Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Saturday, March 5, 2011

အညာမြေကတော်စပ်ပုံအသုံးအနှုန်းများ


ကျွန်တော်တို့မြန်မာစကားသည် အရမ်းရှုပ်ထွေးသည်ဟုပြောလျှင် သင်လက်ခံနိုင်ပါမည်လော?။ ကျွန်တော်
အနည်းငယ်အဆိုပြုပါအံ့။အင်္ဂလိပ်စကားမှာ Brother လို့ပြောလိုက်ရင်အစ်ကို၊ညီဆိုပြီး သိကြပေလိမ့်မည်။
Sisterလို့ပြောလိုက်ပြန်ရင်လည်း အစ်မ၊ညီမဆိုတာသိပေလိမ့်မည်။ဒါပေမဲ့ Brother လို့ခေါ်လိုက်ရင်အစ်
ကိုကိုခေါ်တာလား၊ ညီကိုခေါ်တာလားဆိုတာ ခွဲခြား၍တော့သိလိ့မ်မည်မဟုတ်ပေ။ ကျွန်တော်တို့မြန်မာစက
ားမှာတော့ ခေါ်လိုက်တဲ့အသံကိုကြားတာနဲ့အကြီးလား၊အငယ်လားဆိုတာခွဲခြား၍ရပါလိမ့်မည်။ အဲဒါကိုကမြ
န်မာစကားဟာဝေါဟရကြွယ်ဝတယ်ဆိုတာသဘောပေါက်နိုင်ပါလိမ့်မယ်။

အညာမြေကတော်စပ်ပုံများအကြောင်ကို ကျွန်တော်ပြောပြပါမယ်။ ကျွန်တော်ရဲ့အထက်မှာရှိတာကယော
က်ျားလေးဆိုရင်အစ်ကို၊မိန်းကလေးဆိုရင်အမလို့ခေါ်ပါတယ်။ ကျွန်တော့်ရဲ့အောက်မှာရှိတဲ့ယောက်ျားလေး
ကိုညီလို့ခေါ်ပြီး၊ မိန်းကလေးကိုတော့နှမလို့ခေါ်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့အထက်မှာရှိ တဲ့ယော
က်ျားလေးကိုတော့အစ်ကို၊မိန်းကလေးကိုအစ်မ လို့ခေါ်ပါတယ်။ အောက်မှာရှိတဲ့ယောက်ျားလေးကိုမောင်
လို့ခေါ်ပြီး၊မိန်းကလေးကိုတော့ ညီမလို့ခေါ်ပါတယ်။ (ယောက်ျားလေးတစ်ယောက်ရဲ့အောက်ကမိန်းကလေး
ရှိတယ်ဆိုရင်အဲဒီမိန်းကလေးကို ညီမလို့မခေါ်ပါ...နှမလို့ပဲသုံးပါတယ်။ ညီမလို့သုံးတာကမိန်းကလေးချင်း
သုံးတဲ့နာမ်စားပါ) အဲဒါတွေက မောင်နှမတစ်တွေကြားမှာသုံးတဲ့စကားပါ။

ကျွန်တော့်အဖေရဲ့အစ်ကိုကိုတော့ ကျွန်တော်တို့က ဘကြီးလို့ခေါ်ပြီး၊အဖေရဲ့ညီကိုတော့ ဘလေး (ဘဒွေး)
လို့ခေါ်ပါတယ်။ အဖေရဲ့ အစ်မကိုတော့ အရီးလို့ခေါ်ပြီး၊ အဖေရဲ့ညီမကိုတော့ အရီးလေးလို့ခေါ်ပါတယ်။ဒါ
ကအဖေအမျိုးကိုခေါ်တဲ့နေရာမှာသုံးတဲ့အသုံးအနှုန်းပါ။

ကျွန်တော့်အမေရဲ့အစ်ကိုကိုတော့ ဦးကြီးလို့ခေါ်ပြီး၊ကျွန်တော့်အမေရဲ့မောင်ကိုတော့ ဦးလေးလို့ခေါ်ပါတယ်
။အမေရဲ့အစ်မကို ဒေါ်ကြီးလို့ခေါ်ပြီး၊ အမေရဲ့ညီမကိုတော့ ဒေါ်လေး(ဒွေးလေး)လို့ခေါ်ပါတယ်။ဒါကအမေရဲ့
အမျိုးကိုခေါ်တဲ့နေရာမှာသုံးတဲ့အသုံးအနှုန်းပါ။

ကိုယ့်မိန်းမရဲ့အဖေကိုယောက်ခထီးလို့သုံးပြီး၊ အမေကိုတော့ ယောက်ခမလို့သုံးပါတယ်။ ကိုယ့်မိန်းမရဲ့အစ်
ကိုရော၊ မောင်ရော ကိုယောက်ဖလို့ခေါ်ပြီး၊ ကိုယ့်မိန်းမရဲ့ အစ်မကိုတော့မရီးလို့သုံးပါတယ်။ ညီမကိုတော့
ခယ်မလို့သုံးပါတယ်။ ကိုယ့်မိန်းမရဲ့ အစ်ကို၊ညီ တွေကတော့ ကိုယ့်ကိုယောက်ဖပြန်တော်ပြန်ပါတယ်။ ကို
ယ့်မိန်းမရဲ့အစ်မက ကိုယ့်ကိုမတ်လို့ပြန်ခေါ်ပြီး၊ ကိုယ့်မိန်းမရဲ့ညီမကတော့ ကိုယ့်ကို ခဲအိုပြန်တော်ပြန်ပါတ
ယ်။အဲဒါတွေကကိုယ့်မိန်းမနဲ့ပါတ်သတ်တဲ့အမျိုးတွေကို ခေါ်ဆိုသုံးနှုန်းတဲ့စကားတွေပါ။(တော်စပ်ပုံပါ)။

ကိုယ့်ယောက်ျားရဲ့အဖေ၊အဖေကို ယောက်ခထီး၊ယောက်ခမလို့ခေါ်ပြီး၊ ကိုယ့်ယောက်ျားရဲ့ အစ်ကိုကိုတော့
ခဲအိုလို့သုံးပြီး၊ ယောက်ျားရဲ့ညီကိုတော့ မတ်လို့ခေါ်ပါတယ်။ ယောက်ျားရဲ့အစ်မရော၊ ညီမရောကိုတော့ယေ
ာင်းမလို့ပဲသုံးပါတယ်။ ကိုယ့်ယောက်ျားရဲ့ အစ်ကိုက ကိုယ့်ကိုခယ်မပြန်တော်ပြီး၊ ကိုယ့်ယောက်ျားရဲ့ညီကေ
တာ့ ကိုယ့်ကို မရီးပြန်တော်ပြန်ပါတယ်။ကိုယ့်ယောက်ျားရဲ့ အစ်မရော၊ နှမရောကိုတော့ ယောင်းမပဲခေါ်ရ
ပါတယ်။ အဲဒါက ကိုယ့်ယောကျာ်းရဲ့အမျိုးတွေကို ခေါ်ဆိုသုံးနှုန်းတဲ့စကားတွေပါ။(တော်စပ်ပုံတွေပါ)။

နောက်တစ်ခုက မယားညီအစ်ကို၊ လင်ညီမ ဆိုတာတွေလည်းရှိသေးတယ်။ ညီအစ်ကိုနှစ်ယောက်ကို အ
ခြားမိန်းမနှစ်ယောက်က ယူလိုက်ရင် သူတို့က လင်ညီမတော်သွားပါတယ်။ ညီအစ်မနှစ်ယောကို အခြား
ယောက်ျားနှစ်ယောက်ကယူလိုက်ရင် သူတို့နှစ်ယောက်က မယားညီကိုတော်သွား ကြပြန်ပါတယ်။
(ဗဟုသုတအနေနဲ့ပြောပါအုံးမယ်။ ညီအစ်ကိုနှစ်ယောက်က ညီအစ်မနှစ်ယောက်ကိုကြိုက်ရင် ညီကိုညီမ
ယူတယ်လို့ပြောကြပါတယ်။ အဲဒါကစီးပွားရေးတွေ ဘာမှမထိခိုက်ပါဘူး။ မောင်နှမနှစ်ယောက်က တခြား
မောင်နှမနှစ်ယောက်ကိုကြိုက်ရင် မောင်လည်နှမလည်လို့ခေါ်ပါတယ်။ အဲလိုမျိုးယူမိရင် တစ်တွဲကစီးပွား
ဖြစ်ရင်၊ တစ်တွဲကမဖြစ်ပါဘူး။ စီးပွားရေးဖြစ်တဲ့အတွဲကျပြန်ရင်လည်း ကျန်းမာရေးမှာထိခိုက်ရပြန်ပါတယ်။
အဲဒါကြောင့် မောင်လည်နှမလည်ယူခြင်းကိုလည်းရှောင်ပါတယ်။ နောက်ဆုံးတစ်ခုက သားဦး၊ သားနှောင်း
လည်းမယူကြပါဘူး။ စီးပွားရေးမဖြစ်ထွန်းဘူးလို့ပြောကြပါတယ်။ သားဦး၊ သားနှောင်းဆိုတာက ကိုယ်က
အိမ်မှာအကြီးဆုံး ကိုယ်ယူမဲ့သူကအိမ်မှာအငယ်ဆုံးဆိုရင်ပဲဖြစ်ဖြစ်၊ ကိုယ်ကအိမ်မှာအငယ်ဆုံး ကိုယ်ယူမဲ့သူ
ကသူ့အိမ်မှာအကြီးဆုံးဖြစ်နေတာကိုဆိုလိုတာပါ။) ကိုင်း..အညာအရပ်ကဆွေးမျိုးတော်စပ်ပုံတွေ ခေါ်ဆိုပုံ
တွေကို ရေးရင်း ခေါင်းတောင်တော်တော်ရှုပ်သွားတယ်...။:D
(ဒီပို့စ်ကလေးကိုဖတ်လိုက်လို့ စာဖတ်သူဗဟုသုတအနည်းငယ်ရမယ်ဆိုရင်ကို ကျွန်တော်ကျေနပ်ပါပြီဗျာ)
အဆိုးအကောင်း၊အကျိုးအကြောင်းလေးတွေကိုအကြံပြုချင်တယ်ဆိုရင်တော့ စီဘောက် (သို့)ကွန်မန့်မှာ
အော်သွားကြပါအုံးဗျာ။
အားလုံးကိုကျေးဇူးတင်ပါတယ်........................
ရာဇာ(ကျေးတောသားလေး)
5.3.2011

1 comments:

ခနွဲ said...

ကျွန်တော်ကတော့ အဲဒါတွေ ဖတ်ပြီး သဘောတော့ ပေါက်သွားပြီး။ ဒါပေမယ့် သေချာတော့ မခေါ်တက်သေးဘူးရယ်။ သေသေချာချာကို အမျိုး မစပ်တက်တာ။ အမျိုးဆိုလို့လည်း ကျွန်တော့်မှာ အဖေရယ်၊ အမေရယ်၊ အစ်မနှစ်ယောက်ရယ် ပဲ ရှိတယ်လို့ ကျွန်တော်က သိထားသကိုး။ ဘာပဲဖြစ်ဖြစ် အခုလိုမျှဝေတာ ကျေးဇူးဗျာ။ လာလည်ရတာ ဗဟုသုတရတယ်။

Post a Comment