Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Tuesday, March 29, 2011

ခရမ်းချဉ်ပင်အမျိုးမျိုး


ဒီတစ်ခါတော့ လူတိုင်းကြိုက်တဲ့ အပင်တစ်ပင်ကြောင်းကို ရေးမယ်ဗျာ...။ အဲဒါကတော့ ခရမ်းချဉ်
ပင်ပေါ့...။ ခရမ်းချဉ်က အမျိုးအစားပေါင်း မြောက်များစွာ ရှိတယ်လေ..။ ဗမာခရမ်းချဉ်အပြားမျိုး၊
ဗမာခရမ်းချဉ်အလုံးမျိုး၊ မေမြို့သီး၊ ထိုင်ဝမ်ခရမ်းချဉ်မျိုး၊ အလုံးသေးမျိုး ဆိုပြီးပေါ့...။

ကျွန်တော်တို့ အညာဒေသမှာတော့ ရိုးရိုး ဗမာခရမ်းချဉ်မျိုး ပဲစိုက်တာလေ...။ မေမြို့သီးတို့ ၊ အ
လုံးသေးမျိုးတို့က တစ်ခါတစ်လေမှ မျိုးစေ့ ရောပြီး ပေါက်တတ်တာလေ...။

ခရမ်းချဉ်ပင်ကိုတော့ တကူးတက တစ်ကွက်လုံး စိုက်တယ်ဆိုတာ မရှိဘူးဗျ...။ ငရုတ် စိုက်တဲ့အချိ
န်မျိုးမှာ ရောပြီး စိုက်တာလေ...။ ခရမ်းချဉ်ပင်တွေက အရမ်းဖြစ်တာဗျ... တစ်ပင်ဆို ရုံကြီးတွေကို
အကြီး ကြီးတွေပဲ...။ ကျွန်တော်တို့ ရွာမှာတော့ ခရမ်းချဉ်သီးက အရမ်းပေါတယ်...။ ရောင်းလို့လည်း
အဆင်မပြေဘူးလေ...။ ကိုယ်စားဖို့ ကိုယ်တော့ တောင်သူတိုင်း စိုက်ပျိုးတာ ဆိုတော့လေ..။ တစ်နွ
ယ်ပင် တစ်စင်ပါ ဆိုသလိုပါပဲ...။ တောင်သူ တစ်ဦး စိုက်ထားရင်   အဲဒီလူရဲ့ အမျိုးတွေလည်း ခရမ်း


 ချဉ်သီးကို မုန်းအောင် စားရတာလေ...။ ခရမ်းချဉ် အပြားသီးဆိုတာကတော့ အလုံးက ပြားပြားကြီး
တွေလေ...။ အလုံးမျိုးကတော့ ခပ်လုံးလုံးပဲ..။ မေမြို့သီးကတော့ ချွန်ချွန်လေးတွေ သီးတာလေ..။
အလုံးသေးမျိုးအပင်ကိုတော့ အသီးလေးတွေ ငယ်ငယ်လေးတွေဆိုရင် နှုတ်ပစ်တာလေ..မျိုးမကေ
ာင်းဘူးဆိုပြီးပေါ့..။

ဗမာအသီးပြားမျိုး
မေမြို့သီး

အခုတော့ ကျွန်တော်တို့ ရွာဘက်တွေမှာ စက်ရေတွင်းတွေနဲ့ ထိုင်ဝမ်ခရမ်းချဉ်( တိုင်ထောင်ပင်)ေ
တွ စိုက်ပျိုးနေကြပြီဗျ...။ လူတိုင်းတော့ မစိုက်ပျိုးဘူးပေါ့...။     တစ်ခါတစ်လေတော့ ထိုင်ဝမ်းခရမ်း
ချဉ်နဲ့ ချမ်းသာတဲ့လူ ရှိသလို၊ တစ်ခါတစ်လေတော့လည်း အရှုံးပေါ်ကြတယ်လေ...။

ခရမ်းချဉ်ပင်ရဲ့ အသုံးဝင်ပုံလေးတွေ ပြောပြအုံးမယ်ဗျာ...။ ခရမ်းချဉ်ပင်လေး အညွန့် တလူလူ ဖြစ်
လာပြီဆိုကတည်းက စားလို့ရပြီလေ။ ခရမ်းချဉ်ပင်က အညွန့်လေးကိုခူး၊ ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွ
က်တို့နဲ့ ရောပြီး သီးစုံ ချဉ်ရည် ချက်သောက်ရင် အရမ်းကောင်းတယ်လေ...။

ခရမ်းချဉ်သီးလေး ရွမ်းပြင်း ဖြစ်လာပြီဆိုရင်တော့... ခရမ်းချဉ်သီးကို မီးဖုတ်၊ ငရုတ်သီးအစိမ်းကိုမီး
ဖုတ်ပြီး သန်ထွေဖျော်(ပန်ထွေဖျော်) လုပ်စားတယ်ဗျ...။ ပန်ထွေဖျော်ကို ကြိုက်တယ်ဗျို့...။ ဒီမှာ
တစ်ခါတစ်လေ ခရမ်းချဉ်သီး အမှည့်နဲ့ လုပ်လုပ်စားရင် မကောင်းဘူး...။ အမေလုပ်လုပ်ကျွေးတဲ့
သန်ထွေဖျော်ကိုတော့ လွမ်းတယ်ဗျို့....။ အညာက လူတွေကတော့ ခရမ်းချဉ်ဗမာသီးကိုပဲ ကြိုက်
တာဗျို့...။ ဗမာသီးက ထိုင်ဝမ်သီးထက်ပိုပြီး အရသာကောင်းတယ်လေ...။

တစ်ခါတစ်လေဆိုရင်တော့ တောထဲက ခရမ်းချဉ်သီး လတ်လတ်ဆတ်ဆတ်လေးကို ဆွတ်၊ အိမ်ပြ
န်ရောက်ရင်တော့ ပဲမှုန့်တို့၊ အကြော်စေ့တို့၊ ကြက်သွန်နီကို ပါးပါးလှီးပြီး သုပ်စားကြတယ်လေ...။
တစ်ခါတစ်လေကြတော့လည်း လ္ဘက်နဲ့ သုပ်စားတတ်ကြပါတယ်...။ အဲဒါကတော့ ခရမ်းချဉ်သီး အ
စိမ်းရဲ့ အသုံးဝင်ပုံလေးပေါ့...။

ခရမ်းချဉ်သီးတွေ မှည့်လို့ဆွတ်ရပြီ ဆိုရင်တော့ အရမ်းပျော်ဖို့ကောင်းတယ်...။ တစ်ပင်ကို ဆွတ်ပြီး
ပြီဆိုရင်၊ နောက်တစ်ပင်ကို ဆွတ်ဖို့ စိတ်က ရောက်ရောက်သွားတာလေ...။ ခရမ်းချဉ်ပင်တွေထဲတို
းပြီးလို့ အိမ်ပြန်ရောက်လို့ ရေချိုးရင် ခရမ်းချဉ်ပင်ရဲ့ အဆီတွေက ခြေထောက်တွေ ၊ လက်တွေ ၀င်း
နေတာဗျို့...။ တစ်ခါတစ်လေ ဆေးပင်က အစေးတွေ ပွရင် ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်တို့နဲ့ ချွတ်ရင် သိ
ပ်မပြောင်ချင်ဘူး... အဲလို အခါမျိုးမှာ ဆိုရင်တော့ ခရမ်းချဉ်သီးလေးကို ဖောက်ပြီး လက်ကိုပွတ်လို
က်ပြီး ရေဆေးလိုက်ရင် ပြောင်သွားတာပဲ...။ ဘာဓါတ်သဘောလဲ တော့မသိပါဘူ...။ တစ်ချို့ရေင
တ်တဲ့ အခါတွေမှာ ခရမ်းချဉ်သီးရဲ့ အပေါ်အခွံလေးကို ခွါပြီး စားကြတယ်...။ ရေငတ်ပြေတယ်တဲ့ဗျ
...။ ကျွန်တော်ကတော့ စိမ်းစော် နံလို့ မကြိုက်ပါဘူး...။

ခရမ်းချဉ်သီး အမှည့်ကိုတော့ အမျိုးမျိုး ဟင်းချက်စားကြတာပေါ့ဗျာ...။ ခရမ်းချဉ်သီး အမှည့်လေး
ကို ရေလည၊် ဆီလည်လေး ချက်ပြီး ... ပဲပြုတ်လေးနဲ့များ စားရင် အရမ်းကောင်းတာဗျို့...။
ခရမ်းချဉ်သီးကို ငါးပိနဲ့၊ငရုတ်သီး စပ်စပ်နဲ့ ဆီပြန်ချက်ကျွေးတဲ့ အမေ့ရဲ့ လက်ရာကိုတော့ ဘယ်တေ
ာ့မှာ မေ့မှာမဟုတ်ဘူး...။ ခရမ်းချဉ်သီးနဲ့ ငါးကြော်နဲ့ ချက်ကျွေးတာလည်း ကောင်းတာပဲ...။ ကျွန်ေ
တာ် အမေချက်သလို ချက်ကြည့်လည်း အမေ့လက်ရာတော့ မမှီဘူးဗျို့...။

ထိုင်ဝမ်သီး
ခရမ်းချဉ်သီးအသေးမျိုး


ခရမ်းချဉ်ပင်

ခရမ်းချဉ်သီးကို အမျိုးမျိုးချက်ပြုတ်စားသောက်ကြမှာပါ...။ အဲဒါကြောင့် တစ်ခြား ချက်စားနည်းေ
တွတော့ မပြောတော့ဘူးနော်...:)
မပြောတော့ဘူး ဆိုပေမယ့် တစ်ခုတော့ ပြောအုံးမယ်...။:)
ကျွန်တော်တို့ အညာဒေသမှာတော့ ခရမ်းချဉ်သီး တုံးတော့မယ့် အချိန်ဆိုရင် ခရမ်းချဉ်သီး အစိမ်း
တွေကို ဆွတ်ပြီး သဲနဲ့ ကျင်း ထားတတ်ကြတယ်...။       ခရမ်းချဉ်သီးကို သဲနဲ့ ကျင်းပြီးထားရင် ကြာ
ရှည်ခံတယ်လေ...။ နောက်တစ်ခုက ခရမ်းချဉ်သီး အမှည့်ကို ကျိုပြီး ဆော့လုပ်ထားတတ်ကြတယ်
ဗျ...။ မိုးတွင်းရောက်မှ ခရမ်းချဉ်သီး ဆော့ကို ချက်စားကြတာလေ...။ စားလို့တော့ ကောင်းသားဗျ။

ကျန်းမာရေးအတွက်    ပြောရမယ်ဆိုရင်တော့ ကျွန်တော်    ဖတ်ဖူးတဲ့     စာတွေထဲကနေ ပြောပြ
မယ်နော်။ ခရမ်းချဉ်သီးမှာ ဗီတာမင်စီ ပေါကြွယ်ဝစွာ   ပါဝင်မှုကြောင့် အနာကျက်နှုန်း မြန်စေခြင်း၊
ခန္ဓာကိုယ်မှာ သံဓာတ်စုပ်ယူအားကောင်း ခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိစေပါတယ်. ။
ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ကလည်း ကင်ဆာလျော့ကျစေခြင်း ၊မျိုးပွား နိုင်စွမ်းအား
ကောင်းခြင်း စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေပါတယ်...။
ဘာပဲပြောပြော ခရမ်းချဉ်သီးအမှည့်က ရေငတ်တော့ ပြေသဗျို့...။

အဲဒါလေးတွေကတော့ ကျွန်တော် ဖတ်ဖူးတဲ့ ကျန်းမာရေး ဗဟုသုတလေးပါ...။
ဗဟုသုတ အနည်းငယ် ရမယ်ထင်ပါတယ်နော်...:)

(ကျွန်တော့်ရဲ့ရေးသားချက်များအဓိပ္ပါယ်မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း
ဝန်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်.....

ရာဇာ(ကျေးတောသားလေး)
30.3.2011



8 comments:

Baby taster said...

မပြောနဲ့ မပြောနဲ့ စိတ်နာတဲ့ထဲမှာ
ဒီအသီးလည်းပါတယ် :(
ကိုယ့်အစာအိမ်ထဲကို အက်စစ်တွေပို
ဖြစ်စေတာ ဒီအသီးပေါ့ :P
အစာအိမ်နာရှိလို့လေ :)

Angelhlaing(May everybody be happy and healthy! said...

ရောက်ရှိမှတ်သား သွားပါတယ်အကိုရေ..
ကောင်းသောနေ့လေးဖြစ်ပါစေ...

တောက်ပကြယ်စင် said...

ခရမ်းချဉ်သီးဆိုလို့ အင်းလေးဒေသကို သတိရသွားပြီ။ ခရမ်းချဉ်သီး မှည့်ချိန်ဆိုရင် ဟိုကြည့်လည်း နီရဲရဲ၊ ဒီကြည့်လည်း နီတောက်တောက် အရောင်တွေ...ဘုန်းဘုန်းတို့ရွာမှာတော့ (ဟိုးငယ်စဉ်ဘ၀ကို ပြန်သတိရတာ ပြောပါတယ်) ခရမ်းချဉ်သီးက သေးသေး...လေးရယ်။ (ဂွစာလုံးလောက်ပဲရှိတယ်)ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

ခနွဲ said...

ခရမ်းချဉ်သီးတော့ သိပ်အကြိုက်ကြီး မဟုတ်ပေမယ့် ကြိုက်တယ်ခင်ဗျ။ ဘာတဲ့ ကျွန်တော်တို့ဆီမှာတော့ ဖန်ထွေဖျော်ဆိုလား။ ဘာဆိုလား အဲဒါတော့ တော်တော်လေးကို ကြိုက်တယ်

Sunny said...

ခရမ်းချဉ်သီးတွေ လှလိုက်တာ.. :)
ခရမ်းချဉ်သီးချက်၊ ခရမ်းချဉ်သီးသုပ်၊ ခရမ်းချဉ်သီးပန်ထွေဖျော်၊ ခရမ်းချဉ်သီးဆော့စ်၊ ခရမ်းချဉ်သီးယို အကုန်ကြိုက်တယ်.. ဘာကျန်သေးလဲဟင်.. :)

ရွှေညာသား said...

ကျုပ်တို့ဆီမှာတော့ ခရမ်းချဉ်သီးအပြားတွေကို ဆင့်ခွာသီးလို့ ခေါ်တယ်ဗျ။ ဆင်ရဲ့ ခွာနဲ့ တူလို့ဆိုလားဘဲ။ အဲ့ဒီအသီးကတော့ ခရမ်းချဉ်သီးထဲမှာ အကောင်းဆုံးပါပဲ။ ခရမ်းချဉ်သီးတွေ မြင်တော့ အဖိုးတို့ တဲကိုရောက်ရင် အဖွားက ကိုင်းခင်းထဲက နံနံပင်၊စမြိတ်ပင်တွေနှုတ်ပြီး ခရမ်းချဉ်သီးစိမ်းတွေကို သံချောင်းလေးနဲ့ထိုးလို့ မီးဖုတ်ပြီး ငရုတ်သီးစပ်စပ်နဲ့ ထောင်းကျွေးတာကို သတိရတယ်။ အနံ့လေး မွှေးမွှေးနဲ့ အတော် စားလို့ကောင်းတာ။ မြို့ကခေါ်တဲ့ ပန်ထွေဖျော် ဘယ်မှီလိမ့်မတုန်း....

Sunny said...

နောက်တစ်ခေါက် ပြန်လာလည်ရင်း ခရမ်းချဉ်သီးပန်ထွေဖျော် စားချင်သွားပြီ.. ဒီနေ့ညစာတော့ ပန်ထွေဖျော်မယ်ဗျို့.. လာစားကြဦးနော်.. :)

yar zar said...

အစ်မရေ သန်ထွေဖျော် ကြိုက်တယ်ဗျ...။
တစ်နိုင်ငံထဲ ဆိုရင်တော့ လာစားပါတယ်..
ဟီး.....
အားလုံးကို ကျေးဇူးတင်ပါတယ်...
နောက်လည်း လမ်းကြုံလို့ပဲဖြစ်ဖြစ် ၊ တကူးတကပဲ လာလာ
ကျေးလက်သားလေးက နွေးထွေးမှုတွေနဲ့အတူ စောင့်မျှော်နေတာပါဗျာ...
အားလုံးကို လေးစားလျှက်
ရာဇာ(ကျေးလက်သားလေး)

Post a Comment