Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Friday, March 18, 2011

မှန်းချက်နဲ့ နှမ်းထွက်

(From Google)

တစ်ခါက ရွာတစ်ရွာမှာ ကိုဘတူနဲ့ မစိန် ဆိုတဲ့ လင်မယားနှစ်ယောက် နေထိုင်ကြပါတယ်။
သူတို့က တောင်သူ၊လယ်သမား တွေမဟုတ်တော့ နည်းနည်း ဆင်းရဲတာပေါ့ဗျာ။ သူတို့အိ
မ်နဲ့ ကပ်လျက် ဘေးအိမ်မှာတော့ ဦးဖိုးဝတို့အိမ်ပေါ့။ ဦးဖိုးဝတို့က တောင်သူကြီးတွေဆိုတေ
ာ့ ချမ်းသာတာပေါ့ဗျာ။ ဘယ်လောက်ပဲ ချမ်းသာပါစေ တောရပ်ဒေသ ဆိုတာမျိုးက အသား
ငါးကို ဘုရားပွဲ၊ ကျောင်းပွဲ၊အလှူအတန်း၊     ဧည့်သည်လာမှသာ တကူးတက ချက်စားကြ


တာကများတာပါ။ တစ်ရက်တော့ ဦးဖိုးဝတို့အိမ်ကို ဧည့်သည်တွေရောက်လာပါတယ်။အဲလို
ဧည့်သည်တွေလာတယ်ဆိုတော့ ဈေးကို ၀က်သားသွားဝယ်ပြီး ပြန်ရောက်တော့ ချက်တာ
ပေါ့..။ဧည့်သည်တွေရောက်နေလို့ ၀က်သားချက်နေတယ်ဆိုတာကို ကိုဘတူတို့ အိမ်ကသိ
သွားပါတယ်။ ဧည့်သည်ပြန်ရောက်တဲ့ အချိန်ကျတော့ မစိန်တစ်ယောက် သူတို့အိမ်ပြုတ်တဲ့
ပဲပြုတ်လေးကို သူ့သားလေးကို ပို့ခိုင်းလိုက်ပါတယ်။ အကြံကတော့ ပဲပြုတ်ပးရင် ၀က်သား
ပြန်ပေးမလားဆိုပြီးတော့ပေါ့။ ကလေးလေး ပဲပြုတ်သွားပို့ပြီး ပြန်လာတော့ ပဲပြုတ်ပန်းကန်
လေးက ဒီအတိုင်းလေး ပြန်ပါလာပါတယ်။ အဲဒါကို ကိုဘတူ တစ်ယောက်လည်းမြင်တာပေါ့
။အဲဒီနောက်မှာတော့ ကိုဘတူ ပြောလိုက်တဲ့စကားက “သူ့ဝက်သား စားရမလားလို့ ပဲပြုတ်
ပို့ခိုင်းလိုက်ပါတယ်..သူ့ဝက်သားမစားရပဲ ကိုယ့်ပဲပြုတ်ဆုံးတယ်”တဲ့။ ကိုင်း.. မိတ်ဆွေတို့ေ
ရာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာတွေ ရှိခဲ့ကြဖူးပါသလား။ သိပ်ပြီးမမှန်းကြနဲ့နော် တော်
ကြာ “သူ့ဝက်သားမစားရပဲ ကိုယ့်ပဲပြုတ်”ဆုံးနေကြအုံးမယ်။

(ကျွန်တော့်ရဲ့ ရေးသားချက်များ အဓိပ္ပါယ် မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါ
ကြောင်း ၀န်ခံအပ်ပါတယ်ခင်ဗျား။)
စာဖတ်သူရဲ့ရင်ထဲကလာတဲ့ စကားလေးတွေကိုစောင့်မျှော်နေပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်........
ရာဇာ(ကျေးတောသားလေး)
18.3.2011

4 comments:

Angelhlaing(May everybody be happy and healthy! said...

ဟုတ်ပနော်...မှန်းချက်နဲ့ နှမ်းထွက်မကိုက်လိုက်တာ...:P:P:P
အားပေးဖတ်သွားတယ်အကိုရေ..။
ကောင်းသောနေ့လေးဖြစ်ပါစေ။

ခနွဲ said...

အဓိပ္ပါယ်ပေါ်လွင်ပါတယ် ကိုရာဇာ။ ဖတ်မှတ်သွားပါတယ်။

ကိုဇော် said...

ဟုတ်တယ်။ အဲဒါမျိုးတွေ ဖြစ်တတ်တယ်။

တောက်ပကြယ်စင် said...

တော်သေးတာပေါ့ ပဲပြုတ်ပန်းကန်ပါ ယူမထားလိုက်လို့ မသိသလိုလိုနဲ့ ယူထားလိုက်ရင် လိုက်တောင်းနေရဦးမယ် ကိုယ့်ပန်းကန်ကိုယ်ပြန်တောင်းရမှာ အားနာရင်တော့ ဖွပ်လည်းမရ ဓားမလည်းဆုံးဖြစ်နေပါဦးမယ်
ကျန်းမာရွှင်လန်း အေးချမ်းပါစေနော်...

Post a Comment