Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Sunday, March 6, 2011

အပြိုင်အဆိုင်


ကျွန်တော်တို့ရွာလေးမှာ အလွန်ခင်တဲ့ ကလေးသူငယ်ချင်းသုံးယောက်
ရှိပါတယ်။သောင်းပေါ၊ဖိုးကျော်၊ကျောက်ဒိုးတဲ့။ ရွာထဲမှာတော့ကလေးဗို
လ်တွေပေါ့ဗျာ။ တစ်ရက်မှာတော့ကလေးဗိုလ်တွေငှက်ပစ်သွားတာပေါ့
။အဲဒီသုံးယောက်ထဲမှာသောင်းပေါကလက်အဖြောင့်ဆုံးပေါ့ဗျာ။ ချိုးလေ
းတစ်ကောင်သစ်ပင်ပေါ်နားနေတာကို ကျောက်ဒိုးက အရင်ပစ်ပါတယ်
..ဒါပေမဲ့မမှန်ဘူး။ချိုးကအရေးတောင်မလုပ်ဘူး။ကျွန်တော်တို့ရွာလိုပြေ
ာရင်တော့ဆောက်ရေးတောင်မလုပ်ဘူးပေါ့။အဲဒါနဲ့ဖိုးကျော်ပစ်တယ်..ငှ
က်ကလန့်ပြီးအခြားပင်ကိုပြောင်းသွားတယ်။အဲဒီအချိန်မှာသောင်းပေါက
ဆူတော့တာပေါ့။ မင်းတို့နှစ်ယောက်လုံးအသုံးမကျဘူး၊ဘာဘူး၊ညာဘူး
နဲ့ဘူးမျိုးဆုံနဲ့ပြောတော့ ကျောက်ဒိုးနဲ့ဖိုးကျော်တို့ကမကျေနပ်ဖြစ်ပြီးက
လေးတို့သဘာဝရန်ဖြစ်ကြတာပေါ့။ သူတို့ရန်ဖြစ်ပြီးအိမ်ကိုပြန်ရောက်
တော့ဖိုးကျော်ရဲ့အဘိုးကနေမကောင်းနေတာဆိုတော့ သေနေပါတယ်
။ သူ့အိမ်ကလူတွေလည်းအုံးအုံးကြွက်ကြွက်နဲ့ငိုတဲ့သူကငို၊ လာတဲ့သူေ
တွကိုကျွေးရအောင်လို့ ထမင်းချက်တဲ့သူကချက်နဲ့ရှုပ်ရှပ်ခက်နေတာ
ပေါ့ဗျာ။ဖိုးကျော်ရဲ့မိဘတွေက ဖိုးကျော်ကိုမြင်တာနဲ့နင်ဘယ်သွားနေတ
ာတုန်း..အခုနင့်အဘိုးသေသွားပြီဟဲ့ဆိုပြီးငိုကြပြန်ပါရော။လာတဲ့သူတွေ
ကိုလည်း ထမင်းကျွေးပြီးဧည့်ခံတာပေါ့။ဖိုးကျော်အဘိုးဆုံးလို့ဆိုတဲ့သတ
င်းကိုကြားတော့ သောင်းပေါနဲ့အခြားကလေးတွေထမင်းလာစားကြပါတ
ယ်။သောင်းပေါတို့လာတာကို ဖိုးကျော်မြင်သွားတော့ ဘာလို့လာတာလဲ
မင်းနဲ့ငါနဲ့မတည့်ဘူး မကျွေးနိုင်ဘူးလို့ပြောလွှတ်ရော။ အဲလိုပြောတော့
သောင်းပေါလည်း စိတ်ဆိုးပြီး အေးရတယ် မကျွေးနဲ့ငါ့ဘကြီးလည်းဒူး
ရောင်နေပါပြီ အဲဒီကျရင်မင်းတို့လည်းငါတို့အိမ်ကိုလာပြီး ထမင်းမစား
နဲ့။ အဲဒီအချိန်မှာ သောင်းပေါနဲ့လိုက်လာတဲ့ကလေးတွေကလည်းအပြို
င်အဆိုင်ပြောကြတာပေါ့။ငါ့အဖွားက ရင်ကြပ်နေပြီသေတော့မှာ၊ ငါ့အ
ဒေါ်ကြီးက ဘာဖြစ်နေပြီ၊ညာဖြစ်နေပြီနဲ့ အပြိုင်အဆိုင်ပြောကြတော့တ
ာပေါ့။အဲလိုပြောနေတဲ့အချိန်မှာ သောင်းပေါရဲ့ဘကြီး(ဒူးယောင်)ရောက်
လာပြီး ဒီကလေးတွေတော့ကွာ...ထမင်းမစားရတာနဲ့ ကိုယ့်အိမ်ကလူ
တွေကိုသေခိုင်းနေပြီဆိုပြီးလိုက်ရိုက်ပါတော့တယ်။ အဲဒီတော့မှကလေး
တွေလည်းထွက်ပြေးကုန်ကြပါတယ်။ကိုင်း...ဇာတ်လမ်းလေးကတော့
ဒါပါပဲဗျာ..။ကလေးဘ၀ဆိုတာ အပူအပင်မရှိ၊စားချိန်တန်ရင်စား၊ဆော့
ချိန်တန်ရင်ဆော့၊အိပ်ချိန်တန်ရင်အိပ်ပြီး စဉ်းစားတွေးခေါ်တယ်ဆိုတာ
မရှိကြတော့ ကိုယ့်အိမ်ကလူတွေကိုတောင်သေဖို့ပြိုင်နေကြတဲ့ကလေး
တွေပါ။ကလေးတို့ဘ၀ရိုးသားတယ်လို့ပဲပြောရမှာပေါ့ဗျာနော်...။
(တစ်ခါတစ်လေတော့လည်း ကလေးလေးပြန်ဖြစ်ချင်တယ်ဗျ...):)
တကယ့်အဖြစ်အပျက်လေးကိုနာမည်များပြောင်းပြီးရေးသားသည်။
ရာဇာ(ကျေးတောသားလေး)
7.3.2011

1 comments:

ခနွဲ said...

ဟ..ဟ။ မိုက်တယ်။ တကယ့် ငယ်ဘ၀ပဲ။ ကျွန်တော်တို့ငယ်ငယ်တုန်းကလည်း အဲလိုပဲဗျ။ အားပေးနေတယ်ဗျို့

Post a Comment