Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Sunday, March 27, 2011

ခရေပင်အောက်က လွမ်းပုံပြင်


(၁)
လေတစ်ချက် ဝေ့အတိုက်မှာ ခရေပင်ပေါ်မှ ခရေပွင့်တစ်ချို့ ၀ဲပျံလွင့်ကျကာ မြေသို့ သက်ဆင်းလာေ
လသည်။ ခရေပွင့်ကြွေလေးတွေကို ထိုင်ပြီး ကြည့်နေသူကတော့ ခင်ခင်ဦး တစ်ယောက်ပင်....။

ခင်ခင်ဦး၏ အမူအယာက ဆွေးရိပ်သန်းနေပြီး ... မျက်နှာပြင်ကလည်း လပြည့်ညမှာ လငပုတ် ဖမ်းထား
၍ မဲမှောင် နေတဲ့ အနေအထားမျိုး...။ ခင်ခင်ဦးကို မြင်ရသူ အပေါင်းကတော့ အရူးတစ်ယောက်လို ထင်
မိကြပေမည်။
သပြေကုန်းရွာ တစ်ရွာလုံးကတော့ ခင်ခင်ဦးကို စိတ္တဇ ဝေဒနာသည် တစ်ယောက်လို သတ်မှတ်ထားေ
လေပြီ။ ရွာသူ၊ ရွာသားတွေ အလွန်လို့တော့ ပြော၍ မရပေ...။ ခင်ခင်ဦးရဲ့ ပုံစံကိုလည်း ကြည့်အုံးလေ...
ဆံပင် ပုံစံက စုတ်ဖွားဖွားနဲ့ တစ်ခေါင်းလုံးမှာလည်း ခရေ ပန်းလေးတွေက အမြဲပန်ထားတာလေ...။
နောက်ပြီး သူတစ်ယောက်တည်း ခရေပန်းလေးတွေနဲ့လည်း စကားပြောနေလေရဲ့။

 အဲလိုမျိုးဖြစ်နေတဲ့ လူတစ်ယောက်ကိုတော့ အရူးလို့ သတ်မှတ်ခံရတာ မဆန်းဘူးထင်ပါတယ်။ သူအဲလို
မျိုး ဖြစ်သွားရတာက ခရေနဲ့ ပါတ်သက်သလို၊       သူမနဲ့ ငယ်ငယ်ကတည်းက ဆိုးအတူ ၊ ကောင်းအတူ
အတူတူ ပေါင်းလာတဲ့ သူငယ်ချင်း သုံးယောက်ထဲက ကျော်အောင် နဲ့ ယုမေ ကြောင့်သူမဒီလို ဖြစ်သွား
ရတယ် ဆိုရင် မှားအံ့မထင်...

အဖြစ်အပျက်လေးက ရိုးရှင်းတယ်ဆိုပေမယ့် ခင်ခင်ဦး အတွက်ကတော့ စိတ္တဇ ဝေဒနာသည် တစ်ယော
က်လိုပင် ဖြစ်ခဲ့ရပြီလေ...။ သူတို့ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးကတော့ ........
************************************************************************************
(၂)
ကျော်အောင်၊ ခင်ခင်ဦး၊ ယုမေ တို့သုံးယောက်ဟာ ကလေးဘ၀ကတည်းက စားအတူ ၊ သွားအတူ ဘာ
လုပ်လုပ် အမြဲတမ်း မခွဲမခွာ ပေါင်းသင်းလာကြတဲ့ စိတ်တူ ကိုယ်တူ သူငယ်ချင်းတွေပေါ့။ ရြာထဲကလူေ
တွ အမြင်ကတ်လောက်အောင်ကို အတွဲထူးတဲ့ သူငယ်ချင်းတွေပေါ့...

“ယုမေ ရေ ယုမေ မရှိဘူးလား..”
ကျော်အောင် နဲ့ ခင်ခင်ဦးတို့ နှစ်ယောက် ခရေပန်းကောက်သွားရန်အတွက် ယုမေကို လှမ်းခေါ်လိုက်ခြင်း
ဖြစ်ပါသည်။
“ဟယ်...ကျော်အောင်နဲ့ ခင်ဦးပါလား လာလေ အိမ်ထဲဝင်ကြ”

“မ၀င်တော့ဘူးလေ ညီးကို လာခေါ်တာ ခရေပန်းသွား ကောက်ရအောင်လို့”
ခင်ခင်ဦးက ပြောလိုက်ပါသည်။
“နင်တို့ ရွာရှေ့ဘက်က ခရေတန်းကို သွားကောက်မှာလား၊ ရွာ အနောက်က ခရေပင်ကြီး အောက်ကို သွ
ားကောက်မှာလား ပြောအုံးလေ...”
ယုမေ သေချာအောင် မေးလိုက်ပြန်ပါသည်။
“ယုမေ နင်အရမ်းရှည်တာပဲ ငါတို့သွားတဲ့နောက် လိုက်ခဲ့ရင်ပြီးတာကို နင် တို့နှစ်ယောက်ကို မယုံတော့
ဘူးလား”
ကျော်အောင် ယုမေကို ပြန်ပြောလိုက်ပါသည်။ ခင်ခင်ဦး တစ်ယောက်ကတော့ ဘေးကနေ ကြည့်ပြီးပြုံးေ
နပါသည်။
“ မယုံလို့ မဟုတ်ပါဘူး ကျော်အောင်ရာ ငါအမေ့ကို ပြောခဲ့ရအုံးမှာဟဲ့... အဲဒါကြောင့်ပါ”
ယုမေ မျက်နှာလေး ငယ်ပြီး တောင်းပန်သလိုလေး ပြန်ပြောလိုက်တော့.... ကျော်အောင်နဲ့ ယုမေ စိတ်မ
ကောင်းဖြစ်သွားပြီး....
“စတာပါ ယုမေရာ နင်ကလည်း ...။ ငါတို့ သူငယ်ချင်းသုံးယောက်မှာ နာစရာတွေ ရှိသေးလို့လား..”
ကျော်အောင် စိတ်မကောင်းဖြစ်ပြီး ပြန်ပြောလိုက်ပါသည်။

“ကိုင်း..ကိုင်း.. စကားတွေကို အဆုံးသတ်ကြတော့..။အရီးမြ ကျုပ် ခင်ဦးပါတော့ ယုမေကို ရွာ့အနောက်
ဘက်က ခရေပင်ကြီးဆီကို ခရေပွင့်ကောက် ခေါ်သွားမလို့နော်... ကျုပ်တို့နဲ့ အတူ ကျော်အောင်လည်း
ပါတယ်တော့... စိတ်ချပါနော်...”

“အေးပါ ခင်ဦးရေ အရီးမြ စိတ်ချပါတယ် ခေါ်သွားပါအေ..ခေါ်သွား..ခေါ်သွား...”
အရီးမြ တစ်ယောက် မီးဖိုချောင်ထဲ ထမင်းအိုး ငှဲ့ရင်း လှမ်းအော်လိုက်ပါသည်။
အဲဒီနောက်မှာတော့ ခင်ဦးတို့ သူငယ်ချင်း သုံးယောက် ထွက်ခွါသွားပါတော့သည်။

******************************************************************************

(၃)
“ကျော်အောင် နင့်ကို မေးရအုံးမယ် ” ယုမေက စကားစလိုက်ပါသည်။
“ဘာမေးမှာလဲ မေးလေ ယုမေရ”
“သြော်.. နင်ဘာလို့ ရွာရှေ့ဘက်က ခရေတန်းကို သွားမကောက်တာလဲ မေးမလို့ပါ ။ အဲဒီက ခရေပင်
တွေ အများကြီးဆိုတော့ ခရေပွင့်တွေ အများကြီးရမှာလေ... အဲဒါကို သိချင်လို့...”
“ သြော်...ရွာရှေ့ဘက်က ခရေတန်းကို သာအောင်တို့၊ မိအေးတို့ ၊ ခင်စိန်တို့ အဖွဲ့သွားကုန်ပြီဟ... အဲဒါ
ကြောင့်ပါ...”

“စကားများ မနေကြနဲ့တော့ မြန်မြန် သွားရအောင် တော်ကြာ ခရေပန်းပွင့်တွေ သူများဦးသွားအုံးမယ်..”
ခင်ခင်ဦး တစ်ယောက် ကလေးတစ်ယောက်လို စိတ်ပူပန်မှုများစွာနဲ့ သူငယ်ချင်းနှစ်ယောက်ကို ပြောလို
က်ပါသည်။
“မပူပါနဲ့ ခင်ဦးရာ ဒီနေ့ ဒီအပင်ကို ဘယ်သူမှ လာကောက်မှာမဟုတ်ဘူး...ဘာလို့လဲ ဆိုတော့ ရှေ့တော
က ခရေတန်းကိုပဲ အားလုံးသွားကုန်တာ”

“အေးပါဟယ် ဟုတ်ပါပြီ ” ဆိုပြီး သုံးယောက်သား သွားကုန်ကြပါသည်။
“ဟယ်..ကျော်အောင် နဲ့ ခင်ဦး မြန်မြန်လာကြဟဲ့.. ခရေပွင့်တွေ အများကြီးပဲ ကြွေနေတာတော့” ဆိုပြီး
ယုမေတစ်ယောက် ပြောလည်းပြော ၊ ပြေးလည်းပြေး သွားပါတော့သည်။

သုံးယောက်သား ခရေပွင့်တွေကို အပြိုင်အဆိုင် ကောက်ကြပါတော့သည်။ တစ်ယောက်ကို တော်တော်
များများ ရကြပါသည်။
“ ကျော်အောင် နင် ဒီခရေပန်းတွေကို ဘာလုပ်မှာတုန်းဟင်...”
ယုမေ မေးလိုက်ပါသည်။
“အိမ်ရောက်ရင် ဘုရားကပ်မယ်လေ.. နောက်ပြီး အမေနဲ့ ငါ့နှမ ညိုမြကို ပန်ခိုင်းမယ်လေ”
“ ခင်ဦး ညီးကရော ဘာလုပ်မှာတုန်းဟင် ”
“ငါလည်း ကျော်အောင်လိုပဲပေါ့ဟ... နောက်ပြီး ငါကိုယ်တိုင်လည်းးပန်မယ် ငါက ခရေကြိုက်တယ်ဟ”
“ကောင်းပါတယ်ဟယ်... နင်တို့နှစ်ယောက်က ပန်းကြိုက်လို့ ပန်းကောက်လာကြတယ်ဆိုပေမယ့် ငါနဲ့
တော့ကွာတယ်နော်...”
ယုမေ အားငယ်စိတ်ကလေးဖြင့် မျက်နှာလေး အောက်ငုံ့ကာ ပြောပြလေသည်။

“ယုမေ နင်ဘာတွေ ဖြစ်နေတာလဲ ငါတို့ကို ပြောစမ်း” ကျော်အောင် မေးလိုက်ပါသည်။

“ဒီလိုလေ သူငယ်ချင်းတို့ရာ ငါတို့က ဒီနှစ် (၉)တန်းလေ၊ နောက်နှစ် ကျောင်းဖွင့်တာနဲ့(၁၀)တန်
းကို ရောက်ပြီလေ...။ ကျောင်းတက်ဖို့ အတွက် ငါ အခုကတည်းက ပိုက်ဆံတွေ စုနေရတယ်လေ။ငါက
နင်တို့လို မပြည့်စုံဘူးလေ...” ယုမေ စကားပြောကို ရပ်ပြီး မျက်ရည်လေး သုတ်လိုက်ပါသည်။

ခင်ခင်ဦးနဲ့ ကျော်အောင်တို့ နှစ်ယောက်က မျက်တောင်မခတ်တမ်း ယုမေကို စိုက်ကြည့်နေကြပါသည်။
ယုမေ တစ်ယောက် စကားကို ဆက်ပြောပြန်ပါသည်။
“အခု ငါကောက်တဲ့ ခရေပန်းကလည်း ငါအိမ်ကို ရောက်ရင် ကုံးပြီး လိုက်ရောင်းမယ်ဟာ...။ နောက်ပြီး
ပိုက်ဆံ ရတဲ့ အလုပ် သမ္မာအာဇီဝ ကျရင် ငါလုပ်မယ်...”

ယုမေ တစ်ယောက် ကလေးပေမယ့်လည်း ဘ၀ရှေ့ရေးအတွက် လူကြီးဆန်ရပြီလေ...
ကျော်အောင်တို့၊ ခင်ခင်ဦး တို့က ရွာမှာ တောင်သူကြီး သား၊ သမီး ချမ်းသာတယ်လို့ မပြောနိုင်ပေမယ့်
လည်း ပြည့်စုံတယ်လို့တော့ ပြောလို့ရပါတယ်...။

“အားမငယ်ပါနဲ့ ယုမေရယ် ငါတို့ရှိပါသေးတယ်... ငါတို့သုံးယောက်က ကလေးဘ၀ကတည်းက တစ်ယေ
ာက် အခက်အခဲကို တစ်ယောက် ၀ိုင်းပြီး ဖြေရှင်းလာကြတာပဲလေ... အခုလည်း ငါတို့ရှိပါတယ်ဟ...”
ခင်ဦးတစ်ယောက် ပြောရင်း မျက်ရည်တွေ သုတ်လို့ မနိုင်အောင် စီးကျ လာပါသည်။

“ဟုတ်ပါတယ်...ယုမေရာ ငါတစ်ယောက်လုံး ရှိပါသေးတယ်ဟ... ငါတို့ သေ အတူ၊ ရှင်အတူပေါ့ ငါတို့
နင့်ကို ကူညီမှာပါဟာ.. အားမငယ်နဲ့နော်...နင်ရောင်းတဲ့ ခရေပန်းလည်း ငါတို့ ၀ိုင်းကူပြီး ရောင်းပေးမယ်
...” ကျော်အောင်လည်း မျက်ရည်ကို မကျအောင် ထိန်းရင်း ပြောလိုက်ပါသည် ။

“နင်တို့ နှစ်ယောက်ရှိတာ ငါ့အတွက်တော့ အားဆေးတွေပါပဲဟယ်” ဆိုပြီး ယုမေတစ်ယောက် ၀မ်းသာ၊
ဝမ်းနည်း ဖြစ်ပြီး ခင်ဦးကို ဖက်ပြီး ငိုပါတော့သည်....။
အဲဒီ နောက်မှာတော့ သူတို့ သူငယ်ချင်း သုံးယောက် ရွာဆီသို့ သုတ်ခြေတင်ပြီး ပြန်လာကြပါတော့သည်။
အပြန်လမ်းခရီးမှာတော့ တစ်ယောက်နဲ့ တစ်ယောက် စကားမပြောကြပဲ အတွေးကိုယ်စီနဲ့ ပြန်လာနေကြ
ပါတော့သည်....။
*****************************************************************************
(၄)
“ ခင်ဦးနဲ့ ကျော်အောင် နင်တို့သွားတော့လေ...။ ငါ့အိမ်ကို ရောက်နေပြီပဲ ဒီဘက်ကို ပတ်ပြီး လိုက်မနေ
တော့နဲ့နော်...”
ယုမေ တစ်ယောက် သူငယ်ချင်းနှစ်ယောက်ကို နှုတ်ဆက်လိုက်ပါသည်။ အဲဒီ နောက်မှာတော့ သူငယ်ချ
င်းသုံးယောက် လမ်းခွဲလိုက်ကြပါသည်။

“ဟယ်..ငါ့သမီး ပြန်လာပြီလား ခရေပန်းတွေလည်း အများကြီးတော့..” အရီးမြတစ်ယောက် ၀မ်းသာအ
ားရ ဖြစ်ပြီး အော်လိုက်ပါသည်။
“ဟုတ်တယ် အမေ ကျုပ် ခရေပန်းလေးတွေကို ကုံးပြီးရောင်းမလို့တော့.. ကျောင်းစိရိတ် ရအောင်လို့လေ
...။” ပြောပြော ဆိုဆို ယုမေ တစ်ယောက် အပ်ကလေးနဲ့ အပ်ချည်လုံးလေးကို ယူလာပြီး ခရေပန်းကုံးပါ
တော့သည်။
“ယုမေရယ် အမေ တစ်ယောက်လုံး ရှိပါသေးတယ်.. အမေ ရှိနေသမျှ သမီး ဘာမှ မလုပ်ရဘူး.. သမီးေ
ကျာင်းစရိတ် အတွက် အပေရှာပေးမယ်...။ သမီး ပန်းမရောင်းရဘူးနော် ဟုတ်ပြီလား...”။
မုဆိုးမ အရီးမြ တစ်ယောက် သမီးလေးကုံးပြီးသား ခရေပန်းလေးတွေကို ယူပြီး ရွာထဲ လှည့်ရောင်းပါေ
တာ့သည်။-----------

“ခင်ဦး သမီး ခရေပန်းကြိုက်တာ အမေသိတယ်... ဒါပေမယ့် ရွာ့အပြင်ကို ကိုယ်တိုင် ထွက်ထွက်ပြီး ပန်း
မကောက်ပါနဲ့ကွယ်...။ သမီးလိုချင်တယ် ဆိုရင် မမြကို မှာလို့ ရပါတယ် သူ ခရေပန်းရောင်းနေတာပဲေ
အ....”
ခင်ဦးရဲ့ မိခင် အရီးကြည်သန်းတစ်ယောက် သမီးကို စိတ်မချ၍ ပြောဆိုနေခြင်းဖြစ်ပါသည်။ ခင်ဦးရဲ့ စိတ်
ထဲမှာတော့ ယုမေရဲ့ အကြောင်းကိုပဲ စဉ်းစားနေလေသည်။
“အမေရယ် သမီးအခုနောက်ပိုင်း ပန်းထွက်ကောက်တာ အရင်လို ပန်ဖို့နဲ့ ဘုရားကပ်ဖို့တင် မဟုတ်တော့
ဘူး အမေရဲ့... ယုမေကို သနားလို့ ကျုပ်နဲ့ ကျော်အောင် ခရေပန်းကူကူ ကောက်ပေးတာအမေရဲ့...။”

“ဘယ်လို ခင်ဦး ညီးတို့က ခရေပန်း ကူကောက်ပေးတယ် ဟုတ်လား...” ဟုတ်တယ် အမေဆိုပြီး ခင်ဦး
တစ်ယောက် အမေဖြစ်သူကို သေသေချာချာ ရှင်းပြပေးလေသည်။
“ ခင်ဦးရယ် အဲဒါဆိုလည်း အမေတို့ ထောက်ပံ့ပေးမှာပေါ့ ခရေပန်း ထွက်ကောက်ပြီးတော့တော့ ကျောင်
းစရိတ် လုပ်မနေပါနဲ့အေ...”
“ကျုပ်နဲ့ ကျော်အောင် အမျိုးမျိုး ပြောပါတယ် အမေရယ်.. ဒါပေမယ့် ယုမေက အဲလိုမျိုး အကူအညီကိုမ
ယူချင်ဘူးတဲ့လေ... သူ့ကို ချစ်ရင်၊ ခင်ရင် အဲလို မလုပ်ပါနဲ့ တဲ့လေ..။အခုလို ပန်းလေး ကူကောက်ခွင့်
ရတာတောင် ကျုပ် တို့ သူငယ်ချင်း အရင်းကြီးမို့ပါ အမေရယ်...”
ယုမေ တစ်ယောက် မိခင်ဖြစ်သူကို ပြောပြလိုက်ပါသည်။
“အေးပါဟယ်... ဒါဆိုလည်း အမေတို့ တတ်နိုင်တဲ့ ဘက်ကနေ ကူညီရမှာပေါ့...”
အဲလို ပြောပြီးနောက်မှာတော့ သားမိနှစ်ယောက် အဓိပ္ပါယ် ပြည့်ဝတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြပါတော့
သည်...။

“ မမသိန်းရေ ခရေပန်းယူဦးမလားတော့ ...” အရီးမြတစ်ယောက် ခရေပန်းရောင်းရင်း ခင်ဦးတို့ အိမ်နား
ရောက်လာပါသည်...။
“မမြရေ လာပါအုံးဟဲ့...” အရီးကြည်သန်း လှမ်းခေါ်လိုက်ပါသည်...။
“ မကြည်သန်း ဘာတုန်းတော့...”
“ ညီးနှယ်အေ အရန်ကော ညီးကို ခေါ်မှတော့ ပန်းဝယ်မလို့ပေါ့အေ့...”
“ မကြည်သန်းရယ် ပန်းက ဘာလုပ်ဖို့တုန်း နေ့တိုင်း ခင်ဦးရယ်၊ ကျော်အောင်ရယ်၊ ယုမေရယ် သွားပြီး
ကောက်နေကြတာလေ...”
အရီးမြ စိတ်ထဲ ရှိတဲ့ အတိုင်းပြောလိုက်ပါသည်...။
“ဒီလိုပါ မမြရယ် ဒါက မြောက်ဘက်ရွာက အမျိုးတွေဆီ ပို့မလိုပါ...” ဆိုပြီး မကြည်သန်းတစ်ယောက်
ပန်းတွေကို အကုန်ယူလိုက်ပါတော့သည်။
*****************************************************************************

ခရေပင်

(၅)
“ဟ ကျော်အောင် လူလေး ” ဘိုးလူအေး တစ်ယောက် မြေးဖြစ်သူကို ခေါ်လိုက်ခြင်းပါ။
“ဗျာ.. အဘ...”
“ မင်း မနက်မနက် ဆို ဘယ်ကိုသွားနေတာတုန်း ငါ့မြေး...”
“ခရေပန်း သွားကောက်တာပါ အဘရဲ့...”
“ငါ့မြေးက ယောက်ျားလေး ဖြစ်ပြီး ဘာကြောင့် ပန်းသွားကောက်တာလဲကွဲ့...”
“ဒီလိုပါ အဘရာ...ကျုပ် တစ်ယောက်ထဲ မဟုတ်ဘူးဗျ... ယုမေတို့၊ ခင်ဦးတို့ပါတယ်ဗျ...”
“ယုမေဆိုတာက မုဆိုးမ မိမြသမီး၊ ခင်ဦးက မိကြည်သန်း သမီး ဟုတ်ကဲ့လား”
“ဟုတ်တယ် အဘ..” ဆိုပြီး ကျော်အောင် ဖြေလိုက်ပါသည်...။
အဲဒီနောက်မှာတော့ ကျော်အောင်တစ်ယောက် အဘလုပ်သူကို ယုမေရဲ့ အကြောင်းလေးပြောပြလိုက်
ပါသည်။

“အေးအေး ကောင်းတယ်၊ ကောင်းတယ် ငါ့မြေး၊ ဒါနဲ့ အဘပြောရအုံးမယ်ကွ... အခုမင်းတို့ သွားကောက်
နေတဲ့ ခရေပွင့်ရဲ့ ဆေးစွမ်းလေးပေါ့”
“ ဟုတ်ကဲ့ အဘ ပြောပါအုံးဗျ...” ကျော်အောင်တစ်ယောက် အလောတကြီး မေးလိုက်ပါသည်။

“ဒီလို ငါ့မြေးရ...နွေရာသီရောက်ရင် လူတွေ မိတ်ပေါက်တတ်ကြတယ်လေ။ အဲလို မိတ်ပေါက်ရင် ခရေ
ပွင့်ခြောက်ကို ဆန်ဆေးရည် နဲ့ စိမ်ပြီးသောက်ရင် မိတ်တွေ ပြန်ပေါ်တယ်.။ အဲဒါ ကို ငါ့မြေး မြဲမြဲ မှတ်
ထား...”
“ဟုတ်ကဲ့ အဘ ကျုပ်မှတ်ထားပါမယ်ဗျ...”
“ အေး နောက်ထပ် တစ်ခုက မင်းတို့ ခရေပန်းလေးတွေ ကောက်လာပြီး ညှိုးမှာဆိုးရင် ဘာလုပ်ကြလဲေ
ပြာစမ်း...” ဘိုးလူအေး မေးလိုက်ပါသည်။

“အာ.. အဘကလည်း ခရေပွင့်လေးတွေ လန်းစေချင်ရင် ရေစိမ်တာပေါ့ဗျ...”
“ ရေမစိမ်ရဘူး ငါ့မြေးရ... ခရေပွင့်လေးတွေ လန်းဆန်းစေချင်ရင် ဆန်ဆေးရည် စိမ်ရတယ် မြဲမြဲမှတ်
ထား...”။ ကျော်အောင် တစ်ယောက်ကတော့ ယုမေ မကုန်တဲ့ ခရေပန်းပွင့်လေးတွေကို ပြေးမြင်မိလိုက်
ပါသည်...။

“ခင်ဦး နဲ့ ယုမေ ငါတို့ ဒီနေ့ ခရေပန်းတွေ အများကြီးရတယ် ကြည့်စမ်း..”ကျော်အောင်ပြောလိုက်ပါသ
ည်....။
“အေး ဟုတ်တယ်နော်”.. ခင်ဦးဝမ်းသာအားရ ပြောလိုက်ပါသည်...။
“ယုမေ ငါတို့ ဘုရားပန်း အတွက်ပဲ ယူသွားတော့မယ် ကျန်တာညီးယူသွားတော့” ခင်ဦးပြောလိုက်ပါသ
ည်....။ ကျော်အောင်ကလည်း ခေါင်းကလေးကို ညိမ့်ပြလိုက်ပါသည်။

“ငါ မယူတော့ပါဘူး သူငယ်ချင်းတို့ရယ် ဒီနေ့ ခရေပန်းမှာတဲ့သူ နည်းတယ်ဟ...ပိုနေလည်း အလကား
ဖြစ်မဲ့ အတူတူ နင်တို့ များများယူသွားပြီး ဘုရားကိုလှူကြလေ...”။
ယုမေ တစ်ယောက် သူငယ်ချင်းများကို ပြောလိုက်ပါသည်...။

“ဒီမယ် ယုမေ နင်က ခရေပန်းတွေ မကုန်ရင် ညှိုးသွားမှာ ဆိုးတာမလား အဲဒီအတွက် ဘာမှမပူနဲ့”ဆိုပြီး
ကျော်အောင် တစ်ယောက် ဘိုးလူအေး ပြောတဲ့ နည်းလေးကို ပြောပြလိုက်ပါသည်...။
နောက်ရက်မှာတော့ ခရေပန်းလေးတွေ လတ်ကော့နေပါတော့သည်...။

သူတို့ သုံးယောက်လုံးရဲ့ မျက်နှာလေးတွေကတော့ ပြုံးရွှင်လို့ပေါ့...။ အားလုံး ပြိုင်တူပြောလိုက်ကြတာ
က “ဘိုးလူအေး တော်တယ်တဲ့”...။
ဘိုးလူအေးတစ်ယောက်လည်း ကျော်အောင်က ဖြစ်ကြောင်းကုန်စင် အားလုံးပြန်ပြောပြတဲ့အတွက် ၀မ်း
သာပီတိတွေ ဖြစ်လို့ကို မကုန်နိုင်လောက်အောင်ပါပဲ......
************************************************************************************************************

(၆)
ဒီလိုနဲ့ ကျော်အောင်တို့ ၊ခင်ဦးတို့ ၊ယုမေတို့တွေ ဆယ်တန်းကို ရောက်ကုန်ကြပါသည်။ စိတ်ကြိုက်ဘာ
သာတွေ ရွေးကြတော့လည်း အားလုံးမခွဲချင်တာနဲ့ သိပ္ပံ တွဲကြည့် ယူလိုက်ကြတယ်လေ...။သုံးယောက်
လုံးက စာတော်တဲ့ သူတွေဆိုတော့ အတန်းထဲမှာ အမြဲတန်း ရိုးဝမ်းကို လှည့်ယူနေကြတဲ့သူတွေပေါ့...
တစ်ယောက်က(၁)ရရင် ၊ကျန်တဲ့နှစ်ယောက်က အော်တို (၂- ၃)ပေါ့...။တစ်တန်းလုံးကလည်း သူတို့
သုံးယောက်ကို အားကျလို့ မဆုံးပေါ့...။

အတန်းထဲမှာတော့ ဆရာ၊ ဆရာမ တွေရဲ့ ချစ်ခြင်း၊ အလိုလိုက်ခြင်းကို ခံထားရသူ သုံးယောက်ပေါ့...။
ကျန်တဲ့ ကျောင်းသားတွေကို ဆိုဆုံးမတဲ့ အခါမှာလည်း သူတို့ သုံးယောက်ကို အတုယူဖို့ အမြဲတမ်း ဥပ
မာ ပေးခံရတဲ့သူတွေပေါ့...။

“ဟေ့..ယုမေ နင်သိပ်လှတယ် ၊ခင်ဦးကလည်း တစ်မျိုးလေး လှတာပဲ...အဲဒီ အလှနှစ်ယောက်ကို ခွေး
လို ထိုင်စောင့်ပေးတဲ့သူကတော့ ဟို ခွေးကြီး ပေါ့”...
ကျောင်းသားတစ်ချို့ ၀ိုင်းပြီး စကြပါသည်။ ကျော်အောင် တစ်ယောက် စိတ်တိုပြီး ..
“ဟေ့ကောင် မင်းတို့ သတ္တိရှိရင် ထွက်ခဲ့စမ်း...စောင်းမပြောနဲ့ မင်းတို့ ယောက်ျားမဟုတ်ဘူးလားကွ”
ကျော်အောင် တစ်ယောက် ထပြီး သောင်းကျန်းပါတော့သည်။
အဲဒီနောက်မှာတော့ ကျော်အောင်နဲ့ အခြားကျောင်းသားသုံးယောက် နပန်း လုံးနေကြပါတော့သည်။

“ကျော်အောင်ရေ မလုပ်ပါနဲ့ဟဲ့..ဟီး..ဟီး..ဟီး..” ယုမေ အော်ငိုနေပါသည်...
“ဆရာတို့၊ ဆရာမတို့ ကယ်ကြပါအုံးရှင် ချမ်းလင်းတို့ အဖွဲ့ ကျော်အောင်ကို ၀ိုင်းပြီး လုပ်ကုန်ပါပြီတော့”
ခင်ဦးလည်း ကြံရာမ၍ အော်နေခြင်းဖြစ်ပါသည်...။
အဲဒီ နောက်မှာတော့ ဆရာတွေ ရောက်လာပြီး ရုံးခန်းသို့ ပို့လိုက်ကြပါသည်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသက်တင် က အားလုံးကို ဆုံးမပြီး နောက်ဒီလို့ မဖြစ်ပို့ ၀န်ခံကတိ လက်
မှတ် ထိုးခိုင်းလိုက်ပါသည်...။ အဲဒီနောက်မှာတော့ ချမ်းလင်းတို့ အဖွဲ့ မစရဲတော့ပေ...

ကျောင်းပိတ်ရက်တွေတိုင်းမှာတော့ ခရေပင်ကြီးအောက် သူငယ်ချင်းသုံးယောက်သွားပြီး ခရေပန်းတွေ
ကောက်ကြစမြဲပေ..။ ခရေပန်းတွေကို သီကုံးပြီးလည်း ခရေပင်ရဲ့ အရှေ့မြောက်ဘက် တောင်ကမူ လေး
ပေါ်မှာ တည်ထားတဲ့ လွမ်းစေတီကို သွားပြီး ပန်းကတော့ ကြစမြဲပေါ့...။ ဆုတွေကိုလည်း တောင်းကြစ
မြဲပေါ့ဗျာ...။ ကျော်အောင်တို့ သုံးယောက် ဘယ်လိုပဲ ဖြတ်ပါစေ... ဖြတ်လို့မရတဲ့ သံယောဇဉ်ကြိုးတွေ
က ချည်နှောင်သွားကြပြီလေ...။

ရာသီတွေကလည်း နွေမှ မိုး၊ မိုးမှ ဆောင်း၊ ဆောင်းမှ နွေ ကူးပြောင်းလို့ ဆယ်တန်းစာမေးပွဲတွေတောင်
ဖြေပြီးသွားကြပါပြီ...။
“ ငါတို့ အားလုံး ဆယ်တန်းစာမေးပွဲကို ကောင်းကောင်းမွန်မွန် ဖြေပြီးကြပြီဆိုတော့ ဘာဆက်လုပ်ကြမ
လဲ...” ခင်ဦးက မေးလိုက်ပါသည်။
“အောင်စာရင်းထွက်မှပဲ စဉ်းစားဆုံးဖြတ်ကြတာပေါ့...” ကျော်အောင်က ဖြေလိုက်ပါသည်။
“နင်တို့ နှစ်ယောက် ဒီ ဘယ်နှစ်လုံးစီ ဘာမယ်လို့ ထင်လဲ...”
ယုမေက မေးလိုက်ပြန်ပါသည်...။
ကျော်အောင်နဲ့ ခင်ခင်ဦးက လက်သုံးချောင်းထောင်ပြပါသည်။ ယုမေကလည်း အားကျမခံ သုံးချောင်းပြန်
ထောင် ပြလိုက်ပါသည်။ အဲဒီနောက်မှာတော့ အားလုံး ပြုံးပျော်နေလိုက်ပုံများ မြင်ရသူတိုင်း စိတ်ချမ်းမြေ့
စရာပါ...။
************************************************************************************************************

(၇)
ဘာလိုလိုနဲ့ မိုးလေး ဖွဲဖွဲ ကျတဲ့ ဇူလိုင်လတောင် ရောက်လာပြီလေ...။ ဆယ်တန်း အောင်စာရင်းတွေ
ထွက်တော့မှာဆိုတော့ ကျောင်းသူ၊ ကျောင်းသားတိုင်း ရင်ခုန်တဲ့ ရာသီပေါ့...။

“ ယုမေ နဲ့ ခင်ဦး မနက်ဖြန် အောင်စာရင်းထွက်မယ်တဲ့ဟ ”
“ဟုတ်လား ကျော်အောင် ...” ယုမေ မေးလိုက်ပါသည်။
“မနက်ဖြန် တို့သုံးယောက် အတူတူသွားမယ် မကောင်းဘူးလား” ခင်ခင်ဦး အဆိုသွင်းလိုက်ပါသည်။
ခင်ခင်ဦး၏ အဆိုကို ကျန်တဲ့နှစ်ယောက်က ခေါင်းလေးတွေညိမ့်ပြီး သဘောတူညီမှုပေးလိုက်ပါသည်...။

“ယုမေ နင်အောင်တယ်... ဒီလေး လုံးဟ..” လူကြားထဲ တိုးခွေ့ကြည့်ရင်း ကျော်အောင် အော်လိုက်ပါသ
ည်...။
“ ခင်ဦး နင်က သုံးခု၊ ငါက သုံးခု ” ၀မ်းသာ အားရနဲ့ သူငယ်ချင်း သုံးယောက် ကခုန်မြူးတူးနေကြပါတေ
ာ့သည်။

သပြေကုန်း တစ်ရွာလုံးမှာလည်း ပျော်ရွှင်မြူးတူးနေလိုက်ပုံများ မြင်ရသူတိုင်း အပျော်ကူးဆက်စေပါသ
ည်။
“ ယုမေ အမေ ၀မ်းသာလိုက်တာ... ငါ့သမီး တော်လိုက်တာ...” ၀မ်းသာ အားရ အော်ရင်း အရီးမြ တစ်
ယောက် တက်သွားပါတော့သည်။ အမှန်တကယ်တော့ အရီးမြတစ်ယောက် မူလ နှလုံးရောဂါကြောင့် အ
ပျော်လွန်ပြီး ဆုံးသွားရခြင်းဖြစ်ပါသည်...။

ယုမေ တစ်ယောက်ကတော့ အပျော်နဲ့ အလွမ်း၊ ကြည်နူးမှုနဲ့ ပူလောင်ခြင်းတို့ဟာ ထပ်တူဖြစ်ပြီး...ယုမေ
တစ်ယောက်တော့ အသည်းအသန် ငိုကြွေး နေရလေပြီ...

“အမေ ကျုပ်ကို ထားခဲ့ပြီလားတော့... ကျုပ် အမေဖြစ်စေချင်တဲ့ အမေမြင်ချင်တဲ့ ဆယ်တန်းကို အောင်
ပြီလေ... အခုတော့ ကျုပ်ဘာလုပ်ရတော့ မှာတုန်း။ ကျုပ်လည်း အမေ့ နောက်ကို လိုက်မယ်နော်... အ
ဟင့်..အဟင့်...” ယုမေ တစ်ယောက် ငိုလွန်းအားကြီး၍ သတိလစ်သွားချေပြီ...။

“ယုမေ ယုမေ... သူငယ်ချင်း ထပါအုံး သတိထားပါနော်...” ခင်ခင်ဦး တစ်ယောက် သူငယ်ချင်းဖြစ်သူကို
ထွေးပွေ့ရင်း မျက်ရည်စ တို့ကို သုတ်လိုက်ပါသည်။
“ကျော်အောင်ကတော့ ယုမေရဲ့ ခေါင်းလေးကို ယပ်တောင် တစ်ခုနဲ့ ခတ်ပေးနေပါတော့သည်။
ခင်ဦးနဲ့ ကျော်အောင်တို့လည်း ယုမေ နည်းတူ ပူလောင်မှု အပြည့်နဲ့ ကိုယ်စီ ခံစားနေကြရပေပြီ...

ရွာသူ၊ ရွာသား အပေါင်းကလည်း ယုမေလေး အစား စိတ်မကောင်း ပြီး စုတ်တသပ်သပ်နဲ့ပေါ့..။ အရီးမြ
ရဲ့ အသုဘကို လာတဲ့လူတိုင်း မျက်ရည်စလေး တွေနဲ့ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အားလုံးသိနေ
ကြတယ်လေ...။ သူတို့မျက်ရည်ကျနေတာ ယုမေအတွက်လား၊ သေဆုံးလေသူ အရီးမြအတွက်လားဆို
တာတော့ ခံစားမှုပေါ်မှာပဲ မူတည်ကြပေလိမ့်မည်။

“ယုမေ စိတ်မကောင်းမဖြစ်ပါနဲ့ဟာ... လူဆိုတာ တစ်နေ့ ဒီလမ်းကို သွားကြရမှာပါ...။ နင် အားတင်းထာ
းနော်...” ကျော်အောင် အားပေးစကား ပြောလိုက်ပါသည်။
“အေးပါ ငါခံနိုင်ရည် ရှိသွားပါပြီဟာ... ငါ့အတွက် အခုလို ပူပန်ပေးတာ အထူးကျေးဇူးတင်ပါတယ်ဟာ...
နင်တို့ နှစ်ယောက်က ငါ့အတွက်တော့ တစ်သက် မေ့လို့ မရတဲ့ မောင်နှမဆိုလည်း ဟုတ်တယ်၊ သူငယ်
ချင်းဆိုလည်း မမှားပါဘူးဟာ...” သူငယ်ချင်းသုံးယောက် စကားလေး တပြောပြောနဲ့ အချိန်တွေကို ကုန်
လွန်စေခဲ့တယ်လေ...။

“ယုမေ ညီးကျောင်းကိစ္စ အတွက် ဘယ်လိုလုပ်မလဲ...။ ငါတို့ နှစ်ယောက် ထောက်ပံ့မယ်လေ... တို့မိဘ
တွေကလည်း ကြည်ဖြူ သဘောတူပါတယ်...” ခင်ခင်ဦး သွေးတိုး စမ်းကြည့်လိုက်လေသည်။

“ကျေးဇူးတင်ပါတယ် သူငယ်ချင်းတို့ရာ၊ နင်တို့ အခုလို ငါ့ကို ဂရုစိုက်နေတာကိုပဲ ငါက အရမ်းကျေနပ်နေ
ပါပြီဟာ... ငါကျောင်းမတက်တော့ဘူး ရွာမှာ လုပ်အားပေး ဆရာမ ၀င်လုပ်တော့မယ်။ ငါ့ဘ၀ကို အဲဒီဘ
ဝလေးနဲ့ပဲ ဖြတ်သန်းတော့မယ်...”

“တကယ်ပဲ ဆုံးဖြတ်လိုက်တာလား ယုမေ.. နင်ငါတို့ကို ခွဲနိုင်ပြီပေါ့ ဟုတ်လား...” ကျော်အောင် ၀မ်းခေါ
င်းသံကြီးဖြင့် ပြောလိုက်ပါသည်။

“အဲလို မဟုတ်ပါဘူး သူငယ်ချင်းတို့ရာ ငါ့ကို နားလည်ပေးကြပါ... ငါနင်တို့ နှစ်ယောက်နဲ့ မခွဲချင်ပါဘူး..
အဲဒါကို ယုံကြပါ..။ နင်တို့တွေ ကျောင်းဆက်တက်ကြပါ...။ အလုပ်ကိစ္စနဲ့ပဲ ဖြစ်ဖြစ် ၊ ကျောင်းကိစ္စနဲ့ပဲ
ဖြစ်ဖြစ် အဝေးကို ရောက်သွားမှာပဲ။အဲဒီအချိန်ရောက်ရင်သာ တစ်နှစ်တစ်ခါ ရွာကို ရောက်အောင်ပြန်ခဲ့ပါ
ငါတို့ သွားကောက်နေကြ ခရေပင်ကြီးအောက်မှာ ဆုံကြမယ်လေ... နှစ်တိုင်းပေါ့... ဘယ်လိုလဲ သဘော
တူကြရဲ့လား...” ယုမေတစ်ယောက် ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာတွေကို ခွဲခြမ်းစိတ်ဖြာပြီး ပြောလိုက်ခြင်း
ဖြစ်ပါသည်။

“အေးပါဟယ် ငါတို့ နှစ်ယောက်လုံးကတိပေးတယ် ဘယ်ကိုပဲ ရောက်နေ ရောက်နေ၊ ဘယ်ဘ၀ကိုပဲရေ
ာက်နေ ရောက်နေ ငါတို့ တစ်နှစ်တစ်ခေါက် ရွာကိုပြန်လာပြီး ခရေပင်ကြီး အောက်မှာ ဆုံမယ်လို့ ကတိ
ပေးပါတယ်”...။
ခင်ဦး တစ်ယောက် ငိုပြီး ကတိတွေ ပေးနေပါသည်။ ကျော်အောင်ကတော့ ခေါင်းကလေးကိုပဲ ညိမ့်ပြပါ
သည်။
“ယုမေ နင် ဖြစ်ချင်တဲ့ ဆရာမလေးဖြစ်အောင် လုပ်ပါနော်...။ နင့်ကို ဆရာမ ၀တ်စုံလေးနဲ့ တို့နှစ်ယော
က်မြင်ချင်တယ်နော်...”။ ကျော်အောင် ယုမေကို အားပေးနေခြင်းရယ်ပါ...။

အဲဒီနောက်မှာတော့ သူငယ်ချင်း သုံးယောက် တစ်ယောက်လက်ကို တစ်ယောက် မြဲမြဲ ဆုပ်ကိုင်ပြီး က
တိတွေ ပေးနေကြပါသည်။
***********************************************************************************************************
(၈)
လတွေလည်း တဖြည်းဖြည်းပြောင်းသွားပြီး ကျော်အောင်တို့ ၊ ခင်ဦးတို့လည်း ကျောင်းသွားဖို့ အချိန်ရော
က်လာပါသည်။ ယုမေကတော့ သူတို့ ရွာကျောင်းလေးမှာပဲ အကူဆရာမလေး လုပ်နေပြီလေ...။ ခံစားခ
ျက်တွေကို အချိန်က ကုစားလိုက်တော့လည်း ယုမေတစ်ယောက် အရင်လို ပြန်ဖြစ်နေပြီလေ...။

“ယုမေရေ... ငါတို့နှစ်ယောက်လုံး မနက်ဖြန် တက္ကသိုလ်ကို သွားတော့မယ်ဟာ.. အဲဒါနင့်ကို လာပြီးနှုတ်
ဆက်တာ...” ကျော်အောင်က စပြီး ပြောလိုက်ပါသည်။

“ဟုတ်တယ် ယုမေရေ ငါတို့ နင့်ကို လာနှုတ်ဆက်တာ.. နင့်ပညာတွေ အတွက် ငါနှမြောမိတယ်ဟယ်..”
ခင်ခင်ဦးတစ်ယောက် ယုမေကို ဖက်ပြီး ငိုချေပြီ...။

“မငိုပါနဲ့ သူငယ်ချင်းရယ် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့... ငါအကောင်းဆုံးလုပ်ခဲ့လို့၊ အကောင်းဆုံး အောင်
မြင်ခဲ့ပြီးပြီလေ.. ဆက်မတက်ရတာကတော့ ငါ့ကုသိုလ်ကံပဲပေါ့...”
ယုမေ အစီအစဉ်တကျ ရှင်းပြလိုက်ပါသည်...။

“နင်တို့ မသွားခင် ငါတို့ ခရေပင်ကြီးဆီကို သွားကြရအောင်” ဆိုပြီး ယုမေ ဦးဆောင်ပြီးခေါ်သွားလိုက်ပါ
သည်။ ခရေပင်ကြီးအောက် ရောက်တော့ သူငယ်ချင်းသုံးယောက် မျက်ရည်ကိုယ်စီနဲ့ပေါ့...။ အဲဒီ ခရေပ
င်ကြီးကို သူတို့ သုံးယောက် သံယောဇဉ် တွယ်နေကြပြီလေ...။

အားလုံးနှုတ်ဆက်ပြီးတဲ့ နောက်မှာတော့ တစ်ယောက် တစ်နေရာစီ ကျောခိုင်း ပျောက်ကွယ်သွားကြပါ
သည်။ အဲလိုနဲ့ တစ်ယောက် တစ်နေရာစီကနေ တစ်နှစ်ပြည့်တိုင်း ရွာကို ပြန်ပြန်လာပြီး ခရေပင်ကြီးအေ
ာက်မှာ ဆုံပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြ၊ လွမ်းစေတီ လေးကို သွားဖူးကြနဲ့ သူတို့ အတွက်ပြေ
ာစရာစကားတွေက ကုန်ကို မကုန်နိုင်တော့ပေ...

ကျော်အောင်နဲ့ ခင်ခင်ဦးတို့ ရွာကနေ ပြန်သွားတဲ့ အခါမှာတော့ ယုမေ တစ်ယောက် ခရေပင်ကြီးအော
က်မှာ သူငယ်ချင်းတွေကို သတိရတဲ့ အတွက် မျက်ရည်တွေလည်း ချောင်းတစ်ချောင်းစာတောင် ရတော့
မယ်လေ...။

ကျော်အောင် တစ်ယောက်လည်း ကျောင်းပြီးလို့ ရွာကို ပြန်အလာ၊ ခင်ခင်ဦး တစ်ယောက်လို့ ကျောင်းပြီး
လို့ ရွာကို ပြန်အလာ ၊ ယုမေကလည်း သူငယ်ချင်းတွကို လွမ်းတဲ့ အတွက် ရွာအပြင်က ခရေပင်ကြီးဆီ
သွားဖို့ ထွက်အလာ တစ်နေရာမှာ စုံကြပါတော့သည်။

အားလုံး ချိန်းထားသလို တွေ့စုံကြတော့ ၀မ်းသာ အားရနဲ့ပေါ့...။
“ ငါတို့ တွေ မချိန်းပဲနဲ့ ချိန်းထားသလို တွေ့တာဆိုတော့ ငါတို့ ခရေပင်ကြီးအောက် တန်းသွားကြမယ်..
သဘောတူလားဆိုပြီး ငယ်ငယ်တုန်းက အတိုင်း ကျော်အောင် အဆိုသွင်းလိုက်ပါသည်..”။
“တူပါတယ် ရှင်ဆိုပြီး ” ခင်ခင်ဦးနဲ့ ယုမေ တို့ နှစ်ယောက်လည်း တိုင်ပင်မထားပဲ စည်းချက်တွေကိုက်နေ
ကြပါသည်။

ခရေပင်ကြီးအောက်ရောက်တော့ ခဏနားပြီး လွမ်းစေတီလေးကို အရင်သွားဖူးကြတယ်...။
ကျော်အောင် တစ်ယောက် အရင်ဦးဆုံး ဆုတောင်းလေရဲ့ ......
“ တပည့်တော်သည် တပည့်တော်ချစ်သောသူငယ်ချင်းတွေနဲ့ နောက်ဘ၀မှာလည်း တွေ့ဆုံရပါလို၏ဘု
ရား...”။
ယုမေကလည်း “တပည့်တော်သည် တပည့်တော်၏ သူငယ်ချင်းတွေကို အရမ်းချစ်ပါသည်။ အခုဘ၀က
မနေလို့ သေရ နောက်ဘ၀မှာ ပြန်လည် တွေ့ဆုံပြီး ဒီထက်မက ချစ်နိုင်ကြပါစေ...”

နောက်ဆုံး ခင်ခင်ဦးကလည်း “ တပည့်တော်သည် အလွမ်းဓါတ်ခံ ရှိသူပါဘုရား။ ဒီဘ၀မှာ အလွမ်းမက
င်း သေးရင်တောင်၊ နောက်ဘ၀မှာ အလွမ်းကင်းရပါလို့၏ဘုရား”

အားလုံး ဆုတွေတောင်းကြပြီးတဲ့နော် တစ်ယောက်နဲ့ တစ်ယောက် စကားမပြောဖြစ်ကြပဲ...မျက်လုံးတွေ
က ဆွေးရိပ်သန်းနေကြပါသည်။ နောက်မှ ယုမေက ဦးဆောင်ပြီး သွားကြရအောင်လေ ခရေပင်ကြီးအေ
ာက် ဆိုပြီး ထွက်ခွါသွားကြပါသည်။ အဲဒီ ရက်က သူတို့သူငယ်ချင်း သုံးယောက်ရဲ့ နောက်ဆုံးနေ့ ၊နောက်
ဆုံးရက်ဆိုတာကိုတော့ ဘယ်သူမှ ရိပ်မိကြမည် မထင်...

ဘုရားကနေ ခရေပင်ကြီးရဲ့ အောက်ကို မရောက်ခင် မိုးတွေက မှောင်မဲလာပြီး လျှပ်စီး တို့က တ၀င်းဝင်း
လက်လို့ပေါ့...။ သူငယ်ချင်း သုံးယောက်လည်း ခရေပင်ကြီးအောက် ပြေးဝင်ပြီး မိုးခို လိုက်ကြပါသည်။
မိုးတွေကလည်း အငြိုးနဲ့ ရွာနေသလား အောက်မေ့ရတယ်...။ သူငယ်ချင်း သုံးယောက်လည်း တစ်ယော
က်လက်ကို တစ်ယောက် ကျစ်ကျစ်ဆုပ်ကိုင်ထားကြပါသည်။

အဲဒီအချိန်မှာ လေပြင်းပြင်းတစ်ချက်က စောင့်အတိုက်မှာတော့ အရင်လို ခရေပွင့်လေးတွေ ကြွေမဲ့အစာ
း ခရေကိုင်းကြီးက ကျိုးပြီး သူငယ်ချင်းသုံးယောက်ပေါ်ကို ကျသွားပါတော့သည်။

မိုးတွေ လေတွေ တိတ်မှ ရွာထဲက လူတွေ ခရေပင်ကြီး လဲ နေတာတွေ့လို့ ခရေပင်ကြီး ဆီကို လာကြ
တာလေ...။ အဲဒီ အချိန်မှာ ကျော်အောင် တို့ သုံးယောက် ခေါင်းမှာ သွေးတွေနဲ့လေ...။
ရွာထဲကို လူတွေပြန်ခေါ်ပြီး သေချာကြည့်တဲ့ အခါမှာတော့ တစ်ယောက် လက်ကို တစ်ယောက်ဆုပ်ကို
င်ထားကြပါတယ်...။
ကျော်အောင်နဲ့ ယုမေ တို့ နှစ်ယောက်ကတော့ ပွဲချင်းပြီး သေဆုံးသွားကြတယ်လေ...။ ခင်ခင်ဦးတစ်ယေ
ာက်ကတော့ ကံကောင်းလို့လား၊ ကံဆိုးလို့လားတော့ မသိ အသက်ရှင်ကျန်ခဲ့တယ်လေ...။ ဒါပေမယ့် သူ
မရဲ့ ဦးခေါင်းမှာ ဒါဏ်ရာ အပြင်းအထန်ရထားတာဆိုတော့ အတိတ်မမေ့ပေမယ့်လည်း အခုလို ပုံစံ ဘဝ
ကို ရောက်သွားရတာလေ...။

ဘိုးလူအေး ဆိုရင်လည်း မြေးဖြစ်သူ ကျော်အောင်ကို ကြည့်ပြီး ငိုလိုက်တာများ တရားနဲ့ပင် မဖြေနိုင်တဲ့
ပုံပါပဲ... ကျန်တဲ့ သူတွေလည်း ငိုလိုက်ကြတာ ကြည့်ရက်စရာကို မရှိပါဘူး...

ကျော်အောင်နဲ့ ယုမေက အစိမ်းသေ ဖြစ်တဲ့ အတွက် ချက်ချင်းပဲ မီးသဂြိုလ်လိုက်ရပါတယ်။ သူတို့ နှစ်ေ
ယာက်ကို တော့ သူတို့ ချစ်တဲ့ ခရေပင်ကြီးနားမှာပဲ အုတ်ဂူလေး နှစ်ခု ယှဉ်ပြီး တည်ပေးထားလိုက်ကြ
တယ်လေ...။
ကျော်အောင် အသက်(၂၂) နှစ်
ယုမေ အသက် (၂၁) နှစ် တဲ့...
ရွာခံတွေအားလုံးရော ဘေးပါတ်ဝန်းကျင်က ရွာတွေရော ယုမေတို့ အဖြစ်ကို ကြည့်ပြီး သနားနေကြရုံမှ
တပါး ဘယ်သူကတတ်နိုင်ကြအုံးမှာလဲလေ...။

ခင်ခင်ဦး တစ်ယောက်ကတော့ ခရေပင်နားမှာပဲ....အဲဒီ ဘ၀ကို ဘယ်အချိန်ထိများ......


(ကျွန်တော့်ရဲ့ရေးသားချက်များအဓိပ္ပါယ်မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း
ဝန်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်.....

ရာဇာ(ကျေးတောသားလေး)
27.3.2011











5 comments:

ရွှေညာသားလေး said...

ကောင်းတယ် ကိုရာဇာရေ... ငယ်ငယ်တုန်းက ကျောင်းသားဘ၀ကို လွမ်းမိတယ် ရေးသားမှု့လေးတွေ ပေါ်လွင်ပါတယ်။ ပျော်ရွှင်ပါစေ

Angelhlaing(May everybody be happy and healthy! said...

ကြေကွဲစရာလေးနော်...
အားပေးလျှက်ပါအကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။

တောက်ပကြယ်စင် said...

ကိုရာဇာ အလွမ်းဝတ္ထုလေးပါလား...ခင်ခင်ဦးအတွက် စိတ်မကောင်းပါဘူး။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

pine said...

အရမ်းကို ကြေကွဲစရာ ကောင်းတဲ့ဇာတ်လမ်းလေးနော်.....
နောက်လဲ ဆက်တင်ပေးပါအုန်းနော်.....
မင်းသားမင်းသမီးပေါင်းတဲ့ အချစ်ဇာတ်လမ်းလေးလည်း တင်ပေးစေချင်ပါတယ် အစ်ကို...

yar zar said...

pine ရေ ...လာလည်တာ ကျေးဇူးတင်တယ်နော်..
မင်းသား၊ မင်းသမီး ပေါင်းတဲ့ ဇာတ်လမ်းလေး ရေးပေးပါမယ်..
လေးစားလျက်
ရာဇာ(ကျေးတောသားလေး)

Post a Comment