Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Monday, March 14, 2011

ကြက်မကြီးရဲ့မေတ္တာ

လူတွေမဆိုထားနဲ့ တိရစ္ဆာန်တစ်ကောင်တောင်မှ သားသမီးအတွက်ဆိုရင် အသက်ကို ပဓာနပဲမထားပဲ
ကာကွယ်ခုခံတတ်တာ သဘာဝဖြစ်ပါတယ်။ဘာကြောင့်အဲလိုပြောလည်းဆိုတော့ ကျွန်တော် ကိုယ်တွေ
့ကြုံခဲ့ဖူးလို့ ပြောရခြင်းဖြစ်ပါတယ်။ အဖြစ်က ဒီလိုပါ။

အညာဒေသဆိုတော့ အိမ်တိုင်းအိမ်တိုင်း နွားတွေမွေးတော့ နောက်ချေးကုန်း(နွားချေးကုန်း) ရှိကြပါတ
ယ်။အိမ်တိုင်းမှာ တွဲဖက်မွေးမြူရေးအတွက် ကြက်တွေမွေးတတ်ကြပါတယ်။အမြဲလိုလို ကျွန်တော်တို့အိ
မ်မှာ လူတွေအကုန်လုံး အလုပ်ကိုယ်စီနဲ့ အိမ်မှာမရှိတာကများပါတယ်။ကျွန်တော်က အိမ်မှာကလေးဆိုေ
တာ့ အိမ်စောင့်ကျန်ခဲ့ရတာပေါ့ဗျာ။အမေက ကျွန်တော့်ကိုသေချာမှာမှာသွားတာ..ဟိုဘက်အိမ်ကကြက်
တွေက သောင်းကြမ်းတယ်တဲ့။ အဲတော့ ကျွန်တော့်ကို သေချာစောင့်ဖို့မှာထားခဲ့တာ။   ကျွန်တော်လည်း
ကလေးဆိုတော့ လူကြီးခိုင်းတဲ့အတိုင်းလုပ်ရတာပေါ့။(အခုချိန်လည်း လုပ်တုန်းပါ):P။     အဲဒီအချိန်တုန်း
တော့ ကျွန်တော်က အမြဲတမ်းအိမ်စောင့်ပေါ့ဗျာ။


 
ကြက်ဖြူမ မရှိလို့ (ကြက်ရစ်မပုံပါ)

အဲဒီတုန်းက ကျွန်တော်တို့အိမ်က ကြက်ဖြူမ ကြီးက သားပေါက်ထားစအချိန်လေ။ ကြက်ကလေးတွေ
(၁၂)ကောင်တောင်ပေါက်တာ။ အဲဒီကြက်မကြီးက သားထိန်းအရမ်းကောင်းပါတယ်။ တစ်ချို့ကြက်မေ
တွဆို (၁၀)ကောင်လောက် ပေါက်ထားရင်တောင် (၅)ကောင်လောက်ကျန်ရင် ကံကောင်းပဲ။ အဲဒီကြ
က်မ မျိုးက သားမခင်တတ်တဲ့ အမျိုးပေါ့။ ကြက်ကလေးတွေ အမြီးပေါက်စအရွယ်လောက်ရောက်ရင်
အဲဒီကြက်မမျိုးက သားခွဲသွားတတ်ပါတယ်။ လူတွေလိုပြောရရင်တော့ အဲဒီကြက်မက သား၊သမီးတွေ
ပြစ်ပြီး အပျိုလုပ်တယ်ပေါ့ဗျာ။ ကျွန်တော်တို့အိမ်က ကြက်ဖြူမကြီးကတော့ အဲလိုမဟုတ်ဘူး သား၊သမီး
းတွေ အရွယ်ရောက်မှ ခွဲတာပါ။(၁၀) ကောင်လောက်မွေးထားရင် အနည်းဆုံး (၉)ကောင်လောက်တေ
ာ့ကျန်တတ်ပါတယ်။ အဲတစ်ရက်တော့ ကြက်ဖြူမကြီး နောက်ချေးကုန်းမှာ ကြက်ကလေးတွေနဲ့အတူ
စာစားနေပါတယ်။ အဲဒီအချိန်မှာ စွန်တစ်ကောင် မိုးပေါ်က၀ဲနေတာကို မြင်လိုက်ရပါတယ်။ ကျွန်တော်
လည်း သတိထားနေတာပေါ့။ ကြက်ကလေးတွေ ဘယ်အချိန်မှာများ ၀င်ကုတ်မှာတုန်း ဆိုပြီးပေါ့။ ကြ
က်မကြီးက စွန်က သူတို့အပေါ်မှာဝဲနေတာကို သိတယ်ဗျ။ ကြက်ကလေးတွေကို အတင်းစုပြီး သူ့တော
င်ပံ ရင်အုပ်အောက်မှာသွင်းထားတာ။ အဲဒီအချိန်မှာ အဲဒီကြက်မကြီးနဲ့ မလှမ်းမကမ်းမှာ ကြက်အုပ်မ
တစ်အုပ်ကလည်း သား၊သမီးတွေနဲ့ အစာစားနေပါတယ်။ အဲဒီကြက်မက အပေါ်မှာ စွန်ဝဲနေတာကို သ
တိမထားမိဘူးထင်ပါတယ်။(ခေတ်စကားနဲ့ ပြောမယ်ဆိုရင်တော့ ဒူတာပေါ့)။ အဲဒီအချိန်မှာ စွန်ကလည်
း အလစ်ဝင်ပြီး ကြက်ကလေးကို ကုတ်တာပေါ့ အဲဒီအချိန်မှာ အိမ်ကကြက်ဖြူမက သူ့ကလေးထင်လို့
လား မသိပါဘူး.ကြက်ကလေးကို ကုတ်မယ်လုပ်နေတဲ့ စွန်ကို အတင်းဝင်ခွပ် တော့တာပါပဲ။ အဲဒီလို
ခွပ်လိုက်တော့ စွန်ကြီးလည်း အမွေးတွေကျွတ်လို့ နောက်ပိုင်းကျ စွန်ကြီးထွက်ပြေးသွားတာဗျ။ ကျွန်ေ
တ်ာလည်း ထင်လိုက်မိပါတယ်...သြော်..မိဘမဟုတ်ပဲနဲ့တောင် သူ့ကလေးမှတ်လို့ ကာကွယ်ပေးတာ
သူ့ရင်ဘတ်အောက်က ကြက်ကလေးကိုများ ၀င်ကုတ်ရင်တော့ ကြက်မကြီး အသေများသတ်မလားလို့
ပေါ့လေ။(ဗဟုသုတ အနေနဲ့ပြောပါအုံးမယ်။ အိမ်မှာ ကြက်တွေသောင်းကျန်းလို့ ရှိရင် ကြက်တွေပြေး
အောင် ခြောက်တတ်ကြပါတယ်။ ကြက်တွေ ဘယ်လိုပြေးအောင်ခြောက်လည်း ဆိုတော့ စွန်လာတဲ့အ
ခါမှာ လူတွေက“ဟူး...”လို့ အော်တတ်ကြပါတယ်။အဲလိုအော်သံကြားရင် ကြက်တွေက စွန်လာတယ်
ဆိုတာကို တန်းသိတာဗျ။ အဲတော့ သူတို့လည်း ပုန်းတာပေါ့။ ကြက်တွေမရှုပ်စေချင်ရင်တော့ “ဟူး..”
လို့သာ အော်ကြပေါ့ဗျာ။ အခုတော့ ကြက်တွေက အရင်လိုမဟုတ်တော့ဘူးထင်တာပဲ သူတို့ကို ပြေးေ
စချင်လို့ “ဟူး”လို့အော်လိုက်ရင် တောင်ကြည့်၊ မြောက်ကြည့် ကြည့်ပြီးမှ ပြေးတာဗျ။ ကြက်လည်တွေ
နေမှာပေါ့နော်။) :)
နောက်တစ်ခုကတော့ ကြက်တွေ အိပ်တန်းတက်တဲ့အခါ အပင်တွေပေါ်၊ အမြင့်ပေါ်တက်အိပ်တာများ
တယ်လေ။ အဲလို ကြက်အိပ်နေတဲ့ အိပ်တန်းကို အောက်က ကင်းက ပတ်ပြီးသွားရင် ကြက်အလိုလိုေ
သတယ်ဗျ။ ဘာသဘောလည်း ဆိုတာတော့ ကျွန်တော်ကိုယ်တိုင် စဉ်းစားလို့မရသေးပါဘူး။ အဲဒါက
ကင်းရဲ့ အစွမ်းပေါ့။ နောက်တစ်ခုက နွားအိပ်နေတဲ့အခါ ကြက်က ကြက်ချေးပါချရင် အဲဒီနွား ကြက်ချေ
းထိတဲ့နေရာမှန်သမျှ အမွှေးတွေ အကုန်ကျွတ်ပြီး အကွက်ကြီးကျန်နေခဲ့ပါတယ်။ (နွားထတဲ့အခါမှာပါရ
င်လည်း ဖြစ်ပါတယ်။ များသောအားဖြင့် ညရောက်မှသာလျှင် ကြက်တွေ အိပ်တက်တဲ့အတွက်ကြောင့်
နွားအိပ်တဲ့အခါလို့ ပြောလိုက်ရတာပါ။ တော်ကြာ..တစ်မျိုးထင်သွားမှာဆိုးလို့ပါ။) နောက်တစ်ခုကတေ
ာ့ ကြက်ရဲ့ ဆေးအစွမ်းပေါ့...။စကားမပီတဲ့ လူတစ်ယောက်ကို ကြက်ဖင်စီဘူး ကျွေးရင် စကားပီတယ်
တဲ့ဗျာ။ စကားမပီတဲ့သူတွေ ရှိရင်တော့ ကြက်ဖင်စီဘူး များများစားပေါ့ဗျာ။:P

အဲဒါလေးတွေကတော့ ဗဟုသုတပေါ့ဗျာ။ ခဏက ကြက်ဇာတ်လမ်းကို ပြန်ဆက်ရမယ်ဆိုရင် ကြက်မ
မှ မဟုတ်ဘူး ဘယ်တိရစ္ဆာန်မျိုးမဆို သား၊သမီးတွေ အပေါ်မှာ မေတ္တာထားတတ်ကြတာကို အခုအသ
က်ကြီးလာတော့ ပိုသိလာရပါတယ်။ တိရစ္ဆာန်တွေတောင် သား၊သမီးတွေ အပေါ်မှာ မေတ္တာတွေ ထား
နိုင်ကြပြီးမှ အသိဥာဏ်ရှိလှပါတယ်ဆိုတဲ့ လူတွေက တစ်ခါတစ်လေမှာ ရက်စက်ကြမ်းကြုတ်တာတွေ
တွေ့ရတော့ စိတ်မကောင်းဖြစ်မိရတာလည်း အကြိမ်ကြိမ်ပါပဲ။ ဘယ်သူနဲ့ ဘယ်သူဖြစ်လို့ အခု ကိုယ်ဝ
န်ဖျက်ချလိုက်တယ်တဲ့။ ဟယ်...အဖေ မပေါ်လို့(လင်ကောင်မပေါ်လို့) ကလေးကို သွားစွန့်ပစ်လိုက်တ
ယ်တဲ့။ ဟယ်...ကောင်လေးက ပိုက်ဆံမရှိလို့၊ မျိုးရိုးမကောင်းလို့ ကောင်မလေးရဲ့ မိဘတွေက ခွဲလိုက်
တယ်တဲ့..အခုတော့ ကောင်မလေးက ဗိုက်ပေါ်လာလို့ဖျက်ချလိုက်တယ်တဲ့ ဆိုတဲ့ လူမဆန်တဲ့ လုပ်ရပ်
ပေါင်းမြောက်များစွာကို ကြားဖူးကြပေလိမ့်မည်၊ တွေ့ဖူးကြပေလိမ့်မည်။ ကျွန်တော်ကတော့ အဲလိုလူမျို
းတွေကို တကယ်ရှုတ်ချပါတယ်။ အစကတည်းက မတွေးခေါ်ကြပဲနဲ့ အချစ်ကို ကိုးကွယ်လို့တို့၊ ရာဂကို
မထိန်းချုပ်နိုင်လို့တို့အဲလိုမျိုးဆင်ခြေတွေကိုတော့ အရမ်းမုန်းမိပါတယ်။ ဖြစ်သွားပြီးမှတော့ အပြစ်မရှိတဲ့
ရင်သွေးလေးကို ဒုက္ခမရောက်ကြပါစေနဲ့။ ကိုယ့်မိုက်ပြစ်အတွက် ကိုယ်ပြန်ခံရတာမဆန်းပါဘူး။ ကိုယ်
လုပ်တဲ့ကံ ကိုယ့်ထံပြန်တာပေါ့လေ။ အထူးသဖြင့်တော့ မိန်းကလေးတွေ အချစ်နဲ့ တွေ့တဲ့အချိန်မှာသေ
ချာ ဂရုစိုက်သင့်ပါတယ်။ ယောက်ျားလေးနဲ့ မိန်းကလေး ချစ်နယ် ကျွံမိသွားရင်တော့ မိန်းကလေးပဲဒုက္ခ
ရောက်ရတာပါ။စကားပုံတောင်ရှိသေးတာပဲ “ဆူးပေါ်ဖက်ကျလည်း ဖက်ပဲပေါက်တယ်၊ဖက်ပဲဆူးကျတေ
ာ့လည်း ဖက်ပဲပေါက်တယ်”တဲ့။ နိဂုံးချုပ်ရမယ်ဆိုရင်တော့ ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ်ေ
ဆွမျိုးသားချင်း၊ကိုယ့်မိဘ၊ ကိုယ်ကိုယ်တိုင် သိက္ခာမငြိုးနွမ်းပါစေနဲ့။ သား၊သမီးတွေ မိဘမေတ္တာ အပြည့်
အ၀ ရကြပါစေ။ မိခင်တိုင်းလည်း မိခင်ပီသပြီး၊ ဖခင်တိုင်းလည်း ဖခင်ပီသနိုင်ကြပါစေ။
(မှတ်ချက်=မည်သူကိုမျှ မရည်ရွယ်ပါ..)
ဒီပို့စ်ကို ရေးရတဲ့ ရည်ရွယ်ချက်ကတော့ မိဘတိုင်း သား၊ သမီးတွေအပေါ်မှာ မေတ္တာထားနိုင်ပြီး၊ ရက်စ
က်ကြမ်းကြုတ်တဲ့ မိဘတွေ မဖြစ်စေလိုသောကြောင့် ရေးသားခြင်းဖြစ်ပါသည်။
(ကျွန်တော့်ရဲ့ရေးသားချက်များအဓိပ္ပါယ်မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း
ဝန်ခံအပ်ပါတယ်ခင်ဗျား။)
စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်......
ရာဇာ(ကျေးတောသားလေး)
15.3.2011




2 comments:

Unknown said...

မင်္ဂလာနံနက်ခင်းလေးပါ ကြက်ကျောင်းသားလေးရေ၊ အဲ ..ကျေးလက်သားလေးရေ၊ မှန်တယ်၊ အမေဆိုတာ သားသမီးအတွက်ဆို ကိုယ့်အသက်တောင် စွန့်တတ်ကြတာ။ ဘယ်သူမှ မငြင်းနိုင်ဘူး၊ အဲဒါလက်တွေ့ပဲလေ။ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတာက လက်တွေ့မဆန်ဘူး၊ အေးချမ်းပါစေ။

ရွှေရတုမှတ်တမ်း said...

ကြက်မတန်းလေးတွေနဲ့ပဲ မေတ္တာမျှခဲ့ရတာ ကြာပါပြီကွယ်...

Post a Comment