Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Friday, April 1, 2011

အလွမ်းရဲ့ အဆုံးသတ်နိဂုံး


နွေဦးပေါက် ရာသီဖြစ်လို့ တောင်သူတိုင်း အလုပ်သိမ်းပြီးလို့ အနားယူတဲ့ အချိန်ကာလ။ 1979 ခုနှစ်
လောက်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်က အစပြုလို့...

သာယာကုန်း တစ်ရွာလုံး မြူခိုးတို့ကဖုံးအုပ်ထားလေသည်။ တမာပင်ပေါ်က ဥသြငှက်ကလည်း လွမ်း
တေးတွေ သီနေလိုက်ပုံများ ကြားရသူတိုင်း လွမ်းမောချင်စရာ။ အဲဒီလို လွမ်းစရာ ကောင်းတဲ့ အချိန်
ကာလမှာ အလွမ်းဆိုတာ မရှိ.. အပျော်ကြီး ပျော်နေတဲ့ စုံတွဲ တစ်တွဲတော့ ရှိလေရဲ့....။ သူတို့ကတေ
ာ့ ချစ်တင်နဲ့ ချောလှ လေ။ ကြင်စဦး ဇနီးမောင်နှံ ဘ၀ ရောက်ခါစ ဆိုတော့ ပျော်ရွှင်လို့ မဆုံး တပြုံး
ပြုံးနဲ့ မိုးမမြင် လေမမြင် ပျော်နေတဲ့ အချိန်ပေါ့...။

ချောလှ လို့ နာမည်ပေးထားပေမယ့်လည်း သာမန် ရွက်ကြမ်းရေကျို လေးပါပဲ...။  သူမက သာမန်ဆို
ပေမယ့် ချစ်တင်ကတော့ မင်းသားရုပ်မျိုးဗျ...။ အသားက ဖြူဖြူ ၊   ဒေါင်က ကောင်းကောင်း ...ပြောရ
ရင်တော့ တော်တော်လေး ချောတာပေါ့...။အဲလို ချောတာဆိုတော့ စိတ်ဝင်စားတဲ့ ကောင်မလေးတွေ
လည်းရှိတာပေါ့...။ အဲလိုထဲကမှ စိတ်သဘောထား ကောင်းမွန်တဲ့ ချောလှကို ရွေးပြီး ချစ်သူ ဖြစ်ခဲ့တာ
လေ။ ချစ်သူ သက်တမ်း နှစ်နှစ်လောက် နေမှ လက်ထပ်တာ။   သူတို့ အိမ်ထောင်ရေးက  အဆင်ပြေ
ပါတယ်။ လင်မယား နှစ်ယောက် တစ်အိုး တစ်အိမ် ထူထောင်ပြီး နေကြတာလေ...။

 “ကိုရင်သာမောင် ကျုပ် ချောလှတို့အိမ်သွားအုံးမယ်တော့..” ဒေါ်အုံးကြည် သမီးအိမ်သွားဖို့ သူ့ယော
က်ျားကို ပြောလိုကခြင်းပါ။
“အေး သွားသွား... ငါပြီးမှ လိုက်ခဲ့မယ်ဟ..”
အဲဒီနောက်တော့ ဒေါ်အုံးကြည် တောင်ဝိုင်းက သမီးအိမ်ကို ထွက်သွားပါတော့သည်။
“ဟဲ့ အုံးကြည် ဘယ်တုန်းဟဲ့...”
“သြော်..မဌေးပါလား....တောင်ဝိုင်း သွားမလို့လေ သမီးဆီကို။ မကြည် ရော ဘယ်တုန်း”
“မြောက်ဘက်ရွာ သွားမလို့ပါအေ...”
တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်ပြီး လိုရာခရီးကို ဆက်သွားကြပါသည်။

“သမီး ချောလှ အမေလာပြီ ခွေးလေးကြည့်အုံး ငါ့ကိုက်အုံးမယ်...”
“လာပါ အမေရယ် ခွေးက ချည်ထားပါတယ်တော့”
“ညည်း ယောက်ျားရော ဘယ်သွားတုန်း မမြင်ပါလား...”
“ကိုချစ် က တောထဲသွားတယ် အမေရဲ့...”
“အေး..ညည်း ယောက်ျားက ညည်းကို တော်တော် ချစ်တယ်နော်။ ညည်း ယောက်ျားရ ကံကောင်းတယ်...
ကိုယ့် ယောက်ျား လိုလေသေး မရှိအောင် ပြုစု၊ မယားဝတ္တရား ကျေပွန် ကြားလား”
“ဟုတ် အမေ ကျုပ်သိပါတယ်တော့..ကျုပ်တို့ အဆင်ပြေပါတယ်...”

“ဟာ အရီးကြည် ရောက်နေတာကိုး ...”
“ဟုတ်ပါ့... မင်းပြန်လာပလား... ခါးပိုက်ထဲက ဘာတွေတုန်းဟဲ့ ”။
“အရီးရာ ကင်းပုံသီး တွေ တွေ့လို့ ဆွတ်လာတာဗျ... ပြန်ရင် ယူသွားအုံးလေ ချက်စားဖို့...”
“ကိုချစ် ရော့ ရေလေးသောက်လိုက်အုံး...” မချောလှ က ယောက်ျားကို ရေခပ်ပေးလိုက်ပါသည်။
“ထမင်းစား တော့မလား ကိုချစ် ...”
“မစားသေးပါဘူးကွာ ရေချိုးပြီးမှ စားတော့မယ်... အရီးကို ထမင်းခူးကျွေးလေ...”
“တော်ပါပြီ ချစ်တင်ရယ်.. ငါစားပြီးမှ ထွက်လာတာဟဲ့...”

“မိချော.... အဖေလာမယ် ခွေးလေးကြည့်အုံး..”
“လာလာ အဖေ ခွေးက ချည်ထားတယ်..”
“ဦးမောင် ဒီနေ့ တောထဲမသွားဘူးလား...”ကိုချစ်တင် ယောက္ခထီးကို နှုတ်ဆက်လိုက်ပါသည်။
“အေးကွ.. ဒီနေ့ မသွားဘူး...”
အဲဒီနောက် သူတို့ မိသားစု စကားတွေ ပြောနေကြပါသည်။ ဘ၀ရှေ့ရေး အတွက်၊ စီးပွားရေး၊ ကျန်း
မာရေး အစုံပါပဲ....
“ကိုင်း ချောလှ မောင်ချစ် ငါတို့ ပြန်မယ်နော်...”
အဲဒီနောက်တော့ ဦးသာမောင်တို့ လင်မယား နှုတ်ဆက်ပြီး ပြန်သွားကြပါသည်။
................................................................................................................................
နွေမှ မိုး၊ မိုးမှ ဆောင်းရာသီ သို့ ပြောင်းလဲ လာပေပြီ...။
ရာသီတွေ ပြောင်းလဲ လာသလို ချောလှလည်း လောက သဘာဝအရ ပြောင်းလဲ လာပေပြီ...။
ချောလှတစ်ယောက် မနက်အိပ်ယာ ထကတည်းက အန်နေတာက ညနေစောင်းတဲ့ အထိ မရပ်သေး..။
ကိုချစ်တင်လည်း စိုးရိမ်တာပေါ့...။ အစာအဆိပ်များဖြစ်တာလား ဆိုပြီး ကိုချစ်တင် သူ့အမေကို သွားေ
ခ်ါရင်း အရီးကြည်နဲ့ ဦးမောင်ကို ၀င်ခေါ်လိုက်ပါသည်။

“ချောလှ ဘယ်လိုဖြစ်တာလဲ... ငါတို့ ရောက်လာပြီ အမေ့ကို ပြောစမ်း...”
“အမေ ကျုပ် ခဏတိုင်း အန်နေတာ မနက်ကတည်းက”
အဲဒီလို ပြောလိုက်မှ ဒေါ်အုံးကြည် မိန်းကလေးတို့ ကိစ္စကို မေးမြန်းပါတော့သည်။
ချောလှ အားလုံးပြောပြလိုက်မှ ဒေါ်အုံးကြည်ရော၊ ချစ်တင်ရဲ့အမေ ဒေါ်သောင်းရော စိုးရိမ်စိတ်တွေပြေ
ပျောက်သွားရပါသည်။

“ဘာမှ မဖြစ်ဘူး မိချောလှရဲ့ ညီးကိုယ်ဝန်ရှိနေပြီ...”
“ဟုတ်လား အမေ ၀မ်းသာလိုက်တာတော်...” မချောလှ တစ်ယောက်ဝမ်းသာ အားရဖြစ်သွားပါသည်။
ဘာလို့လဲ ဆိုတော့ သူ့ယောက်ျား ကိုချစ်တင်က ကလေး လိုချင်နေတာ ကြာပြီလေ...။
“ချစ်တင် ဘာမှ ပူမနေနဲ့ မင်းမိန်းမ ကိုယ်ဝန်ရှိနေတာ” လို့လည်း ပြောလိုက်ရော ကိုချစ်တင် ၀မ်းသာ
သွားလိုက်ပုံများ ဘေးက လူကြီးတွေတောင် အံ့သြသွားရတဲ့ အဖြစ်...။

“ကိုင်း လူစုံတုန်း ပြောရအုံးမယ်...” ဒေါ်သောင်း စကားစလိုက်ပါသည်။
“ဘာပြောမလို့လဲ အမေ ပြောလေ” ကိုချစ်တင် ပြောလိုက်ပါသည်။
“ဒီလိုပါ မင်း အစ်ကို၊ အစ်မတွေလည်း သူ့အိမ်ထောင်နဲ့ သူ ဖြစ်ကုန်ပြီဆိုတော့ အမေလည်း တရားဘာ
ဝနာ အားထုတ်ဖို့ သီလရှင် ၀တ်တော့မလို့...”
“ကောင်းပါ့ဗျာ ကောင်းပါ့...”ဦးသာရင် ထောက်ခံသလို ဒေါ်အုံးကြည်လည်း ခေါင်းလေး ငြိမ့်ပြရင်း....
“ကောင်းပါတယ် မသောင်းရယ် အဲဒါမှ ကိုယ့်နောက်ပါတာ...၊ ဒီက သားအတွက်တော့ မပူနဲ့ ကျုပ်တို့
က ချစ်တင်ကို သားအရင်းလိုကို ချစ်တာပါ...”
“သိပါတယ် မအုံးကြည်ရယ် ကျုပ် သိပါတယ်။ ချစ်တင်... သား မင်းကလည်း လိမ်လိမ်မာမာနေနော်..”
ဒေါ်သောင်းတစ်ယောက် သားဖြစ်သူကို သေချာမှာနေပါသည်။
“ဟုတ် အမေ ကျုပ် သာဓုခေါ်ပါတယ်ဗျာ...” ကိုချစ်တင် မျက်ရည်လေးကို သုတ်ရင်း အမေဖြစ်သူကို
ကန်တော့ လိုက်ပါသည်။အဲဒီနောက်မှာတော့ သူတို့တစ်တွေ လူစု ခွဲပြီး ကိုယ့်အိမ်ကို ပြန်သွားကြပါ
သည်။

နောက် လေးငါးရက်နေတော့ ဒေါ်သောင်းတစ်ယောက်သီလရှင် ၀တ်ဖို့ စစ်ကိုင်းချောင်ကို ထွက်သွား
ပါသည်။ ဘယ်သူမှလည်း လိုက်ပါခွင့်မပြုပဲ... ဟိုမှာရှိတဲ့ အသိမိတ်ဆွေ သီလရှင်ဆီသွားပြီး ၀တ်လို
က်ပါတော့သည်။ အဲဒီနောက်တော့ ဘယ်သူနဲ့မှ အဆက်အသွယ်မရှိ။ သံယောဇဉ် ပြတ်လိုက်တဲ့ ဒေါ်
သောင်း...။ သား၊ သမီးတွေက မိခင်ကို လွမ်းလို့ သွားချင်ပေမယ့်လည်း မိခင်က သား၊ သမီးတွေ လာ
ရင် မကြိုက်တာကြောင့် မသွားကြပါဘူး။ သူတို့တွေကလည်း ကောင်းတာ လုပ်နေတာပါဆိုပြီး ဖြေနေ
ကြပါသည်။
....................................................................................................................................

ရာသီတွေ ပြောင်းလာလိုက်တာ မချောလှ တစ်ယောက်တောင် ကိုယ်ဝန် ရက်စေ့၊လစေ့ ဖြစ်လာပါ
ပြီ။ ကိုချစ်တင်လည်း မိန်းမအတွက်၊ သူတို့ဘ၀ထဲ ရောက်လာတော့မယ့် ကလေးအတွက် ဆိုပြီး အလု
ပ်ကို အရင်ကထက် နှစ်ဆပိုလုပ်ပါတော့သည်။
“ကိုချစ် ကျုပ် မွေးရက်နီးနေပြီတော့ ..ကိုချစ် အလုပ်သွားတဲ့အချိန် ဗိုက်နာလာရင်တော့ ဒုက္ခပဲ...အေ
မ့အိမ်ကို မွေးတုန်း သွားနေရင် ကောင်းမလား...”။
“ အရီးကြည်ကို အိမ်ခေါ်ထားလိုက်မယ်လေ... ကောင်းတယ်မလား...”
“အင်း အဲဒါလည်း ကောင်းပါတယ်...”
ပြောရင်း ဆိုရင်း ချောလှ တစ်ယောက် ဗိုက်ကို လက်လေးနဲ့ဖိရင်း အော်လိုက်ပါသည်။
“အား နာလိုက်တာကိုချစ်ရဲ့ ဗိုက်နာလိုက်တာ”
“ဟာ မွေးတော့မယ် ထင်တယ်.. ခဏအောင့်ထားနော်...ငါ အရီးကြည် သွားခေါ်လိုက်အုံးမယ်”
အဲလို ပြောနေတုန်းမှာပဲ အရီးကြည် အိမ်ကို ရောက်လာပါသည်။

“အရီးကြည် ချောလှ ဗိုက်နာလို့တဲ့ ဗျ... မွေးတော့မယ်ထင်တယ်”
“အေး အဲဒါဆို လက်သည် မဖွားညွန့်ကို အမြန်သွားခေါ်...”
“ဟုတ်..ဟုတ် ” ဆိုပြီး ပြေးထွက်သွားပါတော့သည်။

“အရီးညွန့် ကျုပ်မိန်းမ ဗိုက်နာလို့တဲ့ဗျ...”
“ဟုတ်လား အေးအေး.. လာပြီ ”
နှစ်ယောက်သား အမြန်နှုန်း ပြင်းပြင်းနဲ့ သွားရင်း အိမ်သို့ရောက်လာပါသည်။

“အာ နာတယ် အမေရဲ့...” ချောလှတစ်ယောက် နာကြင်မှုတို့ကို ခံစားနေရပါသည်။
“ဟယ် သမီး မဖွားညွန့် လာပြီ မငိုနဲ့တော့”
“ချောလှ ငါရောက်ပြီ ဘာမှ အားမငယ်နဲ့ ”ဆိုပြီး ရွာထဲက မိန်းမတွေနဲ့ ၀ိုင်းပြီး မွေးပေးလိုက်ကြပါသည်။

“ယောက်ျားလေး တော့ ယောက်ျားလေး” ဒေါ်ဖွားညွန့် အော်လိုက်ပါသည်။
ကိုချစ်တင် ကတော့ ပျော်လို့ကို မဆုံးတော့ပါဘူး...။ သူလိုချင်တဲ့ ယောက်ျားလေး ရလို့လေ...။

ကိုချစ်တင်တို့ ၊ မချောလှတို့ ကလေးလေး ရလာပြီဆိုတော့ အစစအရာရာ ကလေးကို ဦးစားပေးလာကြ
ပြီလေ..။ ကလေးဆိုတာ အိမ်ရဲ့ ဆွဲလဲ ဆိုသလိုပဲ..။ တစ်အိမ်လုံးမှာ သားလေး ဖိုးချစ် အသံက ဆူနေပါ
သည်။ ဘာလိုလိုနဲ့ ဖိုးချစ်လေးတောင် မှောက်နိုင်၊ လှန်နိုင် တဲ့ အရွယ်ရောက်လာပြီ...။

အဲဒီနောက်မှာတော့ ရာသီတွေ ပြောင်းပြောင်းသွားလိုက်တာ... သားလေး ဖိုးချစ်တောင် သုံးနှစ်ရှိပြီေ
လ...။ အဲဒီအချိန်မှာတော့ မချောလှက ဒုတိယ ရင်သွေးလေးတောင် လွယ်ထားရပြီ...။ ကိုချစ်တင်လ
ည်း စီးပွားရေးတွေ နင်းကန် လုပ်နေပေမယ့် စီးပွားက ထင်တိုင်းမဖြစ်...။ အဲလို ဆိုတော့ သူတို့ လင်မ
ယား စဉ်းစားရပြီလေ...။
“ချောလှရေ ငါလည်း စီးပွားရေးလုပ်နေတာ မင်းမြင်တဲ့ အတိုင်းပဲ နားတောင် မနေဘူး.. အဲဒါတောင်
စီးပွားက ထင်တိုင်းမဖြစ်ဘူး.. ငါတစ်ခြား ဒေသကို သွားပြီး စီးပွားရေးလုပ်မယ်...။ ပိုက်ဆံက ရှိမှဖြစ်
မှာ အခုဆို မင်းက နောက်ကိုယ်ဝန်ရှိနေပြီ...”။
“အင်း ဟုတ်ပါတယ်.. လုပ်ရမှာပေါ့လေ.. ဒါမှ ကျုပ်တို့ကလေးတွေ လူတန်းစေ့ နေနိုင်မှာ”
လင်မယားနှစ်ယောက် သဘောတူညီမှုရပြီးတဲ့ နောက်မှာတော့ ကိုချစ်တင်တစ်ယောက် မြန်မာနိုင်ငံ
အထက်ပိုင်းကို စီးပွားရှာထွက်သွားပါတော့သည်။
...................................................................................................................................
တလင်းပြင်မှာ သစ်ရွက်ကျွေတွေကလည်း ပုံလို့..။ အဲဒီ သစ်ရွက်တွေကို တံမြက်စီး လှည်းပြီးစု
ပုံနေတာက ဖိုးချစ်၊ ဖိုးချစ် လှဲထားတဲ့ အမှိုက်တွေကို ကျုံးနေတာက အငယ်ကောင် ဖိုးသစ်...။

“ ဖိုးချစ်နဲ့ ဖိုးသစ် ပြီးရင် လက်ကို သေချာဆေးခဲ့ ထမင်းစားရအောင်...”
မချောလှ လှမ်းပြီး ခေါ်လိုက်ပါသည်။
“ဟုတ် အမေ ပြီးတော့မယ်” ဖိုးချစ်က အော်လိုက်ပါသည်။
အဲဒီနောက်တော့ သားမိ သုံးယောက် ထမင်းစား ကြပါတော့သည်။
“အမေ အဖေက ဘာလို့ ပြန်မလာသေးတာလဲဟင်” အငယ်ကောင် ဖိုးသစ်လေးက မေးလိုက်ပါသည်။
“လာမှာပေါ့ သားရယ် သားတို့အတွက် ပိုက်ဆံတွေ သွားစုနေတာ”
“ပိုက်ဆံ မလိုချင်ပါဘူး အဖေ့ကို မြင်ဖူးချင်တယ်...။ အစ်ကိုဖိုးချစ်ကမှ အဖေ့ကို မြင်ဖူးသေးတယ်”။
“အတူတူပါပဲ ဖိုးသစ်ရာ ငါ သုံးနှစ်သားလောက်က မြင်ဖူးတာ ဘယ်လို မှတ်မိမှာလဲ..”။
“ကိုင်း ကိုင်း.. ထမင်းစားကြ.. ”
မချောလှ ပြောလိုက်မှ ကလေးတွေ ထမင်းဆက်စားကြပါသည်။ သူမစိတ်ထဲမှာတော့ ကိုချစ်တင် ဘ
ယ်ရောက်နေသလဲ၊ သေပြီလား၊ ရှိသေးလား ဆိုတာကို မဝေခွဲတက်တော့ပေ...။

မချောလှတစ်ယောက် အငယ်ကောင် ကိုယ်ဝန်ရှိခါစက အကြောင်းတွေက ခေါင်းထဲ အလိုလိုရောက်
လာပါသည်။
“ကိုချစ်တင် ပြန်မလာတာ အငယ်ကောင်လေး ကိုယ်ဝန်ရှိစကဆိုတော့ (၁၀) နှစ်တောင် ရှိသွားပါပေါ့
လား..။ ကိုချစ်တင်ရယ် ” ဆိုပြီး မျက်ရည်တို့က ထိန်းမရအောင် ကျလာပါသည်။

ကိုချစ်တင် ထွက်သွား အပြီးမှာပဲ မချောလှ အဖေနဲ့ အမေက ရှေ့ဆင့် နောက်ဆင့်ဆိုသလို လခြားပြီး
ဆုံးပါးသွားကြတာလေ...။ မချောလှတစ်ယောက် သားလေး ဖိုးချစ်ကို ဘေးမှာထားပြီး ကိုယ်ဝန်ကြီးတ
ကားကားနဲ့ ဈေးရောင်းနေရပါသည်။ မိဘနှစ်ပါးကဆုံး၊ ယောက်ျားဖြစ်သူနဲ့က အဆက်အသွယ်မရဆို
တော့ အဖြစ်အပျက်တို့ကို ကြံ့ကြံ့ခံရင်း သား၊ သမီး အတွက် ရုန်းကန်ခဲ့ရပုံတွေ၊ နှစ်တွေကြာတာတောင်
ပြန်မလာတဲ့ ကိုချစ်တင် ဆုံးပြီလို့ သဘောထားပြီး ရေစက်ချ၊ အမျှဝေ၊ သပိတ်သွတ် ခိုင်းတဲ့ ဆွေမျိုး
သားချင်းတွေကို ပြန်မြင်ယောင်ရင်း မျက်ရည်တို့က များသထက် များလာပါသည်။

“အမေငိုနေတာလား နေမကောင်းလို့လား အမေ၊ ဒါမှမဟုတ် အဖေ့ကို သတိရလို့လား..”
အဲဒီ အသံကြားလိုက်မှ မချောလှ အတွေးစတို့ ပြတ်သွားပြီး..
“ဘာမှမဖြစ်ပါဘူး ငါ့သားလေးတွေရယ်” ဆိုပြီးခေါင်းလေးတွေကိုရင်ခွင်ထဲ ဆွဲသွင်းလိုက်ပါသည်။
“အမေ အဖေ ပြန်မလာလည်း မပူပါနဲ့ ကျုပ်တို့ လုပ်ကျွေးမှာပါ...။ ကျုပ် လုပ်နိုင်တဲ့ အရွယ်ရောက်နေ
ပါပြီ...”။ ဖိုးချစ် အမေ ဖြစ်သူကို နှစ်သိမ့်လိုက်ပါသည်။

အရင်တုန်းက အိမ်ထောင်ရေး အဆင်ပြေခဲ့ပေမယ့်...သားသမီး ဇောနဲ့ ပိုက်ဆံရှာဖွေသွားတဲ့ ကိုချစ်တင်
ထွက်သွားပြီးကတည်းက မချောလှ တစ်ယောက် မျက်ရည်နဲ့ မျက်ခွက် နေ့တိုင်း မပြတ်ရပါဘူး...။ အခု
ချိန်ထိလည်း ငိုနေရတုန်းပါပဲ...။
................................................................................................................................
ရာသီတွေကလည်း ပြောင်းပြောင်း သွားလိုက်တာ မလှချောတောင် ဆံပင်တွေ ဖြူစပြုနေပြီ...။
မချောလှကနေ ဒေါ်ချောလှတောင် ဖြစ်နေပါပေါ့...။ အကြီးေးကာင် ဖိုးချစ်တောင် အိမ်ထောင်ရက်သား
ကျပြီလေ...။ ဒေါ်ချောလှကတော့ ဦးချစ်တင်ကိုပဲ သတိတရရှိပြီး ငိုနေရတုန်းပါပဲ...။ သူမ စိတ်ထဲမှာ
တော့ ဦးချစ်တင်ကို သေတယ်လို့ လုံးဝ ထင်မထားခဲ့ပါဘူး...။

“အရီးချောလှ ဖိုးသစ်ရှိလားဗျ...”
“ဒေါ်ချောလှ မျက်ရည်တို့ကို သုတ်ရင်း မင်းသူငယ်ချင်း ဘယ်သွားလဲ မသိပါဘူး မောင်ထွေးရယ်...
ဒါပေမယ့် သူ့အစ်ကို အိမ်မှာများရှိမလား မသိပါဘူး အဲဒီကို သွားကြည့်လေ”
“ဟုတ်...အရီးချောလှ နေမကောင်းလို့လား.. မျက်နှာကြီးက မို့လို့...”
“မဟုတ်ပါဘူးကွယ် အရီးချောင်းဆိုး နေလို့ပါ...” အမှန်တော့ ငိုလို့ မို့နေတယ်ဆိုတာ ဒေါ်ချောလှကော
င်းကောင်းသိပါတယ်...။
“ အရီး ကျုပ်သွားအုံးမယ်ဗျာ..” မောင်ထွေးတစ်ယောက် ဒေါ်ချောလှကို နှုတ်ဆက်ပြီး ထွက်သွားပါသ
ည်။

ဖိုးချစ်တို့က ဒေါ်ချောလှရဲ့ မိဘ နှစ်ပါး အိမ်မှာ နေကြတာလေ..။ ဖိုးချစ်ရဲ့ အဘိုး၊ အဘွား တွေက မရှိကြ
တော့ဘူး ဆိုတော့ အိမ်က အလွတ်ကြီး အားနေတာလေ...။
ဖိုးချစ်တို့ လင်မယားကတော့ တကျက်ကျက်နဲ့ ခဏတိုင်း စိတ်ဆိုး၊ စိတ်ကောက် ရန်ဖြစ်ပါသည်။

ဒေါ်ချောလှက သူ့သားနဲ့ ချွေးမကို မြင်တော့ သူတို့လင်မယား ကြင်နာခဲ့ပုံတွေကိုပြန်လည်မြင်ယောင်
မိပြန်ပါသည်။ သူမ ကြည်နူးနေတဲ့ ကြားက မျက်ရည်တို့က ထိန်းမရအောင် ကျလာပြန်ပါသည်။ ဒေါ်
ချောလှတစ်ယောက် ငိုရလွန်းလို့ မျက်ခမ်းတွေတောင် တိုကုန်ပါပြီ...။
................................................................................................................................
ဦးချစ်တင်လည်း အမှန်တကယ်တော့ သူ့မိန်းမ ဒေါ်ချောလှနဲ့ သူ့ကလေးတွေကို တွေ့ချင်နေတာပါ..။
သူစီးပွားရေးလုပ်ဖို့ ထွက်သွားလိုက်တာ...ရာသီဥတု မတူညီတဲ့ ကချင်ပြည်နယ်ဘက် ရောက်သွားပါ
သည်။ အဲဒီကို ရောက်တော့ စီးပွားရေးလုပ်ရတာက အဆင်မပြေ၊ ငှက်ဖျားမိလို့ ဆေးရုံပေါ်ကိုရောက်
ပြီး သေလုမျောပါး ဖြစ်သွားပါတယ်။ အဲဒီနောက်တော့ သူ့ကို ကူညီခဲ့တဲ့ လူတွေကို ကျေးဇူးတင်ကြော
င်းပြောပြီး အိမ်ကို ပြန်ဖို့ လုပ်ပါတော့သည်။

ဦးချစ်တင် ကံဆိုးတယ်လို့ပဲ ပြောရမလား၊ ဒေါ်ချောလှတို့ မိသားစု ကံဆိုးတယ်လို့ပဲ ပြောရမလား မသိ
တော့ပါဘူး။ ဦးချစ်တင် စီးလာတဲ့ ကားက မှောက်ပါတော့သည်။ အဲဒီ ကံဆိုးမှုတွေထဲကမှ ကံကောင်း
ချင်တော့ ဦးချစ်တင် သေကံ မရောက် ၊ သက်မပျောက်ခဲ့ပေ။ ဆေးကုသ မှု ခံယူပြီးတဲ့နောက်မှာတော့
ဦးချစ်တင် ပြန်ကောင်းလာခဲ့ပါသည်။ စိတ်မကောင်းစရာ တစ်ခုက ဦးချစ်တင် သူ့ကိုသူလည်း မမှတ်မိ
၊ ဘယ်သူ့ကိုမှလည်း မမှတ်မိတော့ပေ...။ဆရာဝန်တွေရဲ့ အကူအညီတောင်းမှု ကြောင့် အဲဒီလို ဖြစ်နေ
တဲ့ ဦးချစ်တင်ကို အဖွားကြီး တစ်ယောက်ကကူညီတဲ့ အနေနဲ့ သူ့အိမ်ကို ခေါ်သွားပြီး ခြံစောင့် လုပ်ခိုင်း
ပါတော့သည်။

နောက်တော့ ဦးချစ်တင်ကို သူ့အိမ်က လူတစ်ယောက်လိုသဘောထားကာ ညီအစ်ကို၊ မောင်နှမလို ဆ
က်ဆံပါတော့သည်။ အဲဒီအချိန်ကနေ နေလာလိုက်တာ အဖွားကြီး ဆုံးတဲ့ အထိဆိုပါတော့။ ကံကောင်း
ချင်တော့ အဖွားကြီး ဆုံးတဲ့ အချိန်မှာ ဦးချစ်တင်တစ်ယောက် ပျာပျာသလဲ ဖြစ်ပြီး အုတ်ခုံပေါ်ကို ချော်
လဲပြီး ခေါင်းကို ထိသွားပါသည်။ ဦးချစ်တင်ကို ဆေးရုံတင် ကုသတော့ ပြန်လည် ကောင်းမွန်လာပါသ
ည်။ အဲဒီနောက်မှာတော့ သူ သူ့မိန်းမနဲ့ သူ့ကလေးတွေ၊ သူ့ရွာကို သတိရလာပါတော့သည်။
နောက်မှ သူဖြစ်ပျက်ခဲ့သမျှအားလုံး သတိရသွားပါတော့တယ်။ အတိတ်မမေ့ခင်ကရော၊ အတိတ်မေ့
နေတုန်းရော အဖြစ်အပျက်ကို သတိရပြီး အဖွားကြီးရဲ့ ပစ္စည်းတွေကိုရောင်းချပြီး ကုသိုလ်ကောင်းမှု
လုပ်ပေးပါတော့သည်။ အဲဒီနောက်မှာတော့.....
................................................................................................................................
2006 ခုနှစ်ရဲ့ နွေဦးပေါက် ကာလ တစ်ခု ပါတ်ဝန်းကျင် တစ်ခုလုံး မြူတွေက စိုင်းလို့...။ သာယာကုန်း
ရွာလေးကတော့ ပုံမှန်အတိုင်းပဲပေါ့... မြူတွေရဲ့ အောက်မှာလေ...။ အဲဒီရက်က ဒေါ်ချောလှရဲ့ အလွမ်း
တွေကို အဆုံးသတ်ပေးမဲ့ ရက်လို့တောင် ပြောလို့ရပါတယ်။ ဘာလို့လဲ ဆိုတော့....

“အမေရေ ဒီမှာဗျ... ရွာ့အပြင်ဘက်မှာ လူတစ်ယောက် လဲနေလို့ ကျုပ် ခေါ်ခဲ့တယ်...”
“ဟယ် ဖိုးသစ် ရှုပ်ရှုပ်ရှက်ရှက်နဲ့ လူဆိုးမှန်း မသိ၊ လူကောင်းမှန်းမသိနဲ့ကွယ်”
“ကျုပ် သနားလို့ ခေါ်လာတာ အမေရ..”
အဲဒီနောက်မှာတော့ သတိမေ့နေတဲ့ လူကြီး သတိရလာပါသည်။ နောက်တော့ ဒေါ်ချောလှ အဲဒီလူကြီး
ကို သေချာ ကြည့်မိပါသည်။
“ဟင် ကိုချစ် ကိုချစ် ဟုတ်တယ်မလားဟင်...”
“ချော... ချော...ချောလှ မဟုတ်လား”
တစ်ယောက်နဲ့ တစ်ယောက် မလွှတ်တမ်း ဖက်ထားလိုက်ကြပါသည်။ ဖိုးသစ်တစ်ယောက်ကတော့ ဘာ
ကိုမှ နားမလည်နိုင်ရှာ။ အဲဒီ အချိန်မှာ ဖိုးသစ်တို့ လင်မယား ရောက်လာပါတယ်။

ဦးချစ်တင် ဒေါ်ချောလှကို ဖက်ရင်း သူ့ကို ခွင့်မလွှတ်ဖို့ အကြောင်းပြောနေပါသည်။ သူအဖြစ်အပျက်
တွေ ပြောပြမယ် လုပ်တော့ ဒေါ်ချောလှက အပြောမခံ...
“ဖြစ်ပြီးတဲ့ ကိစ္စတွေကို ပြန်မပြောပါနဲ့တော့..။ ဖြစ်ပြိးသားတွေက ဖြစ်ပြီးသွားပြီလေ...။ အခုလို ပြန်လာ
တာကိုပဲ ၀မ်းသာလို့မဆုံးတော့ပါဘူး.. ကျုပ်တို့ ခွင့်လွှတ်ပါတယ်...”

“ဖိုးသစ် အမေက ဘယ်သူ့ကိုဖက်နေတာလဲဟ”
“မသိဘူး အစ်ကိုရ.. သူတို့ နာမည်တွေ မေးပြီး တစ်ယောက်နဲ့ တစ်ယောက် ဖက်ငိုနေတာပဲ... ”
အဲဒီ တော့မှ ဖိုးသစ် သူ့အမေ ခေါ်လိုက်တဲ့ နာမည်ကို ပြန်စဉ်းစားမိလိုက်ပါသည်။
“ ဟာ အမေ အဲဒါ အဖေလား ဟင်.. ကျုပ်တို့ကို ပြောပါ အမေရ..ပြောပါ...”
ဖိုးသစ် အတင်းမေးလိုက်ပါသည်။
“ချောလှ သူက ငါ့သား ဖိုးချစ်လား... နောက်ကလေးကရော ဘာလေးမွေးလဲ ငါ့ကို ပြောပါအုံး”
“မဟုတ်ဘူး ကိုချစ် ဖိုးချစ်က ဟိုမှာ အဲဒါက သူ့မိန်းမ.။ ဒီကလေးက ဖိုးသစ် လေ...”
“ ဟာ သားနှစ်ယောက် မွေးတာပေါ့... ၀မ်းသာလိုက်တာ ချောလှရာ ”
“ ငါ့သားတို့ ဒါမင်းတို့ မေးမေး နေတဲ့ မင်းတို့ အဖေကွဲ့ မင်းတို့အဖေ...”
“အဖေ....ဟေ..........”
“ငါ့သားတို့.........”
သားအဖ တစ်တွေ ငိုလိုက်ကြတာ တစ်အိမ်လုံးကို ဆူညံနေတာပါပဲ...။ အဲဒီ အချိန်မှာ ပါတ်ဝန်းကျင်
ကလူတွေ ရောက်လာကြပါသည်။ အဲဒီ အထဲမှာ ချစ်တင်ရဲ့ အစ်မ မြလွင်ပါ ပါလေသည်။
“ဟယ် ချစ်တင်၊ ချစ်တင်ကြီး ပြန်ရောက်လာပြီတော့”
ဒေါ်မြလွင် မောင်ဖြစ်သူ ပြန်ရောက်လာတဲ့အတွက် ၀မ်းသာအားရဖြစ်ပြီး ငိုရင်း ရွာထဲကို အော်ပြောနေ
လိုက်ပါသည်။ တစ်ရွာလုံးလည်း ၀မ်းသာနေလိုက်တာ ပြုံးရွှင်နေကြတာပဲ...။

ဒေါ်ချောလှတို့ မိသားစုကတော့ ပျော်လို့ကို ငိုနေကြတာပါ...။ ဘာပဲဖြစ်ဖြစ်လေ ဒေါ်ချောလှရဲ့ အလွမ်း
တွေက အဆုံးသတ်သွားပါပြီ...။ အလွမ်းတွေ အဆုံးသတ် နိဂုံးချုပ်တဲ့ ရက်.....

(ကျွန်တော့်ရဲ့ရေးသားချက်များအဓိပ္ပါယ်မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း
ဝန်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်.....

ရာဇာ(ကျေးတောသားလေး)
1.4.2011







9 comments:

Julia Saw said...

မိသားစု ပြန်လည်ဆုံဆည်းတဲ့အကြောင့် ဖတ်ရတာ အိမ်ကိုတောင် သတိရသွားပြီ..

Angelhlaing(May everybody be happy and healthy! said...

အိမ်ပြန်ချင်ပြီ ...ခုပြန်ချင်ပြီ ဟင့်ဟင့်..

Baby taster said...

အိမ်ပြန်ချင်လိုက်တာ :(

တက္ကသိုလ် အလင်းအိမ်(တေဇာလင်း) said...

ကျေးတောသားလေးကတော့ စာရေးတာ သိပ်သွက်တာပဲ၊ ဆိုဒ်ထဲ ၀င်လိုက်တိုင်းအမြဲ အသစ်တွေတွေ့ရတယ်။ ရေးရင်းနဲ့ အရေးအသားတစ်ကယ်ကိုတက်လာတယ်။ ရသစုံပေးစွမ်းနိုင်တဲ့ စာကောင်းလေးတစ်ပုဒ်ပါ။ အောင်မြင်ပါစေ။

yar zar said...

အလည်လာသူ အားလုံး ကျေးဇူးတင်ပါကြောင်း

maymoe said...

တကယ် စာရေးကောင်းတယ် တော့ ..အားပေးသွားတယ်
ဇတ်လမ်းအဆုံးသတ်လေး ကောင်းတယ်..

yar zar said...

မမေမိုး လာရောက်ဖတ်ရှု အားပေးသွားတာ ကျေးဇူးပါဗျ...
နောက်လည်း လာလည်ပါအုံးနော်..

Loveflower said...

ဇာတ်လမ်းလေးကကောင်းပါတယ်..........။အားပေးတယ်နော်...
ဆက်လက်ရေးရန် မျှော်လင့်ပါတယ်..............................................

kyarphyuhtet said...

ဟုတ်ကဲ့ ဖတ်လို့ကောင်းပါတယ်..............

Post a Comment