Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Thursday, March 17, 2011

ချဉ်ပေါင်ပင် အကြောင်းသိကောင်းစရာ


ဒီတစ်ခါတော့ အညာမြေရဲ့ အဓိက အစားအစာထဲမှာ ပါဝင်တဲ့ ချဉ်ပေါင်ပင်အကြောင်းကို ရေးအုံးမယ်နော်
..။ဘယ်လို စိုက်ပျိုးတယ်..ဘယ်လို အသုံးဝင်တယ်ဆိုတာလေးတွေပေါ့။

ချဉ်ပေါင်ပင်ကိုတော့ လူတိုင်းသိလိမ့်မယ်လို့ ထင်ပါတယ်။ ချက်စားပုံ ချက်စားနည်းတွေကတော့ မူကွဲ
လေးတွေ ရှိနိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော် ဒီပို့စ်လေးကို ရေးသားရခြင်းဖြစ်ပါတယ်။ တကယ်လို့ ဒီ
ပို့စ်လေးက ဗဟုသုတ မရဘူးဆိုရင်လည်း ဒီပို့စ်ကို ဖတ်တဲ့သူတွေတိုင်းကို ကျွန်တော် ကြိုပြီးတောင်းပန်
ပါတယ်ဗျာ။

ချဉ်ပေါင်ပင်က ရာသီတိုင်းမှာ စိုက်ပျိုးလို့ရတဲ့အပင်ပါ။ မြေဆွေးလေးထဲ ထည့်ပြီးစိုက်လိုက်ရင်ကို ဖြစ်တ
ာပါ။ ကျွန်တော်တို့ ဆီမှာတော့ တကူးတက မစိုက်ပျိုးကြပါဘူး။ တောထဲမှာ အလေ့ကျကို ပေါက်တာပါ။
အရင်နှစ်တွေက စိုက်ပျိုးပြီးသား အပင်ဟောင်းတွေက နောက်နှစ် မိုးဦးကျတာနဲ့ တန်းပေါက်တော့တာပါ
ပဲ။ အဲဒီ အလေ့ကျ ပေါက်နေတဲ့ အပင်လေးကို ရွှေ့စိုက်လိုက်ရင်ကို ပြီးပါပြီ။ ဘာမှကို လုပ်စရာမလိုတာ
ပါ။ ချဉ်ပေါင်ရွက် ပေါပုံများ တခါတလေဆို နွားတောင် ရိတ်ကျွေးကြပါသေးတယ်။ ချဉ်ပေါင်ပင်ကိုသုံးမျိုး
ခွဲထားတာပါ...ဘိလပ်ချဉ်ပေါင်၊ လက်ခြား၊ ဗမာချဉ်ပေါင်ဆိုပြီးပေါ့။


 ချဉ်ပေါင်သုံးမျိုးစလုံးပေါက်ရောက်ပုံချင်း အကုန်တူပါတယ်။ ကွဲပြားသွားတာက အရွက်ပုံစံလေးရယ်၊ အ
ရသာရယ်ပေါ့။ ကျွန်တော်တို့ ရွာဘက်တွေမှာတော့ ချဉ်ပေါင်ပင်ကို နွေရာသီမှာ မစိုက်ပျိုးကြဘူးလေ။ဘ
ာလို့လည်း ဆိုတော့ ချဉ်ပေါင်ပင် ကြီးထွားဖို့ ရေအဆင်မပြေလို့ပါ။ အညာနွေကတော့ သိတဲ့အတိုင်းပဲလေ
...လေကတဖြူးဖြူး၊ ဖုန်ကတထောင်းထောင်း၊ နေကဆို ပူလိုက်တာ အရမ်းပေါ့။စက်ရေတွင်းတူးထားတဲ့
သူတွေကတော့ ရေလောင်းပြီး စိုက်ပျိုးတာပေါ့ဗျာ။ အရွယ်ရောက်ပြီဆိုမှ ရောင်းစားတာပေါ့။ တောအရပ်
ဒေသဆိုတော့ ချဉ်ပေါင်ရွက် တစ်ရာဖိုး လှည်းတစ်စီးတိုက် ရတယ် ဆိုသလိုပါပဲ။ အဲလိုပေါတာဆိုတော့
ချဉ်ပေါင်ရွက်က အညာမြေရဲ့ အဓိကအစားအစာဖြစ်လာတာပေါ့။

ဘိလပ်ချဉ်ပေါင်ပင်

ဘိလပ်ချဉ်ပေါင်ဆိုတာ အရွက်က လက်ဝါးပုံစံလေးပါ။ သူ့ရဲ့ အရသာက နည်းနည်းဖန်ပါတယ်။ အဲဒီချဉ်ေ
ပါင်ကို ငရုတ်သီးအစိမ်းနဲ့ ငါးပိလေးထည့်ပြီး(ချဉ်ပေါင်ရွက် ငါးပိချက်) ချက်စားရင် အရမ်းကောင်းတာပါ။
တစ်ခါတစ်လေတော့လည်း ချဉ်ရည် ချက်တဲ့အထဲမှာ ထည့်တတ်ကြပါတယ်။ ချဉ်ပေါင်သီးကတော့ ထေ
ာင်းစားရတာပေါ့ဗျာ။ ချဉ်ပေါင် ရွက်ကို မျှစ်ပေါက်လေးနဲ့ ကြော်စားရင်လည်း အရမ်းကောင်းတာဗျ။

ချဉ်ပေါင်လက်ခြား

ချဉ်ပေါင်လက်ခြားဆိုတာကတော့ အရွက်က ချွန်ချွန်လေး သုံးခွပါပါတယ်။ အဲဒီချဉ်ပေါင်ကတော့ အရသ
ာ ကောင်းပါတယ်။ အရမ်းအချဉ်ကြီးလည်း မဟုတ်ဘူး၊ ဖန်လည်းမဖန်ဘူး။ အဲဒီအရွက်ကိုတော့ ငရုတ်သီး
စိမ်း၊ ပုဇွန်ခြောက်လေးနဲ့ ကြော်စားရင် အရမ်းကောင်းပါတယ်။ ချဉ်ရည်ချက်တဲ့ အခါမှာတော့ အဲဒီအရွက်
ကို အသုံးပြုပါတယ်။ အဲဒီအရွက် မရှိတော့ဘူး ဆိုမှ ဘိလပ်ရွက်တို့၊ ဗမာချဉ်ပေါင်ရွက်တို့ကို ထည့်တာပါ။
အဲဒီ ချဉ်ပေါင်လက်ခြား ချက်ထားရင်တော့ လူကြီးတွေ ပြောတတ်ကြပါတယ်..“ချဉ်ပေါင်လက်ခြား ကြက်
သားနဲ့မလဲနိုင်”ဘူးတဲ့လေ။ အဲဒီချဉ်ပေါင်ကိုတော့ ရွှေဘိုချဉ်ပေါင်လို့လည်း ခေါ်ပါသေးတယ်။

ဗမာချဉ်ပေါင်(ချဉ်ပေါင်ခါး)
ချဉ်ပေါင်လက်ခြားပင်နှင့် ချဉ်ပေါင်သီး
ချဉ်ပေါင်ချဉ်ရည်ဟင်း
ချဉ်ပေါင်ကြော်

ဗမာချဉ်ပေါင်ဆိုတာကတော့ အရွက်က နည်းနည်း ကြမ်းသလိုပါပဲ။ အရွက်က သုံးခွ ပေမယ့် သူကနည်း
နည်းကြီးတော့ ချဉ်ပေါင်လက်ခြားနဲ့က တူသလိုနဲ့ မတူပါဘူး။ အဲဒီချဉ်ပေါင်ရွက်က နှင်းကျပြီးသွားရင် ခါး
ပါတယ်။ အဲဒါကြောင့် အဲဒီချဉ်ပေါင်ကိုတော့ နှင်းမကျတော့တဲ့ တပေါင်းလလောက်မှ စားလို့ကောင်းတာ
ပါ။ အဲဒီအရွက်ကိုတော့ သိပ်တောင် မစားကျပါဘူး။ ဟိုချဉ်ပေါင် နှစ်မျိုး တုန်းပြီဆိုမှ (လက်ခြားနဲ့ ဘိလပ်
ရွက်တွေ မရှိတော့မှ) စားကြတာပါ။ ချဉ်ပေါင်သီးကတော့ အပင်သုံးမျိုးစလုံး တူတူပါပဲ။ အဲဒါကြောင့် ချဉ်
ပေါင်သီးကို ဆွတ်၊ အဲဒီအသီးပေါ်က အခွံလေးတွေကိုခွါရပါတယ်။ အဲဒီ အခွံခွါရာမှာလည်း ဘေးကအတ
က်ကလေးတွေ မပါအောင် ခွါရတာပါ။ ခွါလို့ရတဲ့ အဖတ်ကလေးတွေကိုတော့ ငရုတ်သီးနဲ့ ထောင်းစားပါ
တယ်။ ချဉ်ပေါင်ဖူးထောင်း၊ ငါးပိကင် ၊ ပဲဟင်းချက် ၊ ဟင်းချိုလေးနဲ့ ဆိုရင်ကို အသားမပါပဲ စားလို့ အရမ်း
မြိန်တာပါ။ အညာဒေသမှာ ချဉ်ပေါင်က ပေါတော့ အခြောက်လှမ်းထားတယ်ဆိုတာ မရှိသလောက်ပါပဲ။
ချဉ်ပေါင်ရွက်ခြောက်ကို ကျွန်တော် ဒီရောက်မှ စားဖူးတာပါ။ အခုတော့လည်း ချဉ်ပေါင်ရွက်ကို အရမ်းလွ
မ်းတယ်ဗျာ..ဒီမှာ ချဉ်ပေါင်ရွက်မရှိဘူးလေ။ ရွာမှာတုန်းကတော့ ချဉ်ပေါင်ရွက်က ပေါလွန်းလို့ မုန်းချင်သ
လိုကိုဖြစ်နေတာ။

အညာဒေသမှာ ချဉ်ပေါင်ရွက် ပေါပုံကို ပြောပါအုံးမယ်...အနည်းငယ်ပေါ့။ ကျွန်တော်တို့ အညာဒေသကပုံ
ပြင်လေးပေါ့...။ တစ်ခါက အညာဒေသရဲ့ ရွာကလေးတစ်ရွာမှာ ဘုန်းကြီး အာဂန္တု တစ်ပါး ရောက်လာတာ
ပေါ့။ အဲလို ရွာကိုရောက်လာတော့ ရွာသူ၊ ရွာသားတွေက ဘုန်းကြီးကျောင်းကို ပို့လိုက်ပါတယ်။ ရွာသူ၊ရွာ
သားတွေက ဆွမ်း၊ ကွမ်း ဝေယျာဝစ္စ အားလုံးတာဝန်ယူကြတာပေါ့။ ဘုန်းကြီးကိုလည်း ပဋိသန္တာယ စကား
ပြောကြတာပေါ့။ “တပည့်တော်တို့ရွာကို ရောက်လာတဲ့အချိန်မှာ ဆွမ်း၊ ကွမ်း အတွက် မပူပါနဲ့ဘုရား။ဟင်း
မကောင်းဘူးဆိုရင်တောင် ရွာမှာ အသီးအရွက်တွေပေါပါတယ် ဘုရား”လို့လျှောက်ကြတာပေါ့။ ဘုန်းကြီး
ကလည်း ပြန်ပြီး မိန့်လိုက်တာပေါ့...“ဒကာ၊ဒကာမတို့ အဲဒီအတွက်တော့ ဘာမှမပူကြနဲ့ ဘုန်းကြီးကအ
သီးရွက်ကို ပိုပြီး ကြိုက်နှစ်သက်တယ်”လို့ မိန့်လိုက်ပါတယ်။ ဒကာ၊ဒကာမတွေလည်း ရွာကထွက်တဲ့ ပဲ
ဟင်း၊ ချဉ်ပေါင်ဟင်း၊ ငရုတ်သီးထောင်း စတဲ့ ဟင်းတွေနဲ့ပဲ ကပ်တာပေါ့။ဘုန်းကြီးလည်းစားကောင်းလွန်း
လို့ သဘောကို ကျနေတာပဲ။ ရွာသူ၊ ရွာသားတွေကလည်း ဘုန်းကြီးစားတာကို ၀မ်းသာအားရဖြစ်ပြီး...
“ဘုန်းကြီးက ချဉ်ပေါင်ဟင်းကို သိပ်ကြိုက်တာပဲ” သူတို့ချင်း ပြောကြတာပေါ့ဗျာ။ အဲဒီလို ကြိုက်တယ်ဆို
တာသိတော့ တစ်ယောက်ကလာပြီးဆွမ်းပို့လည်း တခြားဟင်းတွေသာပြောင်းပြောင်းပြီးပါတယ် ချဉ်ပေါင်
ရွက်က အမြဲပါတာပေါ့။ ဘယ်လောက်ပဲ ကြိုက်လှပါတယ်ပြောပြော..ကြာရင်တော့ ငြီးငွေ့တတ်တာ လူေ
တွရဲ့ သဘာဝဆိုတော့ ဘုန်းကြီးလည်း ချဉ်ပေါင်ရွက်ကို မုန်းနေတာပေါ့ဗျာ။ တစ်ရက်တော့ ဒကာမ တစ်
ယောက် ဆွမ်းအုပ် လာပို့ရော။ ဘုန်းကြီးလည်း ချဉ်ပေါင်ရွက် ပါ-မပါ လှမ်းပြီးအကဲခတ်လိုက်တာပေါ့။
ဒကာမကလည်း ဘုန်းကြီး ကြည့်နေတာကိုမြင်ပြီး.. “ဘုန်းဘုန်းဘုရား တပည့်တော်စိတ်မကောင်းပါဘူး
း..ဒီနေ့ ချဉ်ပေါင်ဟင်းမပါခဲ့ဘူးဘုရား”လို့ လျှောက်လိုက်တော့ ဘုန်းကြီးလည်း ၀မ်းသာအားရဖြစ်ပြီး....
“ဟာ..သိပ်ကောင်းတယ်ဟေ့..ဘုန်းဘုန်းကတော့ ချဉ်ပေါင်ရွက်ဆိုတဲ့ အသံကြားရင်ကို သွားကကျိန်းနေ
တာဟေ့”တဲ့။ ကိုင်း..အဲလောက်တောင် ချဉ်ပေါင်ရွက်ပေါတာပါ။

ကျွန်တော်လည်း ချဉ်ပေါင်ရွက်ကို မုန်းတုန်းက မုန်းခဲ့ပေမယ့် အခုတော့ လွမ်းနေတယ်ဗျာ။ ချဉ်ပေါင်ဟင်း
အရမ်းစားချင်မိတယ်...။ ကျွန်တော်တို့ ရွာက ယာတောလေးကို သတိရလိုက်တာဗျာ။ ကျွန်တော်လို ချဉ်
ပေါင်ရွက်ကို လွမ်းနေတဲ့သူတွေ ရှိနေကြမလား မသိဘူးနော်....

(ကျွန်တော့်ရဲ့ရေးသားချက်များအဓိပ္ပါယ်မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း
ဝန်ခံအပ်ပါတယ်ခင်ဗျား။)
စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်...
ရာဇာ(ကျေးတောသားလေး)
17.3.2011







11 comments:

မြူးမြူး said...

ဘုန်းဘုန်းက ရွှေချဉ်ပေါင်တုံးကာမှ မောင်ဘုန်းပြန်ခဲ့မယ်လို့ရော မပြောဘူးလား..း)

ရွှေရတုမှတ်တမ်း said...

ဒို့ဆီမှာတော့ နွေရာသီဆို ချဉ်ပေါင်တွေ အလွန်ပေါ...ဆောင်းမဝင်ခင် အကုန်ခူးပြီး frozen ရိုက်ထားလိုက်တာပဲ..တနှစ်လုံးစားပါလေ့..

စန္ဒကူး said...

ချဉ်ပေါင်အကြောင်းတော့မပြောချင်တော့ဘူးရယ်..
လွမ်းတာမှသိပ်လွမ်း...မရရအောင်စိုက်တော့လဲ ကိုယ်စားတာနဲ့တောင်မလောက်ဘူး။အပင်ကလဲ မသန်ဘူး..
ဘယ်လိုနည်းသုံးသုံးမအောင်မြင်သေးဘူး..
အိပ်မက်ထဲမှာ ဈေးသွားတော့ ချဉ်ပေါင်တွေများကြီးတွေ့တယ်အိပ်မက်မက်တိုင်းချဉ်ပေါင်အရမ်းစားချင်တယ်..
မျှစ်နဲ့ဆိုလိုက်မှလိုက်...
အခုလဲအိမ်က ချဉ်ပေါင်စေ့တွေပို့ပေးပြန်ပြီ.. ထပ်စိုက်အုံးမယ်။

Angelhlaing(May everybody be happy and healthy! said...

စားချင်လာပြီ မစားဖြစ်တာလဲကြာပေါ့။
ညီမလေးအဖွားဆို ချည်ပေါင်းခါးကိုအရမ်းကြိုက်တာ။
လူနဲ့တည့်တယ်တဲ့။ အမြဲကြော်စားနေကြ။
လွမ်းလိုက်တာနော်...။
ကျေးဇူးပါအကိုရေ။
ကောင်းသောနေ့လေးဖြစ်ပါစေ။

yar zar said...

ဘ၀တု ချဉ်ပေါင်ရွက်ကို လွမ်းနေတဲ့ မိတ်ဆွေတွေရှိကြသေးတာပါပဲလားဗျာ..
ဆန္ဒတွေ အမြန်ဆုံး ပြည့်ဝကြပါစေလို့...
ဆုတောင်းရင်း..
ရာဇာ(ကျေးတောသားလေး)

Unknown said...

ရွှေချဉ်ပေါင်လက်ခြား. ကြက်သားနဲ့လည်း မလဲပါဘူး. ၀က်သားနဲ့လည်း မလဲပါဘူးဆိုတဲ့ စကားပုံက အခုမှ ပိုမှန်လာတယ်ဗျာ..
အရင်ကမှ ချဉ်ဟင်းရည်သောက် ။ ချဉ်ပေါင်နဲ့မျှစ်ကြော် မစားရတာကြာနေလို့
သတိရနေတာ ကိုရာဇာ ရေးထားတဲ့ ပို့စ်ကို ဖတ်လိုက်ရတော့ ပိုစားခြင်စိတ်ပေါက်လာပီဗျာ..
အာပေးနေပါတယ်ဗျာ..

khin oo may said...

သိတ်ကြိုက်တယ် ကျေးဇူး စိုက်ချင်ထှာ။

PAUK said...

ချဉ်ပေါင်ကို အရိုးဖြူနဲ့ အရိုးနီခွဲတာလဲရှိတယ်မို့လား။
မေ့နေပြီ.။
ချဉ်ပေါင်မစားရတာကြာနေပြီ..အိမ်ကိုမှာတာလဲ မပို့လာဘူး။

yar zar said...

ဟုတ်တယ် အစ်မရေ ရိုးရိုးချဉ်ပေါင်က အရိုးဖြူလို့ ခေါ်မှာပေါ့၊
ချဉ်ပေါင်လက်ခြားကတော့ အရိုးနီတယ်ဗျ...
ရာဇာ(ကျေးတောသားလေး)

ma yu said...

ချဉ်ပေါင်လွမ်းနေကြတာ အားလုံးလိုလိုပါပဲ. ဒီမှာတော့ spinach ရွက်ကို
မန်ကျည်းမှုန့် နဲ့  ချက်ပြီး ရွှေချဉ်ပေါင် အတုလုပ်စားရတယ်။

yar zar said...

သြော် မမတို့ကမှ အတု စားရသေးတယ်..
ကျွန်တော်တို့ဆီမှာတော့ အတုကို မတွေ့မိဘူး အစ်မရေ..
လာလည်တာ ကျေးဇူးပါ..။

Post a Comment