Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Wednesday, March 30, 2011

အသုံးဝင် Kiss Me Quick ပင်


ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပန်းပင်လေးတွေကို အလှအပ အနေနဲ့ စိုက်ပျိုး
တတ်ကြပါတယ်။ မြေကြီးမှာ စိုက်တဲ့အပင်နဲ့ အိုးအုံနဲ့ စိုက်တဲ့ အပင် ဆိုပြီးေ
ပါ့...။
အခုပြောပြမှာက အိုးအုံနဲ့ စိုက်ပျိုးတဲ့ အပင်လေး အကြောင်းပါ...။ အဲဒီ အပင်
က ဘာလဲ ဆိုတော့ ကစ်စ်မီ (kiss me plant) အကြောင်းလေးပါ...။ မြန်မာ
လိုတော့ ရှားစောင်းသိင်္ဂနိတ် လို့ ခေါ်တယ်ဗျ...။ ဒါပေမယ့် မြန်မာ အမည်ကို
သိပ် အသုံးမပြုကြပါဘူး...။ မွေးစား စကားလုံး ကစ်စ်မီ လို့ပဲ သုံးကြတာပါ..။


ကစ်စ်မီပင်ကို လူတိုင်းသိမှာပါ...။ အရွက်ရှည်ရှည်လေးနဲ့ အပင်မှာ ဆူးလေး
တွေလည်း ပါတတ်ပါတယ်။  ကစ်စ်မီ ပန်းကတော့ အ၀ါဖျော့ဖျော့လေး ရှိတ
ယ်၊ နီနီ တောက်တောက် ရှိတယ်၊ အ၀ါဘက်နဲနဲ သန်းတာလေး ရှိတယ်လေ
။ ကစ်စ်မီပန်းက ရနံ့ မရှိပေမယ့် လှလို့ သဘောကျတယ်...။:)
အိမ်မှာဆို အမေနဲ့ ညီမလေးက ပန်းပွင့်တွေ ပွင့်လွယ်အောင်လို့ ဆိုပြီး အား
ဆေးအနေနဲ့ ဘပလက် ပြားတွေ ချေချေပြီး ထည့်တာတွေ့ဖူးတယ်...။

kiss me quick

ကစ်စ်မီ ပင်က  အလှစိုက်ပျိုးတာ ပေမယ့် ကျန်းမာရေး အတွက် အသုံးဝင်တ
ယ်နော်...။    ကျွန်တော် အထက်တန်း ကျောင်းသားဘ၀တုန်းက တစ်ခြားရွာ
ကိုသွားပြီး တက်ရတာလေ။  တစ်ရက်တော့ ကျွန်တော် လေထိုး၊ လေအောင့်
ဖြစ်တော့ ဗိုက်က အရမ်းနာတယ်...။   အဲဒါနဲ့ ဆရာမကို ခွင့်တိုင်ပြီး တည်း တဲ့
အိမ်ကို ပြန်လာခဲ့တယ်။ အဲဒါနဲ့  သူတို့က မေးတာပေါ့...။      ကျွန်တော်လည်း
ကျွန်တော် ဖြစ်တာပြောပြလိုက်ရော။     အဲဒါနဲ့ ကစ်စ်မီ အညွန့်လေး သုံးရွက်
ကို ခူးလာပြီး ရေနွေးပူပူထဲ ထည့်လိုက်တယ်။   ပြီးတော့ကျွန်တော့်ကအရွက်
လိုက်ဝါးခိုင်းတယ် ။ ကျွန်တော်လည်း   ခိုင်းတဲ့ အတိုင်း ၀ါးပစ်လိုက်တာ။ တေ
အာင့်လောက် နေတော့    သက်သာသွားတယ်ဗျ...။ နောက်တနည်းကတော့
ဝမ်းကိုက်နေတဲ့ လူတစ်ယောက်ကို  ကစ်စ်မီရွက် သုံးလေးရွက်ကို အစိမ်းလို
က် စားခိုင်းရင် သက်သာသတဲ့ဗျ...။         အခြားနည်းတွေလည်း ရှိအုံးမှာပေါ့...
ကျွန်တော်သိတာလေး ဝေမျှတာပါ...။

ဗဟုသုတ အနည်းငယ်ရမယ်ထင်ပါတယ်...။ 

(ကျွန်တော့်ရဲ့ ရေးသားချက်များ အဓိပ္ပါယ် မပေါ်လွင်ခဲ့ပါက ကျွန်ေ
တာ့်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်း ၀န်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ရင်ထဲကလာတဲ့ စကားလေးတွေကိုစောင့်မျှော်နေပါတယ်။

အားလုံကိုကျေးဇူးတင်ပါတယ်........

ရာဇာ(ကျေးတောသားလေး)
30.3.2011

6 comments:

Sunny said...

Kiss me quick က ၀မ်းကိုက်တာ ပျောက်တယ်ဆိုတာတော့ ကြားဖူးတယ်.. တစ်ခါတုန်းကတော့ kiss me quick ပန်းတွေ crazy ဖြစ်ဖူးတယ်.. အဲဒါနဲ့ အိမ်မှာတော့ မျိုးစုံအောင် အလှစိုက်ဖြစ်တယ်..

ရွှေဘုန်း(စေတနာပန်းခင်း) said...

ကျေးလက်သားလေးရေ။ စားမေးပွဲလေးပြီးတာနဲ့။ စာလေးတွေ လာဖြစ်ဖြစ်ပါတယ်။ ခုတော့ ကျေးလက်သားလေးက သဘာဝ အရင်းအမြစ်တွေ အကြောင်းတွေ ရေးနေပြီပေါ့။ ဗဟုသုတရစေ သလို ယူတတ်ရင် အများကြီးရနိုင်ပါတယ်။ လာမယ့် ဧပရယ် ၂၀ ရက်နေ့မှာ မြန်မာကိုခေတတ္တပြန်မှာမို့ တစ်ခါးတည်းနှုဆက်တယ် နော်၊ ပြန်မှာက တောဆိုတော့ စာတွေ လာဖတ်နိုင်ဘို့မလွယ်တော့ဘူး။ (ရန်ကုန်လည်းမလွယ်ပါဘူးလေ) အေးချမ်းပါစေ။

တောက်ပကြယ်စင် said...

kiss me ပန်းက အလှစိုက်ဖို့သက်သက်ပဲ အောက်မေ့နေတာ။ ဆေးဖက်လည်း ၀င်တယ်ပေါ့နော်။ (ဇီဝကပြောတာကတော့ အပင်တိုင်း ဆေးဖက်ဝင်တယ်တဲ့) ဘယ်အပင်က ဘယ်လိုဆေးဖက်ဝင်တယ်ဆိုတာ မသိတာပါ။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

Angelhlaing(May everybody be happy and healthy! said...

အဟီး ဟုတ်ပ ညီမလေးလဲ အလှပဲ စိုက်တာ ထင်နေတာ
ဆေးဖက်ဝင်မှန်းသိဝူး...:D
ကျေးဇူးပါအကိုရေ..ကောင်းသောနေ့လေးဖြစ်ပါစေ။

Baby taster said...

ဒီပန်းဆေးဖက်ဝင်တာ မသိပေါင်
အိမ်မှာ မာမီက အရောင်လေးတွေ
စပ်ပြီးတောင် မျိုးပွားထားသေးတယ်
အညာက ဟင်းတွေ အကြောင်းရေးတော့
ငတ်ချင်တယ် အယ်ဟုတ်ပေါင် ဖတ်ချင်တယ် :)

yar zar said...

အားလုံးကို ကျေးဇူးတင်ပါတယ်နော်...
ရာဇာ(ကျေးလက်သားလေး)

Post a Comment