Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Wednesday, March 16, 2011

ညှင်းရက်လေတဲ့ ခါဝဿန်



အခန်း(၁)
လေတစ်ချက် ဝေ့အတိုက်မှာ သစ်ပင်တို့ လေယူရာတိမ်း ယိမ်းနွဲ့ပြီး ဖုန်လုံးကြီးကလည်း ထသွားလိုက်ပါ
သေးသည်။ အနောက်တောင်အရပ်ဆီက တလိပ်လိပ် တက်လာတဲ့ တိမ်တောင် တိမ်လိပ်ကြီးကလည်းအ
ခုပဲ ရွာသွန်းဖြိုးတော့မလိုပါပဲ။ ကိုဇော်တစ်ယောက်ကတော့ တစ်မိုးလုံးပျံ့ ညိုမည်းနေတဲ့ တိမ်စိုင်ကြီးတွေ
ကို ကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်ပါသည်။ မျက်နှာကလည်း မိုးနဲ့အပြိုင် မည်းမှောင် မှိုင်းညို့လို့နေ
ပါသည်။
“ကိုဇော် ဘာတွေကို သက်ပြင်းချနေတာလဲ...”
“ဒီလိုပါပဲ အစ်မရာ မိုးတွေက မည်းမှောင်နေတော့ တောင်တွေး၊ မြောက်တွေး တွေးနေမိတာပါဗျာ”။ကိုေ
ဇ်ာတစ်ယောက် သူ့အစ်မ မြသွယ်ကို ပြန်ဖြေနေခြင်းဖြစ်ပါသည်။ အဲဒီနောက်မှာတော့ သူတို့မောင်နှမနှစ်
ယောက်စလုံး တစ်ယောက်နဲ့ တစ်ယောက် စကားမပြောတော့ပဲ ငြိမ်သက်နေကြပါသည်။ သို့သော် အေ
တွးတွေကတော့ ဦးတည်ချက်တစ်ခုထဲမှာပဲ ရှိနေမယ်ဆိုတာ သိသာလွန်းပါတယ်။


ရှစ်ခွင်ဆိုင်း မှိုင်းအုံ့နေတဲ့တိမ်မည်းတွေနဲ့အတူ မိုးရဲ့ ရှေ့ပြေးလေလေးတစ်ချက်က ဝေ့တိုက်လိုက်ပါသည်
။ လေလေးနဲ့အတူ မိုးနံ့(မြေသင်းနံ့) လေးက မြသွယ်တို့ မောင်နှမ နှာခေါင်းထဲကို တန်းဝင်သွားပါသည်။
“ကိုဇော်မိုးတွေရွာတော့မယ်..လေတွေကလည်း တိုက်ပြီး မိုးအနံ့လည်း ရတယ်.. မလွဲဧကန် အစ်မတို့မိုး
ရွာတာကို ကြုံတွေ့ရတော့မယ်”။ မြသွယ်တစ်ယောက် မျက်ရည်မကျအောင် ထိန်းရင်း သူ့မောင်လေး ကို
ဇော်ကို ပြောပြနေပါသည်။
“အစ်မရာ ဘယ်တတ်နိုင်မလဲ..ကျုပ်တို့မောင်နှစ်မ နှစ်ယောက် မိုးကိုရှောင်လွှဲလို့မှ မရနိုင်တာ။ ကျုပ်တို့
မသေမချင်းတော့ ဒီမိုးရာသီကို တွေ့ရအုံးမှာပဲဗျာ..”။
“ကိုဇော်ရယ်...” ။မောင်နှမနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ဖက်ပြီး အံကိုတင်းတင်းကြိတ်ပြီး ထိ
န်းထားကြပေမယ့်လည်း... သူတို့မောင်နှမနားထဲ တိုးဝင်လာတဲ့ သီချင်းသံကြောင့် သူတို့နှစ်ယောက်လုံး
နားစွင့် မိလိုက်ကြပါသည်။ ထို့နောက်တော့ သီချင်းသံက ပီပြင်စွာ ကြားလိုက်ရပါသည်။

{“အနောက်တောင်ဆီက...ရွာမယ်ဟန်ပြင်....မိုးသက်လေနှင့်မုန်တိုင်းပင့်လျှင်..
စစ်မျက်နှာဖွင့် တိမ်ခိုးလွှင့်ကာနှင်....မှိုင်းမှိုင်းရိပ်မှောင်စွန်တောင်မှင်
ပြိုမှာလေလားမိုးရဲ့စိုးအောင်ခုပင်...အမ္ဗုန်မောင်ဖန်အားလေတဲ့အင်..”}
ဂီတနက်သန် ကိုစောညိမ်းရဲ့ မိုးသက်လေနှင် သီချင်းကို ဘကြီးမြိုင် တစ်ယောက် တယောတစ်လက်နဲ့အ
ပီအပြင်ငြီးရင်း အိမ်ရှေ့ကကွပ်ပြစ်ပေါ်တွင် ထိုင်နေပါသည်။ သူ့ရဲ့မျက်လုံးတွေကလည်း ဆွေးယောင်သန်
းနေတယ်ဆိုတာ ထင်ရှားလွန်းလှပါတယ်။

“အစ်မ ဘကြီးမြိုင်ကလည်း ကျုပ်တို့မောင်နှမနှစ်ယောက်လို အဆွေးဇာတ်လမ်းတွေ ရှိခဲ့ဖူးလားမသိဘူး
နော်.. မိုးရွာမယ် ဟန်ပြင်ရင်ကို သူက အဲဒီကွပ်ပြစ်လေးပေါ် ထိုင်ပြီး အခုသီချင်းလေးကို တယောလေး
နဲ့ ဆိုဆိုနေတတ်တယ်နော်”။ ကိုဇော်တစ်ယောက် မျက်ရည်လေးသုတ်ရင်း ပြောလိုက်ပါသည်။
“အေးပေါ့..ကိုဇော်ရာ..လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေတဲ့လေ..။သူလည်း သူ့ဇာတ်လမ်းရှိလို့နေမှာပေါ့
ကွာ..”။မောင်နှမနှစ်ယောက် မျက်ရည်လေးတွေကျရင်း ဘကြီးမြိုင်ရဲ့သီချင်းလေးထဲကို စိတ်ပြန်ရောက်
သွားကြပါသည်။ အဲဒီနောက်မှာတော့ မြသွယ်တစ်ယောက် အတိတ်က ဇာတ်လမ်းလေးကို ပြန်မြင်ယော
င်နေမိပါတော့သည်။
................................................................................................................................

အခန်း(၂)
“ဟဲ့..ငွေကျော့..မနက်ဖြန် ည(၉)နာရီ ရွာထိပ်က ကုက္ကိုပင် အောက်က စောင့်နေပါတဲ့။ ကိုအောင်သိန်း
ကြီး ကျုပ်တို့ကိုမှာလိုက်တယ်တော့...ဆက်ဆက် လာခဲ့ပါတဲ့။ မလာမချင်း သူကစောင့်နေမယ်တဲ့တော်
... အချစ်ကြီးပုံများ ကိန္နရီ မောင်နှံထက်တောင် သာသေးထင်ပါ့တော်”။ လှမေတို့ အုပ်စု ပိုပိုသာသာလေ
း မြှားနတ်မယ် လုပ်လိုက်ခြင်းဖြစ်ပါသည်။ ငွေကျော့က တစ်ရွာလုံးမှာ အလှဆုံး ရွာကကွမ်းတောင်ကိုင်ေ
လးပေါ့။ အဲလိုလှလွန်းလို့လည်း ကာလသားတွေ တအုန်းအုန်းနဲ့ လူပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပေါ့ဗျာ။
အဲလို ကြိုက်တဲ့သူတွေ ထဲကမှ ငွေကျော့ပြန်ချစ်လိုက်တာက ကူလီကောင် အောင်သိန်းပါ။ အဲဒီလိုနဲ့ သူ
တို့ချစ်သူ ဖြစ်လာလိုက်တာ သုံးနှစ်ပြည့်တော့ အိမ်က လူကြီးတွေကို ဖွင့်ပြောကြပါတယ်။ ငွေကျော့မိဘ
တွေကတော့ ကူလီကောင် အောင်သိန်းနဲ့ လုံးဝသဘောမတူပါ။ အဲတော့လည်း နှလုံးသားရဲ့ စေခိုင်းရာကို
ဦးနှောက်ကမထိန်းနိုင်ကြတဲ့ ငွေကျော့တို့နှစ်ယောက် အဝေးတစ်နေရာကို ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ကြ
ပါသည်။
“ကိုအောင်သိန်း ကျုပ်တို့ဘယ်ကိုသွားမှာလဲတော့။ မိုးတွေ၊လေတွေကလည်း မည်းမှောင်နေတာ။ကျုပ်ေ
ကြာက်တယ်တော့”။
“မကြောက်ပါနဲ့ ငွေကျော့ရယ်..ကိုအောင်သိန်းတစ်ယောက်လုံးရှိပါတယ်”။
တစ်လမ်းလုံး မိုးတွေကရွာပြီး လျှပ်စီးတွေကလည်း တ၀င်းဝင်းနဲ့ ဒီကြားနဲ့ မိုးကြိုးက ချုန်းလိုက်ပါသေးသ
ည်။ ငွေကျော့တစ်ယောက်ကတော့ ကိုအောင်သိန်းရဲ့ လက်ကိုဆွဲပြီး လိုက်သွားပါတော့သည်။

“ကိုအောင်သိန်း ကျုပ်ကတော့ တော့ကို မခွဲနိုင်လို့ မိဘရင်ခွင်ကို ခြေစုန်ကန်ခဲ့ပြီနော်။ ကျုပ်ကို ရိုးမြေကျ
ပေါင်းသင်းပါနော်”။
“အေးပါ..ငွေကျော့ရာ ငါကလည်း မင်းကို ချစ်လို့ယူခဲ့တာလေ။ ငါမင်းကို ဘယ်တော့မှ ခွဲသွားမှာမဟုတ်
ဘူး..ဆိုးအတူ၊ကောင်းအတူ သေတပန် သက်တဆုံး ပေါင်းသင်းသွားပါမယ်လို့ ငါကတိပေးပါတယ်ဟာ”။
အဲလိုပြောလိုက်တော့ ငွေကျော့ရဲ့ မျက်နှာလေး လပြည့်ဝန်းကြီးလို ၀င်းပသွားပါသည်။ သူတို့တည်းမယ့်
ရွာကိုလည်း ရောက်လာပါသည်။ ရွာထဲကိုဝင်လိုက်တာနဲ့ ခွေးတွေကလည်း စားတော့ဝါးတော့မလို သူတို့
နှစ်ယောက်ကို ၀ိုင်းဟောင်နေပါသည်။

“သာခင်..သာခင် ထပါအုံးကွ”။ ကိုအောင်သိန်းတစ်ယောက် သူငယ်ချင်းဖြစ်သူ သာခင်ကို နှိုးလိုက်ပါ
သည်။
“ဟာ ဘယ်သူတွေတုန်းကွ။ ညကြီးအချိန်မတော်”။
“ငါပါ သာခင်ရ.. အောင်သိန်းပါ”
“ဟာ..အောင်သိန်း မင်းဘာဖြစ်လာတာတုန်းကွ..မိုးရွာကြီးထဲမှာ”။
“အေး..ဟုတ်တယ်..သာခင်ရာ ငါမိန်းမခိုးလာတာကွ”
“ဟေ..ဟုတ်လား.. ငါ့ကောင်ကြီးကတော့ကွာ..မိန်းမခိုးတာတောင် မိုးရွာတဲ့ညမှ ခိုးရသလားကွ”။
ကိုသာခင်တစ်ယောက် ပြုံးစိစိ ပြောလိုက်တော့ ငွေကျော့တစ်ယောက် ရှက်ကိုးရှက်ကန်းလေးဖြစ်
သွားပါသည်။
“မနောက်ပါနဲ့ သာခင်ရာ ငါ့မိန်းမ ငွေကျော့ ရှက်နေပါပြီ”။
“ဟာ..ကိုအောင်သိန်းကလည်း ကျုပ်က တော့မိန်းမ မဖြစ်သေးပါဘူးတော်”။
ငွေကျော့တစ်ယောက် ထပ်ပြီး ရှက်ရမ်းရမ်းလိုက်ပြန်ပါသည်။
“ကိုင်း.. အိမ်ထဲကို ၀င်ကြ..မိုးတွေကလည်း စိုရွှဲလာတာကိုး။ အ၀တ်အစားတွေလဲ လိုက်အုံး..”။
ကိုအောင်သိန်းတို့ လင်မယား အ၀တ်တွေ လဲလိုက်ကြပါသည်။
“ဘာမှ အားမနာနဲ့ အောင်သိန်းရေ ငါတို့က သားမိနှစ်ယောက်တည်း ရှိတယ်ဆိုတာမင်းသိတာပဲ။ နောက်
ပြီး ငါ့အမေကလည်း မင်းကို သားတစ်ယောက်လိုဖြစ်နေတာပဲ..အားမနာကြနဲ့နော်”။
အောင်သိန်းတို့လင်မယား ကိုသာခင်တို့အိမ်မှာ နှစ်ပတ်လောက်နေသွားကြပါသည်။
“ကိုင်း..သာခင် ငါတို့ ရွာကိုပြန်ကြတော့မယ်ကွာ။ ငါတို့ မင်းတို့အိမ်နေတဲ့အချိန် အတောအတွင်းမှာ ငါတို့
လင်မယားကို လိုလေသေးမရှိအောင် ကူညီစောင့်ရှောက်ခဲ့တဲ့ မင်းတို့သားအမိနှစ်ယောက်ကို ငါကျေးဇူး
တင်ပါတယ်ကွာ”။
“ရပါတယ်..အောင်သိန်းရာ..မင်းနဲ့ငါက ကျေးဇူးတင်ရမဲ့သူတွေမဟုတ်ပါဘူး”။

“အေးပါကွာ..ငါနားလည်ပါတယ်”။
“အမေသိန်း ကျုပ်တို့ ပြန်တော့မယ်..မပြန်ခင် အမေသိန်းကို ကျုပ်တို့လင်မယား ကန်တော့ခဲ့မယ်နော်”။

“အေးပါကွယ်..သာဓုပါတော်.သာဓုပါ...ဒီလင်ဒီမယား အိုအောင်မင်းအောင် ပေါင်းနိုင်ကြပါစေတော်”။
အမေသိန်း ဆုပေးလိုက်ပါသည်။

“အောင်သိန်းရာ မင်းတို့ကသွားချင်နေလို့သာ ခွင့်ပြုရတာ။ ငါတို့အိမ်က တို့သားအမိနှစ်ယောက်တည်းဆို
တော့ မင်းတို့လင်မယားကို မပြန်စေချင်ကြဘူးကွ။ အခုလည်း အပြင်မှာ မိုးတွေမှောင်မည်းနေတယ်လေ။
မိုးရွာတော့မယ်ကွ...မပြန်ကြပါသေးနဲ့လား”။ ကိုသာခင်ပြောလို့မှပါးစပ်မပိတ်လိုက်ခင် ပြောပြောဆိုဆို မို
းတွေရွာလာပါသည်။

“ရပါတယ်.. သာခင်ရာ ငါတို့လင်မယားနှစ်ယောက်က မိုးနဲ့ တော်တော်အကျိုးပေးတယ်ကွ။ ထွက်ပြေးလ
ာတုန်းကလည်း မိုးတွေ သည်းကြီးမဲကြီး ရွာနေတာကွာ။ အခုပြန်တော့လည်း မိုးတွေ သည်းကြီးမဲကြီး
နဲ့ဆိုတော့ ငါတို့လင်မယားနှစ်ယောက်အတွက် အေးချမ်းစေတာပေါ့..မဟုတ်ဘူးလား”။

“ဟုတ်ပါပြီကွာ...အဲဒါဆိုလည်း မင်းတို့သဘောပါ..နောက်လမ်းကြုံလည်း အိမ်ကိုဝင်ကြအုံးနော်”။
“အေးပါကွာ..ကိုင်း အမေသိန်း၊ သာခင် ကျုပ်တို့သွားပြီနော်...”။ ကိုအောင်သိန်း တို့လင်မယား လက်ပြနှု
တ်ဆင်းရင်း အမှောင်ထုထဲသို့ ပျောက်ကွယ်သွားပါသည်။
................................................................................................................................
အခန်း(၃)
“ကျွီ.......”ပုရစ်သံတွေကလည်း ဆူညံလို့။ဖားတွေကလည်း အော်လိုက်သေး“အုံအင်..အုံအင်”၊တက်
တလက်..တက်တက်..”။အဲဒီအချိန်မှာ လျှပ်စီးတွေကလည်း တ၀င်းဝင်း နဲ့ ကြောက်တတ်သူအဖို့တော့
ရင်ကိုတလှပ်လှပ် ဖြစ်စေချင်စရာပါ-
“ကိုအောင်သိန်း ကျုပ်တို့ ရွာပြန်မယ်ပြောပြီး ပြန်လာတာတော့ ဟုတ်ပါပြီတော်...အခုဘယ်ကိုသွားကြမ
တုန်း မိုးတွေကလည်း အရမ်းကိုရွာနေတာ။ ရှေ့ကိုဆက်သွားရင်တော့ ကျုပ်တို့အတွက် အန္တရာယ်တွေရှိ
တယ်တော့”။
“ငွေကျော့ရာ လောလောဆယ်တော့ ငါတို့နားခိုလို့ရမဲ့နေရာ ဇရပ်တစ်ခုလောက်တော့ရှာရမှာပေါ့”။
“ဒါဆို ဒီဇရပ်မှာ မိုးခိုမယ်တော် မကောင်းဘူးလား..”
“ဘယ်ဖြစ်မလည်း ငွေကျော့ရာ ဒီနေရာက သာခင်တို့ရွာနဲ့ သိပ်မဝေးသေးဘူးလေ။ တော်ကြာ သူတို့သိ
သွားရင် မကောင်းဘူး...သူတို့တားနေတဲ့ကြားက ငါတို့က ဇွတ်ထွက်လာတာလေ..”။
အဲလိုလေးပြောလိုက်တော့ ငွေကျော့ မျက်လုံးလေးထောင့်ကပ်ပြီး အားငယ်ဝမ်းနည်းကာ ..
“ဟုတ်ပါတယ်တော် ကျုပ်တို့အဖြစ်ကလည်း ဆိုးလိုက်တာ ဘယ်ဘ၀က ၀ဋ်ကြွေးတွေများပါလိမ့်နော်”။
“ကိုအောင်သိန်း စိတ်မကောင်းလိုက်တာ ငွေကျော့ရယ်..ကိုအောင်သိန်း နောက်ကိုလိုက်ခဲ့လို့ ငွေကျော့
အခုလိုတွေ ခံစားနေရတာ။ ဒီ..အောင်သိန်း အသုံးမကျဘူးကွာ။”
ကိုအောင်သိန်းတစ်ယောက် ငွေကျော့အတွက် စိတ်မကောင်းဖြစ်ပြီး သူ့ခေါင်းသူ လက်နဲ့ရိုက်နေလိုက်ပါ
သည်။
“ကိုအောင်သိန်းရယ် မငိုပါနဲ့တော့။ ကိုအောင်သိန်းနောက် လိုက်ခဲ့တာကို ငွေကျော့ ဘယ်တော့မှနောင်
တမရပါဘူး”။
“အေးပါ..ငွေကျော့ရာ..မင်း ငါ့ရဲ့နောက်ကို အချစ်တစ်ခုအတွက်နဲ့ လိုက်လာတာ ကိုအောင်သိန်းသိပါတ
ယ်။ ကိုင်း..ဆက်သွားလိုက်ရအောင်”။
ဒီလိုနဲ့ ကိုအောင်သိန်းတို့လင်မယား မိုးပျော် ရွာကိုရောက်သွားပါသည်။
“ငွေကျော့ ဒီလောက်ဆိုရင်တော့ ရွာနဲ့တော်တော်လှမ်းလာပါပြီ..ဒီဇရပ်မှာ ခဏတည်းမယ် မနက်မှဆက်
ပြီးစဉ်းစားကြတာပေါ့”။
“ကောင်းတယ်..ကိုအောင်သိန်း ကျုပ်တို့ဒီမှာပဲနားကြမယ်”။
သူတို့လင်မယားနှစ်ယောက် ဇရပ်ထဲကိုဝင်လိုက်ကြပါသည်။ တစ်ကိုယ်လုံးလည်း ရွှဲရွှဲစိုနေတာဆိုတော့
ပလက်စတစ်အိတ်နဲ့ သေချာပတ်လာတဲ့ အ၀တ်ခြောက်လေးတွေကို လဲလိုက်ကြပါသည်။ သူတို့ဇရပ်ထဲ
ရောက်တဲ့အချိန်မှာတော့ မိုးကလည်း စဲပြီး နဲနဲပဲ ရွာနေပါတော့သည်။ လင်မယားနှစ်ယောက် ပါလာတဲ့
ပုဆိုးလေးတွေကို ခြုံပြီး ထိုင်နေလိုက်ကြပါသည်။ ခဏနေတော့ သူတို့နှစ်ယောက်လုံး ပင်ပန်းလာတဲ့ဒဏ်
ကြောင့် အိပ်ပျော်သွားကြပါသည်။ မနက်အိပ်ယာထတဲ့ အချိန်မှာတော့ ကိုအောင်သိန်းတစ်ယောက် အဖျ
ားတက်နေပါသည်။
“ကိုအောင်သိန်း ထတော့လေ ကျုပ်တို့ ဘယ်သွားရအုံးမယ်ဆိုတာ စဉ်းစားရအုံးမယ်လေ။”ငွေကျော့တစ်
ယောက် ယောက်ျားကို နှိုးနေပေမဲ့ ကိုအောင်သိန်းကတော့ လုံးဝကို မထနိုင်တော့ပါ။
“ဟယ်..ကိုအောင်သိန်းဖျားနေပြီ..ကိုယ်တွေကလည်း ပူနေလိုက်တာ..ငါဘယ်လိုလုပ်ရပါ့မလဲ။”
ငွေကျော့တစ်ယောက် ခေါင်းမီးတောက်သွားလောက်အောင်ကို ထူပူနေပါသည်။ သူများရပ်ရွာဆိုတော့
ငွေကျော့တစ်ယောက် ဘာလုပ်ရမယ်ဆိုတာကို မစဉ်းစားနိုင်တော့ပေ။
“ငွေကျော့ ငါအရမ်းချမ်းနေတယ်ဟ..ငါ့ကိုရေနွေးတိုက်ပါအုံးဟ”။ကိုအောင်သိန်း တစ်ယောက် အရမ်းအ
ဖျားတက်နေပြီဆိုတာ ငွေကျော့တစ်ယောက်သိသွားပါသည်။
“ကိုအောင်သိန်း ကျုပ်ရွာထဲသွားပြီး အကူအညီတောင်းချေ အုံးမယ်။ ခဏလေး စောင့်အုံးနော်”။
ငွေကျော့တစ်ယောက် ရွာထဲကိုဝင်သွားပါသည်။ ဘယ်အိမ်ကို အကူအညီတောင်းရမလဲ ဆိုတာကို အကဲ
ခတ်ရင်း သွားနေပါသည်။ တစ်နေရာရောက်တော့ အဖွားတစ်ယောက် ထွက်လာပြီး ငွေကျော့နဲ့ တိုက်မိ
မလိုဖြစ်သွားပါသည်။
“အမလေး သောက်ပလုတ်တုတ် ဘယ်နဲ့ဟာလဲ ဟဲ့ ငါ့ကိုတိုက်မိတော့မလို့”။
“အဖွား ကျုပ်တောင်းပန်ပါတယ်တော်..ကျုပ် အရမ်းအရေးကြီးနေလို့ အဖွားကို မမြင်မိပဲတိုက်မိမလိုဖြစ်
သွားတာပါ”။
“သြော်...ရပါတယ် ကလေးမရယ်။ ဒါနဲ့ ကလေးမက ရေးကြီးသုတ်ပျာနဲ့ ဘယ်လိုဖြစ်လာတုန်းဟဲ့”။
“ဒီလိုပါ အဖွားရယ် ”ဆိုပြီး ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ပါသည်။
“ဟယ်..ဒါဆို ဒီတိုင်းပြစ်ထားလို့ မရဘူးလေ...ဇရပ်ကို သွားကြရအောင်”။
“ကျေးဇူးပါ အဖွားရယ်..”
“ဟယ်..နေအုံးဟဲ့..ကလေးမ..ငါ့သားနဲ့ ရွာထဲက လူငယ်တစ်ချို့ကိုခေါ်လိုက်အုံးမယ်။လှသော်ရေ..ခဏ
လာပါအုံး..ရွာထဲက လူငယ်တစ်ချို့ကိုလည်း ခေါ်ခဲ့ပါအုံး။ ဇရပ်မယ် ဧည့်သည်လင်မယား ဒုက္ခရောက်နေ
လို့ဟဲ့ ခေါ်ပြီး လိုက်ခဲ့နော်။ အမေသွားနှင့်မယ်”။
“ဟုတ်..အမေ ကျုပ်တို့လိုက်ခဲ့မယ် သွားနှင့်သွားနှင့်”။
“လာလာ သွားရအောင် ကလေးမ” ပြောပြောဆို ငွေကျော့တို့ ဇရပ်ကို ပြန်လာကြပါသည်။

“ကိုအောင်သိန်း ဘာမှအားမငယ်နဲ့နော်.. ဒီမှာ ရွာထဲက လူတွေပါလာပြီတော့”ပြောပြောဆိုဆို ကိုအောင်
သိန်းနားကပ်သွားလိုက်ပါသည်။
“အဖွား ဒါ ကျုပ်ပြောတဲ့ ကိုအောင်သိန်းလေ”။ အဖွားသော် ကိုအောင်သိန်းနဖူးကို စမ်းကြည့်လိုက်ပါသ
ည်။
“ဟယ် ကလေးမ ညီးယောက်ျားက တော်တော်ဖျားနေတာ ဒီအတိုင်းထားလို့တော့ မရဘူး အခုညီးတို့ဘ
ယ်သွားကြမှာတုန်း”။
“အဖွားရယ် ကျုပ်တို့သွားစရာမရှိပါဘူး..အခုသူကဖျားတော့ ပိုဆိုးတာပေါ့”။
အဲဒီအချိန်မှာ အဖွားသော်ရဲ့သားနဲ့ ရွာထဲက လူငယ်တစ်စုရောက်လာကြပါသည်။
“အမေ ဒီတိုင်းထားလို့တော့ မဖြစ်ဘူးဗျ..အိမ်ကို ခေါ်သွားရင် မကောင်းဘူးလား”။
“အေး..ဒီလိုပဲ လုပ်ရတော့မှာပေါ့ဟယ်..ကိုင်း..ကိုင်း.ဒီကလေးကို မ- မ အိမ်ကိုသွားကြမယ်”။လူငယ်
တစ်စု ကိုအောင်သိန်းကို မ ခေါ်သွားကြပါသည်။ အဖွားသော်တို့အိမ်ရောက်တော့ ၀ိုင်းဝန်း ပြုစု ယုယမှု
ကြောင့် ကိုအောင်သိန်း တစ်ယောက် သက်သာသွားပါသည်။ ငွေကျော့တစ်ယောက်ကတော့ အိမ်အတွ
က်ဝိုင်းဝန်း ကူညီပြီး လုပ်ကိုင်ပေးတာပေါ့။ အဖွားသော် ကတော့ ငွေကျော့ကို သမီးလေးတစ်ယောက်လို
ချစ်ခင်သွားပါသည်။
“ငွေကျော့ ငါသက်သာသွားပြီ..ငါတို့ ဘာဆက်လုပ်ကြရင် ကောင်းမလဲ”။အဲဒီအချိန်မှာ အမေသော်နဲ့ သူ့
သား ရောက်လာပြီး ...
“အဲဒီအတွက်ဘာမှမပူပါနဲ့ အောင်သိန်းရယ်...အခုအဖွားတို့လာတာ ပြောစရာရှိလို့လာခဲ့တာ။”
“အဖွား ဘာပြောမလို့လဲ ပြောလေ...”။
“ဒီလိုပါကွယ်..အခု မင်းကလည်း နေကောင်းပြီ။ နောက်ပြီး မင်းတို့မှာ သွားစရာ နေရာမရှိဘူးလေ..အဲေ
တာ့ အဖွားသော်တို့အိမ်မှာပဲ တောင်သူလုပ်ကြပေါ့။ အဖွားသော်တို့ကလည်း သားအမိနှစ်ယောက်တည်း
ဆိုတော့ မင်းတို့အတွက်အဆင်ပြေပါတယ်။ မင်းတို့ လင်မယားကတော့ အဖွားသော်တို့ တောင်ဝိုင်းကအိ
မ်မှာသွားနေကြပေါ့..။မင်းတို့ စဉ်းစားချင်သေးတယ်ဆိုရင်လည်း ဒီတစ်ည စဉ်းစားကြအုံးပေါ့ကွယ်”။

“ဟုတ်ကဲ့ အဖွားသော်.. ကျုပ်တို့မစဉ်းစားတော့ပါဘူး.. အဖွားသော်တို့သားမိကို ကျုပ်တို့ရဲ့ မိဘတွေလိုသ
ဘောထားပါမယ်။ အဖွားသော်တို့ကလည်း ကျုပ်တို့ကို သား၊သမီးလိုသဘောထားပါ။ မလိမ္မာတာရှိရင်လ
ည်းဆုံးမနိုင်ပါတယ်ဗျာ”။
“ဟာ..ငါဝမ်းသာလိုက်တာကွာ... အမေ့မှာ အခုချိန်ကစပြီး သား၊သမီး(၃)ယောက် ရှိပြီလို့ သဘောထား
လိုက်တော့ဗျာ။ ကျုပ်ကလည်း သူတို့လင်မယားကို ကျုပ် ညီလေးနဲ့ ညီမလေးလိုသဘောထားပြီး စောင့်
ရှောက်သွားမှာပါ”။ အဖွားသော်ရဲ့သား ကိုလှသော် ပြောလိုက်ပါသည်။

အဲဒီအချိန်ကစပြီး ကိုအောင်သိန်းတို့လင်မယားလည်း အဖွားသော်ရဲ့ တကယ့်သား၊သမီးအရင်းအချာတွေ
လိုဖြစ်သွားပါတော့တယ်။ ကိုအောင်သိန်းတို့ကို အဖွားသော်က နွားတစ်ရှဉ်းနဲ့ လယ်(၂)ဧကပေးထားပါသ
ည်။ သူတို့လင်မယားကလည်း လိမ္မာတော့ အဆင်ပြေကြတာပေါ့။ နောက်ပိုင်းမှာတော့ အဖွားသော်က သူ
တို့ တောင်ဝိုင်းကို အပိုင်ပေးလိုက်ပါတယ်။
................................................................................................................................
အပိုင်း(၄)
“အဖွားသော် လယ်တွေက ဒီနှစ်ကောင်းလိုက်တာဗျာ.. စပါးအထွက်ကတော့ တိုးအုံးမှာဗျို့”။
“အဲဒါ မင်းတို့လင်မယားနဲ့ အကျိုးပေးလို့ကွဲ့။ ဒါနဲ့ မင်းမိန်းမ ငွေကျော့ ချင်ခြင်းတက်တာ သက်သာသွားပြီ
လားဟဲ့”။
“ဟုတ်တယ် အဖွားသော် သက်သာသွားပြီ ငွေကျော့မှာ ကိုယ်ဝန် (၃)လရှိပြီတဲ့ဗျ။ လက်သယ် ဒေါ်ကြီးပု
တို ပြောတယ်..”။
“ကောင်းတာပေါ့ကွယ်..သားသမီးဆိုတာ ရတနာနော် ထိုက်မှရတာ။ ငွေကျော့ကို ဂရုစိုက်နော်..အဖွားေ
သ်ာခေါ်တယ်လို့ အိမ်ကိုလာလည် အုံးလို့ ပြောလိုက်အုံးနော်”။ အဖွားသော် ကိုအောင်သိန်းကို မှာလိုက်ပါ
သည်။ အဲဒီနောက်မှာတော့ ငွေကျော့လည်း ကိုယ်ဝန်ကြီး တကားကားနဲ့ ဖြစ်လာတော့တာပေါ့။ အဖြားေ
သ်ာတို့သားမိကလည်း အရမ်းကို ဂရုစိုက်ကြပါသည်။
“ငွေကျော့.. ညီး ကိုယ်ဝန် ဘယ်လောက်ရှိသွားပြီတုန်း”။
အဖွားသော် မေးလိုက်ပါသည်။
“ကျုပ် လက်သယ် ဒေါ်ပုမက သုံးလပြည့်ပြီလို့ပြောတုန်းကတော့ ကိုဖိုးအောင်တို့အိမ် နွားပျောက်တုန်းက
တော့”။
“ ဖိုးအောင်တို့ နွားပျောက်တာ ငါးလရှိပြီဟ” ကိုလှသော် ၀င်ပြောလိုက်ပါသည်။
“အဲဒါဆို မွေးတော့မှာ ငွေကျော့ရဲ့ ဂရုစိုက်နော်”။
“ဟုတ်ကဲ့ပါ ကိုကြီးလှသော်နဲ့ အဖွားရယ်..”။
“ဒါဆို တို့ပြန်မယ် ငွေကျော့”..
ပြောပြောဆိုဆို လှသော် တို့သားအမိ ထွက်သွားကြပါသည်။

အဲဒီလိုနဲ့ ငွေကျော့တစ်ယောက် ကိုယ်ဝန် နေ့စေ့၊လစေ့ အချိန်ကိုရောက်လာပါသည်။
“ကိုအောင်သိန်း ကျုပ် ဒီနေ့ နေရာတာ တစ်မျိုးပဲတော်...။ ဘယ်လိုကြီးမှန်းမိသဘူး..”။
“အေး..ကလေးမွေးတော့မယ်ထင်တယ်ဟ..”။
“အာ ..နာတယ် ကိုအောင်သိန်းရယ်...အဖွားသော်တို့ကို သွားခေါ်ပါ. အာ...ဟ...ဟ..နာလိုက်တာ
တော်။ သေပါပြီတော့...”။
“ခဏလေး ငွေကျော့ရာ ငါပြေးခေါ်လိုက်အုံးမယ်နော်”။ ကိုအောင်သိန်းတစ်ယောက် အတင်းထွက်ပြေး
သွားပါတော့သည်။
“အဖွား....” ကိုအောင်သိန်းတစ်ယောက် မောနေပါသည်။
“ဘာဖြစ်တာလဲ အောင်သိန်းရယ်ပြောစမ်းပါ ငါရင်မောလိုက်တာ”
“ငွေကျော့ ဗိုက်..ဗိုက်..ဗိုက်နာလို့ အော်နေတယ်။ အဲဒါ မြန်မြန်လိုက်ခဲ့ပါ...”
“သြော်..အေး..အေး.. မင်း..လက်သယ် ဒေါ်ပုတိုကို ခေါ်ချေ ကွယ်..။ဟောတော် မိုးတွေ၊လေတွေက
လည်း လာနေပြီ အောင်သိန်းရဲ့ သွားသွား မြန်မြန်သွား”။
ကိုအောင်သိန်း တစ်ယောက်လည်း အမောဆို့မတက် ပြေးသွားလိုက်ပြန်ပါသည်။ ဒေါ်ပုတိုအိမ်ကိုရောက်
တော့ ဒေါ်ပုတိုကို အတင်းဆွဲခေါ်လာပါသည်။ ကိုအောင်သိန်း တစ်ကိုယ်လုံးမှာလည်း မိုးရေတွေက ရွှဲစို
လို့။
“ဖြည်းဖြည်းလုပ်ပါဟဲ့...အောင်သိန်းရဲ့”။
“ဖြည်းဖြည်းလုပ်လို့ မရဘူး ဒေါ်ကြီးပုရ အိမ်မှာ ငွေကျော့က အတော်နာနေပြီ...လာပါဗျာ..ကြာပါတယ်”
...ပြောပြောဆိုဆို ကိုအောင်သိန်းတစ်ယောက် ဒေါ်ပုတို ကို ထမ်းပြေးသွားပါတော့သည်။
“ဟော...အောင်သိန်းတို့လာပြီ လက်သယ် ဒေါ်ပုတိုလည်း ပါလာတယ်” ကိုလှသော်တစ်ယောက် ပျာယီး
ပျာယာဖြင့် အော်လိုက်ပါသည်။
“ဟယ် ပုတိုကို အ၀တ်အစားတွေ မြန်မြန်ပေးပါဟဲ့။ မီးနေခန်းထဲဝင်ခိုင်းရအောင်”။
အဲလိုပြောလိုက်တော့ ကိုအောင်သိန်းလည်း စိုးရိမ်စိတ်တို့ဖြင့် သူပုဆိုးကို ယူပေးလိုက်ပါသည်။ဒေါ်ပုတို
တစ်ယောက်လည်း စိုးရိမ်စိတ်တို့ဖြင့် ပူထူပြီး ကိုအောင်သိန်း လှမ်းပေးလိုက်တဲ့ ပုဆိုး အစုတ်ကြီးကိုဝတ်
လိုက်ပါသည်။
“လာပါတော့.. ဒေါ်ကြီးပုရဲ့ နာလှပါပြီတော့”
“လာပြီ ငွေကျော့ရေ လာပြီဟဲ့..” ဒေါ်ပုတို တစ်ယောက်လည်း ဗိုက်ကိုအတင်းဝင်နှိပ်ပြီး ကလေးမီးဖွား
နိုင်အောင် အမျိုးမျိုးလုပ်ပေးနေရှာပါသည်။ ခဏနေတော့ ကလေးငိုသံကို ကြားလိုက်ရပါသည်။
“အူ..၀ဲ..အူ...၀ဲ..အူ..၀ဲ”
“ဟယ် သမီးလေး မွေးတယ်တော့ ” အဖွားသော် ၀မ်းသာအားရ ကိုအောင်သိန်းကို အော်ပြောလိုက်ပါသ
ည်။ ကိုအောင်သိန်းနဲ့ ကိုလှသော်တို့လည်း ၀မ်းသာအားရဖြစ်နေကြပါသည်။ မိုးတွေကလည်း အသည်း
အသန်ကို ရွာနေပါတော့သည်။
“ဒိန်း..တလိန်း..တိန်း..”မိုးတွေကလည်း ကြောက်ဖို့ကောင်းလောက်အောင်ပင် ချိန်းနေပါသည်။
တစ်ချက်တစ်ချက်ဆို လျှပ်စီးတွေကလည်း တ၀င်းဝင်းနဲ့ဆိုတော့ ငွေကျော့လန့်သွားမှာကို စိုးရိမ်နေကြ
ပါသည်။
“အာ..နာပြန်ပြီတော့..အာ..နာပြန်ပြီ..လုပ်ကြပါအုံးတော့..”ငွေကျော့ အော်လိုက်ပြန်ပါသည်။
“ဟယ်..ဗိုက်က လျော့မသွားသေးဘူး။ ကျန်သေးတယ်ထင်တယ်တော့..အမြွှာပူး ဖြစ်ဖို့များတယ်တော့
လက်သယ်ကြီး ဒေါ်ပုတို အော်လိုက်ပါသည်”။
“ဟာ..မင်းတော်တော် စွမ်းတဲ့ကောင်ပါလား အောင်သိန်းရ နောက်တစ်ယောက်ကျန်သေးတယ်တဲ့ကွ..
တစ်ခါတည်းနဲ့ နှစ်ယောက်ရတာ တော်သကွာ”။ ကိုလှသော် ကိုအောင်သိန်းထက်ကို ပိုပျော်နေပုံရပါသ
ည်။
“ငွေကျော့ အားတင်းထားနော်...မွေးတော့မယ်...”ပြောပြောဆိုဆိုပဲ ကလေးငိုသံကို ဒုတိယမ္ပိ ကြားလိုက်
ရပြန်ပါသည်။
“ဟယ်..ဒီတစ်ခါက ယောက်ျားလေးတော့ ”၀မ်းသာ အားရနဲ့ လယ်သယ်ဒေါ်ပုတိုနဲ့ အတူ အားလုံး အော်
လိုက်ကြပါသည်။
“ငွေကျော့ နေကောင်းပါတယ်နော်..”ကိုအောင်သိန်းမေးလိုက်ပါသည်။
“ကောင်းပါတယ် ကိုအောင်သိန်းရယ်...”
“ဒါနဲ့ ကိုအောင်သိန်း ဒီကလေးတွေရဲ့နာမည်ကို မိုးလေးတွေ ထည့်မှည့်ပေးနော်”။
“အင်း ..အဲဒါက နောက်မှပြောလို့ရပါတယ် မိန်းမရယ်..နေကောင်းအောင်နေနော်..” ငွေကျော့ ခေါင်းက
လေးကို ညိမ့်ပြလိုက်ပါသည်။ အဲဒီအချိန်မှာပဲ သိကြားမင်းနဲ့ အသူရာ စစ်ဖြစ်နေတာလားတော့ မသိပါဘူ
း.. “ဂျိန်း” ဆိုတဲ့ အသံကြီးက ငွေကျော့ကို လန့်သွားစေခဲ့ပါသည်။
“လုပ်ကြပါအုံးဟဲ့...မိုးကြိုးထစ်လိုက်တာ ငွေကျော့လန့်သွားတယ်”။ အဖွားသော် အော်လိုက်ပါသည်။ ပါတ်
ဝန်းကျင်က ဗိန္ဓော ဆရာကြီး ဦးသာခို ရောက်လာပြီး..။

“ဟာ..မီးနေသည် လန့်ရင် သံကွင်းကို မီးဖုတ်ပြီးတိုက်ရတယ်ဟ.. မြန်မြန်လုပ်ကြပါ”။ မိုးကရွာနေတာ
ဆိုတော့ မီးမွှေးရတာ တော်တော်နဲ့ အဆင်မပြေပါဘူး။ မွှေးမရတဲ့ အဆုံးမှာတော့ ရေနံဆီလေး နည်းန
ည်း လောင်းပြီး မွှေးလိုက်မှ အဆင်ပြေသွားပါသည်။ အဲဒီအချိန်မှာတော့ မီးနေသည် မငွေကျော့တစ်ယေ
ာက် သတိလစ်လို့ပင်နေပါပြီ။ ဗိန္ဓော ဆရာကြီး ဦးသာခို လည်း အတတ်နိုင်ဆုံးကုသပေးလိုက်ပါတယ်။
သံကွင်းကို မီးဖုတ်ပြီးလည်း တိုက်လိုက်ပါသေးသည်။ ရေကို မီးနဲ့ငြိမ်းလိုက်သလိုပါပဲ အပြင်မှာ ရွာနေတဲ့
မိုးကလည်း ဟန်ဆောင်ကောင်းလိုက်ပုံက သူမဟုတ်သလိုပဲ တိတ်ဆိတ် ငြိမ်သက်လို့။ အဲဒီအချိန်မှာ ငွေ
ကျော့တစ်ယောက်လည်း သက်သာသွားပါသည်။ အဲဒီလိုနဲ့ တဖြည်းဖြည်းချင်း ကလေးတွေတောင် နာမ
ည် ပေးရတဲ့ အရွယ်ကိုရောက်လာပါသည်။
“ကိုအောင်သိန်း ကျုပ်ကလေးနှစ်ယောက်ကို နာမည်ပေးမယ်တော်။ သူတို့နှစ်ယောက်က ကြာသာပတေး
နေ့မှာ မွေးတယ်၊ အဲတော့ နေ့လိုက်နံလိုက်ဖြစ်အောင် နာမည်ပေးရမယ်တော့”။ အဲလိုပြောပြီး ငွေကျော့
စဉ်းစားနေလိုက်ပါသည်။
“ငါသိပြီ ငွေကျော့ မင်းမီးတွင်းတည်းမှာတုန်းက ပြောတယ်လေ မိုးပါအောင် နာမည်ပေးရမယ်ဆို။ အခု
ကလေးတွေက ကြာသာပတေးသား၊ သမီးလည်း ဖြစ်တယ်ဆိုတော့ မိုးလည်းပါအောင်...သားလေးကိုမိုး
ဇော်၊သမီးကြီးကို မြမိုးသွယ်လို့ ပေးရင် မကောင်းဘူးလား”။
“အင်း..ကောင်းတယ်..ကောင်းတယ်..ကိုအောင်သိန်း သိပ်တော်တယ်တော်..”လင်မယားနှစ်ယောက်က
လေး အမြွှာ မောင်နှမ နှစ်ယောက်နဲ့ ပျော်ရွှင်နေကြပါတော့သည်။ ဘာလိုလိုနဲ့ မိုးဇော်တို့ မောင်နှမတော
င် (၁၂)နှစ်ဆိုတဲ့ ဆီကိုရောက်သွားပါပြီ။
“အဖေ..သားတို့ မောင်နှမ ကျောင်းသွားတော့မယ်နော်..အဖေနဲ့ အမေ့ကို ကန်တော့ပါတယ်”
“အေးပါကွယ်..ငါ့သားနဲ့ ငါ့သမီး ပညာတတ်ကြီးတွေဖြစ်ပါစေကွယ်”။ အဲဒီဆုကို အမြဲတမ်းပေးတဲ့သူကေ
ာ့ ကိုအောင်သိန်းပေါ့။ သား၊သမီးနှစ်ယောက်ကလည်း ကျောင်းမသွားခင် မိဘကို ကန်တော့၊ ညအိပ်ယာ
ဝင်ကန်တော့နဲ့ အရမ်းလိမ္မာကြပါတယ်။ သူတို့မိသားစုလေးယောက်က တကယ်ကို ပျော်ရွှင်စရာ စံပြမိ
သားစုလေးပါပဲ။ သူတို့ကို မြင်လိုက်ရတဲ့ လူတိုင်း ကြည်နူးမှုတွေကို ခံစားရစမြဲပါပဲ။
...............................................................................................................................


အခန်း(၅) ဇာတ်သိမ်း
တစ်ရက်တော့ သူတို့မိသားစုလေးထဲကို မမြင်ရတဲ့ ကြမ္မာမုန်တိုင်း ၀င်ရောက်လာတာကို သူတို့မိသားစုေ
တွ တစ်ယောက်မှ သတိမထားမိလိုက်ကြပါဘူး။
“အမေ..မိုးတွေမှောင်နေတယ်နော်..လေလည်းတိုက်နေတယ်..မိုးရွာတော့မယ် ထင်တယ်”။မြမိုးသွယ်ရာ
သီဥတု ခန့်မှန်းပြီး ပြောလိုက်ပါတယ်။
“ဟုတ်တယ်နော် အဖေ...မိုးတွေကလည်း မှောင်လို့ လွမ်းချင်စရာကြီး”
မလွမ်းကြပါနဲ့ ငါ့သားနဲ့ သမီးရာ မိုးရွာတော့ ပိုပြီးတောင် အိပ်လို့ကောင်းသေးတယ်။ ကိုအောင်သိန်းတစ်
ယောက် သား.၊သမီးတွေကို အရွှမ်းဖောက်လိုက်ပါသည်။
“ကိုင်း..ကိုင်း..အိပ်ကြတော့ သွားသွား..”ကိုအောင်သိန်းတစ်ယောက် ကလေးတွေကို ပြောလိုက်ပါသည်။
“ဟုတ်..အဖေနဲ့ အမေကို ကန်တော့ပါတယ်”။
“သာဓုပါ..သာဓု..သာဓု” လင်မယားနှစ်ယောက် ကလေးတွေကို ဆုပေးလိုက်ပါသည်။ အဲဒီနောက်မှာတေ
ာ့ အသီးသီး အိပ်ယာဝင်ကုန်ကြပါတယ်။


“ကိုအောင်သိန်း ထအုံးတော့ အပြင်မှာ မိုးတွေချိန်းနေတယ် မိုးရွာတော့မယ်နဲ့တူတယ်တော့”။
“အာ....ဘာလဲ မငွေကျော့ရာ ပူညံပူညံနဲ့”။ကိုအောင်သိန်းတစ်ယောက် အိပ်ချင်မူးတူးဖြစ်ပြီး မငွေ့ကျော့
ကိုအော်လိုက်ခြင်းဖြစ်ပါသည်။
“၀ုန်း....ဗြော..ဗြော..”
“ဒိန်း..တလိန်း..လိန်းတိန်း...”အပြင်မှာ မိုးနဲ့လေ တွဲပြီး လာနေပါသည်။
“ကိုအောင်သိန်း မိုးတွေက ရွာလိုက်တာတော် ကျုပ်တို့ လယ်ခင်းထဲ ရေတွေဝပ်လိမ့်မယ်တော့..စပါး
ကရိတ်လို့ရနေပြီ တော်ကြာ ရေတွေဝပ်ရင် ရိတ်တဲ့အခါ အဆင်မပြေဖြစ်လိမ့်မယ်တော့”။
“အေး..ဟုတ်သားပဲဟ..ငါမေ့နေလိုက်တာ.. ငါသွားမယ်...”
“တော်..တစ်ယောက်တည်းတော့ မဖြစ်ပါဘူးတော်... ကိုကြီးလှသော်ကို ခေါ်သွားလေ”။
“ရပါတယ် မငွေကျော့ရာ မခေါ်တော့ပါဘူး..”
“မခေါ်ဘူးဆိုရင်လည်း ကျုပ်လိုက်မယ်တော်...ဘာလို့လည်းဆိုတော့ တော်ရေမြောင်းဖောက်တဲ့အချိန်မှာ
ဓါတ်မီးထိုးပြဖို့ လိုတယ်လေတော်”။
“အဲဒါဆိုလည်း လိုက်ခဲ့ဟာ..သွားကြရအောင်..”
လင်မယား နှစ်ယောက် လယ်ကွင်းဆီကို ဆင်းခဲ့ကြပါသည်။ မိုးတွေကလည်း သည်းကြီးမဲကြီးနဲ့ အရှိန်အ
ဟုန် ပြင်းပြင်းနဲ့ကို ရွာနေပါသည်။ ကိုအောင်သိန်းတို့ လင်မယားလည်း လယ်ခင်းထဲ ရေမ၀ပ်ရအောင်ေ
ဖာက်တန်သာဖောက်၊ ပိတ်တန်သာပိတ်ရင်း မိုးတွေအောက်မှာ အလုပ်ရှုပ်နေကြတာပေါ့။ အဲဒီအချိန်မှာ
အထက် ၀ဠာက အလင်းတန်းတစ်ခုနဲ့ အသံတစ်ခုက ကိုအောင်သိန်းတို့လင်မယားအပေါ်ကို ထိုးဖောက်
ဝင်ရောက်သွားပါတော့သည်။

အိပ်နေကြတဲ့ လူတွေတောင် လန့်ပြီး နိုးကုန်ကြတဲ့ အဆင့်ထိလေ။ မိုးဇော်တို့ မောင်နှမလည်း ကြောက်
လန့်ပြီး မိဘတွေဆီကို ထသွားတာပေါ့။ အဲဒီအချိန်မှာ မိဘတွေကို မတွေ့ရတော့ ပိုပြီးကြောက်လန့်ပြီးငို
ကြပါတော့သည်။ ကလေးနှစ်ယောက် ငိုသံကြားတော့ ပါတ်ဝန်းကျင်က လူတွေလည်း မိုးဇော်တို့ဆီကိုေ
ပြးလာကြပါသည်။
“ဟ..ဒီမောင်နှမ ဘယ်လိုဖြစ်တာလဲ..”ကျုပ်တို့ ကြောက်လို့ အဖေတို့ ဆီသွားတာ အဖေတို့ကို မတွေ့ေ
တာ့လို့ ဗျ..”ဆိုပြီး ကလေးနှစ်ယောက် ငိုကြပြန်ပါသည်။ အဲဒီကျမှ ပါတ်ဝန်းကျင်က လူတွေက အဖွားေ
သ်ာတို့ သားအမိကို သွားနှိုးပြီး ပြောပြကြပါသည်။

“ ဟာ..အမေ..ကျုပ်သိပြီ အောင်သိန်းတို့လင်မယား လယ်ကွင်းထဲ ရေသွားဖောက်တယ်ထင်တယ်”။
အဲဒီအချိန်မှာပဲ..ကိုအောင်သိန်းတို့လယ်ကွင်းနဲ့ အတန်ငယ်ဝေးတဲ့လယ်ကွက်မှ ကိုအောင်ဒင်တစ်ယောက်
သုတ်သုတ်ပျာပျာနှင့် ပြေးလာပြီး ကိုအောင်သိန်းတို့လင်မယား မိုးကြိုးပစ်ခံရကြောင်း ပြောပြပါတော့သည်။
“အဖွားသော်..စိတ်ကို ထိန်းပါဗျာ။ ကျုပ်လည်း ရေမြောင်းသွားဖောက်တာ ကတတ်ပင်တောကို။ ကျုပ်ထွ
က်သွားတော့ ကိုအောင်သိန်းတို့လင်မယားလည်း ရေမြောင်းဖောက်နေကြတယ်။ ကျုပ်တောင် လှမ်းပြီး
နှုတ်ဆက်ခဲ့သေးတယ်... ကျုပ်လယ်ကွက် ရောက်လို့မှ မကြာသေးဘူး မိုးကြိုးပစ်သံကြားရတာပဲဗျ။ အဲဒါ
နဲ့ ကျုပ်လည်း ကြောက်လန့်ပြီး ပြန်လာခဲ့တာ ကိုအောင်သိန်းတို့လယ်ကွက်နားရောက်တော့ ညှော်နံ့ကြီး
နံလို့ ကျုပ်ဝင်ကြည့်တော့ သူတို့လင်မယားနှစ်ယောက် လဲနေတာတွေ့ခဲ့ရတယ်။ နှစ်ယောက်စလုံးလည်း
မဲ တူးနေတာ ကျုပ်လည်း ခင်ဗျားတို့ကို ပြောရအောင် ကြောက်ကြောက်နဲ့ မြန်မြန် ပြေးလာခဲ့တာ”။ကိုေ
အာင်ဒင်တစ်ယောက် ကြောက်ရွံ့ခြင်း ၊ ၀မ်းနည်းခြင်းတို့ ဖြင့် ပြောပြနေပါသည်။
“ဟာ ..ဒါဆို ဒီတိုင်းထားလို့မရဘူးလေ..ငါတို့ မြန်မြန် သင်္ဂြိုလ်မှ ရမှာပေါ့”ဆိုပြီး တစ်ရွာလုံး သွားကြပါ
တော့သည်။
“အမလေး အဖြစ်ဆိုးလိုက်တာ အောင်သိန်းနဲ့ ငွေကျော့ရယ်..ဖြစ်မှဖြစ်ရလေကွယ်..” အဖွားသော်တစ်ေ
ယာက် ငိုပါတော့သည်။
“အဖေနဲ့ အမေ ကျုပ်တို့မောင်နှမနှစ်ယောက်က ဘယ်သူနဲ့နေရမှာတုန်းဗျ..”မိုးဇော် လည်း ငိုလိုက်ပြန်ပါ
သည်။
“အဖေနဲ့ အမေ ကျုပ်တို့ကို ထားသွားပြီပေါနော့်...”မြမိုးသွယ် တစ်ယောက်လည်း တက်သွားအောင်ထိကို
ငိုပါတော့သည်။သူတို့ဘယ်လောက်ပဲငိုငို လောကသဘာဝရဲ့ သေခြင်းတရားကတော့ ငွေကျော့တို့ လင်မ
ယားကို ခေါ်ဆောင်သွားခဲ့လေပြီ။ အဲဒီနောက်မှာတော့မိုးဇော်တို့ မောင်နှမ မိုးကို အမုန်းကြီးမုန်းပြီး နာကျ
ည်းနေမိပါတော့သည်။ အဲဒါကြောင့်လည်း သူတို့ မိဘတွေပေးခဲ့တဲ့ မိုးဇော်ကို ကိုဇော်လို့ ပြောင်းခဲ့ပြီး၊ မြ
မိုးသွယ်ကိုတော့ မြသွယ်လို့ ပြောင်းခဲ့ကြတာပေါ့။

မြသွယ် အတိတ်အကြောင်းတွေကို တွေးရင်း ပြန်လည်နိုးထလာချိန်မှာတော့ မျက်နှာပြင်တစ်ခုလုံး မျက်
ရည်တွေက ရွှဲရွှဲစိုနေပါသည်။ မျက်ရည်လေးတွေကို သုတ်ရင်း ကိုဇော်ကို ကြည့်လိုက်ပါသည်။
“ကိုဇော် နင်ငိုနေတာလားဟင်..”မြသွယ် မေးလိုက်ပါသည်။ ကိုဇော် ခေါင်းလေးညိမ့်ပြပြီး မျက်ရည်တွေ
ကိုသုတ်နေပါသည်။ သူတို့မောင်နှမရဲ့ အတွေးတွေကတော့ မိုးရွာထဲမှာ သေဆုံးခဲ့ကြတဲ့ မိဘနှစ်ပါးကို
သတိရပြီး ငိုကျွေးနေကြတယ်ဆိုတာ ပြောမပြပဲ သိနေရပါသည်။ အဲဒီအချိန်မှာ ဘကြီးမြိုင်ကလည်း သီ
ချင်းဆို မရပ်သေးပဲ ဆက်ဆိုနေသေးပါသည်။

“လျှံရွှေစင်ပြိုးပြိုးပြက်လျှပ်စစ်ရောင်ခြည်မျှင်
ဗျူဟာဆင် မိုးလုံးပြည့် တရွေ့ရွေ့ယူဆဲတွင်
နယ်ရှစ်ခွင် မင်းလွင်ဝန်းကျင်
လွမ်းအောင်ဖော်ပြအာကာဝေဟင်
ဘယ်ရှေးဝဋ်ကြွေးတုံ့တင်ချေပြီထင်ခဲ့
ခိုမှီရာမဲ့ရှုလည့်မြင်လှည့်စေချင်
ချစ်တဲ့သူရဲ့ရင်ခွင် သည်မိုးမှောင်တုန်း
မောင်ပုန်းပါရစေခင် တစ်ကိုယ်ရည်အားနွဲ့နွဲ့
တုန်ပြီရွှေဘ၀င် ငြိုးရက်တဲ့ ဒေ၀ါဆွေနတ်ရှင်
သြော် မိုးသက်လေနှင်”
ဖိုးဇော်တို့ မောင်နှမလည်း အလွမ်းဓါတ်ခံရှိခဲ့တဲ့သူတွေဆိုတော့ ထပ်ပြီးငိုကြပြန်ပါသည်။ မိုးဇော်တစ်ယေ
ာက် ငိုရင်း....
“အစ်မ ကျုပ်တို့ မောင်နှမတော့ ဒီလိုသာ မိုးတွေ အမြဲတမ်းရွာနေရင် ဘယ်လိုလုပ်ကြမလဲဟင်။ ဒီမိုးကြီး
က ကျုပ်တို့မောင်နှမအတွက်တော့ ညှင်းပန်းနှိပ်စက် နေသလိုခံစားရတယ်နော်”။
“အစ်မလည်း တူတူပါပဲကွာ..။ ဒီလို မိုးတွေရွာရင် သေလောက်အောင်ကို ခံစားရတယ်...”။
“ဟုတ်တယ် အစ်မရာ ကျုပ်တို့အတွက်ကတော့ ဒီမိုးကြီးက အညှိုးနဲ့များ ညှင်းပန်း နေသလားအောက်မေ့
ရတယ်။” မောင်နှမနှစ်ယောက်ကတော့ ငိုကြွေးယုံမှ တပါး အခြားဘာရှိနိုင်ကြအုံးမှာလဲလေ။
သူတို့မောင်နှမနှစ်ယောက်ကတော့ မိုးရာသီရောက်တိုင်း ၊မိုးတွေရွာတိုင်း အခုလိုပဲ ခံစားနေရအုံးမယ်ဆို
တာ မုချ ဧကန်ပါပဲဗျာ။
ပြီးပါပြီ..
(ကျွန်တော့်ရဲ့ရေးသားချက်များအဓိပ္ပါယ်မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း
ဝန်ခံအပ်ပါတယ်ခင်ဗျား။)
စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်...
ရာဇာ(ကျေးတောသားလေး)
16.3.2011


4 comments:

Angelhlaing(May everybody be happy and healthy! said...

သနားစရာ ကြေကွဲစရာနော်။ အကိုကရေးလိုက်ရင် နာမည်နဲ့လိုက်တယ်။
ကျေးလက် စာပေများတယ်နော်.....အားပေးသွားလျှက်ပါအကို။
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

မိုးယံ said...

အံမယ်လေးဗျာ.. ရေးနိုင်လိုက်တာလွန်ပါရေ.. မောအောင် ဖတ်ရတယ်ဗျာ... ဒါနဲ့ ဆရာမခင်ခင်ထူးနဲ့ ဘာတော်သလဲ မေးရဦးမယ်..

:) :)

ရွှေညာသားလေး said...

ကျုပ်အထင်တော့...ဆရာမခင်ခင်ထူးနဲ့နယ်သူနယ်သားတွေမှတ်တာပဲဗျာ...ရေးတာလေးတွေကကျေးလက်စရိုက်ကိုပေါ်လွင်စေပါတယ်...ဆက်လက်ကြိုးစားပါ ကျေးလက်သားရေ...အားပေးနေပါတယ်...

yar zar said...

ကိုမိုးယံနဲ့ ကိုရွှေညာသားလေး ရေ ...ကျွန်တော်က ဆရာမခင်ခင်ထူးနဲ့ နယ်သူ၊ နယ်သားတွေလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့၇ွာနဲ့ ဆရာမရွာက ၅မိုင် ၆ မိုင်လောက်ပဲဝေးမယ်ထင်တယ်။ ဒါပေမဲ့ တစ်ခါမှတော့မရောက်ဖူးဘူးဗျ။ ဆရာမခင်ခင်ထူးကိုတောင် ကျွန်တော်ဒီရောက်မှသိတာ...အဲလောက်တောင် ဗဟုသုတတွေပြည့်ဝတာနော်...ဟဲဟဲ..
အားလုံးကို လေးစားလျှက်
ရာဇာ(ကျေးတောသားလေး)

Post a Comment