Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Monday, March 21, 2011

တောသားလူလည် (၁)


ဥသျှစ်ပင်ရွာ ဆိုတာ  မြို့နဲ့ သိပ်မဝေးတဲ့  ရွာလေးတစ်ရွာပေါ့။
အဲဒီရွာမှာ ကိုတုတ် ဆိုတဲ့ လူတစ်ယောက်ရှိပါတယ်။     သူက
ရွဲ့တတ်တဲ့ နေရာမှာ နှစ်ယောက်မရှိတဲ့သူပါ။  ကတ်သီး ကတ်
ဖဲ့ လုပ်ရမယ်ဆိုရင်လည်း သူ့နယ်တ၀ိုက်မှာ ထင်ပေါ်ကျော်ကြ
ားတဲ့သူ ဖြစ်ပါတယ်။ အဲလို ကတ်ဖဲ့ လုပ်တတ်တဲ့  အကျင့်ကြေ
ာင့်လည်း တစ်ရွာလုံးနဲ့ တစ်ယောက်ဖြစ်ပါနေပါတယ်။   သူ့ကို
တစ်ရွာလုံးက နာမည်သမုတ်ထားလေရဲ့ “လူ့ဂွစာ” တဲ့....။

 အဲဒီ ဂွတိုက်တတ်တဲ့ အကျင့်လေးကြောင့်လည်း တစ်ရွာလုံးက
ချီးမွမ်းပြောဆိုရလောက်တဲ့ အထိ    အဖြစ်အပျက်လေး တစ်ခု
ဖြစ်ခဲ့တယ်လေ။   တစ်ရက်တော့ ကိုဂွစာ တစ်ယောက် မြို့ပေါ်
ကို အလုပ်ကိစ္စတစ်ခုနဲ့ သွားခဲ့ပါတယ်။  သူသွားတာက သူများ
တွေလို ကားတွေ၊ ဆိုင်ကယ်တွေနဲ့တော့ မဟုတ်ပါဘူး ။ သူ့မှာ
ရှိတဲ့ စက်ဘီးလေးနဲ့သွားတာပါ။ အသွားတုန်းကတော့ စက်ဘီး
လေးနဲ့ သူလိုရာခရီးကို အဆင်ပြေ ချောမွေ့လို့ ရောက်သွားခဲ့ပါ
တယ်။ သူ့ရဲ့ ကိစ္စတွေ ပြီးတော့ စက်ဘီးလေးနဲ့  အပြန်ခရီးကို စ
တင်ခဲ့ပါတယ်။   တစ်နေရာ ရောက်တော့ စက်ဘီး မစီးရ ဆိုတဲ့
ကန့်သတ်နယ်မြေလေး တစ်ခုထဲကို ရောက်သွားခဲ့တယ်...။ သူ
လည်း စာကိုဖတ်ပြီး မသိချင်ယောင် ဆောင်ပြီး ခပ်တည်တည်
နဲ့ စက်ဘီးလေးကို စီးသွားတာပေါ့။ အဲဒီ အချိန်မှာပဲ နောက်က
ဖမ်းတဲ့သူက           လှမ်းအော်လိုက်ပါတယ်...။  “ဟိုး...နောင်ေ
တာ် အဲဒီလမ်းက စက်ဘီးမသွားရဘူးလေ..” လို့   လှမ်းပြောလို
က်တော့...     ကိုဂွစာလည်း  နောက်ပြန်မဆုတ်ချင်တာကြောင့်
ပြန်မေးလိုက်ပါတယ်။လူ ဖြတ်သွားလို့ရော ရလားတဲ့။ အဲလိုမေး
လိုက်တော့ လူ ကတော့ သွားလို့ရတယ် ဆိုတဲ့အကြောင်းပြန်ေ
ပြာတာပေါ့။ အဲဒါဆိုရင် ကျုပ် စက်ဘီးမစီးဘူး ဟောဒီလို ဟော
ဒီလို သွားတယ်ဆိုပြီး သူ့စက်ဘီးကို သူ့ပုခုံးပေါ်ထမ်းပြီး သွားလို
က်ပါတယ်။ လိုက်ဖမ်းတဲ့ သူလည်း စိတ်ဓါတ်ကျသွားပြီး “သြော်
ဒီလို လူမျိုးလည်း ရှိသေးတာကိုဟ”တဲ့လေ။ နောက်က လူတစ်
ယောက် ရောက်လာပြီး “ မင်း ဘာလို့ မဖမ်းလိုက်တာလဲ လို့မေး
တော့..“ငါ ဘယ်လို ဖမ်းရမလဲကွာ  ငါတို့ စည်းကမ်းက စက်ဘီး
မစီးရလို့ပဲ သတ်မှတ်ထားတာလေ...   စက်ဘီးထမ်းပြီး  မသွားရ
လို့မှ ရေးမထားတာလေ” တဲ့။ “ငါတို့လည်း တောသား လူလည်နဲ့
တွေ့လိုက်မှပဲ ခံလိုက်ရတယ်”ကွာတဲ့။   အဲဒီအကြောင်းကို ရွာက
လူတွေ သိတော့ သူရဲ့ ရွဲ့တတ်တဲ့ အကျင့်က     ဒီတစ်ခါတော့ အ
ဟုတ်ပါပဲ ဆိုပြီး ကိုဂွစာကို ချီးမွမ်း ထောပနာ ပြုကြလေရဲ့....။
အမှန်တကယ်တော့ လူလည် ဟုတ်မယ်တော့မထင်မိပါဘူး...
သူ့ရဲ့ ရွဲ့တတ်တဲ့ အကျင့်လေးပဲလို့ ထင်မိပါတယ်။ :)))

(ကျွန်တော့်ရဲ့ ရေးသားချက်များ အဓိပ္ပါယ် မပေါ်လွင်ခဲ့ပါက ကျွန်ေ
တာ့်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်း ၀န်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ရင်ထဲကလာတဲ့ စကားလေးတွေကိုစောင့်မျှော်နေပါတယ်။

အားလုံးပြုံးပျော်နိုင်ကြပါစေ........

ရာဇာ(ကျေးတောသားလေး)
21.3.2011

4 comments:

Unknown said...

ကျနော်သာဆိုရင်တော့ စက်ဘီးကို တွန်း သွားမယ်..ပင်ပန်းအောင် ထမ်းမနေဘူး.. ကိုရာဇာရေ.. ဆိုင်းဘုတ်မှာ ရေးထားတာက စက်ဘီး မစီးရလို့ပဲ ရေးထားတာလေ..နော်.. ပျော်ရွှင်သောနေ့လေးဖြစ်ပါစေဗျာ..။။

yar zar said...

ကို sky ရေ အဲဒီနေရာက ဘာယဉ်အမျိုးအစားမှ ဖြတ်သွားလို့မရဘူးလေ။
လူတွေပဲ ခြေလျင် လျှောက်လို့ ရတဲ့ နေရာပါ. အဲဒါကြောင့် စည်း
ကမ်းနဲ့ လွတ်အောင် ထမ်းတာ ပါ။ တစ်ချို့နေရာတွေဆို ဖြတ်မသွားရဘူး
ဆိုရင် နောက်ပြန်ဆုတ်ပြီး အခြားတစ်နေရာကနေ သွားရတာလေ။ လူ
တောင် ဖြတ်လို့မရဘူး..။ အခုဟာက လူဖြတ်ရလို့ တော်သေးတာပေါ့။
တစ်ခြား လူဆိုရင်တော့ နောက်ပြန်ဆုတ်ပြီး အခြားနေရာကသွားမယ်ထင်
တယ်ဗျ...ဟဲဟဲ.........
ကို sky လည်း ပျော်ရွှင်တဲ့ ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေဗျာ...
ရာဇာ(ကျေးတောသားလေး)

တောက်ပကြယ်စင် said...

လူ့ဂွစာကြီးက ညာဏ်ရှိလို့နော် အ တ တ နဲ့ဆိုရင်တော့ ဖမ်းခံရလောက်ပေါ့။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

ခနွဲ said...

အဲဒီနေရာမှာ သားသားဆိုရင်တော့ အဖမ်းခံထိပြီ။

Post a Comment