Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Tuesday, March 1, 2011

မွေးရပ်အညာနဲ့ရွှေဧည့်သည်(၁)


ရာသီကား တပေါင်းလ ။ သစ်ရွက်တွေ ကြွေပြီးလို့ လေပွေတွေဝေ့၀ဲပြီး ဖုန်တွေတထောင်းထောင်းထနေ
တဲ့အချိန်။တက္ကသိုလ်က စာမေးပွဲပြီးလို့ ရွာကိုပြန်အလာ၊ သူငယ်ချင်းနှစ်ယောက်ကကျွန်တော်တို့ တောရွာ
ကိုအလည်လိုက်ချင်တယ်လို့ ပြောလို့ ရွာကိုခေါ်လာတဲ့အချိန်က သူငယ်ချင်းနှစ်ယောက်ရဲ့ အညာဓလေ့အ
တွေ့အကြုံလေးတွေကို သတိရလို့ သူငယ်ချင်းတွေကို အလွမ်းပြေ ဒီပို့စ်ကလေးကိုရေးရခြင်းဖြစ်ပါသည်။

မန္တလေးဘုရားကြီးနောက်မုဒ်ကနေ ကျွန်တော်တို့ရွာဘက်ကိုပြန်တဲ့ ရွှေမန်းမေကားကို သူငယ်ချင်း(၃)ယေ
ာက်ထိုင်စောင့်နေကြပါတယ်။ ကားကိုတော်တော်ကြာကြာစောင့်လိုက်ရပါတယ်။ ကားလာတော့ကျွန်တော်
တို့အဖွဲ့ကားခေါင်မိုးပေါ်ကိုတက်ပြီး နေရာယူလိုက်ပါတယ်။ (ကားရှားတော့ လူကြပ်လို့အပေါ်ကိုတက်စီးခြင်း
ဖြစ်ပါသည်)။သူငယ်ချင်း(၃)ယောက်ကားပေါ်ရောက်တော့ ပြန်ရမဲ့လမ်းခရီးအကြောင်း စကားတွေဖောင်ဖွဲ့
နေကြပါတယ်။ မန္တလေးကနေ အမရပူရကိုဖြတ်ပြီး စစ်ကိုင်းတံတားအကွေ့ကနေ တံတားဦးဘက်ကိုဖြတ်တဲ့
အထိ ကျွန်တော့်သူငယ်ချင်းနှစ်ယောက် စကားတွေဖောင်ဖွဲ့ပြီး လိုက်လာပါတယ်...။ကျွန်တော်ကတော့ သူ
တို့နှစ်ယောက်ကိုကြည့်ပြီး ပြုံးလိုက်ပါသည်။ကျွန်တော်ပြုံးတာကို သူငယ်ချင်းတွေကကြည့်ပြီး “ဘာပြုံးတာ
တုန်း။ သြော်...မင်းတို့နှစ်ယောက် စကားပြောနေတာကို သဘောကျလို့ပါကွာ။ ဘာလဲ..မင်းက ငါတို့နှစ်
ယောက်ကို နုတယ်လို့များ ထင်နေတာလား ငါတို့ဒီအပူလောက်တော့ ဒဏ်ခံနိုင်ပါတယ်ကွ..။အေးပါကွာ...
အဲဒီအသံလေးပဲကြားချင်ပါတယ်....။ဒီလိုနဲ့ ရေကမိုး၊ မြင်းသည်ကိုရောက်တော့အပူဒဏ်ကတဖြည်းဖြည်းစ
လာပါတယ်...။ ကျွန်တော် သူငယ်ချင်းနှစ်ယောက်ကို မျက်လုံးဝေ့ကြည့်လိုက်ပါတယ်...။သူတို့နှစ်ယောက်
စကားသိပ်မပြောတော့ပါဘူး ခေါင်းလေးတွေငုံ့ပြီး လိုက်လာပါတယ်...ချွေးတွေကလည်း ရွှဲလို့ဗျာ..သူတို့ကို
ကြည့်ပြီး ကျွန်တော် စိတ်မကောင်းဖြစ်သွားတာဗျ..။“ရော့ နေဇော်နဲ့ အောင်ဦး ခေါင်းကို ပုဆိုးလေးခြုံထား”
ဆိုပြီး ကျွန်တော် အိတ်ထဲမှ ပုဆိုးတစ်ထည်ကို ထုတ်ပေးလိုက်ပါတယ်။ သူတို့လည်း ပုဆိုးလေးကို ဆွဲယူပြီး
ခြုံထားလိုက်ပါတယ်.။ “ ခရီးသည်တွေ ပေါက်တောဗျာ...ပေါက်တော” စပယ်ယာက အော်လိုက်တော့က
ားပေါ်က လူတွေအားလုံးနီးပါးဆင်းကြပါတယ်။ ကျွန်တော်တို့လည်း ကားပေါ်က ဆင်းပြီး ထနောင်းပင်ရိပ်
အောက်မှာသွားပြီး နေရိပ်ခိုရင်း ရေသန့်ဗူးလေး ထုတ်သောက်ပေမဲ့လည်း နေကအရမ်းပူတော့ ဗိုက်သာက
ယ်သွားတာ ရေငတ်က လုံးဝမပြေဘူး။ “နေဇော်နဲ့ အောင်ဦး ဘယ်လိုလဲ ငါတို့ဆီလိုက်တဲ့ အတွေ့အကြုံ
တွေက ဗဟုသုတရ ရဲ့လား ကျွန်တော်လှမ်းစလိုက်ပါသည်။ သူတို့နှစ်ယောက်ပြုံးဖြီးဖြီးနဲ့ ကျွန်တော်ကိုကြည့်
ပြီး ..“အေး ..မဆိုးဘူးကွ။ အေးဒါအစပဲရှိသေးတယ်နော်..အားတင်းထား..။အေးပါကွာ ဖြစ်ပါတယ်ကွ”။

“ကားထွက်မယ် လူစုံပြီလား” ကားစပယ်ယာ လှမ်းအော်လိုက်ပါတယ်...။ ကျွန်တော်တို့လည်း ကားပေါ်ကို
ပြန်တက်ပြီးနေရာယူလိုက်တော့ ကားခေါင်မိုးပေါ်က ပူလိုက်တာ ဖင်တောင်မချနိုင်ဘူးဗျာ...။ ဒါနဲ့ ကျွန်တော်
တို့ လည်း သစ်ကိုင်းတွေကိုခူးပြီး ခင်းထိုင်လိုက်ရပါတယ်...။ ကားပေါ်ထိုင်လိုက်ပြီဆိုတာနဲ့ ကိုရွှေနေမင်း
ကလည်း သူ့အစွမ်းကိုပြပါတော့တယ်။ ကျွန်တော့်သူငယ်ချင်းနေဇော်က “ငါတို့ အရည်များပျော်တော့မှာလ
ားမသိပါဘူး”ကွာတဲ့၊ အောင်ဦးကတော့ စကားမပြောပဲ ပုဆိုးကိုခြုံပြီး ငြိမ်ကုတ်နေပါတယ်...။ဒီလိုနဲ့ကားကြီ
းကမနားတမ်းမောင်းလိုက်တာ မြို့သာကိုရောက်ပါတယ်...။ ကားသမားတွေလည်းနားပြီး ထမင်းစား၊ ကွမ်
းဝါး လုပ်တဲ့ နေရာပေါ့...။ ကျွန်တော်တို့ သူငယ်ချင်း(၃)ယောက်လည်း အောက်ကိုဆင်းပြီး ကြံရည်တစ်ခွ
က်စီ သောက်ပြီး ကွမ်းဝယ်ပြီး ထိုင်ဝါးနေကြပါတယ်...။ခဏနေတော့ “ကားထွက်မယ်..ခရီးသည်အားလုံး
တက်ကြပါ..”။ ကျွန်တော်တို့လည်းကားပေါ်ကိုတက်လိုက်ပါတယ်။ နေချိုသွားပြီဆိုတော့ နေအပူရှိန်လည်း
လျော့ပြီပေါ့။(နေချိုတယ်ဆိုတာ နေအေးသွားတာကိုပြောတာပါ)။ နေချို လာတာနဲ့ အမျှ နေဇော် နဲ့ အောင်
ဦးတို့လည်း စကားတွေပြန်ပြီး ဖောင်ဖွဲ့လာပြီး နေပူတဲ့အကြောင်းတွေပြန်ပြောနေကြပါသည်။ ဒီလိုနဲ့ ရွာစဉ်
အလိုက် ခရီးသည်တွေက သူတို့နဲ့သက်ဆိုင်တဲ့ရွာတွေကိုဆင်းဆင်းသွားကြပါတယ်...။ နဘူးအိုင်ကိုရောက်
တော့ ကားခဏနားပါတယ်...။“ရာဇာ မင်းတို့ရွာက မရောက်သေးဘူးလား ရွာတွေကို ဖြတ်လာတာများနေ
ပြီ..။ အေးရောက်တော့မှာပါကွ နောက်ထပ် နှစ်ရွာဆိုငါတို့ဆင်းမဲ့နေရာရောက်ပြီ...။ ဟင် မင်းတို့ရွာက ဆ
င်းပြီးရင် မရောက်သေးဘူးလား။ အေး...ကြိုပြီးပြောထားရင် မင်းတို့ စိတ်ပျက်သွားမှာဆိုးလို့ မပြောသေး
ဘူးနော်...။အေးပါကွာ ရပါတယ်”။ ခဏနေတော့ ကားထွက်တယ်။ ကျွန်တော်တို့ ဆင်းမဲ့ ကျောက်တိုင်ရွာ
နဲ့ နဘူးအိုင်နဲ့ကြားက ကားလမ်းက အရမ်းဆိုးတယ်။ ကျောက်ခဲ စားသွားရင်တောင် အစာကြေတယ်လို့ပြေ
ာကြတယ်။ ကားကတော့ “ လှသည်းသည်း” ပါတဲ့။ လှသည်းသည်းဆိုတာ လှည်းသာသာ တဲ့လေ။ကားမေ
ာင်းတာက လမ်းဆိုးတော့ လှည်းထက်နည်းနည်းပဲ ပိုမြန်လို့ လှသည်းသည်း လို့အမည်တွင်တာပေါ့။ “ကိုင်း
..ကံနီ ဆင်းလေးတွေ ပြင်ထားမယ်ဗျာ”...စပါယ်ယာက အော်လိုက်တော့။ ဆင်းမဲ့လူတွေ လှုပ်လှုပ်ရွရွဖြစ်
ကုန်ပါတယ်။ ကံနီကိုရပ်ပြီး (၅)မိနစ်မောင်းလိုက်တော့ ကျောက်တိုင်ရွာကိုရောက်ပါတယ်။ “ရောက်ပြီလား
ဆင်းရမဲ့နေရာ အောင်ဦးက မေးလိုက်ပါတယ်။ အေး ရပ်ရင်ဆင်းလို့ရပြီ။ ရှေ့မှာမြင်လား လူတွေရပ်နေတာ
အဲဒါ မြို့ကပြန်လာမဲ့သူတွေ လာကြိုနေတာကွ.. အဲမှာ ကားရပ်မှာ”။ အဲလိုပြောလိုက်တော့ အောင်ဦးနဲ့နေ
ဇော်တို့ ဆင်းဖို့ပြင်နေကြပါတယ်။ “ကိုင်း ကျောက်တိုင်ဆင်းလေးတွေဗျာ...”။ စပါယ်ယာအော်လိုက်တော့
ကျွန်တော်တို့လည်း ကားပေါ်ကဆင်းလိုက်ပါတယ်။ အောက်ရောက်တော့ နေဇော်က“ ဘယ်မှာလဲ မင်းရွာ
က ရှေ့ကရွာလား ။ မဟုတ်သေးဘူး ရှေ့ရွာက ဖက်ပင်အိုင်၊ အဲဒီရဲ့ ဟိုဘက်ကရွာက ဆုံရွာ၊ ဆုံရွာကျော်
မှ ငါတို့ရွာရောက်မှာ”။ ကျွန်တော်ပြောပြောဆိုဆို သူတို့ မျက်နှာလေးတွေကို အကဲခတ်လိုက်တော့ သူတို့
မျက်နှာလေးတွေ ရှုံ့မဲ့သွားပါတယ်။“ မင်းတို့ရွာကလည်း ဝေးလိုက်တာနော်..။ ဘာလဲ မင်းတို့ စိတ်ပျက်သွ
ားပြီလား လိုက်လာရတာ ၊ နောက်ဆို ငါတို့ရွာ အလည်ခေါ်လို့တောင်ရမယ်မထင်တော့ဘူး။ မဟုတ်ပါဘူး
ကွ။ ကိုင်းကိုင်း...ဒါဆိုလည်း သွားကြအုံးဆို့ တော်ကြာမိုးချုပ်နေမယ် တစ်နာရီလောက်တော့ လမ်းလျှေ
ာက်သွားရအုံးမှာကွ။အေး..ဒါဆိုလည်း လစ်အောင်ကွာ”။သူငယ်ချင်း(၃) ယောက်စကားတပြောပြောနဲ့သွား
လိုက်ကြတာ ဆုံရွာတောင်ရောက်နေပြီလေ..။ ကိုင်း...ဒီရွာကျော်ပြီးရင်တော့ ရောက်ပါပြီကွ...အားတင်း
ထားကြနော်..။ ဆုံရွာ ရွာထဲကနေဖြတ်လိုက်တော့ ရွာ့အပြင်ရောက်ရောက်ခြင်း ကျွန်တော်တို့ရွာနဲ့ဆုံရွာဘု
ရားပွဲတူတူလုပ်တဲ့ “အောင်ချမ်းသာစေတီတော်မြတ်ကြီး”ကိုတွေ့ရပါတယ်...။ “ဒီဘုရားက အခုပြီးခဲ့တဲ့တ
ပေါင်းလပြည့်ဘုရားပွဲလေ ငါတို့နှစ်ရွာလုပ်တာ ပျော်ဖို့ကောင်းတယ်...ငါတို့က နည်းနည်းနောက်ကျသွားတ
ာ။ ဘုရားကိုဝင်ဖူးပြီး...(၅)မိနစ်လောက်လျှောက်လိုက်တော့ စာသင်ကျောင်းကိုတွေ့ရပါတယ်။ “ရာဇာ ဒါ
က မင်းတို့ရွာစာသင်ကျောင်းလား။ အေး...ဟုတ်တယ်ကွ ဒါက ဆုံရွာနဲ့ တို့ရွာနှစ်ရွာပိုင်ကျောင်းပေါ့။ကြည့်
ပါလား ကျောင်းနာမည်ကိုက “ဆုံရွာ-ကွေ့ကြီးအခြေခံပညာအလယ်တန်းကျောင်းလေ” အင်းမင်းတို့ ဆုံရွာ
-ကွေ့ကြီးက နှစ်ရွာတစ်ရွာပေါ့နော်...။အင်းဟုတ်တယ်ကွ...။ ဒါကတော့ တို့နှစ်ရွာ ကိုးကွယ်တဲ့ ဘုန်းကြီး
ကျောင်းပေါ့။ ရှေ့ကမြောင်းကြီးက ဘာတုန်းဟ။ သြော် ဒါက ဆည်မြောင်းလေ၊ ဧရာဝတီမြစ်ကနေ မြစ်ရေ
ပို့ပေးတာလေ.. ဒီရေနဲ့ပဲ ငါတို့ရွာတွေ အခု စပါးစိုက်နေကြတာလေ။ အရင်တုန်းကတော့ ငရုတ်သီးနဲ့ဆေး
ကို အဓိကစိုက်ပျိုးတာလေ။ မင်းတို့ကြားဖူးမှာပေါ့ “တံတားဦးကကွမ်းနုဝါ၊ ငါန်းမြာကဆေး” ဆိုတာလေ...
အဲဒါ တို့နယ်တစ်ဝိုက်ကထွက်တဲ့ဆေးရွက်ကြီးကိုပြောတာကွ။ ငါန်းမြာက ငါ(၁၀) တန်းတက်ခဲ့တဲ့ကျောင်း
ပေါ့ နောက်ရက်မှလိုက်ပို့မယ်။ တာမြောင်းကိုကျော်လိုက်ရုံနဲ့ ရွာကိုတန်းရောက်ပြီလေ...။ “ ကိုင်း...မောင်
နေဇော် နဲ့ မောင်အောင်ဦး ဒါ ခင်ဗျားတို့ လိုက်ချင်တဲ့ ကျွန်တော်တို့ရွာပါပဲဗျာ...။ အေး..မင်းတို့ရွာလေးက
နေချင်စရာကောင်းသားပဲ...။ အိမ်ခြေ ဘယ်လောက်ရှိတုန်း..။ အေး (၂၇၅) အိမ်ကနာမည်ပေါက်ပေါ့ကွာ
...။ အင်းငါထင်နေတာက မင်းတို့ရွာက အိမ်နည်းနည်းလေးလို့ထင်ထားတာကွ ရွာကြီးသားပဲ မဆိုးဘူးနော်
...”။
ရွာဦးဘုန်းကြီးကျောင်း

ရွာထဲဝင်လိုက်တာနဲ့ “ဟယ်..ရာဇာ ကျောင်းပိတ်လို့ပြန်လာတာလား..။ ဟုတ်တယ် မမဌေးရေ ကျော
င်းပိတ်လို့ပြန်လာတာ ။ အေး..မင်းအိမ်က ပြန်လာတာ မသိသေးဘူးလား။ ဟုတ် အိမ်ကိုပြန်လာမယ်လို့ကြို
ပြောမထားဘူး...။ ဟယ် ဧည့်သည်တွေပါလာတာပဲ နောက်ရက်မှ ရေနွေးသောက်ခေါ်တော့မယ်။ ဟုတ်ကဲ့
မမဌေးရေ သွားလိုက်အုံးမယ်။ အေးအေး..အေး။ အရီးပေါ..နေကောင်းလားဗျို့။ အေး ကောင်းတယ်တော့။
ဟယ် မန်းရာ ကျောင်းပိတ်လို့ပြန်လာတာလား။ ဟုတ်တယ် အရီးပေါရ...။ ရေ၀င်သောက်ဦးလေ ငါ့တူရဲ့။
ဟုတ်ကဲ့ အရီးပေါ။ နေဇော်နဲ့ အောင်ဦး ဒါက ငါ့အဖေနဲ့ မောင်နှစ်မ၀မ်းကွဲတော်တယ် အရီးပေါတဲ့။ အရီးသူ
တို့ကတော့ ကျွန်တော့်သူငယ်ချင်းတွေ ရွာကို အလည်လိုက်လာကြတာ။ သြော်...အေးအေး..မောင်လူလေး
တို့ နောက်ရက်မှ ရေနွေးသောက်ခေါ်တော့မယ်”။ ဒီလိုနဲ့ ပြန်လာလိုက်တာ အိမ်ကိုမရောက်မချင်း ဟိုလူက
နှုတ်ဆက် ၊ ဒီလူကနှုတ်ဆက်နဲ့ ဟိုလူက နောက်ရက်ရေနွေးသောက်ခေါ်မယ်၊ ဒီလူကရေနွေးသောက် ခေါ်
မယ်နဲ့ ဆူနေတာပဲ။ “ ရာဇာ..မင်းတို့ ရွာကလူတွေက ဖော်ရွေလိုက်ကြတာနော်..ငါတို့မြို့နဲ့တော့ ကွာပါ့ကွ
ာ။ ဒါနဲ့ သူတို့က ရေနွေးသောက်ခေါ်မယ် ခေါ်မယ်လို့ပြောပြောသွားတာ အဲဒါဘာပြောတာတုန်း။ ကျွန်တော်
လည်း အားရပါးရရယ်လိုက်ပါတယ်။ သြော်..တောဓလေ့ကိုမင်းတို့မသိသေးဘူးနော်...မနက်ဖြန်ကြသိရမှာ
ပေါ့ကွာ ..အဲဒီကျမှ ငါပြောမယ် ဟုတ်ပြီလား။ အေးပါကွာ ဟုတ်ပါပြီ။ အိမ်ပေါက်ဝကိုရောက်တော့ “ဟယ်
ရာဇာ ပြန်လာပြီဟဲ့..ရာဇာပြန်လာပြီ..”။ အမေက အော်လိုက်ပါတယ်။ အဲဒီလိုအော်လိုက်တော့ အဖေရော၊
အဖွားရော၊ ညီအစ်ကိုမောင်နှမတွေရော၊ ပါတ်ဝန်းကျင်က လူတွေရောဝိုင်းလာပါတယ်။“ဟာ...ငါ့သားဝလာ
တယ်ဟ။ ဟုတ်ပါ့တော် ငါ့မြေးကြီးဝလာတယ်ဟဲ့။ လာမယ်ဆိုတာကိုကြိုမပြောဘူး ဧည့်သည်လေးတွေကို
ရော အားနာလိုက်တာ လှည်းနဲ့လာကြိုမှာပေါ့။ အဖွားက ပြောလိုက်ခြင်းဖြစ်ပါသည်။ အဖေနဲ့ အမေ ဒါက
ကျွန်တော့်သူငယ်ချင်းတွေ ရွာကိုမရောက်ဖူးလို့လိုက်လာတာလေ လမ်းမှာနေပူပြီး သူတို့နှစ်ယောက်ရှုံမဲ့နေ
တာပဲ။ နောက်ပြီး ခြေလျင်လျှောက်လာရတော့ သူတို့လည်း ပင်ပန်းနေပြီ။ အေးအေး ငါ့သား သူတို့ကိုနား
ခိုင်းနားခိုင်း ။ အဲဒီအချိန်ကစပြီး ကျွန်တော့်အမေက ထမင်းချက်ပြုတ်ဖို့ပြင်ဆင်ပါတော့တယ်။ ကျွန်တော်သူ
ငယ်ချင်း(၂)ယောက်ကတော့ ပင်ပန်းပြီး အိပ်ပျော်ကုန်ပါတယ်။ ကျွန်တော်ကတော့ အဖေတို့၊ အဖွားတို့နဲ့
စကားပြောနေပါတယ်။ အဲဒီအချိန်မှာပဲ အရီးစော ရောက်လာပြီး “ဟယ် မန်းရာကြီးပြန်ရောက်နေတာလား
ငါန်းမြာကားနဲ့လား။မဟုတ်ဘူး...ဆီးမီးခုံကားနဲ့ပြန်လာတာအရီးရ။ သြော်..အေးအေး။ ဟဲ့ ဒီကလေးတွေ
က ဘယ်သူတွေတုန်း။ ကျွန်တော့်သူငယ်ချင်းတွေ လမ်းမှာပင်ပန်းကုန်လို့ အခုနားရင်းအိပ်ပျော်နေကြတာ။
ကိုင်း.ရာဇာ မင်းသူငယ်ချင်းလေးတွေကိုနှိုး ထမင်းစားရအောင်။ ဟုတ်ကဲ့..အမေ။နေဇော်နဲ့ အောင်ဦး မင်း
တို့ အပန်းပြေကြပြီလား။ အင်း..။ထမင်းစားရအောင်ကွာ အမေထမင်းဝိုင်းပြင်ထားပြီ။ ငါတို့ ရေချိုးအုံးမယ်
လေကွာ တစ်လမ်းလုံး ဖုန်တွေကြည့်ပဲ လူတွေကညစ်ပတ်နေတာလေ။ ဟဲ့ ငါ့မြေးလေးတို့ နေပူထဲက ပြန်
လာတာ ရောဂါဖြစ်လိမ့်မယ် မချိုးသေးနဲ့။ ထမင်းလေးအရင်စားလိုက် ညအေးမှ ချိုးကြ။ ဟုတ်ကဲ့ အဖွား။
ဒါဆိုလည်း ညမှချိုးမယ် အခုမျက်နှာသစ်လိုက်မယ်။ အေးအေး ကောင်းတယ်”။ ဒီကိုလာ ကျွန်တော်က သူ
တို့နှစ်ယောက်ကို ရေအိုးရှိရာကို ခေါ်သွားလိုက်ပါတယ်။ ကိုင်း..မင်းတို့မြို့လိုတော့မဟုတ်ဘူးကွာ အဲဒီအ
တွက်တော့စိတ်မကောင်းဘူး။ ရပါတယ်ကွာ ဖြစ်ပါတယ် ဆိုပြီး နေဇော်နဲ့ အောင်ဦးတို့ မျက်နှာသစ် နေကြ
ပါတယ်။ ရော့ ဆပ်ပြာခွက် ။မတိုက်တော့ပါဘူးကွာ ရပါတယ်။ ညရေချိုးမှပဲ တိုက်တော့မယ်။ ဟဲ့ ငါ့မြေး
လာအုံး သေတ္တာထဲမှာ တဘက်အသစ်တွေရှိတယ် မင်းသူငယ်ချင်းတွေကို ထုတ်ပေးလိုက်အုံး။ ဟုတ်ကဲ့
အဖွား။ ကျွန်တော် တဘက်ကိုယူပြီး ရော့ အောင်ဦး မျက်နှာသုတ်ပ၀ါ။ အေး ရာဇာရာ အားနာလိုက်တာ
ငါတို့ကို တကူးတက လုပ်မပေးပါနဲ့ကွာ။အေးပါကွာ..အဖွားတို့က တောနေပေမဲ့ နဲနဲခေတ်မှီတယ်ကွ။ ငါတို့
ဘကြီး ကျောင်းတက်တုန်းကလည်း သူ့ သူငယ်ချင်းတွေ ရွာကိုအလည်လိုက်လိုက်လာတာလေ။ အဲတော့
ဒါတွေကို သိနေတာကွ.. အားမနာနဲ့နော် ဘာကိုမှ။ အေးပါကွာ..။ ကိုင်း ကလေးတို့လက်ဆေး ဟင်းက
တော့ ရှိရပေါ့ကွယ်.. မနက်ဖြန်မှ အသားဟင်းချက်မယ် ။ရာဇာက လာမှာကိုကြိုပြောမထားတော့ အသား
ဝယ်မထားရတာကွဲ့။ ဟုတ်ကဲ့ ရပါတယ် ဒေါ်ဒေါ်ရယ် ကျွန်တော်တို့ စားတတ်ပါတယ် ရှိရာနဲ့။ ကျွန်တော်
တို့ကို ဧည့်သည်တွေလို သဘောမထားပါနဲ့နော်။ ဒေါ်ဒေါ်သား ရာဇာလိုပဲ ကျွန်တော်တို့ကို သဘောထားပါ
နော်။ ဒါလေးက ငါးပိရည် အတို့အမြှုတ်ကတော့ အစုံပဲကြိုက်ရစားကြ။ ဒီဘက်က ပဲတီချဉ်သုပ်လေး၊ ဒါက
တော့ မနက်က ကြော်ထားတဲ့ ငါးကြော်လေး၊ဒါက ပဲကြီးဟင်း၊ ဒီဘက်ကဆူးပုတ်ရွက်၊ကင်းပုန် နဲ့ ဂုန်ရွက်
ရောချက်ထားတဲ့ ဟင်းချိုလေး။ မနက်ကခူးလာတာ တောထဲက။ စားကြ ၊ သောက်ကြ အမေကပြောရင်း
ယက်တောင်လေးနဲ့ ယမ်းပေးနေပါတယ်။ ရပါတယ် ဒေါ်ဒေါ်ရယ် အားနာလိုက်တာ။ ရပါတယ်ကွယ်...မင်း
တို့ကလည်း ငါ့သားရာဇာလိုပါပဲ။ ကျွန်တော်ရောသူငယ်ချင်းနှစ်ယောက်ရော စားလိုက်ကြတာခေါင်းတောင်
မထောင်ကြဘူး။ စားပြီးတော့. အမေက၊ မင်းတို့ ၀ကြရဲ့လား ဟင်းကမကောင်းတော့ အားနာနေတာ။ဟာ
ဒေါ်ဒေါ်ရာ စားလို့အရမ်းကောင်းတာဗျာ... ဗိုက်ကပြည့်သွားလို့သာ တော်လိုက်ရတယ် ထပ်စားချင်နေတုန်း
ဗျ။ အေးအေး ..ညကျ ဗိုက်ထပ်ဆာရင် ငါ့ကိုပြောကြအားမနာနဲ့နော်..။ ဟုတ်ကဲ့ပါဒေါ်ဒေါ်။ ရာဇာရာ မင်း
တို့အိမ်က အရမ်းသဘော ကောင်းတာပဲကွာ။ ငါတို့ဖြင့် အားတောင်နာလာပြီ။ ရပါတယ်ကွ.. ငါတို့လိုတော
သူ၊ တောင်သားတွေက အပြောအဆို မယဉ်ကျေးကြပေမဲ့ ဖြူစင်တဲ့နှလုံးသားတွေကလူတိုင်းမှာရှိကြတာကွ။
နောက်ပြီး သူတို့ကျွေးတာဆိုရင်လည်း အ၀စားမှ ကြိုက်ကြတာ။ အေးကွာ..ငါတို့ မြို့နဲ့တော့ တစ်ခြားစီပဲ
ဟေ့.............။
ဆက်ပါဦးမည် အပိုင်း(၂) မျှော်.....
ရာဇာ(ကျေးတောသားလေး)
1.3.2011


0 comments:

Post a Comment