Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Thursday, March 10, 2011

ကျေးလက်သားလေးနှင့်အလွဲများ


ကျွန်တော် ကျေးလက်သားလေးဟာ အမြဲတမ်းလွဲတတ်သလို၊ ရှက်ပြာ
ရှက်ပြာ လုပ်တက်တဲ့နေရာမှာလည်း နှစ်ယောက်မရှိသူပါ။ အိမ်ကတော့
ကျွန်တော့်ကို နာမည်တပ်ထားလေရဲ့ ပျာသလောက် ဖွဲမထွက်တဲ့ကောင်
တဲ့လေ။ကျွန်တော်ကလည်း ကျွန်တော်ကိုး အပြောခံရတာမဆန်းပါဘူးေ
လ။


 
အလွဲ(၁)
တပေါင်းလပြည့်ကျော်(၈)ရက်နေ့ဟာ ကျွန်တော်တို့နယ်မှာ နတ်ပွဲရှိပါတ
ယ်။အဲဒီပွဲက လူအရမ်းစည်ပါတယ်.ပျော်ဖို့လည်းကောင်းတာပေါ့ဗျာ။(၁၂)
ပွဲ ဈေးသည်တွေရော၊ နယ်ခံဈေးသည်တွေရော၊ မုန့်ဆိုင်တွေ၊ တောင်သူ
သုံးပစ္စည်းတွေ အရမ်းပေါတာပေါ့။အဲလိုပွဲတော်ဆိုတော့လည်း ကျွန်တော်
တို့ နယ်တ၀ိုက်က လူတွေက သွားတာမဆန်းပါဘူး။ ကျွန်တော်တို့လည်း
သွားတာပေါ့ဗျာ။ အဖေရယ်၊အစ်ကိုရယ်၊ကျွန်တော်ရယ်၊ အခြားသူငယ်ချ
င်းသုံးလေးယောက်ပါသေးတယ်။ နတ်ပွဲဈေးထဲမသွားခင် အဖေ့အသိအိမ်
အရင်သွားတာပေါ့။ကျွန်တော်တို့ရောက်တယ်ဆိုရင်ပဲ အိမ်ရှင်တွေက ပျာ
ပျာသလဲ မုန့်တွေနဲ့ ဧည့်ခံတာပေါ့။ ဘာမုန့်တွေ ပါတယ်ဆိုတာမမှတ်မိေ
တာ့ပေမဲ့ ကျွန်တော်လွဲခဲ့တဲ့ သရေစာ တစ်ခုကိုတော့ မေ့ကိုမမေ့ပါဘူး။
အဲဒါက ဘာလည်းဆိုတော့ ကန်ဇွန်းဥပြုတ်ပါ။ ကန်ဇွန်းဥနဲ့ တို့စားဖို့ ဆီ
ပန်းကန်ရယ်၊ဆားဗူးလေးပါ ချထားပါတယ်။ ကျွန်တော် ရှက်ပျာပုံက အဲ
ဒီဆီပန်းကန်ကို ရေနွေးငှဲ့ထားတာဆိုပြီး သောက်လိုက်တာဗျာ။ နောက်ရ
က်ကျ အသံတောင်ဝင်တယ်လေ။ အဲလိုရှက်တာ၊ အဲလိုရှက်တာ။

အလွဲ(၂)
ကျွန်တော်တို့အိမ်မှာ နွားမတစ်ကောင်မွေးထားတယ်ဗျ။ အဲဒီနွားမက နွား
ကလေးမွေးတော့ ကျွန်တော်တို့အိမ်မှာ နွားနို့တွေက အရမ်းပေါတာပေါ့။
တစ်ရက်မှာတော့ ကျွန်တော့်အမေ့က အချဉ်လုပ်ဖို့အတွက် ထမင်းရည် ငှဲ့
ပြီး စားပွဲပေါ်မှာတင်ထားပါတယ်။ ကျွန်တော်ကလည်း အိပ်ယာထ မျက်နှ
ာသစ်ပြီး နွားနို့ကျိုသောက်မလို့ပြင်တာပေါ့ဗျာ။ အဲဒီအချိန်မှာ ကျွန်တော့်
အမေက နွားနို့ကျိုပြီး စားပွဲပေါ်တင်ထားတယ်လို့ လှမ်းပြောပါတယ်။ ကျွန်
တော်လည်း ပျော်တာပေါ့...ချက်ချင်းသောက်ရတော့မယ်ဆိုပြီးပေါ့။ အဲဒါ
နဲ့ အမေချထားတဲ့ ထမင်းရည် ဇလုံကို သောက်လိုက်ပါတယ်။ တစ်ဝက်
တောင်ကုန်သွားတယ်ဗျ။ ကျွန်တော့်စိတ်ထဲမှာတော့ ဒီနေ့နွားနို့က အချိုေ
ပါ့နေတယ်ပေါ့လေ..ကိုယ့်အတွေးနဲ့ကိုယ်ပေါ့။ အမေ ကျွန်တော့်နားလာေ
တာ့ ဇလုံတစ်လုံး လက်ထဲပါလာပါတယ်။ ကျွန်တော်လည်း အမေ့ကိုမေး
လိုက်တာပေါ့ အမေနွားနို့သောက်မလို့လားပေါ့... ဒီနေ့နွားနို့က ပေါ့လိုက်
တာဗျာ ထမင်းရည်အတိုင်းပဲနော်အမေလို့ ပြောလိုက်မှ။ အမေလည်းသ
ဘောပေါက်သွားပြီး ရယ်ပါတော့တယ်။ ရယ်ရင်းလည်း ကျွန်တော့်ကိုေ
ပြာပါသေးတယ်...မင်းကတော့ လုပ်လိုက်ရင် အရာရာနဲ့အကြောင်းကြေ
ာင်းကြည့်ပဲတဲ့။ အဲဒါ အချဉ်တည်ဖို့ ငှဲ့ထားတဲ့ ထမင်းရည်တွေတဲ့။ ကိုင်း..
ဘယ်လောက်တောင် လွဲလိုက်သလဲ။ ကိုကိုယ်တိုင်သောက်နေတဲ့ ထမ
င်းရည်ကို ထမင်းရည်နဲ့ တူတယ်လို့တောင် ပြောလိုက်သေးတဲ့ ကျွန်တော်
လေ။ အဲလို အလွဲတွေကတော့ အများကြီးပါ။ ကိုယ့်အကြောင်း ကိုယ်ပြေ
ာရတာဆိုတော့ သိပ် မနိပ်လှဘူးဗျာ။ အဲဒါကြောင့်ပြောတော့ဝူး...။:P
***မှတ်ချက်***
ဒီကနေ့လည်း ကျောင်းမှာ အမှားလေးလုပ်မိလို့ ငယ်ငယ်တုန်းကအကြေ
ာင်းတွေကိုသတိရလို့ ရေးလိုက်မိတာပါ။ အကျင့်ဆိုတာကတော့ ပြင်ရခ
က်တယ်ပေါ့ဗျာ။ အများကြီးမမှားဘူးဆိုရင်တောင် အနည်းငယ်တော့ မှား
နေအုံးမယ်ဆိုတာ ကျွန်တော်ကြိုသိနေပါတယ်ဗျာ။(နဲနဲတော့ စိတ်မကော
င်းဘူးပေါ့...) :(
(ကျွန်တော့်ရဲ့ ရေးသားချက်များ အဓိပ္ပါယ်မပေါ်လွင်ခဲ့ပါက ကျွန်တော့်ရဲ့
ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း ၀န်ခံအပ်ပါတယ်ခင်ဗျား။)
စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်......
ရာဇာ(ကျေးတောသားလေး)
10.3.2011

3 comments:

Angelhlaing(May everybody be happy and healthy! said...

ချစ်စရာအလွဲလေးပါအကို။
အားပေးသွားလျှက်..
ညီမလေးလဲအမြဲလွဲနေတက်တယ်အကို:P:P:P

yar zar said...

Angel ရေ ကျေးဇူးနော်..။
နောက်လည်း လာလည်ပါအုံး..
ကျေးလက်သားလေးက နွေးထွေးစွာနဲ့ အမြဲစောင့်မျှော်နေတာပါ။:)

Unknown said...

လွဲတတ်တယ်နော် ဟိဟိ..........။ မီး လဲ မီးတို့ဘက်က အလွဲလေး တခုပြောပြချင်တယ်...။ မီးတို့ အိမ်ဘေးက အမ ကပြောပြလို့လေ..သူ့မှာ သူ့တူလေးကို ရေခွက်ပေးပြီး ရေခပ်ခိုင်းတာပေါ့နော်...( နယ်မှာ ဆိုတော့ ရေ စဉ့်အိုး အကြီးကြီးတွေနဲ့ ရေ ထည့်ထား၇တာပေါ့နော်.).. "တူလေး လေးလေး(နယ်မှာက အဒေါ်ကို လေးလေးလို့ခေါ်တယ်လေ)ကို ရေတခွက်လောက်ခပ်ပေးပါလား ".....လို့ပြောပြီး ရေခပ်ခိုင်းတာပေါ့။ ရေကို နယ်မှာဆိုတော့ အမိုက်တွေဘာတွေ မပါအောင် "ဖင် လူပ်ခက်ခဲ့"လို့ပြောတာပေါ့နော်... ကလေးကလဲ သူ့ဖင်လေး လူပ်လူပ်ခပ်ရှာတယ်..သူအဒေါ်ကလဲ မြင်တော့၇ယ်တာပေါ့တဲ့...(တကယ်တော့ သူလူပ်ခက်ခိုင်းတာက ရေခွက်ရဲ့ဖင်ကိုအမိုက်မပါအောင် လူပ်ခပ်ခိုင်းတာ ကလေးက မသိတော့ သူ့ဖင်လေး လူပ်ခပ်တာပေါ့)...လွဲတတ်တယ်နော်.ဟိဟိ

Post a Comment