Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Tuesday, March 8, 2011

အမေ့ယက်ကန်းစင်

လူ့ဘ၀မှာ ရေးသုံးရေးရှိတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ အဲဒီရေးသုံးရေးဟာ လူ့ဘ၀အတွက် အခြေခံအ
ကျဆုံးအရေးသုံးခုပါ။
(၁)စားသောက်ဖို့အရေး
(၂)၀တ်ဆင်ဖို့အရေး
(၃)နေထိုင်ဖို့အရေးတို့ပဲဖြစ်ပါတယ်။
အတိုပြောရမယ်ဆိုရင်တော့ (စား၊၀တ်၊နေ) ရေးပေါ့။ လူရယ်လို့ဖြစ်လာရင် မစားမသောက်ပဲဘယ်သူမှ နေနို
င်လိမ့်မည်မထင်။ ထမင်း(၇)ရက်လောက် မစားရရင်ကို လူ့ဘ၀ထဲကနေ ထွက်ခွါသွားရပါလိမ့်မယ်။ စာဆုိေ
တာင်ရေးသေးတာကိုးဗျ..“ထမင်းအသက်(၇ )ရက်၊ ရေအသက်(၁)မနက်”တဲ့။အဲဒီတော့ မစားရရင်လည်း
မဖြစ်ပေဘူးနော်။ ဒုတိယတစ်ခုဖြစ်တဲ့_၀တ်ဆင်ရေးဆိုတာကတော့...မနုဿဆိုတဲ့ အသိဥာဏ် ရှိတဲ့လူ
တွေတိုင်းမှာ အရှက်တရားနဲ့ လူလုပ်တာဖြစ်တဲ့အတွက် ၀က်စားဆင်ယင် ကြပါတယ်။အသိဥာဏ်နဲတဲ့ လူရို
င်းတွေတောင် သစ်ရွက်၊သစ်ခက်တွေ ဖုံးအုပ်ထားတာ တွေ့မြင်ဖူးကြပေမပေါ့။(ဒါပေမဲ့ အခုခေတ် မော်ဒယ်
တွေ ဘယ်လိုတရားနဲ့ လူလုပ်နေကြတယ်ဆိုတာ ကျွန်တော်မသိ)။ အဲဒီတော့ ၀တ်ဆင်ဖို့အရေးကလည်း မ
ရှိလျှင် မဖြစ်။ တတိယအချက်ဖြစ်တဲ့ နေထိုင်ဖို့အရေးဆိုတာကလည်း အရေးကြီးတာပဲနော်။ နေထိုင် နိုင်ဖို့
မြေကြီးရှိရမယ်။ အဲဒီမြေကြီးပေါ်မှာမှ မိုးလုံ၊လေလုံ ရာသီဥတုဒဏ်ကို ကာကွယ်နိုင်ဖို့ အိမ်ရှိရပါအုံးမယ်။ အိ
မ်ဆိုတာကတော့ လူသားတွေအတွက် အခြေခံ အဆောက်အအုံတွေပဲပေါ့။ ကိုင်း..အဲဒီအချက်သုံးချက်လုံး
က အခြေခံကျတယ်ဆိုတာကိုတော့ ကျွန်တော်တို့သိရှိပြီးကြပြီပေါ့ဗျာ။ အဲဒီသုံးခုထဲကမှ ၀တ်ဆင်ဖို့အရေး
ဖြစ်တဲ့ အညာသူ၊အညာသားတွေရဲ့ အ၀တ်အထည်ယက်လုပ်ပုံကို ရေးသားမှာဖြစ်ပါတယ်။ အောက်ကိုဆက်
လက်ရှုစားတော် မူကြပါကုန်အံ့။
ဝါပင်မှဝါပေါက်

 
ဝတ်ဆင်ဖို့အရေးကို ပြောရမယ်ဆိုရင်တော့ အဓိကကျတဲ့၊ ဇာတ်လိုက်ဖြစ်တဲ့ ၀ါပင်ရဲ့အကြောင်းကို ချန်လှပ်
ထားခဲ့လို့ ရပင်ရငြားသော်လည်း ပိုမိုပြည့်စုံစွာ သိစေရန်အလို့ငှာ မချန်မလှပ်ပဲ အပြည့်အစုံ ဖော်ပြရပေအံ့။
မြန်မာပြည်အလယ်ပိုင်းမှာ ၀ါပင်မရှိတဲ့အရပ်ဒေသ မရှိလောက်အောင်ကို စိုက်ပျိုးကြပါတယ်။ ကျွန်တော်တို့
အညာဒေသမှာ အစဉ်အဆက်စိုက်ပျိုးခဲ့တဲ့ ၀ါကတော့ ဗမာဝါပင်ပဲဖြစ်ပါတယ်။ အစိုးရစီမံကိန်းတွေပေါ်ပေါ
က်လာမှသာ ချည်မျှင်ရှည်ဝါဆိုတဲ့ ၀ါမျိုး ကျွန်တော်တို့အရပ်ဒေသကိုရောက်ရှိခဲ့တာပါ။ အဲဒီလိုဆိုတော့ ၀ါ
က(၂)မျိုးပေါ့ဗျာ။ (၁)ဗမာဝါ(ရိုးရိုးဝါပင်) နဲ့ (၂) ချည်မျှင်ရှည်ဝါပင်ပေါ့။
ရိုးရိုးဝါပေါက်
ဝါပေါက်လေးတွေ

ဗမာဝါ(ရိုးရိုးဝါ)=ရိုးရိုးဝါကိုတော့ မြေအမျိုးအစားမရွေး စိုက်ပျိုးလို့ရပါတယ်။ ၀ါပင်ရဲ့ အမြင့်က လူတစ်ရက်
သာသာလောက်ရှိပြီး အသီးက အစိမ်းရောင်အလုံး(လောက်စာလုံးအရွယ်)၊အပွင့်က အ၀ါရောင်ဖျော့၊ ၀ါပေါ
က်ကတော့ အဖြူရောင်။ သို့ပေမယ့် အဖြူရောင်ပွင့်တဲ့အပေါက်လေးတွေကိုတော့ ထူးဆန်းစွာ “၀ါ”လို့ခေါ်
တတ်ကြပါတယ်။ဝါပင်က နှစ်ရှည်ခံပင်ဖြစ်ပြီး စိုက်ပျိုးတဲ့ရာသီကတော့ ၀ါဆို၊၀ါခေါင်ဖြစ်ပါတယ်။ တပေါင်း
လ ရောက်ပြီဆိုတာနဲ့ အသီးတွေတိုးလိုးတွဲလောင်းသီးပြီး တစ်ပေါက်စ၊ နှစ်ပေါက်စ ပွင့်ပါတယ်။ တပေါင်း
လပြည့်ကျော်ပြီဆိုရင်တော့ ၀ါတွေလှိုင်လှိုင်ပေါက်ပြီပေါ့။ ၀ါတွေပေါက်ပြီဆိုရင်တော့ အဲဒီဝါပေါက်ကလေး
တွေကို ကောက်ရပါတယ်။ (မြေပေါ်ကျတဲ့အရာကိုမှကောက်တယ်လို့ခေါ်ပေမဲ့ ၀ါအပင်ပေါ်မှာရှိနေတဲ့ ၀ါေ
ပါက်ကိုလည်း ကောက်တယ်လို့ပဲသုံးပါတယ်။) ရိုးရိုးဝါပင်တောင်မှ အပင်ကနှစ်မျိုးရှိသေးတာဗျ။ ၀ါအဖြူ နဲ့
ပင်နီဝါ ဆိုပြီးပေါ့။ ပင်နီဝါကိုတော့ တကူးတကမစိုက်ပျိုးကြပါဘူး။ ၀ါဖြူခင်းထဲမှာ တစ်ပင်တစ်လေပါတာကို
ကောက်ပြီး ပင်နီပေါက်တွေစု"ပင်နီအင်္ကျီ၊ယောထမီ”ဆိုတဲ့အတိုင်း ပင်နီအင်္ကျီင်္ နဲ့ ပင်နီတိုက်ပုံချုပ်ဖို့ရာအ
တွက် စုဆောင်းခြင်းဖြစ်ပါသည်။ ၀ါကောက်ရတဲ့အချိန်ဆို အရမ်းပျော်ဖို့ကောင်းတာပါ။ အမေတို့ဝါကောက်
သွားရင်လိုက် ၀ါကိုအပြိုင်အဆိုင်ကောက်ကြတာ ညီအစ်ကိုနှစ်ယောက်။ ဘာလို့ပြိုင်ကောက်ကြတာတုန်း
ဆိုတော့ ၀ါပိုရတဲ့သူကို မုန့်ပိုပြီးဝယ်ကျွေးမယ်လို့ အမေက ပြောထားလို့ပါ။ (၈)နာရီလောက်ထိုးပြီဆိုရင်ေ
တာ့“ဟေ့..၀ါကောက်တွေ..မုန့်သည်ဆိုပြီး မုန့်သည်မျိုးစုံတောထဲကို လာရောင်းပါတယ်။အဲဒီအချိန်မှာ ကျွ
န်တော်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ ၀ါကိုကြည့်လိုက်ရင် ကျွန်တော်ကများတာကြည့်ပဲ။ အစ်ကိုက ၀ါကောက်
တာမဖြစ်လို့ပေါ့ဗျာ::) ။ဝါ ဘယ်လောက်ပဲများများ မုန့်ဝယ်ကျွေးရင်တော့ အမေက ဘက်မလိုက်ပဲဝယ်ကျွေ
းတာပါ။ အဲဒီလိုဝါကောက်တဲ့အချိန်မှာပဲ“၀ါလှ” ဆိုတာတခါထဲကောက်ကြတာလေ။ အ၀တ်အထည်တွေချုပ်
ဖို့၊ ယက်ကန်းယက်ဖို့ပေါ့ဗျာ။ ၀ါသီးတွေ၊ ၀ါပေါက်တွေ ဘယ်လောက်ပဲ ကျန်နေပါစေ သင်္ကြန်ကျပြီဆိုရင်ေ
တာ့ တောင်သူတိုင်း ၀ါခင်းကိုလွှတ်ပေးရပါတယ်။ (လွှတ်ပေးတယ်ဆိုတာ ကိုယ့်မကောက်တော့ပဲ ကောက်
ချင်တဲ့သူ မည်သူမဆို ကောက်ပိုင်ခွင့်ရှိတာကို ဆိုလိုတာပါ)။ အဲလိုချိန် ကောက်တဲ့သူတွေကိုတော့ ၀ါလေ
ကောက်တယ်လို့ခေါ်ပါတယ်။


ချည်မျှင်ရှည်ဝါ

ချည်မျှင်ရှည်ဝါ(နိုင်လွန်ဝါ)=အဲဒီအပင်ကိုတော့ အစိုးရစီမံကိန်းကြောင့် စိုက်ခဲ့ဖူးရတာပါ။ နိုင်လွန်ဝါနဲ့ ရိုးရိုး
ဝါက တော်တော်ကွာခြားတယ်ဗျ။ ရိုးရိုးဝါပင်က လူတစ်ရပ်ကျော်မြင့်ပေမဲ့ နိုင်လွန်ဝါပင်က အမြင့်ဆုံးက ရင်
ခေါင်းလောက်ပါပဲ။ ရိုးရိုးဝါကို ကြွက်သိပ်မစားဘူး၊ နိုင်လွန်ဝါကိုတော့ ကြွက်ကအသေစားပါတယ်။ ကြွက်ေ
ထာင်ရတာက တစ်လုပ်ပေါ့ဗျာ။မနက်ရောက်လို့ သွားကြည့်လိုက်ရင် ၀ါသီးတွေကို ကိုက်ပစ်ထားတာ ပုံလို့
နှမြောဖို့အရမ်းကောင်းတယ်။ ထမင်းနဲ့ ကြွက်ဆေးရောပြီး သွားချထားပြန်ရင်လည်း ကြွက်တွေလည်း သေ
လို့ပေါ့ဗျာ။ နိုင်လွန်ဝါကိုတော့ အညာထည်ယက်လုပ်တဲ့နေရာမှာအသုံးမပြုဘူးဗျ။ အစိုးရ၀ါဝယ်ဒိုင်တွေကပဲ
လာဝယ်တာများတယ်။
ချည်မျှင်ရှည်ဝါပင်
ဝါလှပေါက်

ဝါပင်အကြောင်းတွေ နဲနဲသိသွားပြီဆိုတော့ အမေ့ယက်ကန်းအကြောင်းဆက်မယ်နော်။ ၀ါကောက်တဲ့အချိန်
မှာ “၀ါလှ”အပေါက်တွေ ကောက်တယ်လို့ပြောခဲ့ပြီးပြီနော်။ တစ်နှစ်စာလုံး ကောက်ထားတဲ့ ၀ါလှ အပေါက်
တွေကို ပထမဆုံး နေပူလှမ်းရပါတယ်။ လှမ်းပြီးတဲ့ဝါလှ တွေကို “၀ါကြိတ်ခုံ”နဲ့ကြိတ်ရပါတယ်။(ကြိတ်တယ်
ဆိုတာဝါပေါက်ထဲက အစေ့ကိုအပြင်ထုတ်တာပါ။ဒါမှ ၀ါဖန့်ပြီးသားရမှပေါ့)။ အဲဒီဖန့်ပြီးသား ၀ါကိုတော့ ဂွမ်း
လို့ခေါ်ပါတယ်။ ဂွမ်းအဆင့်ကနေ ဗိုင်းလိပ်လို့ရအောင် ဂွမ်းဖက်တဲ့စက်နဲ့ ဂွမ်းဖက်ရပါတယ်။ အဲဒီဂွမ်းလေး
တွေရလာရင်တော့ ဗိုင်းတောင့်ဖြစ်အောင် လုပ်ရပါတယ်။ဗိုင်းတောင့်ဖြစ်သွားရင်တော့ ချည်ဝင်ဖြစ်အောင်ဗို
င်းငင် ရပြန်ပါတယ်။ ချည်ဝင်ရလာပြန်တော့လည်း ချည်သေ့ရပြန်ပါတယ်။ ချည်သေ့ပြီးလို့ ချည်ခင်ရသွားပြ
န်ရင်တော့ လိုချင်တဲ့ အရောင်တွေနဲ့ ချည်ကိုဆေးဆိုးရပြန်ပါတယ်။ ဆေးဆိုးပြီးလို့ရတဲ့ချည်ငင်ကို ရေစိမ်ပြီ
းပြောင်းစံကို ကျိုပြီး ချည်စာနင်းရပါတယ်။(ချည်လုံးမာစေရန်အတွက်)။အဲလိုချည်စားနင်းထားတဲ့ ဟာကိုစပ်
သွားဖီး နဲ့သပ်ချရပြန်ပါတယ်။ ချည်စာသပ်ပြီးသား ချည်ခင်ကို နေပူလှမ်းရပါတယ်။ လှမ်းလို့ခြောက်သွားတဲ့
ချည်ခင်ကို တော့ ထညင်းလုံးနဲ့ ချည်ချရပြန်ပါတယ်။ ချည်ချပြီးသားတညင်းလုံးကနေ ယက်ဖောက်ယောက်
ရပြန်ပါတယ်။ ယက်ဖောက်လုံးလေးတွေကနေပြီး ကိုယ်လိုချင်တဲ့ ပုဆိုးစ၊ အင်္ကျီစ၊စောင်အမျိုးမျိုး၊တဘက်
၊လက်သုတ်ပ၀ါ လေးတွေယက်ဖို့ အကွက်ဆန်းထွင်ပြီး ချည်ချတဲ့ရဟတ်နဲ့ လုပ်ရပြန်ပါတယ်။ အညာမြေက
အ၀တ်အစားတစ်ထည်ရဖို့ဆိုတာ လုံးဝမလွယ်ကူပါဘူး။ အရမ်းလက်ဝင်ပါတယ်။
ယက်ကန်းစင်(From Google)

“ယက်ကန်းစင်”
ပျိုလေးရက်တဲ့ ယက်ကန်းစင်
ဘာဆင်လို့မေး။
မေးပါနဲ့အေ
ပဆစ်အိမ် ကွက်စုံခင်းတယ်
တင်းတိမ်တဲ့လေး။
(ဦးဖိုးလတ်၏ သီချင်းပဒေသာ မှ)

“လက်ခတ်သံ လက်ခတ်သံ
ပျိုလေးလက်ခတ်သံ
လက်ခတ်သံ ကျွန်းဖိုသား
သောင်းတိုင်ကကြားသလေလေ...”
(ရွှေချည် ငွေချည် တန်းပါလို့ ဇာတ်ကားမှ ဇာတ်ဝင်တေး)
စတဲ့ သီချင်းတွေက ယက်ကန်းယက်တဲ့သူ တစ်ယောက်နဲ့ ပါတ်သတ်ပြီး ရေးထားတဲ့စာတွေ ဖြစ်တယ်ဆို
တာ ဖတ်ကြည့်ရုံ၊ ကြားရုံနဲ့ တန်းသိကြပါလိမ့်မယ်။
ရစ်(ရစ်ခုံ)(From Google)

ပုဆိုးတစ်ကွင်းစာ ယက်ကန်းယက်ရင်တော့ ဖြစ်တဲ့သူဆိုရင် မနက်ခင်းမှာ ယက်ကန်းစင် ချည်တန်းလိုက်ရ
င် ညနေဆိုရင်ပြီးပါတယ်။ မဖြစ်တဲ့သူဆိုရင် နှစ်ရက်လောက် ယက်ရပါတယ်။ ယက်ကန်းစင်မှာ ချည်စတန်
းပြီပြီဆိုတာနဲ့ လုပ်ရတဲ့ဟာတွေက လက်ဝင်ပြန်ပါတယ်။ ယက်ကန်းစင်ဆိုတာ တိုင်လေးတိုင်ထောင်ထား
တဲ့ဟာပါ ။ ပါဝင်တဲ့ပစ္စည်းတွေကတော့ ခြေနင်း၊နှပ်၊လက်ခတ်၊လွန်း၊ယောက်လုံး စတဲ့အရာတွေပါ ပါတယ်။
ယက်လုပ်တဲ့အဆင်တွေကတော့ ကွက်ကျဲ၊ကွက်စိပ်၊ပိန်း (ဘိန်း=အရောင်တစ်မျိုးထဲယက်တဲ့အထည်ကိုခေါ်
သည်)၊အဆစ်၊ချိုးခြေထောက်...စတဲ့..စတဲ့..အမျိုးအစားပေါင်းမြောက်များစွာကို ယက်ကန်းယက်တဲ့သူက
ထွင်ပါတယ်။ သီချင်းတောင်ရှိပါသေးတယ်ဗျာ.. “အနားတဖတ်တချက်ရယ်က စိမ်းနုခြယ် စိန်းနုခြယ် အလ
ယ်မှာ သံရောင်ကွက်နဲ့ ချစ်တဲ့သူ ယက်ခဲ့တယ်” အဲဒီသီချင်းစာသားလေးကလည်း ယက်တဲ့သူထွင်ခဲ့တဲ့အ
ဆင်လေးပေါ့။ ကလေးတုန်းကကြည့်ခဲ့ဖူးတဲ့ “ရွှေချည် ငွေချည် တန်းပါလို့ ”ဇာတ်ကားထဲမှာလည်း ယက်က
မ်းခတ်တဲ့အကြောင်း သီချင်းလေးပါတယ်လေ...“လက်ခတ်သံ”တဲ့။ လူတစ်ယောက်အရမ်းရှုပ်ရင် ချည်ခင်
လို့ခေါ်တတ်ကြပါတယ်။ ချည်ခင်ဆိုတာ ချည်တွေးရှုပ်ထွေးသွားတဲ့အခါမှာ ရှင်းရတာ အရမ်းပင်ပန်းပါတယ်
။ ကျွန်တော်ငယ်စဉ်က အမေကို ကူလုပ်ရင်း ချည်ခင်က အစပျောက်ပြီး ရှာလေ၊ပျောက်လေ_ ပျောက်လေ၊
ရှာလေ နဲ့ ငိုတောင်ငိုခဲ့ရဖူးပါတယ်။ ကျွန်တော် အခုနိုင်ငံခြားဖြစ်အ၀တ်အထည်တွေ ၀တ်ဆင်နေရပေမဲ့
အမေယက်ပေးခဲ့တဲ့ အညာအထည်လေးတွေလောက် တန်ဖိုးမထားတတ်ပါဘူး။ အင်္ကျီတစ်ထည် စုတ်ရင်
ပစ်လိုက်တာပါပဲ။ အမေယက်ပေးတဲ့ အင်္ကျီပဲဖြစ်ဖြစ်၊ ပုဆိုးပဲဖြစ်ဖြစ် စုတ်သွားရင် တန်းမပစ်ပဲ ဖာထေးဝတ်
ဆင်တတ်ကြပါတယ်။ ဘာပဲပြောပြောဗျာ ကျွန်တော်တော့ အမေ့အိမ်က ယက်ကန်းစင်လေးကိုလွမ်းလိုက်
တာဗျာ။

ယက်ကန်းယက်နေပုံ(From Google)

နောက်ပြီး ကျွန်တော်တို့အညာဒေသမှာ တန်ဆောင်မုန်းလပြည့်နေ့ဆိုရင် မြတ်စွာဘုရားကို မသိုးသင်္ကန်း
က်လှူပွဲတွေလည်းရှိပါတယ်။ တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့ညမှာ တစ်ရွာလုံးမှာရှိတဲ့ အပျို၊လူပျို
တွေ ကလေး၊လူကြီး အားလုံး သင်္ကန်းတစ်ထည်ရဖို့အရေး တစ်ညလုံး တက်ညီလက်ညီနဲ့ ၀ါပေါက်ကလေး
ကနေစလို့ သင်္ကန်းတစ်ထည်ရတဲ့အထိ ခဏကကျွန်တော်ပြောခဲ့တဲ့အတိုင်း အဆင့်တွေအားလုံးကိုလုပ်ကြ
ပါတယ်။ ၀ါကြိတ်တဲ့သူက ကြိတ်၊ ဂွမ်းဖက်တဲ့သူကဖက်၊ ဗိုင်းတောင့်လိပ်တဲ့သူကလိပ်၊ ချည်ငင်တဲ့သူကငင်
၊ ချည်သေ့တဲ့သူက ချည်သေ့၊ ဆေးဆိုးတဲ့သူကဆိုး၊ ချည်စားနင်းတဲ့သူကနင်း၊ ချည်သပ်တဲ့သူကသပ်၊ ချည်
သပ်ပြီးသားကိုမီးကင်တဲ့သူကကင်(ချည်ခြောက်အောင်လို့ နေရောင်မရှိလို့ မီးကင်ရတာပါ)၊ ချည်ခင်ကိုတ
ညင်းလုံးနဲ့ ချည်ချတဲ့သူကချ၊ ချပြီးသားချည်လုံးကနေ ယက်ဖောက်ယောက်တဲ့သူကယောက် အားလုံးပြီးပြီ
ဆိုရင်တော့ သင်္ကန်းသုံးထည်ယက်မယ်ဆိုရင် ယက်ကန်းစင်သုံးခုချ သူ့အဖွဲ့၊ ကိုယ့်အဖွဲ့ပေါ့ အပြိုင်အဆိုင်
ယက်ကြရော။ အရင်ဆုံးပြီးတဲ့သူ (ယက်ကန်းယက်တဲ့သူကို ဆုချပါတယ်)။အရမ်းပျော်ဖို့ကောင်းတာပါ။ သ
င်္ကန်းအထည် ရပြီဆိုရင်တော့ စက်နဲ့ချုပ် ကျီးမနိုးခင် ဘုရားကိုသွားလှူပါတယ်။ ပျော်စရာအရုဏ်တက်ပေါ့
ဗျာ။ အဲဒါတွေအားလုံးဟာ ၀ါပင်ကနေဖြစ်လာတဲ့ ၀ါကနေ စယက်ရတာပါ။ ယက်ကန်းနဲ့ ပါတ်သတ်တဲ့စက
ားပုံလေးတစ်ခုလည်းရှိတယ်ဗျ။ အဲဒါက ဘာလည်းဆိုတော“ ယက်ကန်းဆိုတာ တိုတဲ့အမျိုးတဲ့”။ဘယ်နေရ
ာတွေမှာ ဒီစကားကိုသုံးတာလည်းဆိုတော့ အလုပ်တစ်ခုလုပ်လို့ မပြီးတဲ့အခါတွေမှာ၊ လုပ်ရင်း စိတ်ဓါတ်ေ
တွကျနေတဲ့အခါမျိုးမှာ သုံးတာပါ။ ယက်ကန်းစင်မှာ ချည်ခင်ကို တန်းထားလိုက်ရင် တစ်နေ့နည်းနည်းချင်း
ယက်သွားတဲ့အခါမှာ ချည်ခင်က ပြီးသွားတယ်၊ တိုသွားတယ်။ အဲဒါကိုပြောချင်တဲ့သဘောပါ။ အလုပ်တွေ
လုပ်တဲ့အခါမှာလည်း ဖြည်းဖြည်းချင်းလုပ်ရင်သွားရင် ချည်ခင်လိုပဲ တိုသွားမယ်လို့ ပြောကြတာပါ။

အဆုံးသတ်ရမယ်ဆိုရင်တော့ ကျွန်တော်တို့အညာထည်တွေရော ၊စက်ယက်ကန်းနဲ့ယက်တဲ့ အထည်တွေ
ရော အားလုံးက ၀ါပေါက်ကနေရတာပါ။ အဲဒီတော့ တောသူတောင်သားတွေကသာ ၀ါပင်ကိုမစိုက်ကြဘူး
ဆိုရင် ကျွန်တော်တို့တွေအရှက်တရားကင်းဖို့ ဘာတွေနဲ့များ ၀တ်ဆင်ကြပါ့မလဲ ။စားဖို့အတွက်၊ ၀တ်ဖို့အ
တွက် စိုက်ပျိုးပေနေတဲ့ တောင်သူ၊လယ်သမား ဦးကြီးတွေဟာ ကျွန်တော်တွေရဲ့ ကျေးဇူးရှင်တွေပဲပေါ့....
မဟုတ်ကြပေဘူးလားဗျာ။(ကျေးဇူးရှိတဲ့သူတွေအားလုံးကို ကျေးဇူးဆပ်နိုင်ကြပါစေ)
ရာဇာ(ကျေးတောသားလေး)
8.3.2011




2 comments:

Angelhlaing(May everybody be happy and healthy! said...

ဗဟုသုတလေးတွေအတွက်
ကျေးဇူးပါအကို။ ချည်သားစစ်စစ်တွေက
ဈေးကြိးမှကြိးနော်...:P
အားပေးသွားလျှက်။

Unknown said...

လေးစားစွာဖတ်သွားပါတယ်။မှတ်သားသွားပါတယ်။ကျေးဇူးတင်ပါတယ်။

Post a Comment