Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Friday, March 25, 2011

ခရာပင်အစ ဘိုးသိန်းက


ကျွန်တော်တို့ ရွာမှာ ဟိုး...အရင်တုန်းက ခရာပင် ဆိုတာ မရှိဘူးတဲ့ဗျ...။ ဘယ်သူမှတောင် မမြင်ဖူးဘူး
တဲ့လေ...။ တစ်ရက်တော့ ကျွန်တော်တို့ ရွာက ဘိုးသိန်းတစ်ယောက် တစ်ခြားဒေသကို အလည်သွား
တာတဲ့ဗျ... အဲဒါရွာမှာ ဘိုးသိန်းတစ်ယောက် ခရာပင်တွေကို စတွေ့တယ်တဲ့လေ...

ခရာပင်တွေကို သူမြင်လိုက်တဲ့အခါမှာ သူ့မျက်လုံးထဲမှာ အရမ်းလှလို့ ဒေသခံတွေကို မေးကြည့်တယ်
တဲ့.... အဲဒီအပင်ကို ဘာပင်လို့ခေါ်လဲ၊ ဘာအသုံးကျလဲလို့ သေချာမေးတယ်တဲ့...


 အဲတော့ ရွာခံတွေက ရှင်းပြသတဲ့... အဲဒီအပင်ကို ခရာပင်လို့ခေါ်တယ်... ဘာအတွက်မှ အသုံးမးကျဘူး
သူ့ရဲ့ ဆူးက အဆိပ်ပြင်းတယ်... စူးမိရင် တနုံ့နုံ့ နဲ့ ခံစားရတယ်လို့ ပြောပြတာပေါ့... အဲဒါကို  ဘိုးချစ်တစ်
ယောက် သူတို့ ဘယ်လိုပဲပြောနေပြောနေ လှလို့ဆိုပြီး အပြန်ခရီးမှာ ရွာကို ခရာပင်က အစေ့တွေကို သွ
ားယူပြီး ပြန်လာခဲ့တယ်တဲ့...။

ရွာရောက်တော့ ရွာထဲကို အဲဒီ အစေ့တွေ မယူခဲ့ပဲ ရွာရဲ့ အနောက်ဘက်မှာ ရှိတဲ့ ယာခင်းတွေထဲကို ဘယ်
သူမှ မသိအောင် လိုက်ပြီး ပက်ထားတယ်တဲ့ဗျာ...။

မိုးရာသီ ရောက်တော့ အဲဒီအစေ့တွေက ပေါက်တော့တာပဲလေ...။ကျွန်တော်တို့ ရွာကလူတွေ အံသြ နေ
ကြတာပေါ့...။ အဲဒီ အပင်တွေကို တစ်ခါမှမမြင်ဖူးတော့ ဘာအပင်လေးတွေတုန်း ဆိုပြီး   စောင့်ကြည့်နေ
ကြသတဲ့...။ အပင်လေး အရွယ်ရောက်လာတော့  အပင်လေးက ဆူးတွေနဲ့ အပွင့်က   အ၀ါလေးတွေ ဆို
တော့ မြင်ရတဲ့ သူတွေက အရမ်းလှနေသတဲ့...။  ဘယ်လို အသုံးဝင်မယ်ဆိုတာကို စောင့်ကြည့်နေကြတ
ာပေါ့ဗျာ...။ အပင်က သေတဲ့အထိ ဘာမှ အသုံးမ၀င်တော့ သူတို့တွေ စိတ်မကောင်းကြဘူးပေါ့...။

 ခရာပင်များ

အဲဒီ ခရာပင်တွေ ဘယ်လိုပေါက်လာတယ်ဆိုတာကို သူတို့ စဉ်းစားလို့မရကြဘူးပေါ့လေ....  အဲဒီအချိန်
မှာ ဘိုးသိန်းသွားတဲ့ ရွာက လူတွေ ရောက်လာတာပေါ့...။ သူတို့ ရောက်လာတယ်ဆိုရင်ပဲ သူတို့ ရှာနေ
တဲ့ အဖြေက ပေါ်သွားသတဲ့ဗျာ...။ ဧည့်သည်တွေက ပြောသတဲ့ အဲဒီ အပင်တွေကို ခရာပင်လို့ ခေါ်ကြေ
ာင်း၊ ဘိုးသိန်း သူတို့ ရွာလာတုန်းက အဲဒီ အပင်တွေကို ဘိုးသိန်း စိတ်ဝင်စားနေကြောင်း ပြောပြတော့မှ
သူတို့လည်း အားလုံးသိသွားပြီး....ဘိုးသိန်းကို သွားမေးတော့မှ အမှန် အတိုင်းဝန်ခံသတဲ့လေ...

အခုချိန်မှာတော့ ဘိုးသိန်း ပျိုးခဲ့တဲ့ ခရာပင်တွေက နိုင်ကို မနိုင်တော့ဘူးလေ.... အပင် ဖြစ်ထွန်းမှုကလ
ည်း မြန်လိုက်တာ မပြောချင်တော့ပါဘူး.... အခုတော့ ရွာက လူတွေပြောကြတယ် အဲဒီ ခရာပင်တွေက
ဘိုးသိန်းစခဲ့တာတဲ့...။ ခရာပင် အစ ဘိုးသိန်းကလို့လည်း ပြောကြတယ်လေ....။

မိတ်ဆွေ တို့တွေလည်း မသိတဲ့ အပင်တွေကို လှတယ်ဆိုပြီးတော့ မျိုးယူမသွားကြနဲ့နော်.... တော်ကြာ
ဘိုးသိန်းယူသွားတဲ့ ခရာပင်ထက် ဆိုးနေမယ်...:)

အပင်မှ မဟုတ်ပါဘူး ကိုယ့်မသိတဲ့ အရာဆိုရင် ဘာမှ မလုပ်တာ ကောင်းတယ်နော်...

(မှတ်ချက်- စီဘောက်မှာ တစ်ယောက်က ပြောသွားလို့ ဒီ စာလေးကို ဖြည့်လိုက်ရတာပါ...။ သူတို့ အ
ညာဒေသမှာတော့ ရာသီထိန်လို့ ရှိရင် ခရာမြစ်ကို ထန်းလျက်နဲ့ သုံးခွက် တစ်ခွက်တင်ကြိုပြီးသောက်
ကြပါတယ်တဲ့၊ နောက်တစ်ခုက အနာတွေ မန်းရှိရင်လည်း  အမြစ်ကို သွေးလိမ်းပါတယ်တဲ့ ဗျာ...)

အားလုံး အသုံးပြုနိုင်ကြပါစေ................
(ကျွန်တော့်ရဲ့ရေးသားချက်များအဓိပ္ပါယ်မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း
ဝန်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်.....

ရာဇာ(ကျေးတောသားလေး)
26.3.2011

3 comments:

Angelhlaing(May everybody be happy and healthy! said...

ညီမလေးလဲ အခုမှမြင်ဖူးတယ် သိတောင်သိဘူး
အဲလိုဗဟုသုတကြွယ်တာအဟီး...
ကျေးဇူးပါအကိုရေ။
ကောင်းသောနေ့လေးဖြစ်ပါစေ။

မိုးယံ said...

ဆေးဘက်တော့ဝင်မယ် ထင်ပ။

တောက်ပကြယ်စင် said...

"ခရာပင်အစ ဘိုးသိန်းက"တဲ့။ ခု.........မှပဲ ကြားဖူးတော့တယ် ကိုရာဇာရေ။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

Post a Comment