Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Wednesday, March 9, 2011

ဥညွန့် နဲ့ မြစ်သီး(စားစရာအပင်များ)


ဒီတစ်ခါတော့ ခေါင်းစဉ်ကို ထူးထူးဆန်းဆန်းပေးပစ်လိုက်မိပါတယ်။ “ဥညွန့် နဲ့ မြစ်သီး ”ဆိုပြီးပေါ့။ အဲဒီခေါ
င်းစဉ်ကို သာမန်ကာ လျှံကာ ဖတ်လိုက်မိရင်တော့ ဦးနှောက်စားရမှာအမှန်ပါပဲ။ ဘာကြောင့်လည်းဆိုတော့
ကျွန်တော်က ပုံမှန်မဟုတ်တာကို ပေးလိုက်မိလို့ပါ။ ကျွန်တော်ပေးထားတာ ပုံမှန်မဟုတ်ဘူးဆိုတော့ ကျွန်
တော်ကိုယ်တိုင် ပြန်ရှင်းပြရတော့မှာပေါ့လေ။ ကိုင်း...စရှင်းမယ်ဗျာ။ အောက်ကို ရှုစားတော်မူကြပါကုန်အံ့။
ကန်ဇွန်းပင်

 
ငချိတ်ကန်ဇွန်းဥ
ရိုးရိုးကန်ဇွန်းဥ
ရွှေဝါကန်ဇွန်းဥ


ဥညွန့်ဆိုတာက စားလို့ရတဲ့အပင်ပါ။ အဲဒီအပင်က ဘာလဲဆိုတော့ ကန်ဇွန်းပင်ပေါ့ :)။ ကန်ဇွန်းပင်ဆိုတာ
ကို သာမန်အားဖြင့်တော့ နှစ်မျိုး ခွဲခြားထားပါတယ်။ ရေကန်ဇွန်း နဲ့ ရိုးရိုးကန်ဇွန်းပေါ့။ ရေကန်ဇွန်းပင်ကိုေ
တာ့ လူတိုင်းသိကြပါလိမ့်မယ်။ အဲဒီရေကန်ဇွန်းက ကျွန်တော်တို့ ရွာမှာတော့ လယ်ကန်သင်းတွေမှာပေါက်
တာပါ မစားချင်မှ အဆုံးပေါလိုက်တာဗျာ။ အခုကျွန်တော်ပြောမှာက ရိုးရိုးကန်ဇွန်းပင်အကြောင်းကို ပြောမှ
ာပါ။ ရိုးရိုး ကန်ဇွန်းပင်ကို (၃)မျိုးခွဲခြားထားတယ်ဗျ။(၁)ရိုးရိုးကန်ဇွန်း၊(၂)ငချိတ်ကန်ဇွန်း၊(၃)ရွှေဝါကန်ဇွန်း
တို့ဖြစ်ပါတယ်။ ကန်ဇွန်း (၃)မျိုးလုံးဟာ စိုက်ပျိုးပုံချင်းလည်း တူတူပါပဲ၊ ဥ ဥပုံချင်းလည်းတူတူပါပဲ။အဲဒီအပ
င်ကထွက်တဲ့ အညွန့်တွေက သီးစုံချဉ်ရည် ချက်သောက်တဲ့အခါ အရမ်းကောင်းပါတယ်။ စိုက်ပျိုးပုံကတော့
ကန်ဇွန်းအနွယ်ကနေ တစ်တောင်လောက်ဖြတ်ပြီး မြေကြီးထဲမှာ မြှုတ်ထားလိုက်ရင် ပြီးပါပြီ။ သူ့ဟာသူဖြစ်
နေတာပါ အပင်က။ အဲလိုစိုက်ပြီးလို့ အနွယ်တွေထွက်လာပြီဆိုရင် တစ်ခါလောက် ဖြတ်ရောင်းလို့ရပါသေး
တယ်။ ဥပမာ- ကန်ဇွန်းတစ်ထုံးကို ဘယ်လောက်ဖြင့် ဘယ်လောက်ပေါ့။ အဲလိုဖြတ်ရောင်းပြီးမှ ကျန်တဲ့အ
ပင်ကနေ အညွှန့်တွေ ဖြာပြီး အပင်က အကြီးကြီး ဖြစ်လာတာပါ။ နွယ်သွားသလောက် ဥ ကလိုက်ဥတာပါ။
ကန်ဇွန်းဥ တူးရတာ အရမ်းပျော်ဖို့ကောင်းပါတယ်။အဲဒီ ကန်ဇွန်းပင်တွေကနေ ဥလည်းစားရ ၊ အညွန့်လည်း
စားရတာမို့ ဥညွန့် လို့ နာမည်တပ်လိုက်တာပါ။ ကန်ဇွန်းဥက ဆောင်းတွင်းအခါမှာ ပေါ်တာပါ။ ကန်ဇွန်းဥကို
ပြုတ်လည်း စားပါတယ်၊ ဖုတ်လည်းစားပါတယ်။ ဖုတ်စားတာကတော့ အရမ်းမွှေးပါတယ် (ကျွန်တော်ကြိုက်
လို့လားတော့ မသိဘူးပေါ့)။

ပဲစောင်းလျားပင်
ပဲစောင်းလျားသီး
ပဲမြစ်

နောက်တစ်မျိုးကတော့ မြစ်သီးပေါ့။ မြစ်သီးဆိုတာကလည်း စားလို့ရတာပါပဲ။ အဲဒါက ဘာပင်လည်းဆိုတေ
ာ့ ပဲဇောင်းလျားပင်ပါ။ ပဲဇောင်းလျားပင်ကို ကျွန်တော်တို့ဆီက ပဲဇန်းဝါးပင်လို့လည်းခေါ်ပါသေးတယ်။ အဲဒီ
အပင်ကတော့ နွယ်မျိုးပေါ့ ပင်ထောင်ပေးရင်ပိုသီးပါတယ်။ အောက်က အမြစ်မှာတော့ ပဲမြစ်လို့ခေါ်တဲ့ အ မြစ်လေးတွေရှိပါတယ်။ ပဲဇောင်းလျားသီးကို ချဉ်ရည် ချက်သောက်တဲ့အထဲမှာလည်း ထည့်ပါတယ်။နောက်
ပြီး သုပ်လည်းစားကြပါသေးတယ်။ အရသာက နည်းနည်းဖန်တဲ့အတွက် ရေနွေးပူပူထဲမှာ ခဏဖျောလိုက်ပါ
တယ်။ ပြီးမှ ပြုတ်ပြီးသားလေးကို လှီးပြီး မြေပဲထောင်း ၊ ကြက်သွန်ကြော်၊ ငရုတ်သီးစိမ်းလေးနဲ့သုပ်စားရင်
အရမ်းကောင်းတာပါ။ နောက်တစ်မျိုးကတော့ ပဲစောင်းလျားပင်ကနေရတဲ့ ပဲမြစ်ပေါ့။ ပဲမြစ်ကို ပြုတ် ဆားေ
လး ၊ ဆီလေးနဲ့ တို့စားရင် ကောင်းပါတယ်။ ကျွန်တော်ကတော့အရမ်းကြိုက်တာဗျာ။ အခုတော့ အညာမြေ
ကအစားအစာတွေကို မစားရတာ တော်တော်ကြာနေပါပြီ။ ပဲဇောင်းလျား အမြစ်ကဖြစ်တဲ့ ပဲဖြစ်လည်းစားရ
တယ်၊ နောက်ပြီး ပဲစောင်းလျားသီးကိုလည်း ချက်စားရတဲ့အတွက် မြစ်သီးလို့ အမည်ပေးလိုက်တာပါ။
ကိုင်း..ဆိုင်ဆိုင်မဆိုင်ဆိုင်ဗျာ..ကျွန်တော်ကတော့ ရေးချလိုက်ပြီ “ဥညွန့် နဲ့ မြစ်သီး”ဆိုပြီးလေ။
(ကျွန်တော့်ရဲ့ ရေးသားချက်များ အဓိပ္ပါယ်မပေါ်လွင်ခဲ့ပါက ကျွန်
တော့်ရဲ့ညံဖျင်းမှုသာဖြစ်ပါကြောင်း ၀န်ခံအပ်ပါတယ်ခင်ဗျား။)
စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေ
ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်......
ရာဇာ(ကျေးတောသားလေး)
10.3.2011







5 comments:

Angelhlaing(May everybody be happy and healthy! said...

အကိုရေ...ဒီမှာတော့ ကန်စွန်းဥလည်းရတယ်။
ဈေးတော့ တအားကြိးတယ်။ ဝယ်မစားဖြစ်ဘူး
ဈေးကြိးလို့...အဟီး။
မြန်မာပြည်ရောက်မှ ပဲစားတော့မယ်။
အားပေးသွားလျှက်
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

yar zar said...

အစ်ကိုတို့ ဆီမှာတော့ မတွေ့မိဘူး ညီမရေ။ လာလည်တာ ကျေးဇူးနော်။

ရွှေရတုမှတ်တမ်း said...

ဒီမှာ ပဲစောင်းလျားသီး..ကန်စွန်းဥ ..အကုန်ရှိပေမဲ့ ပဲမြစ်တော့ ရောင်းတာမတွေ့ဘူး..စားရမှန်းမသိကြလို့ထင်တယ်

Sunny said...

ကန်စွန်းရွက်၊ ကန်စွန်းဥ၊ ပဲစောင်းလျားသီး၊ ပဲမြစ် အကုန်ကြိုက်တယ်.. ဦးကျောက်ပြောသလိုပဲ ဒီမှာလည်း ပဲမြစ်မတွေ့ဘူး.. ပဲမြစ်ပြုတ်ကို ထုပြီး ဆီလေး၊ ဆားလေး၊ မြေပဲဆံထောင်းလေးနဲ့ နယ်ပြီး စားရင်လည်း သိပ်ကောင်းတာပဲ..

Unknown said...

ကောင်းတယ်

Post a Comment