Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Thursday, March 31, 2011

ဆေးဖက်ဝင် ခွေးတောက်

ခွေးတောက်သီး

ကျွန်တော်တို့ အညာဒေသမှာတော့ ခွေးတောက်ပင် တော်တော်များများ တွေ့ဖူး
ပါတယ်။ ကျွန်တော်တို့ အိမ်က စည်းရိုးမှာ တစ်ပင် ရှိပါတယ်။    ကင်းပုံပင်လည်း
တစ်ပင် ရှိပါတယ်။ အဲဒီ ခွေးတောက်ရော၊   ကင်းပုံရောက နှစ်မျိုးလုံး နွယ်တက်
တဲ့ အမျိုးလေ...။

ခွေးတောက်က စားရရုံတင် မဟုတ်ဘူးဗျ...။   ဆေးဖက်လည်း ၀င်ပါတယ်။ ခွေး
တောက်ရွက်ကိုတော့ ဟင်းချို ချက်သောက်တယ်။  ကြက်သားနဲ့ ခွေးတောက်ရွ
က် အရည်ကျဲလေး ချက်စားတယ်။ အဲလိုလေး ချက်စားရင် အရမ်းကောင်းတယ်


 ...။ အဲလိုလေး ချက်ထားရင်တော့  အိမ်က အဖွားက သူ့သားအငယ်( ကျွန်တော့်
ဘလေး)အိမ်ကို အဲဒီဟင်းလေး  သွားသွားပို့ခိုင်းတယ်...။ ပါးစပ်ကလည်း ပြောေ
သးတယ်...။  “အရက်တို့၊ ထန်းရည်တို့၊ ကွမ်းတို့ ၊ဆေးလိပ်တို့ စားတဲ့ ၊ သောက်
တဲ့ လူတွေကို အဲဒီဟင်းကျွေးရတယ်...။ အဲဒီ ဟင်းက ခန္ဓာကိုယ် ထဲမှာရှိတဲ့ အ
ဆိပ်တွေကို လျော့ ကျစေတယ်”တဲ့...။

ခွေးတောက်ရွက်အပင်မှအပွင့်

နောက်တစ်မျိုးကတော့ ဆီးချုပ်နေတဲ့ လူတစ်ယောက်ကို ခွေးတောက်ရွက်ကြေ
ာ်၊ ခွေးတောက်ရွက်ဟင်းခါး၊ ခွေးတောက်ရွက်ပြုတ် စတဲ့ဟာတွေကို လုပ်စားခိုင်
းတယ်လေ။ အဲဒါတွေက ဆီးအောင့်သက်သာသတဲ့ဗျ...။

နောက်တနည်းကတော့ လူတွေ ဘုတွေ ပေါက်တဲ့ အခါ ၊  အနာစိမ်းပေါက်တဲ့အ
ခါမျိုးတွေမှာ အသုံးပြုလို့ရတယ်လေ။ အိမ်မှာ အပင်က အကြီးကြီး ဆိုတော့ ခွေး
တောက် ရွက်ကို လာလာ ခူးကြတာပေါ့။   အိမ်ဘေးက အဒေါ်ကြီး သွေးစုနာပေါ
က်တုန်းကဆိုရင်  အိမ်က ခွေးတောက်ပင်က ခွေးတောက်ရွက်ကို ခူး...၊ ခူးပြီးရင်
မီးကင်လိုက်ပါတယ်။ ပြီးတော့ အနာကို ကပ်လိုက်တယ်။ သူ့သွေးစုနာ က ပေါက်
ကျသွားတယ်ဗျ။ အဲဒါက ဘုက ရင့်နေလို့လေ...။     နုရင်တော့ ဘုက ပိန်သွားတ
ယ်တဲ့ဗျ...။ ခွန်အားနည်းနေတဲ့ လူတွေကိုတော့ ခွေးတောက်ရွက်နဲ့ ဘဲဥကိုကြော်
စားခိုင်းတာဗျ...။ ခွန်အားပြည့်စေတယ်လို့ ပြောတယ်...။

ခွေးတောက်ညွန့်

အခုဟာလေးတွေကတော့ ကျွန်တော်သိတဲ့ ခွေးတောက်ပင်က အရွက်လေးတွေ
က စားလည်းစား၊ ဆေးလည်း ဖြစ်တဲ့ အကြောင်းအရာလေးတွေပါ...။   စကားပံုေ
တာင် ရှိတယ်လေ... “အစာလည်းဆေး ၊ ဆေးလည်း အစာ”တဲ့...။

ခွေးတောက်ရွက်က ခါးတယ်နော်....။    ခါးရင်  ဆေးဖက်ဝင်တယ်လို့တော့ ပြော
သံကြားဖူးတာပဲ....။ အားလုံး လိုအပ်တဲ့    နေရာလေးတွေမှာ အသုံးပြုနိုင်ကြပါေ
စ...။
ခွေးတောက်ရွက်ရဲ့ အသုံးဝင်ပုံလေးတွေ သိရင်လည်း ကျေးဇူးပြုပြီး ပြောပေးသွ
ားကြပါအုံးနော်...။ အခုဟာက ကျွန်တော်သိတာလေး ပြောပြတာပါ...။

ဗဟုသုတ အနည်းငယ်ရမယ်ထင်ပါတယ်...။ 

(ကျွန်တော့်ရဲ့ ရေးသားချက်များ အဓိပ္ပါယ် မပေါ်လွင်ခဲ့ပါက ကျွန်ေ
တာ့်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်း ၀န်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ရင်ထဲကလာတဲ့ စကားလေးတွေကိုစောင့်မျှော်နေပါတယ်။

အားလုံကိုကျေးဇူးတင်ပါတယ်........

ရာဇာ(ကျေးတောသားလေး)
31.3.2011

7 comments:

တောက်ပကြယ်စင် said...

ဘုန်းဘုန်းက ခွေးတောက်ရွက်တွေ ဘယ်နေရာမှာ အသုံးဝင်တယ်ဆိုတာ တိဝူးရယ်။ ကြက်သား၊ အာလူးတို့နဲ့ချက်ရင် ဘုဉ်းပေးလို့ကောင်းတယ်ဆိုတာပဲ သိတယ်။ ဆေးဖက်အဲဒီလောက်ထိ အသုံးဝင်တယ်ဆိုတာလည်း ကိုရာဇာပြောမှပဲ သိရတယ်။ ကျန်းမာပျော်ရွှင် အောင်မြင်ပါစေ...ဘုန်းဘုန်းခရီးက မနက်ဖန်ည ၉: ၁၅ မှဆိုတော့ လည်လို့ရသေးတယ်။ အဟိ...

Baby taster said...

ဒီဘလောဂ့်လေးဖြစ်လာတာ တော်တော်အကျိုးရှိတာပဲ
တခါမှမသိတာတွေသိရတယ် အိမ်မှာ ခွေးတောက်ပင်ရှိတယ်
အသီးသီးတာ တခါမှမမြင်ဖူးဘူးရယ်။ မမှတ်မိတာလည်းဖြစ်နိုင်သလို
အသီးသီးဖို့ထိ အခွင့်အရေးမရတာလည်း ဖြစ်နိုင်ပါတယ် :P
သိတယ်မှလား မြန်မာပြည်လေး) ခွေးတောက်ရဲ့လို့ ရေးတာလား
ကိုယ်က ဂွေးတောက်ရွက်ဆိုပြီး ရေးနေတာ ဟဟ

yar zar said...

ဟုတ်ကဲ့အစ်မ ခွေးတောက်ရွက်လို့ ရေးတာပါ...
အခုလို လာလည်တာ ကျေးဇူးနော် မမ ဘေဘီ
... နောက်လည်း လာလည်ပါအုံး..
လေးစားလျက်
ရာဇာ(ကျေးလက်သားလေး)

yar zar said...

ဘုန်းဘုန်း တောက် ခရီးမသွားခင် အချိန်လေးမှာတောင်
လာလည်တာဆိုတော့ ကျေးဇူးတင်ပါတယ်ဘုရား...။ ပြန်
လာရင် မုန့်ဝယ်ခဲ့နော်...:)
ဘုန်းဘုန်း သွားလမ်းသာလို့ ပြန်လမ်းချောပါစေဘုရား..
လေးစာလျက်
ရာဇာ(ကျေးလက်သားလေး)

Iora said...

ခွေးတောက်ရွက်သိပ်ကြိုက်လို့ စိုက်ဖူးတယ်။ အညွန့် လေးတက်လိုက်၊ ခူးစားလိုက်နဲ့ ။ ရန်ကုန်မှာက အညာလိုမပေါဘူးလေ။
နောက်တော့ခရီးထွက်ပြီးပြန်လာတော့..ရေမလောင်းနိုင်လို့ ထင်တယ်သေသွားတယ်။

နိုင်နိုင် said...

ငြုပ်သီးနဲ့ကြက်သွန်နီထောင်းပြီးဆီသတ် ပြီးရင်ပုဇွန်ဆိတ်လေးထည့် ပုဇွန်ဆိတ်လေးတွေကျက်ကာနီးရင်
ခွေးတောက်အဖူးလေးတွေကို ရေစင်စင်ဆေးပြီး ထည့် ဟင်းချိုမှုန့်နဲ့ဆားသင့်ရုံထည့်ပြီးချက်စားကြည့် တတ်နိုင်ရင်
ပဲရေပွကြော်လေးနဲ့ နှစ်မျိုးဆိုရင်တော့ တော်တော်စားကောင်းမှာဗျ

yar zar said...

ဟုတ်လား မြန်မာပြည်ပြန်ရောက်မှ လုပ်စားကြည့်အုံးမယ်..နိုင်နိုင်ရေ..
နည်းလေး မှတ်သွားတယ်..
လာလည်တာကျေးဇူးပါဗျ..

Post a Comment