Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Friday, March 11, 2011

တစ်ခါက ဧရာဝတီ

“ဟေ့ ဖိုးထောင်..ရေသွားချိုးမယ်လေကွာ”။
“ဟာ..ချစ်သန်းတို့ပါလား။ ငါလိုက်လို့ မဖြစ်သေးဘူးကွ အမေက အိမ်စောင့်ခိုင်းထားလို့”။
“အေး..မလိုက်လည်း နေလေ ငါတို့ဒီနေ့ စိမ်ပြေးတန်းကစားမလို့ကွ ရေထဲမှာ”။
“အေး..ငါ့အမေ ခဏနေရင် ဈေးရောင်းသွားရာက ပြန်လာတော့မှာကွ။ အဲဒီအခါကျရင် ငါလိုက်ခဲ့မယ် အခု
တော့ မလိုက်သေးဘူးကွာ”။
“အေး..အဲဒါဆို ငါတို့သွားဆော့နှင့်တော့မယ်”။ အဲဒီအသံလေးတွေက မြစ်ရေတိုးတဲ့အချိန်တိုင်း ကြားနေကြ
အသံလေးတွေပါ။ အခုလည်း ဖိုးပုံ နဲ့ ချစ်သန်းတို့ ကလေးအုပ်စု ဖိုးထောင်ကိုလာခေါ်နေကြခြင်းပါ။ ၀ါဆို၊၀ါ
ခေါင်ရောက်ပြီဆိုတာနဲ့ ဧရာဝတီမြစ်ပြင်ဟာ တမုဟုတ်ခြင်း ကျယ်ပြန့်လာပါတယ်။ ဖိုးထောင်တို့ ရွာကလေ
းက ဧရာဝတီမြစ်ကမ်း နဘေးမှာဆိုတော့ ရေတက်ချိန်ဆိုရင် ရွာထဲထိ ရေ၀င်တဲ့အရပ်ပေါ့။ သစ်ပင်ကြီးတွေ
ကလည်း အုံ့ဆိုင်းပြီး အများဆုံးအပင်တွေကတော့ ဥန္နဲပင်နဲ့ စောင်းလျားပင်တွေပေါ့။ နေချင်စဖွယ်ရွာကေ
လေးတစ်ရွာပါပဲ။ ဥန္နဲပင်တွေ ပေါလို့ထင်ပါတယ်..ရွာနာမည်က ဥန္နဲကုန်းတဲ့။
“ဟာ အမေ ပြန်လာပြီ.. လက်ထဲမှာလည်း မုန့်ထုပ်ကြီးနဲ့ပါလား”။
“အေး..ဟုတ်တယ်..။ မင်းတို့ အတွက် ထန်းသီးမုန့်ဝယ်လာတာ”။
“အမေ..ချွေးတွေကလည်းရွှဲလို့ သုတ်လိုက်ပါဦး”။ ဖိုးထောင်အမေ ဈေးသည်ကြီး မမြကြည်ကတော့ သားေ
လေးတွေ မျက်နှာမြင်လိုက်ရတာနဲ့ အမောပြေနေတဲ့ပုံပါပဲ။
“ဖိုးထောင်... မင်းညီလေး ဖိုးအောင် ဘယ်အချိန်က အိပ်သွားတာလဲ.. အမေ ချိုချိုတိုက်မလို့လေ။
“ဖိုးအောင် အိပ်တာ မကြာသေးဘူး အမေရ။ ရေချိုးပေးပြီး သိပ်ထားတာ”။
“ဒါနဲ့ မင်းအဖေ အရက်သမားကြီးရော ဘယ်မှာတုန်း။ အိပ်ယာထပြီး တန်းသွားတာမလား”။
“တန်းသွားတာ မဟုတ်ပါဘူးအမေရာ... အဖေက ဖိုးအောင်ကို မြစ်ဆိပ်ရေချိုးလိုက်ပို့ပြီး ပြန်လာမှသွားတာ
ပါ”။
“အေး..မင်းကတော့ အမြဲတမ်း ဖအေဘက်က ကာစီးကာစီးနဲ့ ဖာဖာမနေနဲ့။ ယောက်ျားတစ်ယောက်အားကိုး
ရမလားလို့ ယူထားမိပါတယ်တော်..အခုတော့ သူ့အရက်ဖိုးတောင် ဒီက မြကြည်မက ရှာပေးနေရတယ်တေ
ာ့...ကြားလို့မှ ကောင်းကြသေးရဲ့လား..အရပ်ကတို့ရဲ့...”။ ဒေါ်မြကြည်တစ်ယောက် ယောက်ျားဆိုး ရထားတဲ့
အတွက် အခုလို သောကဗျာပါဒမီး တွေတောက်လောင်နေရခြင်းပါ။
“အမေရယ်..တော်ပါတော့ဗျာ။ မငိုတော့နဲ့ဗျာအမေ..အမေငိုရင် ကျုပ်လည်းငိုချင်တယ် အမေရ။ တိတ်ပါ
တော့အမေရာ...ဟီး...ဟီး...”။ဖိုးထောင်တစ်ယောက် အမေငို၍ ငိုနေခြင်းဖြစ်ပါသည်။
“တော်ပါတော့ ဖိုးထောင်ရယ် ငိုမနေနဲ့တော့ အမေလည်း မငိုတော့ဘူး”။ ဒေါ်မြကြည် ပြောပြောဆိုဆို မျက်
ရည်စတွေ သုတ်လိုက်ပါသည်။ ဖိုးထောင်ရဲ့ ခေါင်းလေးကို ဆွဲယူပြီး ပွတ်ပေးနေလိုက်ပါသည်။



“အမေ ကျုပ် ရေသွားချိုးလိုက်အုံးမယ်ဗျာ...”။
“အေး..သွားသွား..ငါ့သား..ကြာမနေနဲ့နော်..နေကပူတယ် ရောဂါရမှာဆိုးလို့ မှာနေရတာ။ မြစ်ဆိပ်မှာ ဆော့
နေရင် အမေလာရိုက်မှာနော်”။
“အင်းပါ..အမေရာ..ကျုပ်မကြာပါဘူး..”။ ဖိုးထောင်တစ်ယောက် ပုဆိုးအပိုတစ်ထည်ကိုယူ၊ ဦးထုပ်လေးကိုေ
ဆာင်းပြီး လေလေးတစ်ချွန်ချွန်နဲ့ ထွက်သွားပါ သည်။
“ဟဲ့...မြကြည်.. ညီးသား ဖိုးထောင်လေ ချစ်သန်းတို့အဖွဲ့နဲ့ပေါင်းဆော့ပြီး မြစ်ဆိပ်တစ်ခုလုံး ဆူညံနေတာပဲ
အေ..။ တော်ကြာ နေကပူ ရေကအေးနဲ့ ရောဂါတွေဖြစ်နေပါအုံးမယ်အေ”။
“သြော်..ဟုတ်လား.. ကျေးဇူးပါပဲ မမရီ ရယ်။ ကျုပ်သေချာမှာလိုက်တာကို သူကဆော့ဖြစ်အောင်ဆော့နေ
လိုက်သေးတယ်။ ကျုပ်သွားပြီး..ရိုက်ချည် အုံးမယ်တော်။ ဒီကလေးက ကျန်တာတွေ အကုန်ကောင်းပြီး..အ
ဆော့မက်တာက ခက်နေတယ်တော်”။
“ကလေးဆိုတာ ဒီလိုပါပဲအေ..။ဒါပေမဲ့ အခုလို နေပူကြီးထဲတော့ မဆော့ခိုင်းနဲ့ပေါ့အေ။ ကိုင်း..ကိုင်း..ငါသွာ
းလိုက်အုံးမယ်အေ”။
“ဟုတ်..ဟုတ်..မမရီ”။

“ဟေ့ရောင်ချစ်သန်း..မင်းတို့ စိမ်ပြေးတန်းဆော့နေတာ မပျင်းကြသေးဘူးလား.. ငါမလာခင်ကတည်းကေ
ဆာ့နေကြပြီး။ မင်းတို့နောက်မှ လာတဲ့ငါကပျင်းသွားပြီကွ။ တစ်ခြားဟာ ဆော့မယ်ကွာ..ဘာဆော့ရင်ကောင်း
မလဲ ၀ိုင်းပြီးစဉ်းစားကြ”။
“အေး..ဒါဆို ငါတို့ ရေပြိုင်ကူးကျမယ်။ နေရာတစ်ခုသတ်မှတ်ထားမယ်..ငါတို့ကမ်းကနေပြီး မြစ်ထဲကိုအရင်
ကူးမယ်။ အဲဒီနေရာကနေပြီးတော့မှ ကမ်းခြေအရောက်ပြိုင်ကြတာပေါ့”။
“အေး..ကောင်းတယ်။ ငါတော့ ချစ်သန်းပြောတာ သဘောတူတယ်။ ကျန်တဲ့သူတွေ မတူကြဘူးလား”။
ငပုံက ပြောလိုက်ပါသည်။
“ကောင်းတယ်..ကောင်းတယ်..တူတယ်..” ကလေးတစ်သိုက် သဘောတူညီမှုတွေ ယူရင်းပျော်နေပါသည်။
“နေအုံး..ချစ်သန်းရ ပြိုင်တာက ဟုတ်ပါတယ်။ နိုင်ရင် ဘာရမှာတုန်း..”။ ဖိုးထောင်မေးလိုက်ပါသည်။
“အဲဒါလည်း ဟုတ်တာပဲချစ်သန်းရ”ကလေးအဖွဲ့ ၀ိုင်းပြီးပြောလိုက်ကြပြန်ပါသည်။
ချစ်သန်း အချိန်အတော်ကြာ စဉ်းစားနေပြီးမှ “ငါသိပြီ.. နိုင်တဲ့သူကို ရှုံးတဲ့သူ (၅) ယောက်က အိမ်အထိေ
ကျာပိုးကြေး..”။
“ဟေးး...ကောင်းတယ်..ကောင်းတယ်။ နိုင်တဲ့သူက ပြန်ခါ မညောင်းတော့ဘူးကွ”။ကလေးတွေ ပျော်နေကြ
ပါသည်။ ကလေးတွေ မြစ်ကမ်းနဲ့ ၀ါးနှစ်ရိုက်စာလောက်ရှိတဲ့ဆီကို ကူးသွားကြပါသည်။ သူတို့ သတ်မှတ်ထ
ားတဲ့နေရာ ရောက်တော့ ကိုယ်စီ ကိုယ်ဖော့နေကြပါသည်။(မြစ်ကမ်းသားတွေက ကလေးကတည်းက ရေ
ကူး ကျွမ်းကျင်ကြတာပါ)။
“ကိုင်း..စမယ်..ချစ်သန်း အော်လိုက်ပါသည်။ တစ်၊ နှစ်၊ သုံး..” ကလေးတွေ အပြိုင်အဆိုင် ကူးကြပါတော့
သည်။ အရင်ဆုံး ပြိုင်ပွဲဝင်တဲ့သူကတော့ ဖိုးထောင်ပဲဖြစ်ပါသည်။
“ဟဲ့...ဖိုးထောင် နင့်ကိုသေချာမှာလိုက်တာကို သေချာ ကြာဖြစ်အောင်ကြာတယ်။ လာအုံး..ဒီကို...”။ဒေါ်မြ
ကြည် တစ်ယောက် တုတ်ကိုမြှောက်ပြပြီးခေါ်လိုက်ပါသည်။ ချစ်သန်းတို့ အဖွဲ့ကတော့ ဒေါ်မြကြည်နဲ့လွတ်
ရာ ပြေးကုန်ကြပါတော့သည်။
“ဟုတ်..အမေ”။
“ဟုတ်..လုပ်မနေနဲ့ လူမြန်မြန်ရောက်အောင်လာ”။ ဖိုးထောင် ဒေါ်မြကြည်အနားသို့ရောက်လာပါသည်။
“ကြည့်စမ်း ဖိုးထောင် နင့်တစ်ကိုယ်လုံး ပြာနှမ်းနေတာပဲ”။ ဖိုးထောင်တစ်ယောက် ဆော့နေတုန်းက ဘာမှမ
ဖြစ်ပဲ ကုန်းပေါ်ရောက်လာမှ မေးဆတ်ဆတ်တုန်နေပါသည်။ ဖိုးထောင် ချမ်းနေတာကိုမြင်တော့ ဒေါ်မြကြ
ည်မရိုက်ရက်တော့ပါ။
“ဖိုးထောင်ရယ်...အမေသေချာမှာလိုက်တာ မဆော့နဲ့ဆိုတာကို ဆော့ဖြစ်အောင်ဆော့တယ်နော်။ မင်းနဲ့ပေါ
င်းဆော့တဲ့ ချစ်သန်းတို့ဆိုတာ ရပ်ကျော်၊ ရွာကျော် မျောက်လောင်းစိန် အဖွဲ့လေ သူတို့နဲ့ပေါင်းဆော့တာအ
မေမကြိုက်ဘူး...အခုတော့ခွင့်လွှတ်လိုက်မယ်...လာသွားကြရအောင်”။ သားအမိ နှစ်ယောက် အိမ်သို့ပြန်
လာကြပါသည်။

အိမ်ကိုရောက်တော့ ဖိုးထောင်တစ်ယောက် ချမ်းစိတ်မပြေသေးပါ။ “အမေ ကျုပ်အရမ်းချမ်းနေတယ်..ဆေး
တိုက်ပါအုံးဗျာ..”။
“အေးအေး..ခဏလေး ရေနွေးအိုးတည်လိုက်အုံးမယ်”။ ပြောပြောဆိုဆို ဒေါ်မြကြည်တစ်ယောက် ထသွားပါ
သည်။ ခဏနေတော့ ဖိုးထောင်တစ်ယောက် ဆေးသောက်ပြီး အိပ်ပျော်သွားပါသည်။
“မေမေ တိုတို က ဘာရှစ်တာရဲဟင်”။
“မင်း ကိုကို ကနေမကောင်းနေတာ ဖိုးအောင်လေးရဲ့... ဘာမှမဖြစ်ဘူးနော်...နေပြန်ကောင်းလာမှာပါ”။
ဒေါ်မြကြည်တစ်ယောက် သားအကြီးဆုံး ဖိုးဆောင်လည်း အခုလို ရေချိုးမှားပြီးဆုံးသွားတာဆိုတော့ ဒုတိယ
အကြိမ်ထပ်ပြီး ဆုံးရှုံးရမှာကို စိုးရိမ်နေတယ်ဆိုတာ သိသာလွန်းလှပါတယ်။
“မြကြည် ထမင်းခူးကွာ..ထမင်းစားမယ်”။ ဒေါ်မြကြည်ရဲ့ယောက်ျား ဦးရှိန် မူးလာပါသည်။
“ဒီ..အမူးအရူးက တစ်မျိုး... အိမ်မှာ ဘာဖြစ်နေတယ်ဆိုတာ သူမသိဘူး။ သူတောင်းစားက မူးမယ်၊ ရူးမယ်
ဆိုတာပဲသိတယ်”။ ဦးရှိန် တစ်ယောက် ယိုင်ထိုး၊ ယိုင်ထိုးနဲ့ အိမ်ထဲသို့ရောက်လာပါသည်။
“ဒီမယ် ကိုရှိန် ဖိုးထောင် ဘာဖြစ်နေတယ်ဆိုတာ သိလား။ တော်က မူးမယ်၊ ရူးမယ်ဆိုတာလောက်ပဲစိတ်ထဲ
မှာ ထားမနေနဲ့ တော့သားဖိုးထောင် ရေချိုးပြီးပြန်လာ ဖျားလို့တော့”။ ဒေါ်မြကြည် မျက်စိပျက်၊ မျက်နှာပျ
က်နဲ့ ပြောလိုက်ပါသည်။
“ဟေ...ငါ့သားဖျားလို့ဟုတ်လား မြကြည်” ဦးရှိန် သောက်ထားတဲ့ အရှိန်တောင် ပြေသွားပြီထင်ပါသည်။သူ့
သားဆီကို အပြေးအလွှားလေးသွားပြီး ဖိုးထောင်ရဲ့ နဖူးလေးကို စမ်းကြည့်ပြီး သားလေးနိုးအလ
ာကိုထိုင်ကြည့်နေပါသည်။ ခဏနေတော့ ဖိုးထောင် နိုးလာပါသည်။
“ဟာ..ဖိုးထောင်နိုးလာပြီ..မြကြည်ရ..လာကြည့်ပါအုံးဟ”။ဦးရှိန် တစ်ယောက်ဝမ်းသာအားရ အော်လိုက်ပါ
သည်။
“အဖေနဲ့အမေ ကျုပ်နဲ့ညီအစ်ကိုနှစ်ယောက်ကို ချစ်ရင်လေ နောက်ဆိုရန်မဖြစ်ကြပါနဲ့ဗျာ ။ကျုပ်ကိုသင်္ကန်း
စည်းပေးဗျာ...ကျုပ် ကိုရင်ဝတ်ချင်တယ်”။ ဖိုးထောင် ဘာတွေပြောနေတယ်ဆိုတာ မသိပေမဲ့ ဒေါ်မြကြည်
တို့ လင်မယားကတော့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပါသည်။
“ဖိုးထောင် သက်သာရဲ့လား” ဒေါ်မြကြည် မေးလိုက်ပါသည်။ ဖိုးထောင် ဘာမှမဖြေပဲ ခေါင်းလေး ငြိမ့်ပြလို
က်ပါသည်။
“ကိုင်း..ကိုရှိန် တော်တို့ ကျုပ်တို့ အခုချိန်ကစပြီး သားလေးတွေ ရှင်ပြုနိုင်အောင် ကြိုးစားကြရအောင်တော်
။ တော်လည်း မသောက်ပဲ မနေနိုင်ဘူးဆိုရင် နည်းနည်းသောက်ပေါ့။ လုံးဝတော့ မဖြတ်ပါနဲ့ ကျန်းမာရေးထိ
ခိုက်နေမှာ စိုးလို့ပါ”။ ဒေါ်မြကြည် မဆုံးနိုင်တဲ့ ဓါတ်ပြားဟောင်းတစ်ချက်ကို ဖွင့်ပြီး နိဒါန်းခြွေနေပါသည်။အဲ
ဒီစကားတွေကို ဦးရှိန်မူးလာတိုင်း ဒေါ်မြကြည် ပြောနေကြပါ။
“အေး..မြကြည်..ငါ လိမ္မာပါတော့မယ်ဟာ။ နောက်ဆို ငါတို့သားလေးတွေ အရွယ်ရောက်လာရင် ပြည့်ပြည့်
စုံစုံထားနိုင်အောင် ကြိုးစားကြရမှာပေါ့။ ငါမနက်ဖြန်က စပြီး ကူးတို့ကူးတဲ့အလုပ်ပြန် လုပ်မယ်။ အလုပ်မှန်
သမျှ ငါအကုန်လုပ်မယ်ဟာ။ ငါ့သားလေးတွေ လောလောဆယ်ဆယ် ရှင်ပြုနိုင်အောင်လုပ်ရမယ်ဟ”။ ဦးရှိ
န်တစ်ယောက် အားရပါးရပြောနေပါသည်။ သူပြောတာ ဟုတ်၊ မဟုတ်နောက်ထားလိုက်ပါအုံး။ ၾကားရသူေ
ဒ်ါမြကြည်အတွက်ကတော့ နားထဲ ပျားရည်လောင်းထည့်နေမှတ်ရအောင်ကို နားဝင်ချိုမှာပါ။ ဒေါ်မြကြည်မျ
က်နှာကလည်း ချက်ချင်းကို ပြုံးရွှင်လာပါတယ်။
“ ကိုရှိန် တော်ပြောတာတွေ တကယ်ဖြစ်ပါစေနော်။ကျုပ်လည်း ကျုပ်သားလေးနှစ်ယောက်အတွက် အသ
ည်းအသန် အလုပ်လုပ်မယ်တော်”။ လင်မယားနှစ်ယောက် အဓိပ္ပါယ်ပါတဲ့ မျက်လုံးတွေနဲ့ တစ်ယောက်ကို
တစ်ယောက် အားပေးနေသလိုပါပဲ။

အဲဒီနောက်ပိုင်းမှာတော့ ဦးရှိန်ရော ၊ ဒေါ်မြကြည်ပါ အလုပ်မှန်သမျှသိမ်းကြုံးလုပ်ပါတော့သည်။ ဦးရှိန်က မ
နက် တစ်ခါ၊ ညနေတစ်ခါ ကူးတို့ကူးရင်း ၊ နေ့လည်ဘက်မှာတော့ တံငါအလုပ်လုပ်ပါတော့တယ်။ ဒေါ်မြကြ
ည်ကလည်း သူ့ယောက်ျား ဖမ်းတဲ့ ငါးတွေကို ရွာစဉ် လှည့်ရောင်း၊ အဲဒီ ရွာတွေက ထွက်တဲ့ အသီးအနှံတွေ
ကို ပြန်ဝယ် မြို့ကိုတက်ရောင်းနဲ့ လင်မယားနှစ်ယောက် မနားမနေအလုပ် ကြိုးစားနေကြပါတယ်။ အကုသို
လ်ကံကပဲ အကျိုးပေးတာလားတော့မသိဘူး။ ဦးရှိန် ငါးဖမ်းသွားပြီး ပြန်လာတိုင်း ငါးတွေက အတုံးအရုံးနဲ့ ပါ
ပါလာပါတယ်။ အဲလိုနဲ့ သူတို့လင်မယား စီးပွားရေးတွေပြေလည်လာ ငွေအတိုးပေးနဲ့ (၃)နှစ်အတွင်း စီးပွား
ရေးက သိသိသာသာပြောင်းလဲ လာပါတယ်။ အဲဒီလိုဆိုတော့ သားနှစ်ယောက်ကို ရှင်ပြုပါတော့တယ်။

“ဖိုးထောင် နဲ့ ဖိုးအောင် သားလေးတို့မပျော်ကြဘူးလား။ သားတို့ကို အဖေ ရှင်ပြုပေးတော့မှာလေ”။
“ပျော်တာပေါ့ အဖေရာ သားတို့ မြင်းကြီးစီးမှာနော်”။
“အဖေ ကျုပ်လည်း မြင်းစီးမှာနော်” ဖိုးအောင်က ပြောလိုက်ပါသည်။
“အေးပါကွာ သားတို့ စိတ်တိုင်းကျ အဖေ တို့ကလုပ်ပေးမှာ..ဟုတ်ပြီလား”။
အရက်သမား တဖြစ်လဲ သူဌေးစာရင်းဝင် ဦးရှိန်တစ်ယောက် အရင်လို အသောက်အစားမရှိတော့ပဲ ဘုရား
၊တရားတောင်ဖက်နေပြီလေ။သူ့ ရဲ့ငယ်ပေါင်း ကြီးဖော်တွေက. “မောင်ရှိန် တစ်ခွက်၊တစ်ဖလား”လို့ ပြောရ
င်တောင်“ ငါမှားခဲ့ဖူးပြီးပြီ၊ ငါမိုက်ခဲ့ဖူးပြီးပြီ ... နောက် ငါဒါမျိုး ဘယ်တော့မှာလုပ်ဖြစ်တော့မှာမဟုတ်ဘူး။မင်
းတို့တွေလည်း ပြင်ကြပါတော့ကွာ... (၁၅)နှစ်၊ အနှစ်(၂၀) လုံးလုံး သောက်ခဲ့ ပြီးပြီပဲ၊ မိုက်ခဲ့ပြီးပြီပဲ မင်းတို့ေ
တွ ပြင်ကြပါတော့ကွာ။ ငါ..မင်းတို့ကိုချစ်လို့ သတိပေးနေတာပါ”။ တစ်ချိန်က အရက်သမားကြီး ဦးရှိန်ကအ
ခုတော့ အရက်မကောင်းကြောင်း တရားကို သူကိုယ်တိုင်ဟောနေပြီလေ။ကိုင်း..ဘယ်လောက်တောင်ထူး
ဆန်းထားလဲ။
“ဘုရားဖြစ်မဲ့ အုတ်နီခဲကြီး မင်းဟာမင်းပဲ ဖြတ်၊ မသောက်နဲ့ ငါတို့ကိုတော့လာပြီး တရားမဟောနဲ့ မရဘူးမှ
တ်ထား” သူတစ်ချိန်က ပေါင်းသင်းခဲ့တဲ့ အပေါင်းအသင်းဟောင်းတွေက ပြောသွားခြင်းဖြစ်ပါသည်။
“သြော်...လူဆိုတာကလည်း တရားရချိန်တန်မှ ရတာနေမှာပါလေ..” ဦးရှိန် သူ့ဟာသူ ဖြေလိုက်ခြင်းဖြစ်ပါ
သည်။

“ဘုန်းဘုန်း မနက်ဖြန် တပည့်တော် သားနှစ်ယောက်ရှင်ပြုမှာပါဘုရား။ အဲဒါ ဘုန်းဘုန်းတို့ကို လာပင့်တာ
ပါဘုရား”။ ဦးရှိန် ဘုန်းကြီးလာပင့်ခြင်းဖြစ်ပါသည်။
“ဒါနဲ့ ဒကာ သားနှစ်ယောက်က အသက်ဘယ်လောက်တောင်ရှိကြပြီလဲ”။
“အကြီးကောင်က(၁၀) နှစ်ပါဘုရား။ အငယ်လေးကတော့ (၅)နှစ်ပါဘုရား”။
“အေး..ကောင်းပြီ ဒကာတော် မနက်ဖြန် ကျုပ်တို့ ကြွခဲ့မယ်ဗျာ.. ဟုတ်ပြီလား”။
“တင်ပါ့ဘုရား”။ ဦးရှိန် ဘုန်းကြီးပင့်ပြီး အပြန် လမ်းမှာ မူးပြီး လဲပါသည်။
“ဒေါ်မြကြည်..ဒေါ်မြကြည်..ရှိလား”။ အပြင်မှာ ဆူဆူညံညံ အသံတွေကြားတော့ ဒေါ်မြကြည်လှမ်းမေးလိုက်
ပါသည်။
“ဟယ်..ဘယ်သူတုန်းဟဲ့..”။
“ကျုပ် မြသွင်ပါတော့... ဦးရှိန် မူးလဲလို့ ဒီမှာ ခေါ်လာတယ်”။
“ကိုရှိန် ဘယ်လိုဖြစ်တာတုန်း မနက်ဖြန် အလှူလေတော် သတိထားပါအုံး”။ ဒေါ်မြကြည် မျက်ရည်သုတ်ရင်
းပြောလိုက်ပါသည်။
“အေးပါ..မြကြည်ရာ ငါ့သားလေးတွေ ရှင်ပြုပြီးတဲ့အခါ ဒကာကြီးလို့ ခေါ်တဲ့အသံကို ကြားချင်သေးတယ်ဟ
... ငါသေလို့မဖြစ်သေးပါဘူး မြကြည်ရာ”။
“မဟုတ်တာတွေ မပြောပါနဲ့ ကိုရှိန်ရယ်...” ဒေါ်မြကြည်တို့ လင်မယား စကားပြောနေတာတွေကို လိုက်ပို့
တဲ့သူတွေကြားတော့ စိတ်မကောင်းဖြစ်ကုန်ကြရပါတယ်။ အလှူနေ့မှာတော့ ဦးရှိန်တစ်ယောက် နေမကော
င်းတဲ့ကြားကနေပဲ တောင့်ခံရင်း အလှူပွဲ ရေစက်ချတဲ့ အချိန်ကိုရောက်လာပါတယ်။ အဲဒီအချိန်မှာတော့ ဦး
ရှိန်တစ်ယောက် ဝေဒနာရဲ့ ဖိစီးမှု ဒဏ်ကိုမခံနိုင်ရှာပဲ လဲသွားပါတော့သည်။
“ ဟာ မြန်မြန် တရားဟောမှရမယ် မောင်ရှိန် အခြေအနေမဟန်တော့ဘူး သူ့သားလေးတွေ ဒကာကြီးလို့ေ
ခ်ါစေချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေး နိုင်အောင်လုပ်ရမယ်”။ အရပ်ထဲက လူကြီးက ဦးရှိန်ရဲ့ ဝေဒနာကိုသိဟ
န်နဲ့ ပြောလိုက်ခြင်းဖြစ်ပါသည်။
“ဘုန်းဘုန်း တရားဟောပါတော့ဘုရား” ဒေါ်မြကြည် ငိုရင်းလျှောက်ထားသည့် အတွက် ဘုန်းကြီးတွေလည်း
မြန်မြန်တရားဟောပါတော့သည်။ ဟောပြီးတဲ့အချိန်မှာတော့ သာဓု အနုမောဒနာ ခေါ်နေပါသေးတယ်။
“ကိုရင်လေး..ကိုရင်လေးရဲ့ ခမည်းတော်ကို ဒကာကြီးလို့မြန်မြန်ခေါ်လိုက်ပါ ဘုရား” ဒေါ်မြကြည် ကိုရင်လေ
းကို လျှောက်လိုက်ပါသည်။ ကိုရင်လေးလည်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး...
“ဒကာကြီး နေကောင်းပါရဲ့လား။ ဘုရား၊ တရား ကိုအာရုံပြုပါ ဒကာကြီး” လို့ကိုရင်လေးက ပြောလိုက်တော့
ဦးရှိန် ခေါင်းကလေးကိုထောင်ပြီး လက်နှစ်ဖက်ကို ထိပ်မှာ ယှက်လို့ ...
“တင်ပါ့ဘုရား..တပည့်တော်..ဘုရား၊ တရား ကိုအာရုံပြုနေပါတယ်ဘုရား။ တပည့်တော် ကိုရင်လေးတို့ ကို
ရှင်သာမဏေ အဖြစ်သွတ်သွင်းပေးလိုက်ပြီမို့ သေပျော်ပါပြီဘုရား” ဦးရှိန်တစ်ယောက် မျက်နှာက ပြုံးပြီးလ
က်နှစ်ဖက်က မသိမသာလေး အောက်သို့လျှောကျသွားပါသည်။အဲဒီအချိန်မှာတော့ ဒေါ်မြကြည်တစ်ယော
က် ဧယင်ကျူး မင်းသမီး ရှုံးလောက်အောင် ငိုပါတော့သည်။
“အမလေး ကိုရှိန်ရဲ့ တော်..နတ်ပြည်ရောက်မှာပါတော့... တော့သားလေး နှစ်ယောက်ကို ရှင်ပြုပေးနိုင်လို့ေ
ပျာ်နေတယ် ဆိုတာ ကျုပ်သိပါတယ်တော့။ အမှန်ဆို မနေ့ကတည်းက တော်သေမှာပါ။ ဒါပေမဲ့လေ တော်ရဲ့
စိတ်ကို တင်းပြီး အလှူပွဲပြီးအောင် စောင့်သွားတာ ကျုပ်သိပါတယ်တော့...ဟော့..ဟော့။ တော်နဲ့ကျုပ်သား
လေးတွေကို ရှင်ပြုချင်လို့ အလုပ်တွေကြိုးစားရကျိုးနပ်ပါတယ်တော့။ ဒီလို ပြည့်စုံလာအောင်၊ ချမ်းသာလာ
အောင် ကျုပ်တို့ကို ဧရာဝတီမြစ်ကြီးက ကူညီခဲ့တာပါ ကိုရှိန်ရယ်။ တော် ပြောနေကြ စကားတစ်ခွန်းကို အခု
ထပြောပါအုံးလား ။ နောင်အချိန် တို့တွေ အဘိုး၊အဘွားတွေ ဖြစ်လာရင် မြေးလေးတွေကို တစ်ခါက အဘိုး
နဲ့ အဘွား ဒီဧရာဝတီမြစ်ကြီးထဲမှာ နေ့မနား၊ ညမနား ကြိုးစားခဲ့ရလို့ အခုလိုနေနိုင်တာလို့ ပြောမှာဆို..အခု
တော့ မပြောတော့ဘူးလား...ကိုရှိန်ရဲ့..။ ကျုပ် အခုချိန်မှာ နားထဲ ကြားနေတာကတော့လေ တစ်ခါက ဧရာ
ဝတီ ဆိုတာကိုပဲ ကျုပ်ကြားနေရတယ်တော့..။ ဘာပဲဖြစ်ဖြစ်လေ တော်ကောင်းရာမွန်ရာကိုရောက်မှာပါေ
တော် ကျုပ်ကျေနပ်ပါတယ် ကိုရှိန်ရဲ့....။

အဲဒီနောက်မှာတော့ အသုဘသဂြိုလ်ပြီး အမျှအတန်းပေးဝေလိုက်ပါတယ်။ ကိုရင်ကြီး ဖိုးထောင်လေးက
တော့ အဖေရဲ့ အဖြစ်ကိုကြည့်ပြီး သေရမဲ့ အချိန်ဆိုတာ ဘယ်အချိန်မှန်းမသိရဘူး..ငါမသေခင် တရားအား
ထုတ်ရမယ်ဆိုပြီး အဲဒီကတည်းက ကိုရင်ဝတ်သွားတာ အခုဆိုရင် ဦးဇင်းဘ၀တောင် ရောက်သွားပါပြီလေ။
ဒေါ်မြကြည်တစ်ယောက်တော့ အသက်တွေကြီးလာပေမဲ့လည်း သူ့ယောက်ျားကို သတိရတိုင်း ဧရာဝတီမြစ်
ကမ်းနဖူးပေါ်မှာ ထိုင်ပြီး လွမ်းနေတတ်ပါတယ်။ ဧရာဝတီမြစ်ကြီးက သူတို့နှစ်ယောက်ရဲ့ မမေ့နိုင်တဲ့ တစ်ခါ
က ဧရာဝတီမြစ်ကြီးဖြစ်ခဲ့ပြီလေ။>>>>>
ပြီးပါပြီ။
(ဒီပို့စ်ကို ရေးရတဲ့ရည်ရွယ်ချက်ကတော့ အမူးသမားဖြစ်လင့်ကစား လုပ်ချင်တဲ့စိတ်ရှိတဲ့အခါမှာ ဇောတ်ချ
လုပ်ကိုင်မှုကြောင့် အောင်မြင်ကြီးပွားရပုံနှင့် မြန်မာ လူမျိုးတို့၏ သားရှင်ပြုပွဲ အလေးထားတတ်ကြပုံတို့ကို
သိစေချင်သောရည်ရွယ်ချက်ဖြင့် ရေးသားရခြင်းဖြစ်ပါသည်။ သားကိုရှင်ပြုပေးရင် အပါယ်တံခါးပိတ်တယ်
ဆိုတဲ့ မြန်မာတို့ရဲ့ စိတ်ခံယူမှုတို့ကိုလည်း သိစေချင်သောကြောင့် ရေးသားခြင်းဖြစ်ပါသည်။)
(ကျွန်တော့်ရဲ့ရေးသားချက်များအဓိပ္ပါယ်မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း
ဝန်ခံအပ်ပါတယ်ခင်ဗျား။)
စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်......
ရာဇာ(ကျေးတောသားလေး)
12.3.2011

6 comments:

ရွှေရတုမှတ်တမ်း said...

ကိုရှိန်....တော်ကတော့ နတ်သမီး ငါးရာ တဖက်တချက်နဲ့ ပျော်ပွဲစားထွက်နေပြီပေါ့လေ...
ကျုပ်မှာဖြင့် မြစ်နံဘေးထိုင်ပြီး..ဗီဒီယို မင်းသမီးလို လွမ်းပြနေရသပေါ့..

Angelhlaing(May everybody be happy and healthy! said...

ဧရာဝတီထဲက ရာဇဝင်အများကြိးထဲက
တစ်ခုပေါ့နော်....
အကိုရေ အားပေးသွားပါတယ်.
ကောင်းသောနေ့လေးဖြစ်ပါစေ။

မေသိမ့်သိမ့် ကျော် said...

ကျွန်မက ဖိုးထောင်များ တစ်ခုခုဖြစ်သွားမလားစိုးရိမ်နေတာ။ နောက်ဆုံးတော့ ဖခင်ဖြစ်တဲ့ ဦးရှိန်မှာ မူးလဲရာကနေ ဇာတ်သိမ်းသွားရရှာတယ်။ အင်း ကောင်းရာမွန်ရာရောက်မှာပါ။ မြန်မာလူမျိုးတွေက သေခါနီး ကုသိုလ်ကောင်းမှုလုပ်ရင် ကောင်းရာဘုံဘဝကို ရောက်နိုင်တယ်လို့ အယူအစွဲရှိတယ်ဆိုတာလေး ထည့်သွင်းရေးသားထားတာ တွေ့ရတယ်။ ဘဝဆန်တဲ့ စာလေးအတွက်ကျေးဇူးပါ ကိုရာဇာရေ.....

ခင်မင်လေးစားလျက်

အလင်း said...

ဘ၀သရုပ်ဖော်လေး ကောင်းပါတယ်။ http://saytanarpankhinn.blogspot.com/ ကိုလည်း လာလည်ပါဦးနော်။ အေးချမ်းပါစေ။

မိုးယံ said...

တောသားမို့ ရွာဓလေ့များကို လွမ်းပါသည်။ သိချင်တာ တစ်ခုက သားကိုရှင်ပြုပေးရင် မိဘက အပါယ်တံခါးတကယ်ပိတ်သလားဗျ

yar zar said...

ဟုတ်ပါတယ် ကိုမိုးယံရေ မိဘတွေက သားလေးမွေးရင်ပျော်တတ်ကြတယ်ဗျ။
ငါတို့တော့ အပါယ်တံခါးပိတ်ပြီဟဲ့လို့ ပြောတတ်ကြပါတယ်။ သဘောကတော့
သားမွေးလာရင် ရှင်ပြုပေးတော့ သူတို့က ကိုရင်၊ဦးဇင်းတွေရဲ့ တကာ၊တကာမတွေ ဖြစ်တာကြောင့်ပါ။

Post a Comment