Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Thursday, March 24, 2011

လသာသောည

သုံးရက်လ ခုံးမျက်စ

တောအရပ်ဒေသမှာတော့ လကွယ် သွားပြီဆိုတာနဲ့ လကလေးကို မျှော် နေတတ်ကြပြီလေ။ လဆန်းတ
စ်ရက်၊ နှစ်ရက်မှာ လကို မမြင်ရသေးပေမယ့် လဆန်းသုံးရက် ဆိုရင်တော့ လကွေးကွေးလေးကို မြင်ရပြီ
လေ။ အဲဒီ လလေးကိုတော့ သုံးရက်လ ခုံးမျက်စ လို့ခေါ်ကြတယ်ဗျ။       အဲဒီ လလေးနဲ့ အောက်ဘေးနား
လေးမှာ သောကြာကြယ်လေးက ကပ်ပါနေပါတယ်။ သောကြာကြယ် ထွန်းလင်းတောက်ပနေရင် သူခိုး
၊ဓါးမြ ပေါတယ်တဲ့ဗျ။

လဆန်း(၁၀)ရက်ရဲ့ နောက်ပိုင်း လမပြည့်ခင်အထိကတော့ လက ကြည်ကြည်လင်လင်နဲ့ကို သာတယ်ဗျ
။ အဲလိုအချိန်မျိုးမှာဆိုရင်တော့ ကလေး၊ လူကြီး ပျော်နေကြပြီဗျ။ လရောင်လေးက ကြည်လင်ပြီး အေးမြ
မှုကို ပေးတယ်လေ...။



အဲလို လလေး ကြည်ကြည်လင်လင်သာနေရင် အမျိုးသမီးတွေက ဗိုင်းငင်ကြတယ်လေ။ ဒါကြောင့် စက
ားပုံတောင် ရှိခဲ့သေးတာပဲ...“လသာတုန်း ဗိုင်းငင်တဲ့”။ အဲလို လသာတဲ့ညတွေမှာ ဆိုရင်တော့ အိမ်ရှေ့
က ကွပ်ပြစ် ပေါ်မှာ စုထိုင်ကြပြီး လဘက်ရည်ဝိုင်းလေးနဲ့ လူကြီးတွေ ရှေးဟောင်း နှောင်းဖြစ်တွေ ပြော
ကြတယ်ဗျ။ ကျွန်တော်တို့လို ကလေးတွေကတော့ သူတို့ ပြောတဲ့ စကားတွေ ဘယ်သိကြမှာလဲ...
အဲတော့ စိတ်မ၀င်စားဘူးလေ... ကလေးတွေ စိတ်ဝင်စားတာက လသာတဲ့ ညတွေမှာဆို ဆော့နည်းပေါ
င်းစုံ ဆော့ဖို့ပဲ စိတ်ကူးနေကြတာလေ...

လသာသောည

အညာမြေက အိမ်ဝိုင်းတွေ ဆိုတာက အကျယ်ကြီးတွေလေ။ အဲတော့ တလင်းလည်း ကောင်းတာပေါ့...
အဲလို လသာတဲ့ ညတွေမှာဆို တလင်းပြင်ထဲကို ထွက်ပြီး ကိုယ့်ချောင်(မြို့လိုဆိုရင်တော့ ရပ်ကွက်ပေါ့)
က ကလေးတွေ စုပြီးဆော့ကြတော့တာပါပဲ။ အဲလို ညတွေဆို သူ့ချောင်နဲ့သူ၊ သူ့အဖွဲ့နဲ့သူ ဆော့ပြီး ပျေ
ာ် နေကြတဲ့ ကလေးတွေ တစ်ပုံကြီးပေါ့ဗျာ...

ဆော့နည်းတွေကလည်း ပေါင်းစုံပါတယ်...။ထုပ်ဆီးတိုးတယ်၊ ဒီထိုးတယ်၊ ကကြတယ်၊ ဖန်ခုန်တိုင်းက
စားကြတယ်၊ ပြဇာတ်တိုက်တယ်၊ တူပုန်းတယ်၊ အရိပ်ဖမ်းတယ်၊ မစွန်ညိုဆော့တယ်၊ ဘီးရောင်းတယ်၊
ဆင်ကြီး ဆင်ကြီး ၀ူး ၀ူး ဆိုတာ ဆော့တယ်၊ ငါးပိအုံးဖွတ်ကြေး ကစားတယ်၊ ပုံပြင်ပြောတိုင်းကစားတ
ယ်၊ ကွမ်းသီးဖွတ်တယ်၊ ဘုတ်တိုင်ဦးကြေး ကစားတယ်၊ တီးပို့ တီးပို့ ကစားတယ်၊ကြိုးခုန်တယ်၊ ချားစီး
တယ်၊ ထမင်းတစ်အုပ် ဟင်းတစ်အုပ် ကစားတယ်၊ မင်းသားမင်းသမီးဖွတ်တိုင်း ကစားတယ်၊ထွေခုန်တ
ယ်၊ ကြက်ဖခွပ်တမ်းကစားတယ်၊ မိုးတလိတ်တောက်တဲ့ကစားတယ်၊ ကြက်ထုပ် ပစ်ကြေးကစားတယ်၊
လွန်ဆွဲတယ်၊ ဖူးကြေး ဆင့်ကြေးဆော့တယ်၊ ဆီးမီးခွက် ပြောင်းပြန်ဆော့တယ်၊ ၀ိုင်းကြီးပတ်ပတ် ဒူဝေ
ဝေ ဆော့တယ် အများကြီးပါဗျာ... တစ်ချို့ဟာတွေက မှတ်တောင် မမှတ်မိတော့ဘူးလေ...

ဖူးကြေး၊ ဆင့်ကြေးကစားနေပုံ(GG)

အဲလို ကစားပြီဆိုရင်တော့ ငြင်းကြ၊ ခုန်ကြ ၊ ရန်ဖြစ်ကြ မကျေနပ်တဲ့သူကို ဆော့နေတဲ့ ပွဲထဲကနေထုတ်
မကျေနပ်လို့ အိမ်ပြန်တိုင် အိုး...စုံနေတာပါပဲ။ တိုင်လည်း ဘာမှ မဖြစ်ဘူးလေ        ကလေးတွေဆိုတော့...
ဒီထိုးတာပဲဖြစ်ဖြစ်၊ ဖန်ခုန်တာပဲဖြစ်ဖြစ် ၊ ထုပ်ဆီးတိုးတာပဲဖြစ်ဖြစ် လူခွဲပြီးတော့ ဆော့ရတာလေ..၊ အဲေ
တာ့ တစ်ဖက်ကို ခေါင်လူကြီး တစ်ယောက်စီနဲ့ပေါ့...။ ကိုယ်ဘာချင်တဲ့ ဖက်ကို ခေါင်လူကြီးနဲ့ ညှိထားလို
က်တာပေါ့။ လူခွဲတာက ဘယ်လိုခွဲလည်း ဆိုတော့ လူကစုံမှ ခွဲလို့ရတာလေ။   လူခွဲနီး ကိုလည်းကြည့်လို
က်ပါအုံး..။ သဇင်နဲ့ နှင်းဆီ ၊ ကြောင်နဲ့ ကြွက်.. အဲလိုလေးတွေ နာမည်ပေးလာကြတာ။   အဲဒါကိုမှ ခေါင်
လူကြီး နှစ်ယောက်က ကြိုက်တဲ့ဟာကို ပြောလိုက်ရတယ်။ နှင်းဆီလို့ ပြောလိုက်ရင် နှင်းဆီ မှည့်ထားတဲ့
သူက ခေါ်တဲ့ ခေါင်လူကြီးဖက်ကို ပါရတယ်။ အဲဒါက တနည်း...

စိမ်ပြေးတမ်း ဆော့ရင်တော့ ခွေးရူးက တစ်ယောက်ပဲလုပ်ရတာလေ...(ခွေးရူးဆိုတာက စိမ်ပြေးတဲ့သူေ
တွနောက်ကို လိုက်ဖမ်းရတဲ့သူကိုခေါ်တာပါ) ။   အဲလို ခွေးရူးကြတဲ့သူကို ရှေ့ကပြေးတဲ့ သူတွေက စကြ
တယ်လေ။ ခွေးရူး ဘ၀ မလွတ်မလွတ် သံကြိုးကြီးနဲ့ တရွတ်တရွတ်... အဲလိုခေါ်လေ ခွေးရူးကြတဲ့သူက
ခွေးရူးဘ၀က ကျွတ်အောင်လိုက်လေပါပဲ... အရမ်းပျော်ဖို့ကောင်းပါတယ်...။

တစ်ခါတစ်လေကြတော့လည်း သရဲကြောင်း၊ တစ္ဆေကြောင်း ကြားဖူးနားဝတွေကို မကြောက် ကြောက်ေ
အာင် ခြောက်ပြီး ပြောကြပါတယ်။ အဲလို အချိန်မျိုးဆိုရင် ကလေးတွေ တစ်ယောက်နဲ့ တစ်ယောက် ကြေ
ာက်လို့ ကပ်နေကြတာပါပဲ။ တစ်ခါတစ်လေများဆို ဆော့တဲ့ဝိုင်းထဲကနေ ကိုယ့်အိမ်ကိုတောင်မပြန်ရဲဘူး
... တစ်ခါတစ်လေကြရင်လည်း ဖိနပ် ကိုချွတ်ကိုင်ပြီး အတင်းပြေးတော့တာပါပဲ...။

တစ်ခါတစ်လေဆိုရင် ကလေးတွေ ဆော့တာ သန်းခေါင်တောင်ကျော်တယ်လေ... အဲလိုအချိန်ဆိုရင်ေ
တာ့ အိမ်က လူကြီးတွေက လိုက်ခေါ်ပြီး ဖုန်တွေကိုခါပြီး အိပ်ယာဝင်ခိုင်းပါတယ်။   ဖုန်တွေမခါရင်တော့
စောင်တွေကို ပေတူးကုန်တော့တာပါပဲ။ မြေကြီးထဲ တလင်းပြင်မှာ ဆော့ကြတာဆိုတော့ ဖုန်က မတက်
ချင်မှ အဆုံးလေ.. အဲလိုမျိုး တစ်ယောက်ကို လာခေါ်ပြီဆိုရင်တော့    ဆော့နေတဲ့ အဖွဲ့တွေ အဖွဲ့ပျက်ပြီး
ကစားတာကို ရပ်ကြတယ်လေ။ အဲဒီအချိန်မှာပဲ မနက်ဖြန်ကြရင် ဘာဆော့မယ်ဆိုပြီး ကြိုပြောလိုက်ကြ
ပြန်ပါတယ်။ နောက်ရက်ကျ တစ်ခါစုပြီး ဆော့ကြပြန်ပါတယ်...

အဲဒီ ဆော့နည်းတွေထဲကမှ ဘီးသည် ဆော့တဲ့ဟာလေးကို ပြောပြအုံးမယ်နော်...
ဘီးသည်ဆော့တာကတော့ ခဏပြောတဲ့ ခွေးရူးတစ်ယောက် ရှာရပါတယ်။ အဲဒီခွေးရူး ရှာတာကတော့ ဒီ
လိုပါ..။ တုတ်တို တုတ်ရှည် လုပ်ပြီးလည်း ရှာတယ်၊ လက်ကြားကို  သစ်ရွက်ကလေး  ညှပ်ပြီးလည်း ရှာပါ
တယ်။ အဲလို လုပ်တဲ့သူကတော့ ခေါင်းဆောင်ပေါ့။ တုတ်တို ၊တုတ်ရှည် ဆိုတာက ဒီလိုပါ.. တုတ်ချောင်း
လေးတွေကို လူရှိသလောက် ချိုးလာပါတယ်... အဲဒီအထဲမှာမှ အတိုက တစ်ချောင်းပဲပါတာပါ။ အဲဒီတုတ်
လေးတွေကို အောက်ပိုင်းတွေက မမြင်အောင် ဖုံးထားပါတယ်... အပေါ်ပိုင်းလေးတွေကတော့ အညီပေါ့။
ခေါင်လူကြီးက အဲဒါတုတ်ချောင်းတွေကို ယူလာပြီး ပါမယ့်သူတွေကို ရွေးခိုင်းပါတယ်     တစ်လှည့်စီပေါ့..
ကံဆိုးချင်တဲ့သူက တုတ်တိုကျတာပေါ့ဗျာ...။ အဲလို ကျတဲ့သူက ခွေးရူးဖြစ်ရော။

နောက်တနည်းက ပါမယ့်သူတွေ အားလုံးကို ကြိုပြီးပြောထားတာပါ လက်ချောင်းကြားကို ဒီသစ်ရွက်သေ
းသေးလေး ညှပ်ခဲ့မယ် ဆိုပြီးပြပါတယ်။  အဲဒီညှပ်ထားတဲ့ လက်ကြတဲ့သူက ခွေးရူးကြပါတယ်... ခွေးရူးရှာ
တာ တရားမျှတပါတယ်နော်...။  အဲလို လုပ်ပြီးတဲ့ နောက်မှ ဆော့မယ့် ကလေးတစ်ယောက် ရောက်လာ
ရင်တော့ အော်တို ခွေးရူးလုပ်ရပါတယ်... အဲလိုလုပ်တာက ထုံးစံဖြစ်နေတာဆိုတော့ ကျေနပ်ကြပါတယ်
...။

အဲလို ခွေးရူးရပြီဆိုရင်တော့ ဘီးသည် ကိုစပြီး ဆော့တော့တာပါပဲ။ ဆော့ပုံလေးက ဒီလိုလေးပါ..
အဲဒီ ခွေးရူးက တုတ်ချောင်းလေးတွေကို ခေါင်းပေါ်မှာ ရွက်ရပါတယ်။  ခေါင်လူကြီးကရှေ့ဆုံးကခေါင်းေ
ဆာင်လုပ်ပါတယ်.. ပါတဲ့ သူတွေကတော့ နောက်ကနေ တစ်ယောက်ချင်း တစ်ယောက်ခါးကို တစ်ယော
က်ကိုင်ထားကြရပါတယ်။ ဘီးသည်က အဲဒီလူတွေဆီကို ဘီးလာရောင်းပါတယ်။ ဘီးသည်က ပါးစပ်က
အော်ရပါတယ်..“ ဘီးသည်၊ ဘီးသည် ”လို့။ အဲဒီအချိန်မှာ ခေါင်လူကြီးက မေးရပါတယ်..“ ရွှေဘီးလား၊
ငွေဘီးလား” လို့... အဲတော့ ဈေးသည်က ပြန်ပြောရပါတယ်..“ ငွေဘီး”လို့။ ခေါင်လူကြီးက ပြန်ပြောရပါ
တယ်.. ငွေဘီးဆို တော်သေးပြီတဲ့။ နောက်တစ်ခါ ဘီးသည်က ထပ်လာပြီး ရောင်းပြန်ပါတယ်.. ခဏလို
ပဲပေါ့ အမေး၊ အဖြေ တွေလုပ်ကြတာပေါ့။ ရွှေဘီး ဆိုမှ ၀ယ်ရတာလေ။ ခေါင်လူကြီးက ရွှေဘီးကို ကြိုက
တော့ နောက်က လူတွေကို မေးရပါတယ်...   သူတစ်ယောက်ထဲ ကြိုက်ရုံနဲ့ ၀ယ်လို့မရပါဘူး... ခေါင်လူ
ကြီးက တုတ်ချောင်းလေးကို ကြိုက်လား၊ ကြိုက်လား နဲ့ နောက်က လူတွေကို မေးရပါတယ်.. တဆင့်ခြ
င်းပေါ့.. တဖြည်းဖြည်းနဲ့ နောက်ဆုံးရောက်သွားရော။ နောက်ဆုံးကလူကလည်း ရှေ့ကို ကြိုက်တယ်၊ကြိ
ုက်တယ် ဆိုပြီး ပြန်ပေး ...နှစ်ခါလောက် အဲလိုမေးပြီးတော့မှ သဘောတူညီမှုရပြီး ဘီးဝယ်ကြတယ်။

ဘီးဝယ်ပြီးတဲ့ အချိန်မှာတော့ ဘီးသည်က ဘီးဖိုး တောင်းပြီလေ။ ခေါင်လူကြီးကို စတောင်းပါတယ်...။
“ဘီးဖိုးပေး”လို့ .. အဲဒီလိုတောင်းတော့ ခေါင်လူကြီးက “ နောက်လူတောင်း” လို့ဖြေရော၊ ဘီးသည်ကအဲ
လိုပဲ လိုက်တော့ တစ်ယောက်နဲ့ တစ်ယောက် လွှဲချကြတာပေါ့ဗျာ... အဲလိုမျိုး သုံးခါလောက်တောင်းပြီး
တော့မှ... ခေါင်လူကြီးက ပြောရပါတယ်... “ ညီး... ဈေးဖိုးမပေးနိုင်လို့  နောက်ဆုံးက ကောင်မလေးကို
ရအောင် ယူသွားတော့”ဆိုပြီး ခွင့်ပြုလိုက်ပါတယ်...။  အဲဒီအချိန်မှာပဲ ဈေးသည်က နောက်က ကောင်မ
လေးကို အမိအရ လိုက်ဖမ်းတော့တာပဲ။ အဲလို ဖမ်းတဲ့အချိန်မှာ ခေါင်လူကြီးက ရှေ့ဆုံးကနေ ကောင်မေ
လးကို မပေးချင်လို့ လက်နဲ့ ကာပေးထားပါတယ်... နောက်က လူတွေကလည်း ရထားတွဲကြီးတွေလိုပေါ့
... အဲလိုမိသွားပြီဆိုရင်တော့ နောက်တစ်ပွဲ ဆော့ကြပြန်ပါတယ်... မမိခင် ပတ်ပြီး ပြေးနေရတာက ပျော်
ဖို့ အရမ်းကောင်းတာဗျ... မိမှာစိုးလို့ ဆူညံနေတဲ့ ကလေးတွေရဲ့ အသံကလည်း ဆူညံနေတာပါပဲ...

အဲဒီ ဘီးသည်တင် ပျော်ဖို့ ကောင်းတာမဟုတ်ပါဘူး... အထက်က ပြောခဲ့တဲ့ ဆော့နည်းတွေကလည်း
ပျော်ဖို့ အရမ်းကောင်းပါတယ်...။

ကလေးတွေ အဲဒီလိုမျိုး ဆော့ချိန်တန်ဆော့ကြ ၊ စားချိန်တန်စားကြ၊ စာကျက်ချိန်စာကျက်ဆိုတော့ ဥာ
ဏ်ရည်လည်း ပိုကောင်းတာပေါ့ဗျာ...။

မြို့အရပ်ကတော့ ဒီလိုမျိုး ဆော့ဖူးကြမယ်မထင်ပါဘူး... လရောင်ရဲ့ တန်ဖိုးကိုလည်း တောက လူတွေ
လောက် ပိုပြီး တန်ဖိုး မထားတတ်ကြလောက်ပါဘူး...။ တောက လူတွေကတော့ လသာတာဟာ သူတို့
ရဲ့ လျှပ်စစ်မီးရောင်ပဲလေ...။

တစ်ခါတစ်လေတော့ ကျွန်တော် မြို့က ကလေးလေးတွေကို သနားမိတယ်ဗျ... ဘာလို့လဲ ဆိုတော့ ကေ
လး လေးတွေခမြာ အရွယ်နဲ့ မလိုက်ပါဘူး သုံးနှစ်၊ လေးနှစ်လောက်ဆိုရင် မူကြိုကို ပို့ထားလိုက်ပြီလေ..
ကလေးတွေအတွက် အရမ်းပင်ပန်းပါတယ်...။ ကလေးလေးတွေ ခမြာ ဆော့ချိန်ဆိုတာလည်း မရှိလော
က်အောင်ပါပဲ...။ ကျူရှင်ပြီး ကျောင်း၊ ကျောင်းပြီး ကျူရှင်နဲ့ အရွယ်လေးတွေနဲ့ မမျှပါဘူးဗျာ...
ကလေးဆိုတာက ဆော့သင့်တဲ့ အရွယ်မှာတော့ ဆော့ကို ဆော့သင့်တယ်ဗျ...။ဒါမှ ကျန်းမာရေး အတွက်
လည်း ဒဏ်ခံနိုင်တာလေ...။ ယုယတဲ့ သား၊ သမီးဆို ရောဂါပိုဖြစ်တယ်ဗျ...။

ကျွန်တော်တို့လို ကျေးလက်ဒေသကတော့ လေးနှစ်၊ ငါးနှစ်များ ဆော့လို့    ကောင်းတုန်းပဲရှိသေးတာ....
အဲဒါကြောင့်လည်း ကျောင်းအပ်နောက်ကြပြီး... အသက်ကြီးပြီး အတန်းတွေ    ငယ်နေကြတာပေါ့ဗျာ..
ငါးနှစ်လောက်ရောက်မှ ဘုန်းကြီးကျောင်းကို အပ်လိုက်တော့တာပါပဲ... ယောက်ျားလေး၊  မိန်းကလေး
အတန်းပညာရော၊ ပါဠိစာပေရော ရောပြီး သင်ပေးတာလေ... ဒါကြောင့် ဘုန်းကြီးကျောင်းနေခဲ့တဲ့ လူေ
တွတော်တော်များများ ပါဠိ တွေ ကျွမ်းကျင်ကြတာပေါ့ဗျာ...။ ကိုင်း..ဒီလောက်နဲ့ပဲ နိဂုံးချုပ်တယ်ဗျာနော်...


(ကျွန်တော့်ရဲ့ရေးသားချက်များအဓိပ္ပါယ်မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း
ဝန်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်.....
ရာဇာ(ကျေးတောသားလေး)
25.3.2011



4 comments:

ခနွဲ said...

ငယ်ငယ်က ဆော့ခဲ့တာတွေ သတိရတယ်ဗျာ။ အခုတော့ လွမ်းစရာတွေပေါ့။

မိုးခါး said...

ကလေးတွေ ဆော့နေတာ ချစ်ဖို့ ကောင်းလိုက်တာ ..း)

အိန်ဂျယ် said...

လွမ်းစရာဖြစ်အောင် ရေးတက်ပ..
အားပေးသွားလျှက်ပါအကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။

yar zar said...

အားလုံးကို ကျေးဇူးတင်ပါ၏။ နောက်လည်း လာလည်ကြ
ပါလို့ ဖိတ်ခေါ်ချင်ပါသည်။
ရာဇာ(ကျေးတောသားလေး)

Post a Comment