Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Sunday, March 20, 2011

သောက်ရေအိုးစင်

သောက်ရေအိုး(သောက်ရေအိုးစင် မဟုတ်ပါ)(From Google)

သောက်ရေအိုးစင် ဆိုတာ အေးချမ်းမှုတွေ ပေးတဲ့နေရာပါ။ အညာအရပ်ဒေသမှာတော့ ရွာစဉ်တိုင်းမှာ ရွာ
ဦးရွာထိပ်၊ ဇရပ်၊ လူသွားလူလာများတဲ့ အပြင် လမ်းတွေမှာ သောက်ရေအိုးစဉ်လေးတွေ တည်ထားတတ်
ကြပါတယ်။ ဘာလို့လဲဆိုတော့ အညာအရပ်ဒေသဆိုတာ နေအရမ်းပူတယ်လေ...။ အဲဒီတော့ ခရီးသွားပြ
ည်သူ၊ ရဟန်း ရှင်လူ အပေါင်းတို့ အလွယ်တကူ သောက်လို့ရအောင် တည်ထားကြခြင်းဖြစ်ပါသည်။


မောမောပန်းပန်းနဲ့ နေပူထဲကနေ ပြန်လာတဲ့လူတစ်ယောက်က ရေအရမ်းစာလာတဲ့အခါမျိုးမှာ သောက်ေ
ရအိုးစင် လေးတွေ့ရင် အရမ်းပျော်တတ်ကြတယ်။ သောက်ပြီးသွားတဲ့အခါမျိုးမှာလည်း ဆုတွေပေးတတ်
ကြပါတယ်။ ဒီသောက်ရေအိုးစင်လေး တည်ထားတဲ့ မောင်မင်းကြီးသား ၊မယ်မင်းကြီးမတွေ ဒီရေလိုပဲအေ
းချမ်းကြပါစေ၊ ပျော်ရွှင်ကြပါစေ လို့ အဘိုးကြီး ၊အဘွားကြီးတွေ ဆုတွေးပေးတတ်သလို.. ဒီသောက်ရေ
အိုးစင်လေး တည်ထားတဲ့သူကျန်းမာ ချမ်းသာကြပါစေလို့ လူတွေက ဆုပေးတတ်ကြပါတယ်။ သူတို့တွေ
ဆုမပေး ဘူးဆိုရင်တောင် ရေအကျိုးဆယ်ပါး မတောင်းပဲပြည့်ပါတယ်ဗျာ။

ရေအကျိုး(၁၀)ပါး
(၁) လျင်မြန်ခြင်း
(၂) သန့်ရှင်းစင်ကြယ်ခြင်း
(၃) ကျော်ကြားလူသိများခြင်း
(၄) ဆာလောင်မွတ်သိပ်မှုကင်းခြင်း
(၅) အခြွေအရံများခြင်း
(၆) အသက်ရှည်ခြင်း
(၇) အဆင်းလှခြင်း
(၈) ချမ်းသာကြီးခြင်း
(၉) ခွန်အားဗလ ကြီးမားခြင်း
(၁၀) ဥာဏ်ပညာ ကြီးမားခြင်း
တို့ပဲဖြစ်ပါတယ်။ လူတိုင်းအတွက် ရေက အရမ်းအရေးပါတယ်နော်...။ရေ မသောက်ရရင် သေနိုင်တယ်
နော်။ စာဆိုတွေတောင် ရှိခဲ့သေးတာပဲလေ “ထမင်းအသက် ခုနှစ်ရက်၊ ရေအသက်တစ်မနက်” တဲ့လေ။

ကျွန်တော်ကိုယ်တိုင် ခံစားဖူးတဲ့ အရသာလေးကို ပြောပြပါအုံးမယ်ဗျာ။ အညာဒေသ မိုးကလည်းမရွာ ၊နေ
ကပူတော့ လူတွေတင် ပူရုံသက်သက်မဟုတ်ပဲ ၊ နွားတွေလည်း နွားစာစို မစားရဘူးပေါ့ဗျာ။ အဲတော့ ကျွ
န်တော်တို့တစ်တွေ နွားစာအစို ပေါက်တဲ့နေရာတွေကို စက်ဘီးတွေနဲ့ သွားရိတ်ရတာပေါ့ဗျာ။ အဲဒီလို သွာ
းတယ်ဆိုရင် ရေဗူး တွေ ထည့်သွားကြပါတယ်။ ဖြစ်ချင်တော့ တစ်ရက်မှာ အဲလိုပဲ နွားစာသွားရိတ်တာေ
ပါ့ဗျာ..ရေဗူးတွေလည်းပါပါတယ်... ကျွန်တော်တို့(၆)ယောက်သွားတာပါ။ အဲဒီနေ့မှာ နေကပူသထက်ပူ
တော့ ရေဗူးတွေလည်းကုန်ရော။ အဲတော့ လူတွေလည်း ရေတွေငတ်တော့တာပေါ့ဗျာ။ ရေငတ်တော့ ဘာ
မှမလုပ်နိုင်တော့ဘူးလေ... အဲတော့ ပြန်လာကြတာပေါ့။ ကျွန်တော်တို့ ပြန်လာတဲ့ တစ်နေရာရောက်ေ
တာ့ ရွာလေးတစ်ရွာနဲ့ သိပ်မဝေးဘူးလေ။ အဲဒါနဲ့ ရွာထဲကို ၀င်ပြီး ရေတောင်းသောက်မယ်ဆိုပြီး သွားလို
က်တာ ရွာထဲမ၀င်ခင် သစ်ပင်အောက် ရေအိုးစင်လေးတစ်ခုတွေ့တော့ ၀မ်းသာအားရနဲ့ အလုအယက်သေ
ာက်ကြတော့တာပေါ့။ အဲဒီကျမှ ရေစာတာ ပြေသွားပြီး ပါးစပ်ကလည်း ဆုတွေးပေးနေမိပါတော့တယ်။ ေ
ပျာ်လွန်းလို့ ကျွန်တော်ဆို မျက်ရည်တွေများတောင် ကျမိတယ်ဗျ။ အဲဒါက ကျေးလက်ဒေသရဲ့ ချစ်စရာေ
ကာင်းတဲ့ ရေအိုးစင်လေးတွေပါပဲဗျာ...။
(မိတ်ဆွေတို့တွေလည်း ရေရှားတဲ့ အရပ်ဒေသတွေမှာ ရေလှူကြနော်....):)

(ကျွန်တော့်ရဲ့ရေးသားချက်များအဓိပ္ပါယ်မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း
ဝန်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်..........
ရာဇာ(ကျေးတောသားလေး)
20.3.2011

7 comments:

ခနွဲ said...

ကိုရာဇာရေ။ သောက်ရေအိုး အကြောင်းကို ဖတ်သွားပါတယ်။ အခုထက်ထိတော့ ရှိသေးတယ်။ ဒါပေမယ့် လူတွေက ခက်တယ်ဗျာ။ စေတနာနဲ့ သောက်ရေအိုးလုပ်ပေးထားတာကို ခွက်ယူတဲ့သူနဲ့၊ အဖုံးယူတဲ့သူနဲ့ ။ နောက်ပိုင်း အဖုံးတို့၊ ရေခွက်တို့ကို အမြင်ဆိုးလှတဲ့ ကြိုးတွေနဲ့ ချည်ထားတာကို တွေ့ရတယ်ဗျာ။ စိတ်ထဲတော့ မကောင်းဘူးရယ်။

မေဇင် said...

နောင့် တို့ အိမ်ရှေ့မှာလဲ တည်ထားတယ်
တစ်နေ့ကို ၃ ခါလောက် ရေဖြည့်ရတယ်တဲ့း)

ရွှေဘုန်း(စေတနာပန်းခင်း) said...

သောက်ရေအိုးစင်လေးက ရေလေးခပ်သောက်ပြီး ရေအကျိုးဆယ်ပါးကိုလည်း ကျက်သွားပါတယ်။ (မေ့နေလို့လေ) စာမေးပွဲပြိးလို့ ဆိုဒ်ကလေးတွေလိုက်လည်ပြီး (ကိုယ့်စာလေးလည်း လာဖတ်မလားလို့ပေါ့) စာလေးတွေလိုက်ဖတ်နေတာ မောနေတာနဲ့အတော်ပဲ ရေတစ်ခွက်ခပ်သောက်သွားတယ်နော်။ အေးချမ်းပါစေ။

တောက်ပကြယ်စင် said...

ကိုရာဇာ နောက်တစ်ခါ နွားစာသွားရိက်ရင် ရေအလုံအလောက်ယူသွားနော်။ နိုင်ငံခြားသားတစ်ယောက်ကမေးတယ် "ခင်ဗျားတို့ရေအိုးစင်မှာ ဘာဖြစ်လို့ သံကြိုးကြီးနဲ့ တုတ်ထားရတာတုန်း"ပေါ့ မြန်မာတစ်ယောက်က "လေတိုက်ပြီး အောက်ကျသွားမှာစိုးလို့တဲ့။ မဆိုးဘူးနော်၊ ခိုးမှာကြောက်လို့"လို့ မဖြေဘူး။ ကျန်းမာရွှင်လန်း အေးချမ်းပါစေနော်...

Angelhlaing(May everybody be happy and healthy! said...

ညီမလေးတို့ အိမ်ရှေ့မှာလဲ ရေအိုးစင်တည်ထားတယ်...:P:P
အကိုရေ အားပေးသွားလျှက်။
ကောင်းသောနေ့လေးဖြစ်ပါစေ။

Anonymous said...

ရောက်တယ်ရှင်...
သောက်ရေအိုးစင် အကြောင်းလေးဖတ်ပြီး
အညာမြေကို မှန်းလို့ တွေးမိပြန်တယ်။
ရေရှား ငွေရှားတဲ့ ဒေသမှာ ရေလှု၊ ငွေလှုနိုင်တဲ့သူ
ဖြစ်ပါရစေရှင်။

Unknown said...

အမေ့အိမ်က သောက်ရေအိုးစင် ကို သတိရမိတယ်ဗျာ..
အညာအကြောင်းလေးတွေဖတ်ရတာ တခု နဲ့ တခု မရိုးနိုင်ဘူးဗျာ..
အားပေးနေပါတယ်..ကိုရာဇာ..

Post a Comment