Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Monday, March 7, 2011

နောင်တမရတဲ့သားမိုက်


"ဟူး"ပူလိုက်တဲ့နေ ဘယ်ချိန်များမှအေးပါ့မလဲ။ ဒီအတိုင်းဆိုရင်တော့ သတ္တ၀ါတွေသေကုန်လိမ့်မယ်။ ငါ့မိန်းမ
မယ်ခင်ဘယ်လိုများနေပါ့မလဲ"။ဘိုးဇံဆရာဝန်သွားပင့်ရင်း နေအရမ်းပူတာကြောင့် ငြီးရင်း ရောဂါသည်မိန်းမကြီး
ကိုသတိတရနဲ့ရေရွတ်လိုက်ပါသည်။"ဒီအတိုင်းထိုင်နေလို့မဖြစ်ဘူး မယ်ခင်က နေတော်တော်မကောင်းနေတာ။
သားလေးတစ်ယောက်ရှိပြန်တော့လည်း အားမကိုးရဘူး။ ကိုယ့်အမေဒီလောက် နေမကောင်းဖြစ်နေတာကိုပြ
န်ကြည့်ဖော်မရတဲ့အကောင်..ဒီကောင်နဲ့တော့တော်တော်ခက်နေပါပြီ"။ ဘိုးဇံ တောင်တွေး၊မြောက်တွေးနဲ့ ဆ
ရာဝန်နေတဲ့ရွာကို ရောက်မှန်းမသိရောက်လာပါသည်။ သူ လျှောက်လာတဲ့ခရီးက(၃)မိုင်လောက် ဝေးခဲ့တ
ာဆိုတော့ ရေကလည်းအရမ်းဆာနေပြီလေ။ ရွာထိပ်ကရေချမ်းစင်လေးတွေ့တာနဲ့ ရွာထဲကိုမ၀င်သေးပဲရေချမ်
းစင်လေးနားကပ်ပြီး အိုးမှုတ်ခွက်ကိုင်းလေးကိုလှမ်းဆွဲပြီး ရေတစ်ခွက်ခပ်သောက်လိုက်ပါတယ်။ "အား..အေး
လိုက်တာအမောကိုပြေသွားတာပဲ။ ရေချမ်းစင်အလှူရင်ရော၊ ရေဖြည့်တဲ့သူတွေရောဒီရေးလေးလို အမြဲတမ်း
အေးချမ်းနိုင်ပြီးဘ၀အမောတွေပြေပျောက်နိုင်ပါစေ..."။ ဘိုးဇံဆုတွေတောင်းရင်း မျက်ရည်လေးကလည်းလ
ည်ပြီး ပါးစပ်ကလည်းဆုတွေတစ်ခုပြီးတစ်ခုပေးနေပါသည်။


 

"ဘိုးဇံ နေပူကြီးထဲဘာလာလုပ်တာလဲဗျ"။"သြော်..ငခွေးပါလား..မင်းအရီးခင်နေမကောင်းလို့ဆရာဝန်လာပင့်
တာကွ"။"အာ.ဘိုးဇံကလည်း နေပူကြီးထဲလာရသလားဗျ ကိုညိုပိန်းကိုလွှတ်လိုက်ရောပေါ့"။အဲဒီကောင်ကဘ
ာများအားကိုးရလို့လည်းငခွေးရာ မင်းသိတဲ့အတိုင်းပဲ သောက်လိုက်၊ စားလိုက်၊မိဘကိုရစ်လိုက်နဲ့ပဲ အချိန်ကုန်
နေတာလေ"။"ဟုတ်ပါ့ဗျာ..ကိုညိုပိန်းကလည်းအတော်ဆိုးသာကိုးဗျ"။"အေးကွာ..ငါတို့အပြစ်တွေပါ။သားလေး
တစ်ယောက်ထဲမွေးထားတယ်ဆိုပြီး အလိုလိုက်ထားတော့ ပိုဆိုးတာပေါ့ကွာ။ အခုကျတော့လည်း အပေါင်းသ
င်းအစုံနဲ့ ပေါင်းပြီးပျက်စီးနေပါပြီကွာ"။ဘိုးဇံတစ်ယောက်မျက်ရည်လေးသုတ်ပြီးပြောပြရှာပါသည်။ "ဘိုးဇံဒါဆို
အိမ်ကိုလိုက်ခဲ့အုံးလေဗျာ"။"မလိုက်တော့ပါဘူးငခွေးရာ မင်းအရီးကတော်တော်လေးဖြစ်နေရှာတာ ဆရာဝန်မြ
န်မြန်ပင့်ပြီးပြန်ရမှာပါကွာ"။"ဒါဆိုဒီလိုလုပ်လေဘိုးဇံ ကျုပ်ဆရာဝန်ပင့်ပြီးစက်ဘီးနဲ့လိုက်ပို့လိုက်မယ်။ ဘိုးဇံနေ
ာက်ကလိုက်ခဲ့လေ အခုဆရာဝန်ဆီသွားရအောင်"ဆိုပြီးဘိုးဇံနဲ့ကိုခွေးတို့ထွက်သွားကြပါသည်။

"ဟာ.နေပူလိုက်တာ မောင်ခွေးရာဘယ်လိုဖြစ်လာတာလဲ"။"ဒီလိုပါဆရာလေးရယ် အဘနာမည်က ဘိုးဇံလို့ခေါ်
ပါတယ်။ ဟိုနေပူကုန်းရွာကပေါ့..သူ့မိန်းမနေမကောင်းလို့ ဆရာလေးကိုလာပင့်တာပါ။ "ဒါဆိုဘိုးဇံက ဘာနဲ့လ
ာတာလဲ ငခွေး"။"ဘိုးဇံကအသက်ကလည်းကြီး၊ ဘီးကလည်းမစီးတတ်တော့ ကုန်းကြောင်းပဲလျှောက်လာတာပ
ါ"။ "ဒါနဲ့ ဘိုးဇံမှာသား၊ သမီးတွေမရှိဘူးလားဗျ"။"ပြောရမှာရှက်တောင်ရှက်ပါတယ်ဆရာလေးရယ်။ကျုပ်မှာသား
တစ်ယောက်ရှိပါတယ်။ သူ့နာမည်က ညိုပိန်းတဲ့..ကျုပ်တို့မှာသား၊ သမီးကသူတစ်ယောက်ပဲရှိတာဆိုတော့ အ
လိုလိုက်ထားမိပါတယ် ဆရာလေးရယ်။ အခုတော့ ကျုပ်လက်မြှောက်အရှုံးပေးထားရတဲ့ သားမိုက် တစ်ယော
က်ဖြစ်နေပါပြီ"။ ဘိုးဇံဝမ်းခေါင်းသံကြီးနဲ့ပြောရင်း မသိမသာမျက်ရည်လေးကို သုတ်လိုက်ပါတယ်။ "ဘိုးဇံအမျို
းသမီးကဘယ်လိုဖြစ်တာလဲ ပြောပါအုံးဗျ..."။ "ကျုပ်အမျိုးသမီးက မျက်စေ့ကွယ်နေသယ်လေ။အခုဟာကဖျား
တာ တစ်လလောက်ရှိနေပြီ မသက်သာလို့ဆရာလေးကို လာပင့်ရသာပါ"။"ဘိုးဇံ ဒါဆို ကျွန်တော် ငခွေးနဲ့ရှေ့က
နေသွားနှင့်မယ်.. ဘိုးဇံ နောက်ကဖြည်းဖြည်းလိုက်ခဲ့နော်။ ဘာမှမပူပါနဲ့ ဘိုးဇံအမျိုးသမီး သက်သာသွားမှာပါ"။
ဆရာဝန်အားပေးစကားပြောပြီး မောင်ခွေးနဲ့ စက်ဘီးတစ်စီးစီ စီးပြီးသွားနှင့်ပါတော့သည်။

"အရီးခင် ဒီမှာ ဆရာဝန်ပါလာပြီ ဘာမှမပူနဲ့တော့နော်...အရီးဖြစ်နေတဲ့ရောဂါ ယူပစ်သလိုပျောက်သွားမှာဗျ"။
"မင်းကဘယ်သူတုန်းကွဲ့ ချောင်းလေးတဟွတ်ဟွတ်ဆိုးရင်း အရီးခင်မေးလိုက်ပါသည်"။ကျုပ်ငခွေးလေ အရီးရဲ့"
...။"သြော်..ငါ့တူကြီးကိုး။ဒါနဲ့ ကိုဖိုးဇံရော ဘယ်မှာတုန်း ငခွေးရဲ့"။ဘိုးဇံကနောက်ကလိုက်လာပြီအရီးရ"။"အရီး
ခင် ဘယ်လိုနေလဲပြောပါအုံး" ဆရာဝန်လေးက မောင်ခွေးခေါ်သလိုပဲခေါ်လိုက်ပါသည်။ "ဖျားသာပါ ဆရာဝန်ေ
လးရယ် တစ်လလောက်ရှိနေပြီ ။ ကျုပ်ကဆေးသောက်ရမှာ၊ ဆေးထိုးရမှာကြောက်လို့ အင်္ဂလိပ်ဆရာဝန် မပင့်
ခိုင်းသာပါတော်။ အဲဒါကို ကျုပ်ယောက်ျား ကိုဖိုးဇံကဇွတ်ထွက်သွားသာပဲတော်..တားလို့ကိုမရပါဘူး။"အရီးခင်ရ
ယ်အနာသိရင် ဆေးရှိပါတယ်။ ဆေးထိုးတယ်ဆိုတာလည်း ဆူးစူးသလောက နာတာမဟုတ်ပါဘူး။ ကုပြီးလို့ပေ
ျာက်သွားရင်ပြီးပြီလေ အရီးရ"။" အဲဒါတွေမသိပေါင်တော်_ ကျုပ်အရင်က၊နုပျိုစင်တုန်းကတော့ အခိုးထုတ်ဆေး
လေးသောက်ပြီးအိပ်လိုက် အိပ်ယာထရင် တန်းပျောက်သာတော်"။ အရီးခင် ငယ်ဘ၀ အကြောင်းကို အားရပ
ါးရပြန်ပြောနေပါသည်။ "ကိုင်း..အရီးပက်လက်လှန်ပြီးအိပ်လိုက်နော်"။အရီးခင် ပြောတဲ့အတိုင်းအိပ်ယာပေါ်ကို
လက်ကလေးနဲ့စမ်းပြီး လှဲအိပ်လိုက်ပါသည်။"အရီးခင်က လူကြီးဆိုတော့ အားနည်းပြီးဖျားတာပါ။ နေကလည်းပူ
တယ်လေ။ အဲတော့ အားရှိတာကိုများများစားပေး ကျွန်တော်ဆေးတစ်လုံးထိုးပေးခဲ့မယ်။ နောက်ပြီး စားဆေး
ပေးခဲ့မယ်"။"ငခွေးရေနွေးအိုးလေးတည်ကွာ..အရီးခင်ကို ဆေးထိုးပေးရအောင်"။"ဟုတ်ကဲ့ဆရာလေး"။ကိုငခွေး
မီးဖိုချောင်ထဲကိုဝင်ပြီး ရေနွေးအိုးတည်လိုက်ပါသည်။ ရေနွေးအိုးတည်ရင်း အရီးခင်တို့ သားအမိသုံးယောက်ဘ
ာတွေများ ချက်ပြုတ်စားသောက်သလဲဆိုတာကို စနည်းနာလိုက်ပါတယ်။ ထမင်းစားခုံပေါ်မှာ မှောက်ထားတာ
က ပဲပြုတ်ဆီဆမ်းလေးနဲ့ ဆီမပါတဲ့ခရမ်းချဉ်သီးချက်လေးကိုတွေ့လိုက်ပါတယ်။ "သြော်..အရီးတို့ဘ၀ တယ်
ဆိုးလှပါလားဗျာ။ မိအို၊ဘအိုကြီးတွေကို လုပ်မကျွေးတဲ့ သားမိုက်တစ်ယောက်ကြောင့်လည်း ခက်ပါတယ်လေ"။


"ဗျို့အမေ..ကျုပ်ကိုပိုက်ဆံပေးအုံးဗျာ..ဒီမှာ ကျုပ်မိတ်ဆွေတွေရောက်လာလို့ ထန်းရည်တိုက်မလို့ဗျာ"။ကိုညိ
ုပိန်းတစ်ယောက် မူးကြောင်၊ရူးကြောင်နဲ့ အမေအို လူမမာမိဘကြီးဆီကို ပိုက်ဆံအော်တောင်းနေပါသည်။ ကိုင
ခွေး- ညိုပိန်းအကြောင်းကို စဉ်းစားနေစဉ်မှာပဲ..ကိုညိုပိန်း မူးအော်နေသံကိုကြားလိုက်လို့အတွေးစများလွင့်စင်ေ
ပျာက်ကွယ်သွားပါတယ်။"ဟာ..ညိုပိန်း မင်းအမေ နေမကောင်းလို့ ဆရာဝန်ပင့်ထားရတာကိုသိရဲ့လား။ မင်းမိ
ဘကို မပြုစု၊မလုပ်ကျွေးဘူးဆိုရင်တောင် ဒုက္ခတော့မပေးသင့်တော့ပါဘူးကွာ"။"ဟေ့ကောင်..ငခွေး မင်းဝင်ပြီး
လျှာမရှည်စမ်းနဲ့ကွာ။ ငါ့အမေကို ငါတောင်းနေတာ မင်းနဲ့ဘာဆိုင်လို့တုန်းကွ။ ငါ့အမေ ဖျားတာကကြာပြီ ဘာ
မှဖြစ်ဘူး...မင်းဓါတ်သားမကောင်းပဲနဲ့ ပုံကြီးလာချဲ့မနေစမ်းပါနဲ့ကွာ"။"ငါ..မင်းအတွက်ပြောနေတာ ညိုပိန်းရမ
င်းအသိတရားရှိစမ်းပါကွာ။ ဟိုထဲမှာ ဆရာဝန်လေးလည်းရှိတယ်.. ဘယ်လောက်တောင် အားနာဖို့ကောင်းလ
ည်းလို့ မင်းတွေးကြည့်စမ်းပါအုံး"။ အဲဒီအချိန်မှာဆရာဝန်လေး အပြင်ထွက်လာပြီး"ငါ့ညီ မင်းအမေ နေမကောင်
းနေတာကွာ။ အခုချိန်မှာ မင်း ဒါမျိုးမဖြစ်သင့်ဘူး...ကျန်တဲ့အချိန်မှာ မင်း ဆိုးချင်သလောက်ဆိုးလို့ရတယ်။မင်း
အမေကို စိတ်ဆင်းရဲအောင်၊ စိတ်မကောင်းဖြစ်အောင်တွေ မလုပ်ပါနဲ့လား။ အခုချိန် မပြောကောင်း မဆိုကော
င်း မင်းအမေ သေသွားမယ်ဆိုရင် မင်းစိတ်နဲ့အပါယ်ကို သွားလိမ့်မယ်"။ "ဆရာဝန်လေးကိုအားနာပါတယ်ဗျာ....
ဒါပေမဲ့ ကျုပ်ကို တရားလာမဟောနဲ့ဗျာ..ကျုပ်လိုကောင်က မိုးပေါ်ကသိကြားမင်းကြီးဆင်းချွတ်ရင်တောင်ကျွ
တ်မှာမဟုတ်တော့ဘူးဗျ...ဟား.....ဟား....ဟား.."ကိုညိုပိန်းတစ်ယောက် အာလေး လျှာလေးနဲ့ အော်
ရယ်နေပါတော့သည်။" ပိုက်ဆံရမလားလို့ အိမ်ပြန်လာတယ် တရားဟောမဲ့ဘုန်း ကြီးဆရာဝန်နဲ့ လာတွေ့နေေ
သးတယ်။ဖွီ...သွားမယ်၊ကိုယ့်ဟာကို အကြွေးသောက် မူးပြီးအိပ်..ဒါပဲကောင်းတယ်"ကိုညိုပိန်းတစ်ယောက်ယို
င်ထိုးယိုင်ထိုးနဲ့ ထွက်ခွါသွားပါတော့သည်။

"ဆရာဝန်လေးရေ အားနာလိုက်သာဗျာ...ညိုပိန်း ဘယ်လောက်ဆိုးတယ်ဆိုတာ ဆရာဝန်လေးမျက်မြင်ပါပဲ
ဗျာ။အဲလိုဆိုးလွန်းလို့လည်း မိဘတွေက ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ကုန်ကြတာပေါ့။ သူ့ကြောင့်ပဲ အရီးခင်မျက်ေ
စ့ကွယ်ရတာလေ။သူမူးလာတိုင်း ငိုရလွန်းလို့မျက်စေ့ကွယ်သွားရတာဗျ"။ ဆရာဝန်လေး စိတ်မကောင်းတဲ့ကြ
ားကပဲပြုံးလိုက်မိပါသည်။ သူတို့အတွေးနဲ့သူတော့ ဟုတ်နေတာပဲ ငိုလွန်းလို့မျက်စေ့ကွယ်သွားသတဲ့လေ....
"ရေနွေးရရင်ယူခဲ့တော့ ငခွေးရေ_ အရီးခင်ကိုဆေးထိုးရအောင်"။အရီးခင်တစ်ယောက်ကတော့ မျက်စေ့ကွယ်
လည်း ငိုနေရတုန်းပါလေ။ဆရာဝန်လေးရှေ့မှာတောင် ရူးကြောင်၊မူးကြောင်တွေပြောနေတဲ့ သားမိုက်ကြောင့်
ရှက်လည်းရှက်၊ဒေါသလည်းထွက်ပြီးငိုနေရတဲ့အရီးခင်ရယ်ပါ။ "အရီးရယ် စိတ်မကောင်းမဖြစ်ပါနဲ့ ကိုညိုပိန်း
ကသဘောကောင်းမဲ့ပုံပါ။ သူ့ကိုကျွန်တော်ပြုပြင်ပေးပါမယ် မငိုနဲ့တော်နော်အရီးခင်" ဆရာဝန်လေးနှစ်သိမ့်စ
ကားဆိုလိုက်ပါတယ်။"ရမယ်မထင်တော့ပါဘူး ဆရာလေးရယ် သူ့အတွက်နဲ့ အသေတောင်မဖြောင့်နိုင်တော့
ပါဘူး".အရီးခင်ငိုပါတော့သည်။"အရီးခင်ဆေးထိုးမယ်နော်..၀မ်းလျားလေးမှောက်လိုက်"။ဆရာလေးရယ်ကျု
ပ်ကြောက်လိုက်သာတော်"။မနာပါဘူး အရီးခင်ရာ ကျုပ်တို့တောထဲက ဇီးဆူးစူးသလောက်တောင်မနာဘူး"ကို
ငခွေးဝင်ပြောလိုက်ပါသည်။"ငခွေးရယ် မနာဘူးဆိုပေမဲ့လည်း ကြောက်သာပေါ့ဟယ်"။ အရီးခင် စကားလေး
ပြောနေတုန်း ဆရာဝန်လေးဆေးထိုးလိုက်ပါသည်။"ကိုင်း..နာသလားအရီးခင် ဆေးထိုးပြီးသွားပြီ။ဟယ်..ဟု
တ်သလားဟဲ့ ဒီလို မနာမှန်းသိရင် ဆေးခေါ်ထိုးပြီးသာကြာပြီတော်"။"ဘယ်လောက်လောက်နာသလဲအရီးခင်"
ကိုငခွေးကမေးလိုက်ပါသည်။"မနာပါဘူး ငခွေးရယ် ရှားဆူး စူးမိတာကမှအဆိပ်ပြင်းလို့နာသေးတယ်" အရီး
ခင် အဲလိုပြောလိုက်တော့ ဆရာဝန်လေးနဲ့ ကိုမောင်ခွေးတို့ ရယ်လိုက်ကြပါသည်။

"ဘာတွေများ သဘောကျနေတာလဲငခွေးရ" ဘိုးဇံပြန်ရောက်လာပြီးမေးလိုက်ပါသည်။"ဒီလိုဘိုးဇံရေ အရီးခင်
က ဆေးထိုးရတာ ရှားဆူး စူးသလောက်မနာဘူးပြောလို့ရယ်နေကြတာဗျ"။"ဘိုးဇံမြန်လိုက်တာဗျာ"ဆရာဝန်ေ
လးက မေးလိုက်ပါသည်။"မြန်ဆိုဆရာလေးရယ် ကျုပ်မနားတမ်းပြန်လာသာကိုးဗျ။ မယ်ခင်ကိုစိတ်မချလို့လေ..
"ဘိုးဇံပြုံးစ,စနဲ့ဖြေလိုက်ပါသည်။"မပူပါနဲ့ ဘိုးဇံရာ အရီးခင်ကအားနည်းနေလို့ပါ။ အားရှိတဲ့အစားအစာတွေများ
များကျွေးဗျာ။ကျွန်တော် အားဆေးတစ်လုံးနဲ့ လိုအပ်တဲ့ဆေးတွေကိုထိုးပေးခဲ့တယ်။ အားဆေးလည်း ပေးခဲ့မ
ယ်ပုံမှန်တိုက်ပေါ့ဗျာ"။"ကျေးဇူးတင်လိုက်တာဆရာလေးရယ်.. မယ်ခင်က ဆရာပေးတဲ့အသက်ပဲရှိတော့တာပါ
ဗျာ။ မျက်ရည်လေး စမ်းတမ်းစမ်းတမ်းနဲ့ "ဘိုးဇံပြောနေပါသည်။"ရပါတယ်ဘိုးဇံရယ် ကျွန်တော်တို့လို ဆရာဝန်
တွေဆိုတာ နေမကောင်းတဲ့သူတွေကိုကုဖို့ပါဗျာ"။"အေးပါကွယ်...ဆရာဝန်လေး ကျန်းမာပါစေ၊ ချမ်းသာပါစေ
ဗျာ"။ဘိုးဇံဆုတွေပေးနေပါသည်။"ဆရာဝန်လေး ဆေးဖိုးဘယ်လောက်ပေးရမလဲ..."။"ရပါတယ် ကျွန်တော်က
ကုသိုလ်လုပ်တယ်လို့ပဲ သဘောထားပါ မယူတော့ပါဘူး"။ "အားနာလိုက်သာဆရာလေးရယ်.."အရီးခင်မျက်ရ
ည်တွေသုတ်ရင်း ပြောလိုက်ပါသည်။ "ကိုင်း..ဘိုးဇံရော၊အရီးခင်ရော ကျွန်တော်ပြန်တော့မယ်နော်။ သဘက်
ခါမှ ပြန်လာခဲ့မယ်"။"ရပါသယ်ဆရာလေးရယ် အခုတောင်သက်သာနေပါပြီ"အရီးခင်ကပြောလိုက်ပါသည်။ "အ
ရီး ဒီမှာ စားချင်ရာဝယ်စား ညိုပိန်းတောင်းရင်လည်းမပေးနဲ့..အရီးကအားနည်းနေတာဆိုတော့ အစာစားမှအား
ရှိပြီးမြန်မြန်ပျောက်မှာ"။"အေးပါ.ငခွေးရယ်ငါမပေးပါဘူး"။"ကိုင်း-ဒါဆိုကျုပ်ပြန်မယ်နော်"။"အေးအေး..ငါ့တူ"။


ညနေရောက်တာနဲ့ မှောင်လာတာက အရင်နဲ့မတူ။ မိုးလေးကအုံ့ပြီး လေက တဖြူးဖြူးတိုက်နေပါတယ်။ အဲဒီ
အချိန်မှာ အာလေး၊ လျှာလေးနဲ့သီချင်းအော်ဆိုရင်း ကိုညိုပိန်းတစ်ယောက် သူ့အိမ်ကိုပြန်လာပါသည်။
"စိတ်ညစ်လို့အရက်ကိုသောက်တယ်..အရက်သောက်တော့စိတ်သိပ်ညစ်တယ်..အကြောင်းရှာတော့..ခေါင်း...
..မှာချာချာလည်... ဟောဒီ..ညိုပိန်းခေါင်းကြီးချာချာလည်...တစ်ခုပဲသိတယ်..."။"၀ုတ်..၀ုတ်..၀ုတ်.."
ဒီခွေးက သေချင်လို့ငါ့ကိုဟောင်နေတာ.. ငါ -ိုး မခွေး နင်ကဘယ်လောက်သတ္တိရှိလို့ ငါ့ကိုလာဟောင်နေရတ
ာတုန်းကွ..သတ္တိရှိရင်ထွက်ခဲ့စမ်း..ညိုပိန်းနဲ့ ပြိုင်ကိုက်မလားလို့"။"၀ုတ်..၀ုတ်..၀ုတ်..။အူ..၀ူ..အူ....၀ူ"ပါတ်
ဝန်းကျင်ကခွေးတွေပါ ၀ိုင်းလာပါသည်။ "ဒီလောက်ဆိုးတဲ့ခွေး ကိုင်းဟာ...မကောင်းသူထိပ်.....ကောင်းသူထိပ်"
ခဲနဲ့ပစ်လိုက်ပါသည်။"ကိန်...ကိန်...ကိန်...ဝေါင်း...ဝေါင်း...ဝေါင်း.."ခွေးတွေကလည်း ကျားစီးဝါးစီးနဲ့ကိုဟေ
ာင်နေပါတယ်။ကိုညိုပိန်းတစ်ယောက်လည်းခွေးတွေနဲ့ဖက်ပြီးရန်ဖြစ်နေပါသည်။ မူးလာရင်အရူးနဲ့တူတူပဲဆိုတာ ဒါပဲဖြစ်ပါ
လိမ့်မည်။

"ကိုမောင်ဇံ လုပ်ပါအုံး အဲဒါတော့သားညိုပိန်း မူးပြီးပြန်လာသာ သွားခေါ်ပါ ကိုမောင်ဇံရဲ့.ဟီး.ဟီး..ဟီး"။"အေး
ပါဟာ ငိုမနေပါနဲ့မယ်ခင်ရာ ဒီလိုချိန် ခွေးတွေဟောင်နေပြီဆိုကတည်းက နင့်သားပြန်လာပြီဆိုတာသိပြီးသား"။
"အင်းပါတော်...မြန်မြန်သွားခေါ်ချေပါ၊ ကြာရင်ပါတ်ဝန်းကျင်က မျက်မုန်းကျိုးပြီးသတ်ကြလိမ့်မယ်"။ "ဟေ့..ဒီရွာ
ထဲက မိုက်တဲ့ခွေး ထွက်ခဲ့ကွ ညိုပိန်းနဲ့ ယှဉ်ကိုယ်မယ်လို့..ဟား..ဟား..ဟား...ဘယ်ခွေးမှ ထွက်မလာရဲတေ
ာ့ဘူးလား၊ ညိုပိန်းကို မယှဉ်ရဲကြတော့ဘူးလား။ ထွက်ခဲ့ပါ ဘယ်ခွေးမှကို လူမထင်ဘူး၊ ဘယ်လူမှလည်း ခွေးမ
ထင်ဘူး...ညိုပိန်းကွ-တစ်ရွာလုံးမှာ တစ်ယောက်ပဲရှိတယ်...မိုက်တဲ့သူထွက်ခဲ့ကွ"ပါတ်ဝန်းကျင်ကို ညိုပိန်း စိမ်
ခေါ်နေပါသည်။ "ဟေ့ကောင်...ညိုပိန်း"ဘိုးဇံ လှမ်းခေါ်လိုက်ပါသည်။ "အဲဒါဘယ်သူလဲကွ..မိုက်လို့ ငါ့နာမည်
ကိုခေါ်တာလား...သတ္တိရှိရင် ညိုပိန်းနားရောက်အောင်လာစမ်းပါ...ညိုပိန်းနဲ့တွေ့မယ်"။ အဖေကို စိမ်ခေါ်နေ
တဲ့ သားအလိမ္မာတုံး ကိုညိုပိန်းပေါ့ဗျာ။"ဟေ့ကောင်..ငါမင်းအဖေ..ငဇံကွ.. ငဇံ သိရဲ့လား။ အဖေ..အဖေမှန်း
မသိ၊ မိဘ..မိဘမှန်းမသိ။ ငါတို့မရှိတော့ရင် မင်းတော့ဒုက္ခလှလှကြီးတွေ့မယ်ညိုပိန်းရ.."ဘိုးဇံ သားဖြစ်သူကို
ဂရုနာသက်စွာပြောရင်း အနားသို့ကပ်လာပါသည်။"ဟယ်.....ညိုပိန်း...ငါ့သားလေး..ထမင်းဆာလာပြီလား။အ
မေထမင်းခူးကျွေးမယ် အိမ်ကိုပြန်ရအောင်နော်...ငါ့သားကလိမ္မာတယ်"။ "အမေလိမ်တယ်..နေ့လည်တုန်းကပို
က်ဆံပေးရမှာဆိုးတော့ နေမကောင်းဘူးတဲ့။ အခုတော့ မှောင်နဲ့မည်းမည်းတည်းမှာတောင် သွားလာ၊ နေသေး
တယ်။ ဒါနဲ့များ လူမမာတဲ့ ဘယ်လိုယုံရမှာလဲ ဒေါ်ခင်ရ ပြောပါအုံးဗျ"။ ကိုညိုပိန်းလူစိတ်ပျောက်နေပြီဆိုတာတော့
အသေအချာပင်။ "မိုက်ရိုင်းလိုက်တာ လူကမွေးတဲ့ခွေး..မင်းကိုစိတ်ပူလို့၊ စိတ်မချလို့ မင်းအမေလိုက်လာတာကွ
သိရဲ့လား.. ကိုဖိုးဆောင်တစ်ယောက် နားမခံသာ၍ ပြောလိုက်ခြင်းဖြစ်ပါသည်။ "မင်းက ဘာဆိုင်လို့ ၀င်ပြော
ရတာတုန်း။ ငါ့အမေ ငါပြောချင်ရင်ပြောမယ်၊ ရိုက်ချင်ရင်ရိုက်မယ် မင်းတို့အပူတစ်ပြားသားမှမရှိဘူး"။ ကိုညို
ပိန်းတစ်ယောက် ပါတ်ဝန်းကျင်ကို ရမ်းလိုက်ခြင်းဖြစ်ပါသည်။ "အေး...မင်းတို့မိသားစုချင်းဆိုပေမဲ့ မင်းလုပ်နေ
တဲ့ပုံတွေက မဟုတ်လို့ဝင်ပြောနေတာညိုပိန်းရ"။ "တော်ပါတော့ ဖိုးဆောင်ရယ်..အရီးခင် တောင်းပန်ပါတယ်..
အရီးခင်ကို သနားရင်မပြောပါနဲ့တော့ကွယ်။ အရီးခင်တို့ကိုယ့်ဝဋ်ကြွေးနဲ့ကိုရှိပါစေတော့...ဟီး..ဟီး..ဟီး"။အ
ရီးခင်တစ်ယောက် ငိုရင်းတက်သွားပါသည်။ "အရီးခင်..သတိထားပါဗျာ..ဒီလိုဖြစ်မယ်မှန်းသိရင် အရီးခင်လို
က်ပို့ခိုင်းကတည်းက ကျုပ်လိုက်မပို့ပါဘူးဗျာ.."။ အရီးခင်ရဲ့တောင်ဝှေးကိုဆွဲပြီးလိုက်ပို့သူ ကိုထွန်းရွှေတစ်ယောက်
စိတ်မကောင်းဖြစ်ပြီးအော်နေပါသည်။

"အခုလိုဖြစ်ရတာ ကျုပ်သနားတတ်တဲ့စိတ်ကြောင့်ဖြစ်တာဗျ...။ ကျုပ်အသုံးမကျတာပါဗျာ...။
ကျုပ်သနားမိတာကျုပ်အလွန်လားဗျာ..စဉ်းစားကြည့်ကြပါအုံး"။" တော့သားမှန်းသိရင် သွားတော့လေ ကိုမေ
ာင်ဇံရဲ့ ဘာလုပ်နေသာတုန်းတော့"။ "နေ့စဉ်နဲ့အမျှကွာ ခွေးလောက်တောင် အသုံးမကျတဲ့ကောင်၊ အသိဥာဏ်မ
ရှိတဲ့အကောင် သူများသတ်လို့သေသေ၊ ကြေကြေပစ်ထားလိုက်စမ်းပါ မယ်ခင်ရာ။ သူရှိနေတော့ ငါတို့လင်မယား
နှစ်ယောက် အခုလိုပူနေရ၊စိတ်ဆင်းရဲနေရတာပဲရှိတယ်လေ။ သေသွားရင် တစ်လမ်းပဲလွမ်းရမှာမယ်ခင်ရ."။ အို
..ကိုမောင်ဇံကလည်း ဘယ်လောက်ပဲဆိုးဆိုးတော် ကျုပ်က ၀မ်းနဲ့လွယ်ပြီး မွေးထားရတဲ့ သားပါတော့..ဟီး.ဟီ
း..ဟီး..ဟီး.."။"ငါလည်း ငါ့သား ငါချစ်ပါတယ်..မချစ်လို့ပြောနေတာမှ မဟုတ်တာ ငါကြာတော့ရှက်နေပြီဟ။
ပါတ်ဝန်းကျင်ကို မျက်နှာတောင် မပြရဲတော့ဘူး"။ "အဲဒါတွေနောက်ထားပါ ကိုမောင်ဇံရယ် ခွေးဖြစ်မှတော့ မစင်ေ
ကြာက်နေလို့ မဖြစ်တော့ဘူးလေတော်။ သွားပါကိုမောင်ဇံရယ်...ကျုပ်မျက်စိသာမြင်ရင် သွားပြီးလို့ ကြာလှပြီ
..ကျုပ်မမြင်လို့ ခယပြီးခိုင်းနေရတာ..တော့ကို"။ကိုင်း..ငါသွားခေါ်ချေမယ်..မင်းငြိမ်ငြိမ်လေး ထိုင်ပြီးစောင့်နေ
ငိုမနေနဲ့ နေကောင်းတာမဟုတ်ပဲနဲ့"။ "အင်း..ဒါဆိုသွားတော့တော်..။ ကြာလိုက်တာဟယ်..သွားခေါ်တဲ့သူပါမျာ
းထပ်ပြီးမူးနေသလား မသိပါဘူး။ ငါရင်တွေပူလို့သေတော့မယ်နော်.. အရပ်ကတို့ရေ..ဟောဒီဒုက္ခိတမ မယ်ခင်
ကိုလေ_ ညိုပိန်းရှိတဲ့ဆီလိုက်ပို့ကြပါတော့..ဟီး..ဟီး..ဟီး.."။ပါတ်ဝန်းကျင်က ကိုညိုပိန်းကိုအမြင်ကတ်တော့
တုတ်တုတ်မျှမလှုပ်။"အမလေး...မယ်ခင်ကိုလေ..သနားမဲ့သူမရှိကြတော့ဘူးလား...။လာကြပါတော့ တွဲပြီးပို့ေ
ပးကြပါတော့"။"၀ုန်း..ချလွင်..လွင်.."အဲဒီအချိန်မှာ အရီးခင်တို့အိမ်က အသံတွေထွက်ပေါ်လာပါသည်။"အမေ
လေး မယ်ခင်ရဲ့ ညီးဝဋ်ကြွေးတွေမကုန်သေးဘူးလား..ညီးဆိုတဲ့ကောင်မကြီးသေမှအေးမှာဟဲ့"..အရီးခင်တစ်ေ
ယာက် ငိုကြွေးရင်းအော်နေပါတော့သည်။"ဟာ...အရီးခင်..ဘယ်နားနာသွားသေးလဲ.."။"မင်းဘယ်သူတုန်း."။
"ကျုပ်ထွန်းရွှေပါအရီးခင်ရယ်"။"သြော်..အေးထွန်းရွှေ..ငါ့ကိုလိုက်ပို့စမ်းပါကွယ်"။"အရီးခင်ကလည်း ဘိုးဇံသွား
ခေါ်နေပြီပဲ ဘာမှမဖြစ်ပါဘူး။ အရီးခင်က မမြင်မစမ်းနဲ့လေ"။"ရပါသယ် ထွန်းရွှေရယ် ငါ့ကိုလိုက်ပို့နော်.နင်လိုက်မ
ပို့ဘူးဆိုရင်လည်း ငါ့ဟာငါ အသံကြားတဲ့ဆီမှန်းသွားတော့မယ် ငါ့တောင်ဝှေးလေးသာယူပေးပါကွယ်"။ အဲဒီလိုေ
ပြာပြန်တော့လည်း ကိုထွန်းရွှေသနားသွားပြီးလိုက်ပို့လိုက်ပါသည်။"အဖြစ်ကတော့ အဲဒါပါပဲဗျာ.. အခုတော့ကျုပ်
ပယောဂတောင် မကင်းသလိုခံစားရတယ်"။ ကိုထွန်းရွှေတစ်ယောက် စိတ်မကောင်းဖြစ်ပြီးတတွတ်တွတ်ပြောနေ
ပါသည်။

"ဟဲ့..ထွန်းရွှေ စိတ်မကောင်းမဖြစ်နဲ့တော့ အရီးခင်သတိပြန်ရလာပြီ"..ပါတ်ဝန်းကျင်ကပြေးလာပြီး အကူအညီ
ပေးတဲ့ ဒေါ်ဝိုင်းတင်ကပြောလိုက်ပါသည်။"ကိုင်း..ညိုပိန်း..နင်လည်းနောက်ဆို ဒီလောက်မဆိုးနဲ့တော့ နင့်အေ
မ နင့်အတွက်နဲ့ အခုလိုဖြစ်တာနင်မြင်တယ်နော်..."ဒေါ်လုံးတင်နောက်သို့လှည့်မကြည့်ပဲပြောနေပါသည်။ "ဟဲ့
လုံးတင် နင်ပြောမနေနဲ့ ဒေ၀ဒတ်လိုမြေမြိုမဲ့အကောင်က ဘယ်ချိန်ကထွက်သွားမှန်းမသိဘူး မရှိတော့ဘူး"။ အဲ
ဒီလိုပြောလိုက်မှ ဒေါ်လုံးတင်တစ်ယောက် ညိုပိန်းမရှိတော့တာကိုသိလိုက်တာပါ။ "ကိုင်း ထွန်းရွှေ အရီးခင်ကို
မ,အိမ်ကိုလိုက်ပို့ရအောင်"။"ဟုတ်..ဒေါ်ကြီးလုံးတင်"။သူတို့တွေအိမ်ကိုရောက်တော့ ညိုပိန်းတစ်ယောက်ပိုးလိုး
ပက်လက်နဲ့ အိပ်တောင်ပျော်နေပြီလေ။"သြော်...တယ်ကြောက်ဖို့ကောင်းပါလား။ သားဆိုး၊ သမီးဆိုး၊ အမွေခံ
ဆိုးတွေနဲ့ တွေ့ရရင်တော့ဒီလိုကြည့်ပဲနေမှာပါ"။ဒေါ်လုံးတင်တစ်ယောက်ညိုပိန်းကိုကြည့်ပြီး အတွေးနယ်ချဲ့နေပါ
သည်။ "ကိုင်း...လုံးတင်တို့၊ ထွန်းရွှေတို့၊ဖိုးဆောင်တို့၊အားလုံးကို ဘိုးဇံ ကျေးဇူးတင်ပါသယ်ကွာ"။"ရပါသယ်
ဘိုးဇံရယ် တစ်ရွာထဲသားချင်းတွေပဲ.... ကျုပ်တို့ပြန်ပြီနော်..."။“အေး..အေး..အေး”။

"အမေ..ကျုပ်ချမ်းလိုက်သာဗျာ...ကျုပ်ကိုစောင်ခြုံပေးပါ။ ဟင်း...ဟင်း...ဟင်း.."။"ကိုမောင်ဇံ တော့သ
ား ညိုပိန်းဖျားနေပြီထင်တယ်တော့ ထကြည့်ပါအုံး"။ "ဟုတ်ကလား..ငါနေ့ခင်းက ဆရာဝန်သွားပင့်ထားသာဆို
တော့ ပင်ပန်းပြီးအိပ်ပျော်သွားသာ"။"ဟင်း..ဟင်း...ဟင်း..အဖေ၊အမေ ကျုပ်နေမကောင်းဘူးဗျ။ကျုပ်ကိုဆေ
းတိုက်ကျပါဗျာ။ကျုပ်ကိုပစ်မထားကျပါနဲ့ဗျာ"။" ဟုတ်တယ်..မယ်ခင်ရဲ့ မင်းသားအအေးပတ်ပြီး ဖျားတာဖြစ်မယ်
ပါးစပ်ကလည်း ငြီးနေလိုက်တာ"ဘိုးဇံတစ်ယောက် ပြောပြောဆိုဆို သူ့သားအိပ်နေတဲ့ နေရာသို့ ထသွားလိုက်
ပါသည်။ ဘိုးဇံလက်ကလေးနဲ့နဖူးကိုညင်ညင်သာသာလေး စမ်းလိုက်ပြီး..."ဟာ..ကိုယ်တွေပူနေတာ ခြစ်ခြစ်
တောက်ပါလား။မဖြစ်ဘူး ဆေးတိုက်မှရမယ်။ မယ်ခင် နင့်အခိုးထုတ်ဆေးဘယ်မှာတုန်း ညိုပိန်းဖျားနေပြီဟ"။
"ခေါင်းရင်းမှာ ဗူးလေးနဲ့ထည့်ထားသယ် ကိုမောင်ဇံ"။"အေးအေး..တွေ့ပြီဟ-ငါရေနွေးအိုးတည်လိုက်ပါအုံးမယ်
ဟာ"။ ဘိုးဇံတစ်ယောက် အမှောင်ထဲမှာ မီးခွက်လေးထွန်းပြီး ရေနွေးအိုးတည်လိုက်ပါသည်။ ရေနွေးအိုးပွက်ေ
တာ့ဆေးလေးကိုဖျော်ပြီး.."ညိုပိန်း ဆေးသောက်ရအောင်ထ"။ညိုပိန်း ပြူးတူးပျာတာဖြင့် ဘိုးဇံကိုကြည့်နေလို
က်ပါသည်။"ကျုပ်ကဘာဖြစ်လို့ ဆေးသောက်ရမှာလဲဗျ။ ကျုပ်ဒီလောက်ကလေး ဖျားတာနဲ့သေမသွားနိုင်ဘူး..
အိပ်ရေးပျက်သယ်ဗျာသွားတော့"အဖေဖြစ်သူကို နှင်ထုတ်လိုက်ပါသည်။ အိပ်ယာထဲကနေ ညိုပိန်းတို့ သားအ
ဖပြောနေတဲ့စကားသံတွေကို အရီးခင်တစ်ယောက် အတိုင်းသားကြားနေရပါတယ်။ ပြောလို့မရတဲ့အဆုံးမှာတော့
ဘိုးဇံ ဆေးခွက်ကလေးကို ထားပြီး အရီးခင်ဆီပြန်လာပါသည်။ "ကိုမောင်ဇံရယ် ညိုပိန်းကို စိတ်မဆိုးလိုက်
ပါနဲ့တော်။နေမကောင်းတဲ့သူဆိုသာ အဲဒီလိုပဲ..ဘယ်သူ့ကိုမှအလိုကျတာမဟုတ်ဘူး"။"ငါ့သိပါသယ်မယ်ခင်ရာ။
ဒါပေမဲ့ ငါစဉ်းစားမိသယ် မင်းရော ငါရောသေတဲ့အချိန်ရောက်ရင် ဒီကောင်တော့ဘယ်လိုနေရှာမလဲ.ငါတွေးပြီး
စိတ်မကောင်းဖြစ်မိသယ်ဟာ"။ အဲဒီနောက်မှာတော့ လင်မယားနှစ်ယောက်ခေါင်းချင်းဆိုင်ပြီး အတွေးကိုယ်စီ
ဖြင့်ဆေးလိပ်သောက်နေကြပါတော့သည်။

"ဟေ့..ထွန်းရွှေ..ဘိုးဇံဆုံးလို့တဲ့..နင်သိပြီးပြီလား"။"ဟာ..ဟုတ်ရဲ့လား ဒေါ်ကြီးတုတ်ရာ ညတုန်းကမှညိုပိန်းမူး
တဲ့ဆီမှာ သူရော ၊သူမိန်းမရောဗျ"။" အေးဟုတ်သယ်ဟဲ့..ညတုန်းကအကောင်းတဲ့အခုမနက်ထမှ မူးသယ၊် မူးသ
ယ်ဆိုပြီးလဲသွားသာ အသက်ပါသွားသာတဲ့"။ "သြော်...နေ့မြင်ညပျောက်၊ ကွေးသောက်လက်မဆန့်မှီ၊ ဆန့်သေ
ာလက်မကွေးမှီတဲ့ သင်္ခါရတရားကြီးများ သံဝေဂရဖို့ကောင်းလိုက်သာဗျာ"။ "ဟုတ်ပါ့ဟယ်..ကိုင်း..ကိုင်း..ငါတို့
အသုဘအိမ်သွားရအောင်"။ "အရီးခင်..ဘိုးဇံက ဘယ်လိုဖြစ်သာတုန်း။ မပြောတတ်ပါဘူးကွယ်..မူးသယ် မူးသ
ယ်နဲ့ပြောပြီး လဲသွားသာ..အသက်ပါသွားသယ်လေ"။ အားသုဘရှုတဲ့သူ ရပ်နီး၊ ရပ်ဝေးမှ မိတ်ဆွေတွေကိုလည်း
ရွာထဲကလူတွေက ဧည့်ခံကျပါတယ်။ ကိုညိုပိန်းကတော့ အဖေတစ်ယောက်လုံး သေတာတောင် ဘာမှ မဖြစ်ပဲ
ထန်းရည်တောင် သွားသောက်လိုက်ပါသေးတယ်။ ခဏနေတော့ ထန်းရည်လေးမူးပြီး ပြန်လာပါသည်။ "အရီး
ခင်..အရီးခင်သားကတော့ အဖေတစ်ယောက်လုံး သေသာတောင် ထန်းရည်သောက်ပြီးပြန်လာသယ်.." ကိုထွ
န်းရွှေ ကပ်ပြီးပြောလိုက်ပါသည်။ "အမလေး...ကိုမောင်ဇံရဲ့_တော်ကတော့ဝဋ်ကျွတ်သွားပြီပေါ့..။ ကျုပ်လိုဒုက္ခိ
တမကြီးကိုကျ သေမင်းကလည်း မခေါ်ဘူးတော့။ ကျုပ်ကို..တော့သား လူလိမ္မာကြီးနဲ့ ထားသွားပြီလားတော့
.ဟော့..ဟော."။"ဗျို့အမေ ငိုမနေနဲ့ဗျာ..ကြက်သရေမရှိဘူး..သေတဲ့သူကသေတောင်သွားပြီဗျ။ ကျုပ်တောင်
ဘာမှမဖြစ်ဘူး"။ ပရိတ်သတ်တွေ အားလုံးကတော့ ကိုညိုပိန်းကို မျက်လုံးပေါင်းစုံနဲ့ ကြည့်ကြပါသည်။ (မကျေ
နပ်ခြင်း ၊အလိုက်မသိခြင်း၊ မိဘတွေကိုလုပ်မကျွေးလေခြင်း၊ နောင်တမရခြင်း) ဆိုတဲ့မျက်လုံးတွေနဲ့ပေါ့။ "ညို
ပိန်းရယ်မင်းအစား အမေ ရင်လေးလှပါရဲ့ကွယ်..ရင်လေးလှပါရဲ့..ဟီး..ဟီး...ဟီး."။အရီးခင် ငိုရင်းတက်သွ
ားပါသည်။"ဟ..လုပ်ကြပါဟ..မယ်ခင် တက်သွားပြီး..နှိပ်ကြပါဟ..ခြေမချိုးကျပါဟ"တစ်ယောက်တစ်ပေါက်နဲ့
ဆူညံနေပါတော့သည်။"ကိုင်း.ကိုင်း.ဘုန်းကြီးတွေကြွလာပြီ အသုဘချမယ်.."။"တဝေ..ဝေ..ဝေ...တဝေ..
ဝေ..ဝေ.."။"ဟေ့ညိုပိန်းလုပ်လေကွာ မင်းအဖေ နောက်ဆုံးခရီးကိုလိုက်မပို့ဘူးလား"ကိုဖိုးဆောင်မေးလိုက်ပါသ
ည်။"မပို့ဘူးဗျာ..သေတဲ့သူကသေတောင်သွားပြီ.."။"မင်းအဲလိုမပြောနဲ့လေ..အခုသေတာမင်းအဖေလေ."။"နား
ငြီးသယ်ဗျာ..ပို့မယ်"။ အလောင်းစင်ကိုထမ်းပြီးထုတ်တော့" အမလေး ကိုမောင်ဇံရဲ့ သွားလေနှင့်အုံးတော့တော်။
ကျုပ်လည်း နောက်ကနေလိုက်လာမှာပါတော့။ တော့သား လူလိမ္မာကြီးကတော့လေ တော်... သေတာတောင်
ထန်းရည်လေးတမြမြနဲ့တော့...ဟီး..ဟီး..ဟီး"အရီးခင်ငိုရင်းလိုက်လာပါသည်။

"ကိုင်း_ ဒီနေ့အသုဘရှုလိုက်လာတဲ့ဒကာ၊ဒကာမတွေအားလုံး ဘုန်းဘုန်းပြောချင်တယ်။ လူ့ဘ၀ဆိုတာမတည်
မြဲပေဘူး၊ ခန္ဓာကိုယ်ကြီး ရှိနေသမျှတော့ အိုရတယ်၊ နာရတယ်၊ သေကြရတယ်။ အဲဒီတော့ မသေခင်စပ်ကြား
မှာ နောင်ဘ၀ကူးကောင်းအောင် လှူကြ၊တန်းကြ ၊၀ိပဿနာအလုပ်ကိုလုပ်ကြကွယ်။ အခုလို အသုဘရှုလိုက်
လာကြတာ ကောင်းတယ်ကွဲ့။ ဘာလို့လည်းဆိုတော့ အဆိုရှိပေတယ်လေ မသာတစ်ခေါက်၊ ကျောင်းဆယ်ေ
ခါက်တဲ့။ တင်းပါ့ဘုရား..။ ၀ိပဿနာအလုပ်တွေမလုပ်သေးသ၍ကတော့ သံသရာလည်ပေအုံးမပေါ့ ဒကာတို့
ရယ်။"မှန်ပါဘုရား"။"ကိုင်း..ကိုင်း..လိုက်ဆိုကြ...။"ကိုင်း..ဒကာလေးမောင်ညိုပိန်းရေစက်ချမယ်လေ.။
"တင်းပါ့ဘုရား"။(အားလုံးဘိုးဇံနဲ့တွကကြားကြားသမျှအမျှ.အမျှ..အမျှ.သာဓု၊သာဓု၊သာဓု")၃။ဘုန်းကြီးတွေ
လည်းကျောင်းပြန်ကြွ၊ ပရိတ်သတ်တွေအားလုံးလည်းပြန်ကုန်ကြတာပေါ့ဗျာ။ အိမ်လည်းရောက်ရော အရီးခင်
ခမျာ တစ်ယောက်ထဲတွေးချင်ရာတွေး၊ ဆွေးချင်ရာဆွေးနေပါတော့တယ်။ ကိုညိုပိန်းကတော့ အသုဘပို့ပြန်
လာကတည်းက ထန်းရည်ဆိုင်ကို တန်းသွားပါတယ်။

"ဟ.ညိုပိန်း..မင်းက မင်းအဖေသေသာတောင် ထန်းရည်လာသောက်သေးသယ် ဟုတ်လား။မင်းအမေအို
မုဆိုးမကြီးတစ်ယောက်တည်း ပြစ်မထားပါနဲ့ကွာ။ အရီးခင်ခမျာ မျက်စေ့ကလည်း ကွယ်နေသေးသာလေ"။
အရက်သမားအချင်းချင်း ဘူ-ဘူချင်းတစ်လုပ်နေကျခြင်းပါ။ ကိုညိုပိန်းကတော့ အမေ့ဆီလည်းမပြန်၊ ပြန်ပြ
န်တော့လည်း အမေ့အိမ်က ရှိစုမဲ့စု ပစ္စည်းတွေကိုပေါင်ပြီး၊ရောင်းပြီးထန်းရည်သောက် ။ မိခင်ကြီးကတော့
ငိုရုံမှတစ်ပါးအခြားမရှိပြီပေါ့။ ရပ်ရွာထဲက သနားလို့အရီးခင်ကို ကျွေးမွေးပြုစုစောင့်ရှောက် ထားပေမဲ့လည်း
ဘိုးဇံဆုံးပြီး နှစ်လလောက်နေတော့ အရီးခင်တစ်ယောက်လည်းဆုံးသွားပြန်ပါတယ်။ ကိုညိုပိန်းကတော့အ
မေသေလည်းဂရုမစိုက်" မနေချင်လို့သေ၊သေကျဟာ။အခုဆို ပိုတောင်ကောင်းသေးတယ် ငါ့အိမ်မှာငါတစ်
ယောက်တည်း အဖေလည်းသေ၊အမေလည်းသေ ကောင်းတယ်.. ရောင်းချင်ရာရောင်း၊ပေါင်ချင်ရာပေါင်ပြီး
ထန်းရည်သောက် ဘယ်လောက်အဆင်ပြေထားလဲ။ညိုပိန်းရေ မင်းဒီနေ့ကစပြီး အိမ်ကြီးရှင်ဖြစ်ပြီကွ...ဟ
ဟ.ဟ..ဟ.."။ ကိုညိုပိန်းတစ်ယောက် အဲလိုတွေသောက်ပါများတော့ အိမ်ကြီးကလည်း ဟန်သာရှိတော့
တယ်..အဆံမရှိတော့ဘူးပေါ့။ ကိုညိုပိန်းတစ်ယောက်လည်း ဆံပင်စုတ်ဖွား၊ဖုတ်ဆိတ်ကျင်ဆွယ်တွေနဲ့တက
ယ့်အရူးကြီးတစ်ယောက်လိုပါပဲ။ မိဘကိုစော်ကားခဲ့တဲ့ သားမိုက်၊ မိဘတွေကို မိဘလို့မသတ်မှတ်ခဲ့တဲ့ သား
မိုက် အခုချိန်မှာတော့ အရူးကြီးတစ်ယောက်လိုပါပဲ။ နောင်တမလွန်ကိုလှမ်းမျှော်ကြည့်လိုက်ရင်တော့ ကိုညို
ပိန်းရဲ့ဘ၀မစဉ်းစားရဲစရာပါ။(အခုချိန်မှာတော့ ကိုညိုပိန်းတစ်ယောက် ၀ဋ်လည်တာတွေ ဘာတွေမရှိသေး
ပါဘူး။ ဒါပေမဲ့ သံသရာမှာတော့ မလွဲဧကန်ခံရမှာပါ။ ရှောင်ပြေးလို့မရဘူးဆိုတာ ကျိန်းသေပါတယ်ဗျာ။)
မိဘတွေသေကုန်တာတောင်မှ နောင်တမရတဲ့သားမိုက် ပေါ့ဗျာ။ နေပူကုန်းရွာ
လေးမှာတော့နောင်တမရတဲ့သားမိုက်ညိုပိန်းရဲ့ အကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးတောင်ပဲပေါ့ဗျာ။(picture from google)
 (ဒီနောင်တမရတဲ့သားမိုက်ဇာတ်လမ်းကိုရေးသားရတဲ့ရည်ရွယ်ချက်ကတော့ သား၊သမီး
တွေကိုအလိုမလိုက်ဖို့၊သားဆိုး၊ သမီးဆိုးတွေမဖြစ်စေဖို့နှင့်မိဘကအဆုံးမအပဲ့ပြင်မရှိတဲ့
အခါတွေမှာ၊ဆုံးမမှုတွေမှားယွင်းတဲ့အခါတွေမှာ ကိုညိုပိန်းလို သားဆိုးတစ်ယောက်ဖြစ်
လာနိုင်ပါတယ်။အဲလိုသား၊သမီးတွေဆိုးလာတဲ့အခါမှာ မိဘကိုမိဘမှန်းမသိ၊ဆရာသမား
ကိုဆရာသမားမှန်းမသိပဲ စော်ကားတတ်ကြပါတယ်။အဲလိုမျိုးစော်ကားမိတဲ့အခါမှာအဲ
ဒီစော်ကားတဲ့လူဟာ သံသရာတစ်လျှောက်လုံးမကောင်းမှုတွေနဲ့ကြည့်ပဲသွားရပါလိမ့်မ
ယ်။အဲဒါကြောင့်ကိုညိုပိန်းလို မမိုက်ရိုင်းမိကြစေဖို့၊ မိဘကိုမိဘမှန်းသိစေဖို့ရည်ရွယ်
ချက်နဲ့ရေးသားရခြင်းဖြစ်ပါတယ်။)
ကျွန်တော့်ရဲ့ရေးသားချက်များအဓိပ္ပါယ်မပေါ်လွင်ခဲ့ပါက ကျွန်တော့်ရဲ့ညံဖျင်းမှုသာဖြစ်
ပါကြောင်း ၀န်ခံအပ်ပါတယ်ခင်ဗျား။
(စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်)
အားလုံးကိုကျေးဇူးတင်ပါတယ်......
ရာဇာ(ကျေးတောသားလေး)
8.3.2011






4 comments:

ရွှေရတုမှတ်တမ်း said...

ဘာ message ကို ပေးချင်တာလဲ...
ဆိုးနေတာကိုပဲရေးချင်တာလား..ဆိုးနေလို့ မိဘတွေသေလဲ အေးဆေးပဲလို့ ဆိုလိုချင်တာလား..ဝတ္ထုဆိုရင်တော့ တနည်းတဖုံ ဇတ်လမ်းက်ု အဆုံးသတ်သင့်တယ်..
တကယ့်ဖြစ်ရပ်ဆိုရင်တော့ ...post တခုအနေနဲ့ ရေးဖို့ စောသေးတယ်ထင်တာပဲ..

yar zar said...

ကိုကျောက်ရေ ကျွန်တော်ရည်ရွယ်ချက်ရေးဖို့ကျန်နေခဲ့တာပါ။ အခုဒီဇာတ်လမ်းရေးရတဲ့ရည်ရွယ်ချက်လေးထည့်လိုက်ပါပြီ။ အစကဇာတ်လမ်းအဆုံးသတ်ကိုပြင်မယ်လို့စိတ်ကူးမိပါတယ်။ဒါပေမဲ့..ကျွန်တော်မပြင်တော့ပဲ ဒီဇာတ်လမ်းရဲ့ရည်ရွယ်ချက်လေးကိုပဲပြင်လိုက်ပါတယ်။
ကိုကျောက်ဆီက ရင်တွင်းစကားတွေကြားရတာ ၀မ်းသာမိတယ်ဗျာ။
နောက်လည်းလာအားပေးပါအုံး။ အကြံဥာဏ်ပေးစရာရှိရင်လည်း ပေးပါလို့
ပြောကြားရင်း...
လေးစားလျက်
ရာဇာ(ကျေးတောသားလေး)

အဖြူရောင်နတ်သမီး said...

သားဆိုး အကြောင်းဖတ်သွားပါတယ်..
အပြင်မှာ အဲဒီလိုလူတွေ ဒုနဲ့ဒေးပါပဲ...
တချို့က ပတ်ဝန်းကျင်ကြောင့်ဆိုးတယ်..
တချို့က သူငယ်ချင်း အပေါင်းသင်းမှားလို့ဆိုးတယ်..
တချို့ကျပြန်တော့ ပြင်လို့မရတဲ့ မွေးရာပါ သန္ဓေကိုက ဆိုးနေကြတာ...

nwe said...

အင်း...မှတ်သားသင့်ပါတယ်ဗျာ...

Post a Comment