့စကားလက်
ဆုံကြနေပါတယ်။အရီးဌေ့ နေကောင်းလား။ အေး..ကောင်းပါတယ် ငါ့တူရယ်။ ငါ့တူကြီးတောင် ၀လာပါလာ
း။ ဟုတ်တယ် အရီးရေ ကျောင်းတက်နေရတာဆိုတော့ စားလိုက်၊ သောက်လိုက်၊ စာကျက်လိုက်ဆိုတော့
မပင်ပန်းဘူးလေ အဲတော့နည်းနည်းဝလာတာပေါ့ဗျာ။ မထိုက် အမေထမင်းပွဲပြင်ပြီးပြီ ဧည့်သည်လေးတွေ
ကိုခေါ်ခဲ့ဟဲ့။လာကြ ငါ့မောင်တို့ ထမင်းစားရအောင် ဒီမှာလက်ဆေးဇလုံ၊ ရှိတာလေးနဲ့ အားရပါးရ စားကြကွ
ယ်။ ဟုတ်ကဲ့ပါ အရီးဌေ့ ကျွန်တော့် သူငယ်ချင်းတွေကလည်း ကျွန်တော်ခေါ်သလိုလိုက်ခေါ်ကြပါသည်။
ထည့်စားဒီဘက်က ငါးထလုံး(ငါးနာမည်)လေးကြော်ထားတာ၊ဒါလေးကတော့ ငါးသေးသေးလေးတွေငရုတ်
သီးစိမ်း အိုးကပ်လေးချက်ထားတယ်။ ဒါကတော့ပဲဟင်းချို၊ ဒါကငရုတ်သီးထောင်း၊ငါးပိကင်လေး၊ ဒါလေး
ကတော့ ချဉ်ပေါင်ရွက်ကြော်၊ ကိုင်းကိုင်း စားကြ စားကြ ။ ကျွန်တော်တို့လည်း ခေါင်းမပေါ်အောင်စားကြပါ
တော့တယ်။ မထိုက်ရေ ကလေးတွေကို သောက်ရေခပ်ပေးဟဲ့ ။ငါ့မောင် သောက်သောက် ငရုတ်သီးစပ်နေ
ပြီထင်တယ်။ ရပါတယ် အစ်မရဲ့ အားနာစရာ ကျွန်တော်တို့ဘာသာသောက်ပါမယ်။ အားမနာပါနဲ့ကွာ။သူတို့
လုပ်ပေးတာကို လက်ခံမှသဘောကျတာနော်။ ထမင်းပွဲသိမ်းပြီးတော့ အချိုပွဲဆိုပြီးတော့ ထန်းသီးမုန့် နဲ့မြေ
ပဲလှော်၊ လ္ဘက်သုပ် ကျွေးပြန်ပါတယ်။ သူတို့လုပ်ပေးတာကို လက်ခံမှကြိုက်တယ်လို့ပြောထားတော့ ဗိုက်ေ
လးနေပေမဲ့ ကျွန်တော့်သူငယ်ချင်းနှစ်ယောက် တို့ကနိ တို့ကနန်း နဲ့စားနေကြပါတယ်။ စားပြီးလို့မှမကြာ
သေးဘူး ။ တောင်ဘက်အိမ်က ခေါ်ပြန်ပါတယ်။ “ရာဇာနင်တို့ ကျောင်းပိတ်လို့ပြန်လာကြတာလား ဧည့်သ
ည်တွေရော ပါလာတာကိုး ရေနွေးလာသောက်ကြအုံး။ အဲလိုခေါ်ပြန်တော့ သွားရပြန်ပါတယ်။ အရီးဌေ့နဲ့မမ
ထိုက် အရီးသန်းတို့အိမ်က ခေါ်လို့သွားအုံးမယ် ညနေမှသက်သက်လာတော့မယ်နော်။ အေးအေး သွားသွား
ငါ့တူတို့ ” အရီးကလှမ်းပြောလိုက်ပါသည်။ “ရာဇာ ငါတို့တော့ မစားနိုင်တော့ဘူးကွ ထမင်းတွေကိုလည်းစာ
းကောင်းကောင်းနဲ့ စားထားတာ ဗိုက်ကပြည့်နေပြီ။ နောက်ပြီးမင်းတို့ဆီကပြောတဲ့ရေနွေးသောက်ရတာက
လည်း ဗိုက်ကိုကယ်နေပြီကွာ။ တောင်ဘက်အိမ်ကခေါ်တာ ဘယ်လိုစားနိုင်တော့မှာလဲ။ အေး မစားနိုင်လ
ည်းဟန်ပြပေါ့ကွာ.. စကားလေးဘာလေးပြောပြီးနည်းနည်းပါးပါး စားကြတာပေါ့။ အေးကွာ မင်းတို့တောသူ၊
တောင်သားတွေက စကားပြောရင်သာ တုံးတိတိနိုင်တာ စိတ်သဘောထားတွေက ပြည့်ဝလိုက်ကြတာကွာ။
ငါတော့ မင်းတို့ရွာ လိုက်လာရတာအရမ်းလည်းပျော်တယ် ဓလေ့စရိုက်တွေကိုလည်းသိရတယ်။ လာတုန်း
ကပင်ပန်းသလောက် အခုတော့ အဲဒီအမောတွေက မင်းတို့ရွာလေးထဲရောက်ကထဲက လွင့်စင်သွားတာ
ဟေ့။ အေးပါ ဟိုဘက်အိမ်ရောက်ရင် မစားနိုင်လည်း နည်းနည်းတော့ စားကြနော်...။အေးပါကွာ သူတို့တွေ
ရဲ့စေတနာကို အသိမှတ်ပြုတဲ့အနေနဲ့ ထိုင်ရာကမထနိုင်ရင် ထမ်းသာခေါ်ပေတော့ ငါတို့တော့ကြိတ်မယ်
ဟေ့...။ ကျွန်တော်လည်း သဘောကျပြီး ပြုံးနေလိုက်ပါသည်။
ဆက်ပါဦးမည် နောက်ဆုံးပိုင်း မျှော်
ရာဇာ(ကျေးတောသားလေး)
2.3.2011






4 comments:

ခနွဲ said...

ရွာ ထမင်းဝိုင်းလေးမြင်တော့ အိမ်ကို သတိရသဗျာ။

Anonymous said...

ပဲနီစေ့သုတ် စားချင်တယ်ဗျိုး။ မိသားစုစုံစုံလင်လင် ထမင်းလက်ဆုံစားချင်တဲ့ စိတ်ကလည်း ထိန်းမရချင်တော့ဘူး။

yar zar said...

ကျွန်တော်လည်း မိသားစုနဲ့အတူတူထမင်းမစားရတာကြာပြီဗျ။ မေသိမ့်သိမ့်ကျော်လိုပါပဲ ကျွန်တော်လည်းမိသားစုနဲ့အတူတူထမင်းစားချင်တယ်ဗျ...

yar zar said...

ကိုခနွဲက မြင်းခြံကလား ကျွန်တော်လည်း မြင်းခြံနယ်က ဆီမီးခုံဘက်ကပါ။
ကြုံရင်ကျနော်ဆိုဒ်ကို ထပ်လာပါအုံးနော်။

Post a Comment