Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Thursday, March 3, 2011

ချစ်ခြင်းသီအိုရီ(၃)


“အမေ မနက်ဖြန်မောင်မောင်ပြန်လာမယ်တဲ့အခုလူကြုံကလှမ်းပြောသွားတယ်။ သြော်..အေး။ မောင်မောင်
ပြန်လာရင်တော့ ဘာတွေများဖြစ်အုံးမလဲမသိဘူးနော်။ မဖြစ်ပါဘူးအေ ထားလိုက်ပါ။ မိသွဲ့ ညီးမောင်ကြီး
ကိုလှမ်းခေါ်လိုက်ပါအုံးအေ။ ဟုတ် အဘွား။ မောင်ကြီး အဘွားခေါ်နေတယ် ခဏထွက်ခဲ့ပါအုံး။ ခေါ်နေပြီ
သွားလိုက်အုံး သူများမကောင်းကြောင်းမပြောနဲ့နော်” မဖြိုးက ကိုဇင်မောင်ကိုကြိုပြီးပိတ်ပြောနေခြင်းပါ။
“အေးပါဟာမပြောပါဘူး ကိုယ့်မိန်းမက ကိုယ့်ကိုချစ်လို့ပြောတယ်ဆိုတာ သိပါတယ်။မောင်ကြီးကြားလား
၊အေးလာပြီဟေ့လာပြီ ညီးတို့မောင်ကြီးကိုဆွဲမထားဘူးဟဲ့..အသေခေါ်မနေနဲ့” မဖြိုးမဲ့ရွဲ့ပြီးအော်လိုက်ပါ
သည်။ မကြားဘူးထင်လို့ခေါ်တာပေါ့ မဖြိုးရဲ့ကြားရင်ကြားတယ်လို့ပြန်ပြောကြပါလား အခုမှပြန်အော်မနေ
နဲ့။ တော်တော့ မသွဲ့ ကိုယ့်မောင်ကြီးမျက်နှာရှိသေးတယ်လေ။အမေရယ် မောင်ကြီးမျက်နှာရှိလို့ပေါ့ နို့မို့ဆို
သူ့အချိုးမျိုးနဲ့ ရန်ဖြစ်ပြီးတာကြာပေါ့။ ဇင်မောင် ။ ဗျာ အဘွား။ မနက်ဖြန် နင့်ညီ ဇင်အောင်ပြန်လာမှာ။ဟု
တ်သိတယ်လေ အဘွား။ အေးပါးစပ်ကသိနေရုံနဲ့မပြီးဘူးလေ နင့်မိန်းမကို အဲဒီအချိုးတွေပြင်ခိုင်းထား ဇင်
အောင်ပြန်လာရင် တွေ့ကုန်လိမ့်မယ်။ ဟုတ်ကဲ့ပါ အဘွားရာ ဖြိုးကလိမ္မာပါတယ် ဆိုးချင်နေလို့ပါ။ ဟဲ့နင်
အလိုမလိုက်သင့်ဘူး ဆိုးချင်ရအောင် ကလေးမဟုတ်တော့ဘူးလေ။ ကိုယ့်အိမ်ထောင်နဲ့ကိုဖြစ်နေပြီ နင်
ပြောသင့်တာကိုပြောပါကွယ်။ အဲလိုပြောလို့ သူ့ကိုနိုင်ခိုင်းနေတာမဟုတ်ဘူး။ ပြောလို့သာပြောရတာပါ ဟို
ကကြည့်နိုင်နေတာမြင်တာပါပဲ။ ဟုတ်ကဲ့ပါအဘွားရယ် စိတ်ချပါ ကျုပ်ပြောထားလိုက်ပါမယ်။ ဘာတဲ့တုန်း
တော့အဘွားက မဖြိုးခပ်ရွဲ့ရွဲ့မေးလိုက်ပါသည်။ သြော်..မနက်ဖြန် ဇင်အောင်ပြန်လာမယ်တဲ့ အဲဒါခေါ်ပြေ
ာတာပါ။ အဲဒါပဲလား အဲလောက်လေးပြောရုံနဲ့တော့ ဒီလောက်ကြာမယ်မထင်ဘူး ဖြိုးအကြောင်းဘာတွေေ
ပြာသေးလဲ။မပြောပါဘူး ။ ဒီမယ်မောင်ကြီး အဘွားပြောတာ အဲလောက်မကဘူးလေ သေချာပြောပြလိုက်
မသွဲ့ကပြောလိုက်ပါသည်။ ဒီမယ် သွဲ့သွဲ့ လင်မယားစကားပြောတာကို ဘာလို့ချောင်းနားထောင်ရတာလဲ။
ဒီမယ်မဖြိုး ချောင်းစရာ ဘာအကြောင်းမှမရှိဘူး အခုမဖြိုးတို့နေပြီး ပြောနေတဲ့နေရာက နံရံ(၇)ထပ်လော
က်ကာပြီးဆောက်ထားတဲ့ တိုက်များမှတ်နေသလား။ အဲဒီကပြောတာ အတိုင်းသားကြားနေရတာသိရဲ့လာ
း။ အခုမောင်ကြီးမပြောတဲ့စကားကဘာလဲသိလား။ အဖွားက မဖြိုးအနေအထိုင်အပြောအဆို ဆင်ခြင်ဖို့ပြေ
ာခိုင်းတာ။ မနက်ဖြန်မောင်မောင်ပြန်လာရင် ဒီလိုအပိုးမးကျိုးပုံမျိုးနဲ့ဆိုရင် တွေ့ကုန်မှာဆိုးလို့ ဆင်ခြင်ဖို့
သတိပေးခိုင်းတာ ချောင်းတာမဟုတ်ဘူးတဲ့တော်ရေသိပြီလား။ မိသွဲ့တို့က ကောင်းမိရင်လည်း ထမိန်ချွတ်
ပေါင်ပြီးတော့ကျွေးမဲ့ကောင်မမျိုးတော့၊ အမြင်ကတ်မိပြီဆိုရင်လည်း သူများထက်ပိုတယ် ဘာမှတ်လဲ။ရေ
မြွေမဟုတ်ဘူး မြွေပွေးနော် မြွေပွေး ကိုယ့်ထိရင်ပြန်တွယ်တတ်တယ် သတိသာထားနေ။မဖြိုးကို ကိုယ့်အ
စ်မတစ်ယောက်လိုသဘောထားလို့ ရောရောနှောနှောနေတော့မတူသလိုမတန်သလိုနဲ့ ဒီကလည်း သွဲ့သွဲ့
ပါ တစ်ရွာလုံးမှာ တစ်ယောက်ပဲရှိတယ်။ဟဲ့ကောင်မ ညီးလူပါးဝလှခြည်လား ။လူပါးဝတာ ကျုပ်မဟုတ်ဘူ
းမဖြိုးရေကျုပ်မဟုတ်ဘူး အဲတာခင်ဗျားသိရဲ့လား။ ညီးတို့က ညီးတို့အိမ်လိုက်လာလို့ အထင်သေးချင်တာ
လား။ ဒါကြောင့်ပြောပါတယ် ကိုဇင်မောင်ကို မြို့ပြန်နေမယ်လို့။ ဟဟဟဟဟဟဟလို့ပဲအော်ရယ်လိုက်
ချင်တယ်။ မြို့မှာနေစရာအိမ်ကရှိတာဆိုတော့ ဟုတ်ရှာမှာပေါ့။ တော်စမ်းမိသွဲ့ အဘွားနဲ့ ဒေါ်တင်ကြည်က”
တားလိုက်ပါသည်။ “ဗျို့ အမေ မသွဲ့ကိုတော်ခိုင်းပါတော့ဗျာ ကျုပ်ရှက်လွန်းလို့ပါ။ တော်ကဘာကိုရှက်တာ
လဲ ကိုဇင်မောင်ရဲ့။ဦးမင်းကို တောကပြန်လာတာမြင်တော့ မီးကိုရေနဲ့ငြိမ်းလိုက်သလိုပဲ မဖြိုးရော ၊မသွဲ့ပါ
တစ်ယောက်မှမလှုပ်ကြတော့ပါ။ ဇင်မောင် ငါအကုန်ကြားတယ်နော် မင်းကြပ်ကြပ်ဂရုစိုက်နော် ဦးမင်းကို
လှမ်းပြီး ပြောလိုက်ပါသည်။ဒီမှာဦးမင်းကို ဖြစ်တာက ကျွန်မနဲ့ မိသွဲ့ဖြစ်တာပါ ကျွန်မတို့နှစ်ယောက်ကိုေ
ပြာပါ မဆိုင်တဲ့ ကိုဇင်မောင်ကိုဆွဲမထည့်ပါနဲ့။ဒီလောက်ဆိုးတဲ့ကလေးမ လူကြီးလူကြီးမှန်းမသိ ဘယ်လေ
ာက်ပဲဆုံးမ ဆုံးမမရအုံးဟာ“ဆိုပြီး ဦးမင်းကိုကျိန်နငံနဲ့ရိုက်မလို့ လှည်းပေါ်ကဆင်းပြေးပါသည်။အဖေမလု
ပ်ပါနဲ့ မသွဲ့နဲ့ဒေါ်တင်ကြည် လှမ်းတားလိုက်ပါသည်။ဟဲ့မင်းကို မလုပ်ပါနဲ့ကွယ်သေကုန်ပါလိမ့်မယ် အဲဒါနင့်
သားမကောင်းတာ မင်းကိုရဲ့ နင့်သားမကောင်းတာ မိန်းမကိုအပိုးကျိုးအောင်မဆုံးမနိုင်တဲ့အပြင် သူကမယ
ားကြောက်နေရတော့ ငါတို့စကား မင်းစကားတွေက သဲထဲရေသွန်သလိုပဲကွဲ့ ဟီး..ဟီး..ဟီး..အဘွား
မေ အော်ငိုလိုက်ပါသည်။ အဖေရယ် မလုပ်ပါနဲ့ ကျုပ်အသုံးမကျတာပါဗျာ..ကျုပ်ကိုသတ်ပါ”ဆိုပြီးခေါင်း
ထိုးပေးလိုက်ပါသည်။ဦးမင်းကို စိတ်တိုတိုနဲ့ ရိုက်မဲ့လုပ်တော့ မသွဲ့နဲ့ ဒေါ်တင်ကြည်ကလှမ်းဆွဲမိသွားပါသ
ည်။ “အမလေး တစ်သက်လုံး ရွာထဲမှာ ခေါင်းမော့ပြီးနေခဲ့တဲ့ မမိမေ ဒီတစ်ခါမှပဲအရှက်လုံးလုံးကွဲရပါပြီ
တော့ အဘွားမေ ရင်ဘက်ကိုထုထုပြီးငိုနေပါသည်။ဇင်မောင်ရယ် မင်းမှိုင်းများ မိသွားတာလားကွယ်.တစ်
အိမ်လုံး စိတ်ဆင်းရဲနေရတာတောင်မှ မင်းက မင်းမယားကိုကြောက်တုန်းပဲလားကွ။ဒေါ်တင်ကြည်စိတ်ထိ
န်းခဲ့သမျှ ဒီတစ်ခါတော့ ဖွင့်ဟချလိုက်ပါတော့တယ်။ ငါ့သားလေး တော်လှတော်လှနဲ့ အခုတော့ မိန်းမနဲ့
တွေ့ပြီးမွှန်ထူသွားပါပြီတော့...ဟီး......ဟီး....ဟီး... ဒေါ်တင်ကြည်အသည်းအသန်ငိုပါတော့တ
ယ်..။ဟုတ်ပါ့ မောင်ကြီးရယ် မောင်ကြီးကို မိသွဲ့တို့ ဘယ်လိုပြောပြောရမှာမဟုတ်တော့ပါဘူးတော်။တင်
ကြည်ရယ် ဇင်မောင်က ပုထုဇဉ်ယောက်ျားပါအေ.. လက်ဝဲတော်ရံ ရှင်မဟာမောဂ္ဂလန်တောင်မှ မိန်းမနဲ့
တွေ့ပြီး မိဘတွေတောင် ရိုက်ခဲ့သေးတာပဲအေ။ ညီးတို့ ငါတို့ ရှင်မောဂ္ဂလန်ရဲ့အမေလောက်မဆိုးသေးပါ
ဘူးအေ...ဟီး...ဟီး..ဟီး.... အပြိုင်အဆိုင်ငိုနေကြပါတော့တယ်။ တော်ပြီ..ကိုဇင်မောင် ကျုပ်ဒီ
အိမ်မှာမနေနိုင်တော့ဘူး မြို့ကိုပြန်မယ် ဒီလိုအိမ်မျိုးမှာ ကျုပ်တစ်သက်မနေနိုင်ဘူး။ ရှင့်မိဘတွေကို ဖြိုးထ
က်ချစ်တယ်ဆိုရင် နေခဲ့ပေတော့။ အဲလိုမဟုတ်ပါဘူး ဖြိုးရယ် ကိုဇင်မောင်ပြောပြပါအုံးမယ်”ဆိုပြီးဖြိုးရဲ့
နောက်ကိုလိုက်ပြေးသွားပါသည်”။ တစ်နာရီလောက်နေတော့ ကိုဇင်မောင်တို့လင်မယား ဦးမင်းကိုတို့အိမ်
ကိုပြန်ရောက်လာကြပါသည်။“အဖေ ဖြိုးကမှားပါပြီတဲ့ အဲဒါကြောင့်ခွင့်လွှတ်လိုက်ပါနော်။အေး မိဘဆိုတ
ာမျိုးက အမြဲတမ်းခွင့်လွှတ်နေတာပါကွာ။အဖေ၊ အမေ၊အဘွား အားလုံးကို ဖြိုးဝန်ချပြီးတောင်းပန်ပါတယ်
နော်။ဖြိုးကိုခွင့်လွှတ်ကြပါ။ မိသွဲ့ အစ်မကိုခွင့်လွှတ်နော်။ရပါတယ် အစ်မရယ် မိသွဲ့ကရေမြွေလေးပါ အဆိ
ပ်မရှိပါဘူးနော်”။ အခုလိုကြတော့လည်း သူတို့မိသားစုက ပျော်ရွှင်ဖွယ်ရာလေးပါပဲ။

“အဖေ၊ အမေ ၊ အဘွား အားလုံး သားပြန်လာပြီ။ဟယ်ဇင်အောင် ငါ့မြေးကြီးတော်တော်ဝလာတယ်တေ
ာ် ကျောင်းမှာ ငြိမ်းနေတယ်နဲ့တူပါရဲ့။ ဟုတ်တယ်အဘွားရေ ကျောင်းမှာကတော့ ရွာလိုလယ်ထဲလည်းမဆ
င်းရ၊ ဘာမှလုပ်စရာမရှိတော့ ၀တာထင်ပါ့ဗျာ။ အစ်ကိုမောင်တစ်ယောက်ရော မတွေ့ပါလား။ သူမြို့မှာနေ
တုန်းပဲလား။မဟုတ်ပါဘူး မင်းအစ်ကိုက ရာထူးတိုးနေပြီလေ ဟိုမှာဆိုပြီး”အဖွားမေ လက်ညှိုးထိုးပြလိုက်
ပါသည်။ “ဟုတ်တယ်ဇင်အောင်ရေ အစ်ကိုမိန်းမရပြီလေ..သူနာမည်က ဖြိုးအိတဲ့။သြော်ဟုတ်ကဲ့ အစ်မ
တွေ့ရတာဝမ်းသာပါတယ်ဗျာ။ကျွန်တော်က အစ်ကိုဇင်မောင်ရဲ့ညီ ဇင်အောင်ပါ။အေး..အစ်မသိပြီးပါပြီကွယ်
..မင်းအစ်ကိုရော မင်းတို့အိမ်ကလူတွေအားလုံးပြောပြထားပါတယ်။အမေဘာဟင်းချက်လဲ ငါးသားကြိုက်
တဲ့ ကြက်ဟင်းခါးသီးကိုငရုတ်သီးစပ်စပ်နဲ့ချက်ထားတယ်၊ နောက်ပြီး ပဲနှပ်နဲ့ ငါးပိကြော်၊ အချဉ်သုပ်၊ဗူးရွ
က်ဟင်းချိုလေးနဲ့တော်။ ဟာ အမေရေကြားတာနဲ့တင်စားချင်လာပြီ။ ပြင်ပြီးပါပြီ မောင်မောင်ရယ် ဒီမှာအ
ဆင်သင့်ပဲ။ အကုန်လုံးတူတူစားကြရအောင်လေ။ အစ်မကစားပြီးပြီ ဇင်အောင်ရဲ့ ”မဖြိုးကပြောလိုက်ပါသ
ည်။“အဖေတို့ အမေတို့ အဘွားတို့ ကိုဇင်မောင်ရောအားလုံးတူတူစားလိုက်ကြလေ”။အခုတော့လည်းသူမ
ဟုတ်သလိုပါပဲ အမူအယာ အပြောအဆိုအနေအထိုင်တွေအားလုံးက သိမ်မွေ့လို့နေပါတယ်။အဲလိုလေးဆို
တော့လည်း တစ်အိမ်လုံးစိတ်ချမ်းသာနေတာပေါ့။အပျော်ဆုံးလူကတော့ ကိုဇင်မောင်ပဲလေ။ အဆင်မပြေ
ကြဘူးဆိုရင် မိန်းမဘက်ကပဲ ပါရတော့မလိုလို၊ မိဘတွေဘက်ကိုပဲပါရတော့မလိုလိုနဲ့ အမြဲတမ်းဗျာများ
နေရတဲ့သူပါ။ (မိန်းမကိုလည်းချစ်၊မိဘကိုလည်းချစ်တော့ သူ့ခမျာ စိတ်ဆင်းရဲနေရတာပါ)။
ဇင်အောင်ပြန်ရောက်ပြီး ရက်(၂၀)လောက်ပဲရှိသေးတယ် မဖြိုးရဲ့ ဗီဇစရိုက်ကပြန်ပေါ်လာပြန်ပါတယ်။“မသွဲ့
ညီးတို့အိမ်က ကိုဇင်မောင်ကို ဘာလုပ်ခိုင်းလိုက်တာလဲ ငါ့ကိုဘာမှလဲမပြောကြဘူး။ မဖြိုး မောင်ကြီးကိုအေ
ဖခိုင်းလိုက်တာပါ။ မဖြိုးတို့ မောင်ကြီးတို့က အိမ်ခွဲနေကြတာမှ မဟုတ်တာ မိသားစုဝင်တွေပဲ မိဘကခွင့်
တောင်းစရာလိုသေးလို့လား။ တကယ်လို့အိမ်ခွဲနေခဲ့တယ်ဆိုရင်တောင်မှ မိဘကိုတော့လုပ်ပေးကောင်းပါ
တယ် မဖြိုးရဲ့။ သူတို့မွေးလို့ မောင်ကြီးတို့ ၊မောင်မောင်တို့ ၊ကျုပ်တို့လူဖြစ်ခဲ့ရတာပါ။ မောင်ကြီးဆိုမဖြိုးနဲ့မ
တွေ့ခင်အချိန်ထိ အရမ်းလိမ္မာတာ။ မဖြိုးနဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှ မထုံတက်တေး ပြန်မပြောနားမထောင်
ဖြစ်လာတာ။ဒီမယ်မိသွဲ့ နဂိုရှိလို့ နဂိုင်းထွက်လာတာပါအေ့..ညီးတို့မောင်ကြီးကို ကျုပ်တို့ဖျက်ဆီးနေတယ်
လို့တော့မထင်လိုက်ပါနဲ့။ မဖြိုးကို ဖျက်ဆီးတယ်လို့လည်း တစ်လုံးမှမပြောရသေးပါဘူး သူ့ပုံစံကိုပြောပြတ
ာ။ အေးဘာပဲပြောပြော အခုငါ့ကိုမပြောပဲ ခိုင်းလိုက်တာကိုတော့မကျေနပ်ဘူး။ ဟာမဖြိုးဘယ်လိုပြောလို
က်တာလဲဗျာ... အဖေက မွေးလို့ အစ်ကိုမောင်လူဖြစ်ခဲ့ရတာပါ မဖြိုးရ ခင်ဗျားဒီလောက်ဇီဇာကြောင်ဖို့မ
ကောင်းဘူးဗျာ။ တစ်အိမ်ထဲအတူတူနေပြီး ၀ိုင်းမလုပ်ချင်လို့တော့ဘယ်ရမှာလဲ။ နေပါအုံး ခင်ဗျားကိုကျွန်
တော်မေးပါအုံးမယ်။အဖေက ခင်ဗျားကို မဖြိုး ကျွန်တော့်သားလေးကို ခိုင်းစရာရှိလို့ခွင့်ပြုပါလို့များလာပြေ
ာနေရအုံးမှာလား အဓိပ္ပါယ်မရှိလိုက်တာဗျာ။ ငါ့ယောက်ျား ငါပိုင်တယ် ဇင်အောင် မင်းတို့တွေက ဆိုင်ရုံပဲ
ဆိုင်တော့တာ အဲဒါကိုပြောနေတာမဟုတ်ဘူးဗျ။ ခင်ဗျားမှာ မိသားစုစိတ်ဓါတ်လုံးဝမရှိတာပဲ။ အေးထင်ချင်
သလိုထင်နိုင်တယ်”။ အဲဒီအချိန်မှာပဲ ဇင်မောင်ပြန်ရောက်လာပါသည်။ ဘယ်လိုဖြစ်တာလဲ ဇင်အောင်ရာ။
“ဗျာ အစ်ကို ...။ဇင်အောင် တအံ့တသြနဲ့ ကြည့်လိုက်မိပါသည်။ မင်းတို့ကွာ နှစ်ယောက်နဲ့တစ်ယောက်
နောက်ပြီး မင်းကယောက်ျားလေး အခုလိုတွေဖြစ်စရာလားကွာ။ ဟာ..အစ်ကို..အစ်ကိုကအတွေးအခေါ်
တွေ လုံးဝမရှိတော့တာပါလား။အစ်ကိုက ဘုမသိ၊ ဘမသိဝေဖန်တတ်တဲ့သူဖြစ်သွားပြီလား။ ကျွန်တော်စိ
တ်မကောင်းဘူး အစ်ကိုမောင်ရာ ကျွန်တော်လုံးဝစိတ်မကောင်းဘူးဗျာ။ ဟုတ်တယ်မောင်ကြီး မောင်ကြီး
မိန်းမက အရင်ဗီဇတွေပြန်ပေါ်လာပြီ “ ခြံခုန်နေကျနွားက ခြံကိုခုန်တာ”ကတော့မဆန်းပါဘူးခွေးမြီးကော
က်ကျည်တောက်စွတ်သလိုပါပဲ “ဒုန်ရင်းက ဒုန်ရင်းပါပဲ”အခုဖြစ်တာတွေ သိချင်ရင် မောင်ကြီးမိန်းမအချ
စ်တော်ကြီးကိုသာ မေးကြည့်တော့မောင်ကြီးရေ” မိသွဲ့ စိတ်ဆိုးမာန်ဆိုးဖြင့် အော်သွားပါသည်။“မောင်မေ
ာင် သူကဒီလိုပဲလေ မောင်မောင်ပြန်လာမဲ့ရက်မတိုင်ခင်ရက်ကပဲ အကြီးအကျယ်ပြဿနာတက်ထားတာ
အခုတောင် မောင်မောင်ပြန်ရောက်နေလို့ငြိမ်တာ။အခုတော့ ဗီဇပြန်ပေါ်လာပါပြီ ဒီတိုင်းဆိုရင်တော့ဆုံေ
တွ့စရာတွေ အများကြီးရှိနေအုံးမှာပဲ။ သူက အဖေတို့၊ အမေတို့၊ အဘွားတို့ စကားကိုလည်းနားမထောင်
ဘူးလား။ မထောင်ပါဘူး မောင်မောင်ရယ်။မောင်မောင်တော်တော့ အဖေနဲ့ အမေ အပြင်သွားတာပြန်လာ
ပြီ။အဖေပြန်လာပြီလား ။အေး..မင်းတို့မောင်နှစ်မ ဘာတွေပြောနေကျတုန်း ဒီလိုပါပဲအဖေရာ မိသွဲ့ကိုတ
က္ကသိုလ်အကြောင်းတွေပြောပြနေတာလေ။ ဇင်မောင်တို့လင်မယားရော။ ရှိပါတယ်အဖေ”ဆိုပြီး ထွက်လာ
ကြပါသည်။ မဖြိုး သမီးနေမကောင်းဘူးလား။“ ကောင်းပါတယ်အဖေ ခဏကခေါင်းကိုက်လို့အိပ်နေလို့ပါ။
အေးအေး...ဆေးသောက်ကွယ် ၊ဆေးသောက်။ အခုကျတော့လည်း သူမဟုတ်သလိုပဲ မိသွဲ့ရာ။ အဲလိုပဲ
သူက (၁၂) မျိုးဟင်းချိုလေ စွယ်စုံရတယ်။သူကြည့်ရတာ အရူးနဲ့တူနေသလိုပဲနော်“မောင်နှမနှစ်ယောက်
ပြုံးပြီးနေလိုက်ကြပါတယ်။

“ဇင်အောင် ငါ့သားခဏလာအုံး ချောင်ထဲကြည့်အောင်းမနေနဲ့ ။အဖေရယ် ကိုယ့်ဘာသာနေတာပဲဘာဖြစ်
လို့လဲ။ မဖြိုးနင့်ပါးစပ်ပိတ်ထားစမ်း။ ဟုတ်တာပြောတာပဲအဖေရယ်။အေးနင်တို့က နေ့လည်ကြောင်တောင်
လည်း ဒီထဲမှာပဲ နေ့လည်၊နေ့ခင်းလေးတော့ထွက်ပြီး လူသူလေးပါးနဲ့စကားပြောအုံးမှပေါ့။အခုတော့လူကဲ့
ရဲ့ခံရတယ်ကွ သိရဲ့လား။ အဖေရယ် အဲဒါကတော့ မလိုသူတွေကပြောမှာပဲလေ ခွေးဟောင်းတိုင်းသာမော့
ကြည့်နေရင်တော့ အိပ်ရေးပျက်တာပဲအဖတ်တင်မယ်။ဒီမှာ မဖြိုး လူမှုရေးဆိုတာ ရှိရတယ်ဗျ.။ခင်ဗျားက
မာနလေး တထောင်ထောင်နဲ့ ကောင်းတယ်ထင်မနေနဲ့ လူရယ်လို့ဖြစ်လာရင် ပါတ်ဝန်းကျင်ဆိုတာရှိသေး
တယ်။ အဲဒီပါတ်ဝန်းကျင်ကလူတွေနဲ့တော့ သင့်တင့်လျှောက်ပတ်အောင် နေထိုင်တတ်ရမှာပဲဗျ။ ဒီမယ်..
ဇင်အောင် နင့်အဖေနဲ့ စကားပြောနေတာ နင်နဲ့ပြောနေတာမဟုတ်ဘူး ငြိမ်ငြိမ်နေ။ငြိမ်မနေနိုင်ဘူး မဖြိုးရ
ကျွန်တော်တို့မိသားစု တစ်သက်လုံး ဂုဏ်ရှိရှိနဲ့ရွာထဲမှာနေလာခဲ့တာ အခုခင်ဗျားအိမ်ရောက်လာမှပဲအရှက်
တွေရော၊သိက္ခာတွေရောရစရာကိုမရှိတော့ပါဘူးဗျာ။ တော်ကြပါတော့ဟယ် ကြာရင်ငါသေလိမ့်မယ်ဟဲ့”အ
ဘွားမေ ငိုပြန်ပါသည်။“မိဖြိုးရယ် ညီးသိတတ်လာပြီလို့ချီးမွမ်းမယ်မှ မကြံသေးဘူး ညီးကခွေးမြီးကောက်
ကျည်တောက်စွတ်ထားသလိုပါပဲဒုံန်ရင်းကဒုံန်ရင်းပါပဲ” ဒေါ်တင်ကြည်အော်နေပါသည်။“ဟေ့ဟောင် ဇင်ေ
မာင်မင်းကိုငါပြောမယ် မင်းအခု မင်းတို့ထရံဖြုတ်မလား၊ မဖြုတ်ဘူးလားဒါပဲပြော”။ဇင်မောင်တုတ်တုတ်မှ
မလှုပ်တော့ ဦးမင်းကိုသူကိုယ်တိုင်ဒေါသတွေထွက်ပြီး ထရန်ကိုသွားဖြုတ်ချပါသည်။“ဒီမယ်ဇင်မောင် မင်း
ကို အဖေတစ်ခုပြောမယ်။မင်းမိန်းမကိုဒီအတိုင်းမပြောနိုင်၊မဆိုနိုင်ထားနေအုံးမယ်ဆိုရင်တော့မင်းရောငါတို့
တစ်မိသားစုလုံးရော အသက်မြန်မြန်တိုကုန်ကြလိမ့်မယ်။ အဖေရာ ကျုပ်တောင်းပန်ပါတယ်ဗျာ တောင်းပ
န်ပါတယ်ဗျ”။ကိုဇင်မောင်လည်း မျက်ရည်တွေကို ရွှဲနေတာပဲ။“ကိုဇင်မောင် ရှင်လည်းကျွန်မကိုချစ်ရင်ကျွ
န်မနောက်လိုက်ခဲ့တော့ ဒီလိုအိမ်မျိုးမှာဖြိုးလုံးဝမနေနိုင်ဘူး။ ဖြိုးသီးခံနိုင်တဲ့အတိုင်းအတာလွန်သွားပြီ”။

ပါတ်ဝန်းကျင်ကလူတွေကလည်း“ဒီကောင်မရူးနေလားမသိဘူး၊ အသုံးကမကျဘူး...။မင်းကိုတို့မိသားစုဒီ
လောက်ကောင်းတာကိုများ သူမို့လို့ လျှောက်ပြောနေတယ်။ ညီးကလည်းအေ အဲလိုပြောနေတာကိုက ရူး
နေတာပဲအေ့”။ မဖြိုးကို တစ်ရွာလုံးက၀ိုင်းအပြစ်တင်ကြပါသည်။ အပြစ်တင်မယ်ဆိုလည်း တင်စရာမဖြိုး
လေ။ “ကိုဇင်မောင် အထုပ်ပြင်ပြန်မယ်။ ဇင်မောင်မျက်နှာငယ်လေးနဲ့ကြည့်နေပါသည်။ မိဘတွေရဲ့စိတ်ကို
လည်း ဇင်မောင်အသိဆုံးဆိုတော့ လိုက်သွားရင်လည်း အဖေတို့ငါ့ကိုစိတ်ဆိုးတော့မယ်။ ငါဘယ်လိုလုပ်ရ
မလဲ”။ အတွေးပင်မဆုံးလိုက် ကိုဇင်မောင်သွားမယ်။“ ဟဲ့ညီးကပြန်မယ်ကြည့်ပြောနေ ဟိုမှာညီးကအိမ်ရှိ
တာလည်းမဟုတ်၊ ယာရှိတာလည်းမဟုတ်ပဲနဲ့ ဘယ်မှာနေကြမှာတုန်း။ အဲဒါတွေပူစရာမလိုပါဘူး လူကြံရင်
ထရန်တောင် ချီးဒုတ်ခနောင်းဖြစ်ပါသေးတယ်တော့။ အေး ညီးလိုအချိုးမျိုးနဲ့ကတော့မသိလို့လက်ခံထားမိ
လည်းတစ်ရက်ပေါ့အေ။ အမေတော်ပါတော့ဗျာ သူ့ဘာသာသွားချင်သွားပါစေ လွှတ်ထားလိုက်စမ်းမိဘရဲ့
မေတ္တာတွေ၊ စေတနာတွေကို သူတို့တစ်ချိန်ချိန်တော့သိလာမှာပါ။ အစ်ကိုမောင်လည်းလိုက်ချင်ရင်လိုက်
သွားပါစေ”။ မဖြိုးအထုပ်ကိုဆွဲပြီးထွက်သွားပါသည်။“ဖြိုး အကိုလိုက်မယ် စောင့်အုံး။လိုက်ချင်ရင်မြန်မြန်
လာခဲ့ ဒီလိုကျက်သရေမရှိတဲ့အိမ်ကို ကျုပ်တစ်စက္ကန့်တောင်မနေနိုင်ဘူး။စော်ကားလို့တော် ခင်ဗျားက”ဆို
ပြီး မသွဲ့ဒုတ်ကိုကိုင်ပြီး သွားပါသည်။“ဟဲ့ကောင်မ ညီးကငါ့ကိုဘာလုပ်ချင်လို့တုန်း သတ္တိရှိရင်လာခဲ့စမ်းပါ
။လာမယ် လာမယ် မိသွဲ့တို့ကထိရင်မခံတတ်ဘူး မြွေပွေးလို့ပြောထားပြီးသားနော်”ဆိုပြီး မသွဲ့ပြေးသွားပါ
သည်။ ကိုဇင်အောင် သူ့ညီမလေးမသွဲ့ကိုလိုက်ဆွဲပါသည်။ ဒါကို မဖြိုးက“ မောင်နှမနှစ်ယောက်လည်းမ
ကြောက်ဘူး လာခဲ့ပါ.. ဇင်အောင်ဆိုတဲ့အကောင် ငါ့နားကပ်လာရင် ကျွန်မကိုဆွဲပါတယ်၊ရမ်းပါတယ်လို့
အော်လိုက်မှာ။အယုတ်တမာမ ငါ့သားလေးကိုများ ညီးက”ဆိုပြီး ဒေါ်တင်ကြည် ပြေးသွားပါသည်။“တော်
ကဘာလုပ်ချင်လို့တုန်း လာပါဆိုပြီး ဒေါ်တင်ကြည်ကိုဒုတ်နဲ့လှမ်းပစ်လိုက်ပါသည်။အယုတ်တမာမ ညီးကို
လုပ်မလို့မဟုတ်ဘူး။ ငါ့သားနဲ့ ငါ့သမီးကို လိုက်ခေါ်တာ ခွေးလောက်မှအသိဥာဏ်မရှိတဲ့ ညီးနဲ့ ရန်ဖြစ်မှာ
ဆိုးလို့ သိပြီလား။ ဟာ....ကြာပါတယ်ကွာ” ဆိုပြီး ကိုဇင်အောင် ပြေးသွားတော့ မဖြိုးလည်း သူ့ကို
တကယ်လုပ်တော့မှာဆိုတာ သိပြီးထွက်ပြေးသွားပါတော့တယ်။“သွား..ညီးလိုကောင်မမျိုးနဲ့ တို့အိမ်နဲ့မတ
န်ဘူး၊ ငါ့သားနဲ့လည်းမတန်ဘူး ပြန်မလာနဲ့ ဒေါ်တင်ကြည်အော်နေလိုက်ပါသည်။ဇင်အောင်၊ မိသွဲ့ လွှတ်
ကြစမ်းငါ့ကို။အစ်ကိုမောင် ဒီလိုမိန်းမယုတ်နောက်ကိုလိုက်သွားစရာမလိုဘူးဗျာ။ အစ်ကိုနောက်မိန်းမထပ်
ယူဖို့ မရှားပါဘူးဗျ”။ဇင်အောင်ပြောလည်းပြော မျက်ရည်တွေကလည်း ကျလာပါသည်။“ဖယ်စမ်းကွာ ငါ့
ကိုဆရာကြီးမလုပ်နဲ့ ”ဆိုပြီး ဇင်မောင်က ဇင်အောင်ချုပ်ထားတဲ့လက်ကို ပါးစပ်နဲ့ကိုက်လိုက်ပါတယ်။ဇင်
အောင်ကလန့်ပြီးလွှတ်လိုက်တော့ ဇင်မောင်တစ်ယောက်ထွက်ပြေးသွားပါသည်။

ဇင်မောင်တို့လင်မယားထွက်ပြေးသွားပြီး (၈)လလောက်နေတော့ မဖြိုးကိုယ်ဝန်ရှိနေပြီဆိုတဲ့သတင်းကြား
ရပါတယ်။ အဲဒီလိုကြားရပြန်တော့ ဒေါ်တင်ကြည်မှာ မိန်းမသားချင်းကိုယ်ချင်းစာပြီး ချွေးမလေးကိုသတိရ
နေပြီး “မသွဲ့ရယ် ညီးယောင်းမ ကိုယ်ဝန်ရှိနေပြီတဲ့။ သူတို့လင်မယားနှစ်ယောက်ထဲ သူဌေးရဲ့ခြံကိုစောင့်ေ
နတာတဲ့။ မဖြိုးမီးဖွားရင် ဘယ်လိုလုပ်ကြမလဲမသိဘူးတော်။ ယောက်ျားကလည်းဘာမှမသိ၊ မိန်းမကလ
ည်းအော့ကျောလန် တစ်ယောက်နဲ့မှမတည့်တော့ ငါသူတို့အစားရင်လေးလိုက်တာနော်။ အမေရယ် သူတို့
မနေချင်လို့ထွက်သွားတာလေ။ ကျုပ်တို့ကနှင်ချတာမှမဟုတ်တာ။ လိုလိုလားလားနဲ့ ကျုပ်တို့ပေါင်းခဲ့ကြ
တာပဲလေ..သူကိုက မရှိပဲမာနကြီးနေတာတော့ ဘယ်လိုလုပ်မတုန်း။တော်တော့..ငါ့သမီး ညီးအဖေပြန်
လာရင် ဒီအကြောင်းတွေမပြောနဲ့နော်။ သူကပြတ်သားတယ် သူ့ချွေးမကို တော်တော်မကြည့်ချင်ဖြစ်သွား
တာ။ အဖေဖြစ်မယ်ဆိုလည်း ဖြစ်စရာပဲလေ။ကျုပ်တို့ကသာ မိန်းမသားတွေဆိုတော့ နားလည်ပေးနိုင်တ
ာလေ”။ ဒေါ်တင်ကြည်တို့ သားအမိနှစ်ယောက်ရင်ထဲမှာ ဘာတွေရှိနေတယ်ဆိုတာကိုတော့ သူတို့နှစ်ယေ
ာက်ပဲသိကြမှာပါလေ။“ညီးတို့သားအမိက ဒီမှာစကားကောင်းနေတာကိုး အဘွားကတောသွားကြတယ်ထ
င်နေတာ။မဟုတ်ပါဘူး အဘွားရယ်။ မောင်ကြီးတို့အကြောင်းပြောနေတာပါ။အေး...တော်ကြပါတော့အေ
..အရာအားလုံးက အကြောင်းရှိလို့၊ အကျိုးဖြစ်ရတာ သူ့ကံနဲ့သူလာကြတာပါအေ။ဟုတ်ကဲ့ပါအဘွားရယ်
။ တော်တော့ ညီးအဖေလာပြီ”ဆိုပြီး ဒေါ်တင်ကြည်သတိပေးလိုက်မှ စကားလမ်းကြောင်းပြောင်းသွားကြ
ပါသည်။

ကိုဇင်မောင်တို့လင်မယား ဘယ်လိုနေထိုင်၊စားသောက်၊ရုန်းကန်နေရတယ်ဆိုတာမသိပါ။မိဘတွေကတော့
သား၊သမီးပြန်လာမဲ့အချိန်ကိုစောင့်မျှော်နေတာပေါ့။ဘာပဲပြောပြောလေ မိဘကသားသမီးကိုချစ်တော့လ
ည်းပင်ပန်းဆင်းရဲရတယ်၊ ပူလောင်ရတယ်။ ညီအစ်ကိုမောင်နှစ်မချင်းချစ်တော့လည်း ပင်ပန်းဆင်းရဲရတ
ယ်၊ ပူလောင်ရပြန်ပါတယ်။ လင်က မယားကိုချစ်တော့လည်း ပင်ပန်းရတယ်၊ပူလောင်ရတယ်။ချစ်တာဟ
ာကောင်းတယ်လို့ ထင်ထားကြပေမဲ့ တကယ်တမ်းကျ ထင်ထားသလိုကောင်းကြရဲ့လားဗျာ။ မချစ်နဲ့လို့
တော့မဆိုလိုပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း လူသားတစ်ယောက်ဖြစ်နေတော့ချစ်တတ်ပါတယ်။ဒါပေ
မဲ့ အချစ်ကြီးလေ ပိုပြီး ပူလောင်ပင်ပန်းဆင်းရဲငိုကြွေးရလေပါပဲ။ချစ်တာနဲ့ ပူလောင်ပင်ပန်းမှုဟာတိုက်ရို
က်အချိုးကျနေတယ်ထင်တာပါပဲ။ ဒီပို့စ်ကလေးကို ဒီမှာပဲ အဆုံးသတ်ပါရစေဗျာ။
(ဒီပို့စ်ကလေးကိုဖတ်လိုက်လို့ စာဖတ်သူရဲ့ရင်ထဲမှာ သုတ၊ရသ တစ်မျိုးမျိုးကျန်ခဲ့မယ်ဆိုရင်ကျွန်တော်အ
ရမ်းကိုကျေနပ်မိမှာပါ။)
အဆိုး၊အကောင်း၊အကျိုး၊ အကြောင်းလေးတွေကို ဝေဖန်အကြံပေးချင်တယ်ဆိုရင်တော့ စီဘောက်(သို့)
ကွန်မန့်မှာ အော်သွားကြပါအုံးဗျာ။
ဒီပို့စ်ကလေးကို ရင်နှင့်ရေးသားသည်။
အားလုံးကိုကျေးဇူးတင်ပါတယ်..........................
ရာဇာ(ကျေးတောသားလေး)
3.3.2011



1 comments:

Angelhlaing(May everybody be happy and healthy! said...

အရမ်းကောင်းတဲ့ပို့စ်လေးပါအကို။သဘာဝကျကျလေး။
ဖြစ်တက်တဲ့လောကရဲ့အနီးဆုံးဘဝသရုပ်ဖော်လေးမို့
အားပေးသွားပါတယ်အကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။

Post a Comment