Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Monday, March 28, 2011

ကျောပူတာခံနိုင်တယ်


တစ်ခါက   မြက်ရိတ်ရောင်းတဲ့    ကုလားကြီး  တစ်ယောက်ရှိ
တယ်တဲ့...။     အဲဒီ ကုလားကြီးက    သူ့ကို မြက်မှာတဲ့ အိမ်တို
င်းကို   မြတ်ရိတ်ပေး  လေ့ရှိသတဲ့...။    မြက်ရိတ် ခတော့ ခိုင်း
တဲ့သူက   ပေးရတာပေါ့...။    မြက်ရိတ်  ရတယ်ဆိုတာ လွယ်
တဲ့ အလုပ်တော့   မဟုတ်ဘူးဗျို့..။      မြက်ပေါရင် နဲနဲ  တော်
သေးတယ်..။     မြက်ရှားတဲ့  အချိန်အခါ ဆိုရင်တော့ မြက်ရိ
တ်ရတာ မသက်သာဘူးပေါ့...။ နေကပူသေးတာလေ.....

တစ်ရက်တော့ ကုလားကြီးနဲ့ သိတဲ့ လူတစ်ယောက်က ကုလာ
းကြီးကို သနားပြီး ကုသိုလ်လည်းရအောင်၊ပိုက်ဆံလည်းရအော
င် အကြံတစ်ခု ရပြီး မေးတယ်တဲ့..။

 “ကုလားကြီး မြက် တစ်နေကုန်ရိတ်ပေးရင်      ဘယ်လောက်ရ
တုန်း”။ ကုလားကြီးကလည်း ပြန်ဖြေတာပေါ့.............
“တစ်ရက်ကို ငါးမူး(ပြားငါးဆယ်)လောက်တော့ရပါတယ်..”။
“ဒါဆို တစ်နေကုန် ၂ ကျပ် ပေးမယ်..။  နေပူထဲလည်း သွားစ
ရာမလိုဘူးအရိပ်ထဲမှာပဲ လုပ်ရမှာ... လုပ်မလား..။ ငါခိုင်းတဲ့အ
လုပ်ပြီးရင် ငါ့ဆီကို ပိုက်ဆံလာယူလို့ ပြောတာပေါ့...”။

ကုလားကြီးလည်း စဉ်းစားလိုက်တာပေါ့.. ငါနေပူထဲမှာတောင်
လုပ်ရသေးတာပဲ... နေရိပ်ထဲက မလုပ်နိုင်စရာ အကြောင်းဘူး
..ပိုက်ဆံလည်း ပိုရတယ်ဆိုပြီး လုပ်မယ်လို့     ဆုံးဖြတ်လိုက်သ
တဲ့...။ အဲဒါနဲ့ ကုလားကြီးရဲ့ မိတ်ဆွေကကုလားကြီးကို ဘုန်းကြီ
းကျောင်းကိုသွားပြီး တရားနာခိုင်းသတဲ့...။ ကုလားကြီးလည်း
ဘုန်းကြီးကျောင်းကိုသွားတာပေါ့...။

ဘုန်းကြီးကျောင်းကို ရောက်တော့ ဘုန်းကြီးက တစ်ခြားလူတွေ
ရော တရားဟောတာပေါ့...။ နာရီဝက်လောက်ကြာတော့ ကုလ
ားကြီး ကျောကုတ်လိုက်၊ ခေါင်းကုတ်လိုက်၊ ခါးဆန့်လိုက်နဲ့ လုပ်
နေသတဲ့...။ နောက်တော့ ကုလားကြီး ထပြန်သွားသတဲ့...။

အိမ်ကိုပြန်ရောက်တော့ သူ့မိတ်ဆွေ ၊ သူ့ကို တရားနာခိုင်းတဲ့ လူ
ဆီ သွားသတဲ့...။ ဟိုလူက မြင်တော့ ဘာလို့ အစောကြီးပြန်လာ
တာလဲ လို့မေးသတဲ့..။ အဲတော့ ကုလားကြီးက ပြန်ဖြေသတဲ့ဗျာ။

“မိတ်ဆွေ ကိုယ့်ငါးမူးကိုယ်ကောင်း....။ ကျောပူတာခံနိုင်တယ်
နားပူတာ မခံနိုင်ဘူး” တဲ့... ကိုင်း... အဲဒါပဲဗျာ...။

မိတ်ဆွေတို့တွေလည်း ကိုယ့်ငါးမူး ကိုယ်ကောင်းတော့ မလုပ်ကြ
နဲ့နော်..:)
အားလုံးပြုံးပျော်နိုင်ကြပါစေ.....
(ကျွန်တော့်ရဲ့ရေးသားချက်များအဓိပ္ပါယ်မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း
ဝန်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်.....
ရာဇာ(ကျေးတောသားလေး)
29.3.2011

3 comments:

မိုးယံ said...

ထန်းပင်ငုတ်ကို ရေလောင်းဖို့ ကြိုးစားမိသူကိုး....

တောက်ပကြယ်စင် said...

မိုးယံပြောသလို ဟုတ်ပါ့ဗျာ...

yar zar said...

ဟုတ်ပါ့ ဘုန်းဘုန်းနဲ့ ကိုမိုးယံ ပြောသလိုပဲနော်..
ထန်းပင်ငုတ်တို ရေလောင်းမိတာကိုး

Post a Comment