Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Friday, March 4, 2011

ပုန်းမကြည်ရှင်မရိုးရာပွဲ(အညာဓလေ့)


ကျွန်တော်တို့အညာဒေသမှာ ကောက်ကြီးသိမ်းပြီးတဲ့အချိန် တပေါင်းလမှာ ပုန်းမကြည်တင်တဲ့ပွဲရှိပါတယ်။
တပေါင်းလဆန်း(၁)တစ်ရက်နေ့မှာ ပုန်းမကြည်(ပုဗ္ဗကြယ်)နတ်ကို တောင်သူလယ်သမား၊ကိုင်း၊ကျွန်းလုပ်
တဲ့လူတွေတိုင်း ပူဇော်တင်မြှောက်ပသကြတဲ့နေ့ပါပဲ။ အိမ်တိုင်း အိမ်တိုင်း ဆန်မှုန့်နဲ့ တောင်သူသုံးပစ္စည်း၊
အိမ်သုံးပစ္စည်းတွေ ဖြစ်တဲ့ နွား၊ ထွန်၊ထယ်၊ လှည်း၊ ကျောက်ပျဉ်၊လက်ကောက် အစရှိတဲ့ဟာတွေကိုကြော်
၊နောက်ပြီး မုန့်ဆီကြော်ကိုကြော်၊ လ္ဘက်နဲ့ ပုန်းမကြည်ရှင်မကိုပူဇော်ပသတဲ့နေ့ဖြစ်ပါတယ်။ ပုန်းမကြည်ရှင်
မက စပါး၊ပဲ၊နှမ်း၊၀ါ စတဲ့အပင်တွေကို များများရအောင် ကူညီစောင့်ရှောက်တဲ့နတ်လို့လည်းယူဆကြပါတ
ယ်။“တစ်ရွာ တစ်ပုဒ်ဆန်း၊ တစ်ကျောင်း တစ်ဂါထာ”ဆိုသလိုပါပဲ နယ်မြေဒေသကိုလိုက်ပြီး ကွဲပြားမှုတွေ
လည်းရှိကောင်း ရှိမှာပါ။ နောက်ပြီး တပေါင်းလဆန်း(၁)ရက်နေ့ လေတိုက်မတိုက်စောင့်ကြည့်ကြပါတယ်။
လဆန်း(၁)ရက်နေ့လေတိုက်ရင် မိုးဦးကောင်းမယ်။ လဆန်း(၂)ရက်နေ့လေတိုက်ရင်မိုးလယ်ကောင်းမယ်
။ လဆန်း(၃)ရက်နေ့လေတိုက်ရင် မိုးနှောင်းကောင်းမယ်ဆိုပြီး တောသူ၊ တောင်သားတွေက မိုးလေ၀သ
ကိုလည်း ခန့်မှန်းကြပါတယ်။ ကျွန်တော်တို့ဆီမှာ ကောက်ရိတ်ချိန်နဲ့ ပုန်းမကြည်ဆက်စပ်ပုံကိုလည်း နည်း
နည်းလောက်ပြောအုံးမယ်နော်။လယ်တစ်ခင်းရိတ်လို့ အဲဒီလယ်ခင်းထဲကစပါးပင်မှာ အရုပ်(ပုန်းမကြည်ရုပ်)
နဲ့တူတဲ့၊အဲဒီအရုပ်လေး ပါတဲ့စပါးပင်ကိုရိတ်မိတဲ့သူကို လယ်ရိတ်ခအပြင် စပါးတစ်ခွဲ(၈)ပြည်ပေးရပါတယ်
။ အဲဒီအရုပ်လေးကို စပါးကြည်ထဲမှာထည့်ထားရင် စီးပွားလာဘ်လာဘကောင်းတယ်၊ ဆန်ရေစပါးပေါများ
တယ်ဆိုတဲ့အယူအဆကြောင့်ပါ။ ပုန်းမကြည်နတ်တင်တဲ့အခါမှာတော့ တင်တဲ့သူတွေက“ဆန်မုန့်နဲ့ပြုလုပ်
ထားတဲ့ဟာတွေကို တင်ပါတယ်၊ မြှောက်ပါတယ်..မုန့်ဆီကြော်လည်းပါပါတယ်၊ လ္ဘက်ဆီဆမ်းလည်းပါပါ
တယ် ၀ါးပါ၊ စားပါ၊ မြုံ့ပါ။ပြီးရင်လည်း မိုးသုံးချက်၊ လေသုံးချက်နဲ့ညီပြီး စိုက်တဲ့သီးနှံတိုင်းအောင်မြင်ဖြစ်
ထွန်းအောင်မ,စပါပုန်းမကြည်အရှင်သခင်မ” ဆိုပြီး ဆုတွေတောင်းပါတော့တယ်။ကျွန်တော်တို့ကတော့အ
ရမ်းပျော်တာဗျ။နတ်တင်ပြီးချလာတဲ့မုန့်တွေကိုအ၀အပြဲစားရလို့ပေါ့။မုန့်ဖြူကိုထန်းလျက်ရည်နဲ့တို့စားပါတရ်
။မုန့်ဆီကြော်ကိုတော့ဒီတိုင်းစားတာပေါ့။ အဲဒီပုန်းမကြည်နတ်ဘယ်ကစပေါ်လာတယ်ဆိုတာကို နည်းနည်း
လောက်ပြောပြအုံးမယ်ဗျာ။

ပုန်းမကြည်နတ်လို့ပြောတာထက်ပုန်းမကြည်ဘီလူးမလို့ပြောလျှင်ပိုမှန်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။
ထိုပုန်းမကြည်ဘီလူးမသည်လူသူမရှိသောဆိတ်ငြိမ်သောအရပ်တွင်ပုန်းအောင်းနေရမှစိတ်ကြည်လင်သည်
ဟုထင်၏။ ထို့ကြောင့်ပုန်းမကြည်မလို့ခေါ်တွင်သည်။ပုန်းမကြည်မအကြောင်းပြောရမည်ဆိုလျှင်မြတ်စွာဘု
ရားဟောကြားခဲ့သော“ကာဠီယက္ခီနီဘီလူးမ၀တ္ထု”အကြောင်းကိုပြောပြရပေမည်။

မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်တုန်းက ပုဏ္ဏားသူကြွယ်လုလင်တစ်ယောက်သည် မယားတစ်ေ
ယာက်ရှိလေသည်။ အဲဒီမယားကြီးမှာ ကံအကြောင်းမလှ၍ သားသမီးမရနိုင်ဖြစ်ခဲ့လေတော့ပုဏ္ဏားသူကြွယ်
လုလင်လေးနေ့စဉ်နှင့်အမျှ စိတ်မကောင်းဖြစ်နေရတာပေါ့။ အဲဒီလိုဖြစ်နေတာကို မယားလုပ်တဲ့သူက မျိုး
ဆက်မပြတ်ရေး နောက်မိန်းမယူဖို့ ယောက်ျားကိုပြောလိုက်တော့ ယောက်ျားလည်း နောက်မိန်းမယူလိုက်
တာပေါ့။ နောက်မိန်းမယူပြီးမကြာခင်မှာပဲ မယားငယ်လေးက ခေတ်စကားနဲ့ပြောရင်တော့ ဗိုက်ကြီးတာပေါ့
။အဲဒီလို ဗိုက်ကြီးတော့ မယားကြီးကစိတ်ပြောင်းသွားပြီး မယားငယ်ကိုယ်ဝန်ပျက်ဖို့ အမျိုးမျိုးကြံတော့တာ
ပါပဲ။ ဘာလို့အဲဒီလိုကြံတာလဲဆိုရင် အရင်ခေတ်တုန်းက သား၊သမီးမွေးတဲ့မိန်းမကသာ အရာအားလုံးကိုဦး
ဆောင်ခွင့်ပေးရတာကြောင့်ပါ။ မယားကြီးလည်းအကြံကို အကုန်ထုတ်ပြီး ဂရုစိုက်ချင်ယောင်ဆောင်ပြီး
ကိုယ်ဝန်ပျက်ကျတဲ့ဆေးကိုလိမ်ပြီးတိုက်တော့တာပါပဲ။ မယားငယ်မကလည်း သူ့အစ်မတစ်ယောက်လိုအာ
းကိုးပြီး မယားကြီးခိုင်းသမျှအကုန်လုပ်တာပါ။ ဗိုက်ကြီးလာလိုက် မယားကြီးကဆေးတိုက်ပြီး ဖျက်ချလိုက်နဲ့
(၃)ဗိုက်မြောက်မှာတော့ ပါတ်ဝန်းကျင်ကလူတွေကလည်း ရိပ်မိပြီးသတိထားနေဖို့မှာကြားထားတာကြောင့်
မယားကြီးဘာလုပ်ခိုင်းခိုင်းသတိနဲ့လုပ်ပြီး ကိုယ်ဝန်ကိုအထူးဂရုစိုက်ပါတယ်။ ကိုယ်ဝန်အရင့်အမာကြီးဖြစ်
တဲ့အချိန်မှ မယားကြီးရဲ့အကြံအောက်မှာဝင်သွားပြီး အသက်ဆုံးရှုံးရပါတယ်။ အသက်မဆုံးရှုံးခင် မယားင
ယ်က ကျိန်စာဆိုသွားပါတယ်။ ဖြစ်လေရာဘ၀မှာ မယားကြီးနဲ့ မယားကြီးကမွေးတဲ့ကလေးတွေကိုစားရပါ
လို၏လို့ကျိန်စာဆိုပြီးမှ သေသွားတာပါ။ မယားငယ်သေသွားတဲ့အကြောင်းကို ယောက်ျားသိတော့ မယား
ကြီးကိုရိုက်နှပ်ဆုံးမပါတယ်။ အဲဒီဒါဏ်ကြောင့်ပဲ မယားကြီးလည်းသေသွားပါတယ်။ မယားငယ်က အဲဒီအိမ်
မှာကြောင်မသွားဖြစ်ပါတယ်။ မယားကြီးကတော့ ကြက်မသွားဖြစ်ပါတယ်။ သူတို့ရဲ့ဆုတောင်းတွေကြောင့်
ကြက်မမွေးတိုင်း ကြောင်မကစားပါတယ်။ နောက်ပိုင်းကြက်မကလည်း ဆုတောင်းပြန်ပါတယ် နောင်ဘ၀မှ
ာ ကြောင်မမှမွေးသော သားသမီးတိုင်းကိုစားရပါလို၏လို့ဆုတောင်းလိုက်ပါတယ်။ အဲဒီဆုတောင်းကြောင့်ေ
နာက်ဘ၀မှာကြောင်မက သမင်မသွားဖြစ်ပါတယ်။ ကြက်မက ကျားသစ်မဖြစ်ပါတယ်။ သမင္မေမြးတဲ့ ကေ
လးတွေကို ကျားသစ်မကအမြဲစားပါတယ်။ အဲဒါကြောင့်လည်း သမင်းမွေးရင်းကျားစားရင်းဆိုတဲ့စကားပုံဖြ
စ်လာတာပေါ့။ အဲလိုနဲ့ သမင်မသေတော့ နောက်ဘ၀မှာ ကျားသစ်မကိုနိုင်တဲ့သူဖြစ်ပါစေဆိုပြီးဆုတောင်း
ပါတယ်။ အဲဒီဘ၀တွေကနေ မနေလို့သေတော့...နောက်ဘ၀မှာ သမင်မကဘီလူးမဖြစ်သွားပါတယ်။ကျာ
းသစ်မကတော့ သာဝတ္ထိပြည်မှာ မိန်းမသွားဖြစ်ပါတယ်။ အဲဒီမိန်းကလေးအရွယ်ရောက်တော့အိမ်ထောင်
ကျပြီး ကိုယ်ဝန်ရပါတယ်။ အဲဒီမိန်းကလေးလင်မယားက ရွာလေးတစ်ရွာမှာနေကြတာပါ။ မိန်းကလေးမီးဖွ
ားတဲ့အချိန်မှာ ဘီလူးမကလူယောင်ဆောင်ပြီး သတင်းမေးလာတာလိုလို ၊ဘာလိုလိုနဲ့ ကလေးကိုကြည့်ပါရ
စေဆိုပြီးစားပြီးပြန်သွားပါတယ်။ နှစ်ခါမြောက်မွေးတဲ့အခါမှာလည်း အဲလိုပါပဲ။ သုံးကြိမ်မြောက် ကိုယ်ဝန်ရှိ
တော့မိန်းမက သူ့ယောက်ျားကို“မောင်တော် ဒီတစ်ခါတော့ မိဘတွေအိမ်သွားမွေးမယ်”။ဒီမှာဘီလူးမကလူ
ယောင်ဆောင်ပြီး သူမတို့ကလေးကိုစားသွားကြောင်းပြောတော့ သူ့ယောက်ျားလည်းခွင့်ပြုလိုက်ပါတယ်။

တတိယမြောက်သားမွေးတဲ့အချိန်မှာတော့ ဘီလူးမက ဝေဿ၀န်နတ်မင်းကြီးအား အန၀တတ်အိုင်မှရေကို
ခပ်ပြီးဆက်သရတဲ့အချိန်ရောက်နေတာကြောင့် သားမွေးတဲ့ဆီသွားပြီးမစားလိုက်ရပါဘူး။ သူ့တာဝန်ပြီးပြီ
ဆိုတာနဲ့ အဲဒီမိန်းမဆီကိုသွားပါတယ်။ အဲဒီမိန်းမလည်း ဘီလူးမကိုမြင်တာနဲ့ မြတ်စွာဘုရားသတင်းသုံးေ
တ်ာမူတဲ့ ဇေတ၀န်ကျောင်းတော်ထဲသို့ အတင်းဝင်ပြေးသွားလေသည်။အဲဒီအချိန်မှာ မြတ်စွာဘုရားက လူ
ပုံပရိတ်သတ်အလယ်မှာတရားဟောနေပါတယ်။ မိန်းမငယ်လည်းသားလေးကိုပိုက်ပြီး မြတ်စွာဘုရားရဲ့ခြေ
ထောက်ပေါ်ကိုတင်ပြီး “မြတ်စွာဘုရား သားငယ်အားလှူဒါန်းပါ၏၊သားငယ်အားအသက်ရှင်ခြင်းကိုပေးသ
နားတော်မူပါဘုရား”ဟုလျှောက်တင်လေ၏။ ဘီလူးမလည်း မိန်းမငယ်ဝင်ပြေးတဲ့ကျောင်းထဲကိုလိုက်လေ
၏။ ကျောင်းပေါက်ဝရောက်တဲ့အချိန်မှာတော့ ကျောင်းစောင့်နတ် သုမနနတ်သားက ဘီလူးမအားဝင်ခွင့်မ
ပေးချေ။ သုမနနတ်သားဝင်ခွင့်မပေးတာကို မြတ်စွာဘုရားကသိတော်မူပြီး ညီတော်အာနန္ဒာအား ခေါ်ခိုင်း
လိုက်လေသည်။ ဘီလူးမ၀င်လာတာကို မိန်းမပျိုမြင်တော့ “ဘုန်းတော်ကြီးမားတော်မူသောမြတ်စွာဘုရား
ဘီလူးမ၀င်လာပါပြီဘုရား”ဟုလျှောက်တင်လေ၏။ “အသံမပြုနဲ့ အငြိမ်နေ”ဟု မိန့်တော်မူပြီး ဘီလူးမကို
“အဘယ်ကြောင့် ဤသို့ပြုရပါသနည်း”ဟုမေးပြီး နဟိဝေရေန ဝေရာနိ အစချီသောဂါထာကိုဟောကြား
တော်မူပါသည်။အဓိပ္ပါယ်ကတော့“ရန်ကိုရန်ချင်းမတုန့်နှင်းနဲ့” ၊“ရန်မလိုမှ ရန်ပြိုတယ်”၊“ရန်လိုလျှင်ရန်ပို
တတ်တယ်”၊ ရန်ငြိမ်းမှ ရန်အေးချမ်း”ရမယ်ဆိုတာကို ပါဠိလိုဟောပြီးတဲ့နောက်မှတော့ဘီလူးမဟာသော
တာပန်တည်ပါတယ်။ လာရောက်နာကြားနေကြတဲ့ပရိတ်သတ်တွေလည်း မြတ်စွာဘုရားရဲ့တရားတော်ကို
နာကြားမိပြီး အသိဥာဏ်တွေ တက်ကုန်ပါတယ်။

အဲဒီနောက်မြတ်စွာဘုရားကမိန်းမငယ်အား သားလေးကို ဘီလူးမအားပေးတော်မူဖို့ပြောလေသောအခါ မိန်
းမငယ်က မပေးဝံ့ကြောင်းမြတ်စွာဘုရားအားလျှောက်တင်လေသည်။မြတ်စွာဘုရားက “ချစ်သမီးမကြောက်
လေလင့် ဘီလူးမသည်အခုချိန်ကစပြီး သင့်သားကိုစားတော့မည်မဟုတ်”ဟု မြတ်စွာဘုရားကပြောလိုက်မှ
မိန်းမပျိုလည်း ကလေးကို ဘီလူးမလက်ထဲသို့ထည့်ပေးလိုက်ပါသည်။ ဘီလူးမလည်း ကလေးကိုနမ်းလိုက်
အောက်ကိုချလိုက် နမ်းလိုက်၊ သူကိုယ်တိုင်ငိုလိုက်။ တစ်ဖန်ကောင်ချည်ပြီး နမ်းလိုက် ငိုလိုက်လုပ်နေတာ
ကိုမြတ်စွာဘုရားကသိသွားတော့။ ဘီလူးမ သင် အဘယ့်ကြောင့် ငိုကြွေးနေရပါသလဲ။ မှန်လှပါဘုရားတပ
ည့်တော်မ အရင်တုန်းက သူများရဲ့အသက်ကိုသာသတ်ပြီးစားဖူးပါသည်။ အခု ဘယ်ဟာကိုစားရပါမလဲမသိ
လို့ငိုကြွေးမိကြောင်းပါဘုရား။အဲဒီတော့မှ မြတ်စွာဘုရားက“ဘီလူးမ အသင်မစိုးရိမ်လင့်” ဟုပြောပြီး မိန်းမ
ပျိုလေးကို “အသင်မိန်းမပျို ဒီဘီလူးမအား သင့်အိမ်သို့နေစေပြီး ထမင်းဦး၊ယာဂုစတဲ့ အစားအသောက်ေ
တွကို လုပ်ကျွေးလော့” ဟုမိန့်တော်မူပါသည်။ မိန်းမပျိုလည်း အိမ်ရဲ့ ခေါင်ယောက်မှာနေစေပြီးအစားအေ
သာက်တို့ကိုလုပ်ကျွေးလေ၏။ ဘီလူးမလည်း လူတွေနေတဲ့ရပ်ရွာထဲမှာ ဘယ်လိုပဲထားထားအဆင်မပြေဖြ
စ်ခဲ့ပါတယ်။ အဲဒါကြောင့် ဘီလူးမက “မိတ်ဆွေမိန်းမပျို ငါ့အားတိတ်ဆိတ်ငြိမ်သက်တဲ့အရပ်ကိုပို့ပါလော့”
ဟုဆိုလေသည်။ မိန်းမပျိုလည်း တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုမှာထားပြီး အမြဲတမ်း ယာဂု၊ထမင်းဦး
စသည်တို့ကိုသွားသွားပို့လေသည်။ အဲလိုပို့ပါများလာတော့ “တစ်ဦးကစေတနာ ၊ တစ်ဦးမေတ္တာ”ဆိုသလို
ပါပဲ တစ်ယောက်အကျိုးကို တစ်ယောက်ကကြည့်ပြီး ကူညီပေးလေသည်။ဘီလူးမက မိန်းမပျိုအား“ဒီနှစ်မိုး
ကောင်းမယ် ကုန်းအရပ်ပါစပါးစိုက်ပျိုး၊ဒီနှစ်မိုးခေါင်မယ် ချိုင့်ဝှမ်းတွေမှာစိုက်ပျိုးဖို့”ပြောပြောပေးတော့ မိန်း
မပျိုတို့မိသားစုက တစ်နေ့တစ်ခြား ကြီးပွားတိုးတက်လာပါတယ်။

သာဝတ္ထိပြည်သူ၊ပြည်သားတို့လည်း မိန်းမပျိုအား“ သမီး သင်စိုက်ပျိုးသောစပါးတို့သည် နှစ်စဉ်နှစ်တိုင်းဆုံး
ရှုံးသည်မရှိ မိုးခေါင်လည်းမပျက်၊ ရေကြီးလည်းမပျက် အဘယ့်ကြောင့်ပါနည်း။ အကျွန်ုပ်သည်“မိုးကောင်း
မည်ကိုလည်းမသိပါအံ့၊ မိုးခေါင်းမည်လည်းမသိပါ။ ကျွန်ုပ်၏မိတ်ဆွေ ဘီလူးမက ပြောပြပေးမှုကြောင့် လုပ်
ဆောင်ခြင်းဖြစ်ပါသည်။ ကျွန်ုပ်လည်း အမြဲတမ်း အစားအသောက်သွားပို့တာကိုသင်တို့လည်း မြင်ကြမယ်
ထင်ပါတယ်။ အသင်တို့လည်း ကျွန်ုပ်လို အမြဲတမ်းသွားပြီး ပို့ဆောင်ကျလျှင် အကျွန်ုပ်လိုပဲသင်တို့ကိုလည်း
ကူညီမစပေလိမ့်မည်။ သာဝတ္ထိမြို့သူ၊ မြို့သားတို့သည်လည်း အဲဒီအချိန်ကစပြီး ” အစားအသောက်တို့ကိုသွ
ားသွားပို့ပါသည်။ ဘီလူးမသည်လည်း အားလုံးကိုကြည့်ရှုမစ စောင့်ရှောက်ခဲ့သောကြောင့် တစ်မြို့လုံးစည်
ပင်သာယာဝပြောပြီး စည်ကားသွားလေတော့သည်။

အဲဒီအယူအဆကနေပြီး ပုန်းမကြည်ကို တင်မြှောက်ပူဇော်ပသတဲ့ ဓလေ့ဖြစ်လာတာပါပဲ။ ကျွန်တော်တို့ရွာ
လည်းဒီနေ့ဆို ပုန်းမကြည်ရှင်မအတွက် ထမင်း၊ မုန့်ဖြူ၊ မုန့်နီ၊ လ္ဘက်အစရှိတဲ့ အစားအသောက်တွေနဲ့ပူဇေ
ာ်ပသနေလောက်ရောပေါ့။ နောက်ပြီး စိုက်ဖို့ပျိုးဖို့အတွက် လေတိုက်၊မတိုက် ကြည့်ပြီးမိုးလေ၀သကိုတွက်
ချက်နေလောက်ပြီပေါ့ဗျာ...။ ကျွန်တော် ဒီဓလေ့လေးတွေနဲ့ကင်းကွာနေတာ တော်တော်ကြာပါပြီ။ ဘာပဲ
ပြောပြော မွေးရပ်အညာကိုအရမ်းလွမ်းတယ်ဗျာ...။
(ဒီပို့စ်ကလေးကို ဖတ်လိုက်လို့ ဗဟုသုတအနည်းငယ်ရသွားတယ်ဆိုရင် ကျွန်တော်အရမ်းကျေနပ်နေမှာပါ)
အဆိုး၊အကောင်း ၊အကျိုး၊ အကြောင်း လေးတွေကို ဝေဖန်အကြံပေးချင်တယ်ဆိုရင်တော့ စီဘောက်(သို့)
ကွန်မန့်မှာ အော်သွားကြပါအုံးဗျာ။
အားလုံးကိုကျေးဇူးတင်ပါတယ်..........................
ရာဇာ(ကျေးတောသားလေး)
5.3.2011





8 comments:

မေသိမ့်သိမ့် ကျော် said...

ကိုရာဇာရေ စိတ်ဝင်တစားကို လာဖတ်သွားပါတယ်ရှင့်။ တစ်ခါမှလည်း မမြင်ဖူးတော့ ကျွန်မ သွားကြည့်ချင်တဲ့၊ လေ့လာချင်တဲ့ ဆန္ဒလေးဖြစ်မိပါတယ်။ ဒါပေမယ့် ကျွန်မ မရှင်းတာလေးလဲရှိပါတယ်။
( အိမ်တိုင်း အိမ်တိုင်း ဆန်မှုန့်နဲ့တောင်သူသုံးပစ္စည်း၊
အိမ်သုံးပစ္စည်းတွေ ဖြစ်တဲ့ နွား၊ ထွန်၊ထယ်၊ လှည်း၊ ကျောက်ပျဉ်၊လက်ကောက် အစရှိတဲ့ဟာတွေကိုကြော် ၊နောက်ပြီး မုန့်ဆီကြော်ကိုကြော်၊ လ္ဘက်နဲ့ ပုန်းမကြည်ရှင်မကိုပူဇော်ပသတဲ့နေ့ဖြစ်ပါတယ်။ ) ဆန်မှုန့်နဲ့ နွားပုံလေးတွေလုပ် ၊ ထွန် ၊ ထယ် ၊ လှည်း ၊ ကျောက်ပျဉ် ၊ လက်ကောက် ပုံလေးတွေ ကြော် ပြီး ပူဇော်ကြသေးတာလားရှင့်။ တကယ် မသိလို့ပါနော်။ ပြန်ပြောပြပေးပါနော်။

ခင်မင်လေးစားလျက်

yar zar said...

ဟုတ်ပါတယ် မမေသိမ့်သိမ့်ကျော် အခုချိန်ထိပါပဲ ဆန်မှုန့်နဲ့ အရုပ်လေးတွေလုပ်ပြီး ပူဇော်ပသတာပါ ရိုးရာတစ်ခုအနေနဲ့ပေါ့။
တစ်ခြားနယ်တွေတော့မသိဘူးပေါ့ဗျာ... အခုလို စိတ်ဝင်တစား
လာဖတ်သွားတာကို ရင်ထဲကလှိုက်လှိုက်လှဲလှဲကိုကျေးဇူးတင်မိပါတယ်
နောက်လည်းလာလည်ပါအုံးနော်။
ခင်မင်လေးစားလျက်
ရာဇာ(ကျေးတောသားလေး)

ကိုထွဋ် said...

ပုန်းမကြည်အကြောင်း အခုမှဖတ်ဖူးတာဗျ..
ကျေးရွာဓလေ့ အကြောင်း အခုမှသိရတော့တယ်ဝေး....

လင့်ယူုသွားမယ်ဗျာ အကို။

yar zar said...

ဟုတ်ကဲ့ ကိုထွဋ်ရေ ကျေးဇူးတင်ပါတယ်ဗျ နော်။ နောက်လည်း အားရင်ဝင်ခဲ့ပါအုံး။ အမြဲတမ်းကြိုဆိုနေပါတယ်ဗျနော်။

ခနွဲ said...

တကယ်ကို ဗဟုသုတ ရတဲ့ ပိုစ်လေးပါဗျာ။ ငယ်ငယ်တုန်းကတော့ မုန့်ဆီကြော်စားရတာပဲ သိတာ။ ပျော်ဖို့လည်း ကောင်းတယ်။ စားတောင် စာချင်လာပြီ။

Anonymous said...

ကိုရာဇာရေ

သိခွင့်ရလို့ ကျေးဇူးနော်။ အဖြေပေးထားမယ်လို့ ယုံကြည်လို့ ပြန်လာတာ။

ခင်မင်လေးစားလျက်

Angelhlaing(May everybody be happy and healthy! said...

အကိုရေ ဗဟုသုတလေးတွေဝေမျှပေးမှုအတွက်
ကျေးဇူးပါလို့....ခုမှသေသေချာချာသိတော့တယ်။
ကောင်းသောနေ့လေးဖြစ်ပါစေအကို။ညီမလေးလင့်ချိတ်ချင်လို့
ယူသါားတယ်နော်အကို ခွင့်ပြုပေးပါလို့...

မိုးယံ said...

ပုန်းမကြီးက နေပြီး ပုန်းမကြည်အဖြစ် ဆင်းသက်လာတယ်လို့ မှတ်ဖူးပါသည်။ အခုလို ပြန်လည် ဝေမျှတာတာလေး ကျေးဇူးပါ။

Post a Comment