Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Friday, March 18, 2011

ကုလားပဲပင်


ဒီတစ်ခါတော့ အညာဒေသမှာရှိတဲ့ ပဲအမျိုးမျိုးရှိတဲ့အထဲကမှ ကုလားပဲပင်အကြောင်းကို တင်ပြမှာဖြစ်ပါ
တယ်။ ကုလားပဲက တော်တော်အသုံးဝင်တယ်လေ။ ကုလားပဲကို အမျိုးအစား(၃) မျိုးခွဲထားပါတယ်။
(၁)ကုလားပဲထွက်တိုးအ၀ါ၊ (၂)ကုလားပဲထွက်တိုးအဖြူ၊(၃) ရိုးရိုးကုလားပဲဆိုပြီးပေါ့။



ကုလားပဲညွန့်ဆိတ်လို့ရတဲ့အရွယ်

ကုလားပဲပင် သုံးမျိုး စလုံးက ပေါက်ရောက်ပုံချင်း အတူတူပါပဲ။ ကွာတာက စိုက်ပျိုးရတဲ့သက်တမ်းရယ်၊
ကုလားပဲ အစေ့ရယ်ပဲကွာပါတယ်။ ကုလားပဲကိုတော့ စပါးရိတ်ပြီးတဲ့အချိန်မှာ စိုက်တာရှိသလို၊ ထယ်ထိုး
ပြီး ကြည်းတာလည်းရှိပါတယ်။ အဲဒါက လယ်လုပ်တဲ့အကွက်တွေပေါ့။ ယာကွက်တွေမှာတော့ ထယ်ထိုး
ပြီးဒီတိုင်း ကြည်း ကြပါတယ်။ကုလားပဲပင်လေးတွေပေါက်လို့ အရွက်လေးတွေ အညွန့်လေးတွေ ဖြစ်လာ
ပြီဆိုရင်တော့ အညွန့်လေးတွေကို ဆိတ်ပြီး ကုလားပဲရွက် ဟင်းချိုချက်သောက်ကြပါတယ်။ ကုလားပဲရွက်
ကို ကြော်ပြီးလည်း စားကြပါသေးတယ်။ ကုလားပဲခင်းထဲများ အနာလေးတွေ ၊ ရှထားတဲ့ အရာလေးတွေ
ရှိရင်တော့ မတိုးလေနဲ့နော်။ အရမ်းစပ်ပါတယ်။ သူစပ်ပုံကတစ်မျိုးပါပဲ... ကျွန်တော်ကိုယ်တိုင်တောင် မ
ပြောတက်ပါဘူး။ ခံရခက်တာတော့သိပါတယ်။

ကုလားပဲသီးနေပုံ

ကုလားပဲစိုက်ပျိုးတဲ့အခါမှာတော့ ကုလားပဲနဲ့နေကြာကို တစ်ခါထဲ တွဲပြီး စိုက်ပျိုးတတ်ကြပါတယ်။ ကုလာ
းပဲပင်က အရပ်က အနိမ့်မျိုး၊ နေကြာပင်က အရပ်ကအရှည်မျိုးဆိုတော့ နှစ်မျိုးလုံးအတွက် ဖြစ်ထွန်းပါတ
ယ်။ ကုလားပဲပင်က အညွန့်ဆိတ်လေ အပင်ခွလေပါ။ အပင်ခွတာနဲ့ တစ်ပြိုင်နက် အသီးကလည်း ပိုသီး
ပါတယ်။ ကုလားပဲပင်ကို အညွန့်မဆိတ်ပဲထားရင် တစ်ပင်ထဲ ထောင်တောင်တောင်နဲ့ အသီးလည်း သိပ်မ
သီးပါဘူး။ အဲဒါကြောင့် ကုလားပဲညွန့်ကို ဆိတ်ကြတာလည်းပါ-ပါတယ်။

ကုလားပဲရိတ်နေပုံ(From Google)

ကုလားပဲပင်လေး အဖူး၊ အပွင့်လေးတွေ ကပ်လာပြီဆိုတာနဲ့ မဆိတ်ရတော့ပါဘူး။ အဲဒီကုလားပဲခင်းထဲလ
ည်း ဘယ်သူမှ မ၀င်ကြတော့ပါဘူး။ ကုလားပဲ ရင့်တဲ့အချိန်ရောက်ပြီဆိုရင်တော့ အရွက်လေးတွေက ကျ
ပြီး အပင်တွေလည်း ၀ါလာပါတယ်။ ကုလားပဲရိတ်ရတာတော့ တော်တော်ဆိုးတယ်ဗျို့။ ရိတ်တာက လက်
တစ်ဖက်က တံစဉ်ကို ကိုင် တစ်ဖက်က အပင်ကို ကိုင်ရပါတယ်။ အဲဒီ လက်တွေ နှစ်ဖက်လုံး  ကုလားပဲရဲ့
အာနိသင်ကြောင့် လက်တွေပေါက်တော့တာပါပဲ။ ကုလားပဲရင့်တဲ့အချိန်က တပို့တွဲ၊ တပေါင်းလေ။ မရိတ်
သေးခင် အပင်လေးရင့်နေပြီ ဆိုရင်တော့ အပင်ကိုနှုတ်ပြီး လောင်စာ တစ်ခုခုကို မီးရှို့ပြီး ကုလားပဲပင်ကို
မြှိုက်တာပါပဲ။ ကုလားပဲပင် ကျွမ်းသွားပြီဆိုရင်တော့ ကုလားပဲစေ့က ကျက်ပြီလေ။ အဲဒီ မီးမြှိုက်ထားတဲ့
ပြာပုံထဲမှာ အလုအယက် ကောက်စားကြတော့တာပါပဲ။ အရမ်းမွှေးပြီး ၊ အရမ်းအရသာရှိပါတယ်။ စားပြီ
သွားပြီဆိုရင်တော့ နှုတ်ခမ်းလေးတွေကို မဲနက်နေတာပါပဲ။ ကုလားပဲစေ့ လုကောက်ပြီး စားရတာ အရမ်း
ပျော်ဖို့ကောင်းပါတယ်။

ကုလားပဲအညှောင့်ထိုး
ကုလားပဲထွက်တိုးအ၀ါ
ကုလားပဲထွက်တိုးအဖြူ

ကုလားဗယာမကြော်ခင် အစိမ်းပုံ

ကုလားပဲရိတ်ပြီးပြီဆိုရင်တော့ ကုလားပဲပင်တွေကို တလင်းပြင်မှာ ပုံထားပြီး နွားနဲ့နယ်ရပါတယ်။ ပြီးရင်
တော့ အရိုးတခြား၊ အစေ့တခြား၊ ကုလားပဲမှော်တခြားဖြစ်အောင် ခွဲရတာ လက်ဝင်ပါတယ်။ ဗန်း၊ စကာ
ကြီး၊ စကားလတ်၊ စကားငယ်၊ ဖုန်ချစကာ စတဲ့ဟာတွေနဲ့ ခွဲရတာပေါ့။ကုလားပဲရိုးက အသုံးမ၀င်ပေမဲ့ကု
လားပဲ မှော်ကတော့ နွားတွေ အရမ်းကြိုက်တာဗျို့။ မြက်အစို မရှိတဲ့အခါမျိုးဆိုရင် နဘတ်ကို ရေစိမ်ထား
ပြီး၊ ကုလားပဲမှော်လေးများ ဖြန်းကျွေးရင် နွားတွေ ခေါင်းမဖော်အောင် ကြိတ်တာဗျို့။ (အခုနောက်ပိုင်းမှာ
တော့ ကုလားပဲခွဲစက်တွေ ပေါ်နေပါပြီ။ ဒါပေမယ့်လည်း နွားနဲ့နယ်တဲ့အကျင့်ကတော့ မပျောက်သေးပါဘူး
။ ကုလားပဲစေ့ကိုတော့ အမျိုးမျိုးအသုံးပြုကြပါတယ်။ ကုလားပဲကို ရေစိမ်ပြီး အညှောင့်ဖောက် ပြီး ပြုတ်စ
ား အရမ်းချိုပါတယ်။ ကုလားပဲထွက်တိုးစေ့တွေကို ပဲဆံကြော်လည်း လုပ်ကြပါတယ်။ ကုလားပဲကို ခြမ်းပြီး
ဟင်းအမျိုးမျိုးလည်း ချက်စားကြပါတယ်။ ကုလားပဲဟင်းချိုချက်တယ်၊ ကုလားပဲနှပ်တယ်..မဆလာလေး
အုပ်ပြီး၊ ကုလားပဲကို ကြိတ်ပြီး ကုလားဗယာကြော်လည်း လုပ်စားကြပါသေးတယ်။ ပဲကို အမျိုးမျိုးချက်ပြီး
၊ငါးပိကြော်လေးကြော်၊ အချဉ်သုပ်လေးသုပ်၊ ဟင်းချိုလေးနဲ့ဆိုရင် အသားမပါပဲ ခံတွင်းတွေ့စေတယ်ဗျ။
ကုလားပဲဟင်းချိုရည်ထဲကို ကြာဇံလေးထည့်လိုက်ရင်လည်း ပိုပြီးတော့သောက်လို့ကောင်းတယ်ဗျို့။ ကျွ
န်တော်ကတော့ အညာအစားအစာလေးတွေကို အရမ်းကြိုက်တယ်ဗျ။ အခု ဒီမှာ ဗယာကြော်စားချင်လို့
ရှိရင် ကျွန်တော်ကတော့ ကုလားပဲအခြမ်းလေးကို ညထဲက ရေစိမ်ထားလိုက်တယ်။ မနက်ကျတော့ ကြိ
တ်ဆုံလေးနဲ့ ကြိတ်တယ်။ အဲဒီ ကြိတ်ပြီးသားကိုမှ ကြက်သွန်ဖြူ နဲနဲ၊ ကြက်သွန်နီလေးနဲနဲ၊ ဂျင်းလေးနဲနဲ၊
ငရုတ်သီးစိမ်းလေးလည်း ကိုက်ထည့်လိုက်သေးတယ်။ နောက်ပြီး ရွရွလေး ဖြစ်အောင်လို့ ဂျုံမှုန့်နဲနဲ၊ ဆန့်
မှုန့်လေးနဲနဲထည့်ပြီး သမအောင် နယ်လိုက်ရင်ရပါပြီ။ အဲဒါတွေပြီးရင်တော့ ကြော်တော့ပေါ့ဗျာ။ ဗယာေ
ကြာ် ကြော်ရတာ ဆီလုံးဝမကုန်ပါဘူး။ အဲ..ကြော်ပြီးလို့ ကြက်သွားပြီဆိုရင်တော့ မန်ကျည်းသီးလေးကို
ရေစိမ်၊ နံနံပင်လေး ၊ကြက်သွန်မြိတ်လေးနဲ့ အချဉ်ရည်လေးလုပ်ပြီး စားရင် အရမ်းကောင်းတာ ။မကုန်လို့
ရှိရင်လည်း ဒီတိုင်း အုပ်ထားလိုက်ပါ...မနက်ရောက်လို့ စားလည်း ရွနေတာပါပဲ။ကျွန်တော်ကတော့ ပဲကို
တော်တော်ကြိုက်တယ်ဗျ။ ကျွန်တော်တင်မကပါဘူး အညာသားတိုင်း ပဲကြိုက်ကြပါတယ်။ အညာသားေ
တွက ပဲစားပြီး အသည်းစကားမပြောပေမယ့်...ပဲကိုတော့ တော်တော်ကြိုက်ကြတယ်ဗျို့။ နိဂုံးအနေနဲ့ရေး
ရမယ်ဆိုရင်တော့ ပဲမကြိုက်ရင် အညာကို မလာနဲ့ဗျို့။ အညာနဲ့ ပဲက ခွဲခြားလို့မရလို့ပါဗျာ။

(ကျွန်တော့်ရဲ့ရေးသားချက်များအဓိပ္ပါယ်မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း
ဝန်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်...........
ရာဇာ(ကျေးတောသားလေး)
19.3.2001






7 comments:

ရွှေရတုမှတ်တမ်း said...

ဟင်း....သူသိတ် ပဲများတယ်ပေါ့လေ..

ပွင့်မြုးဇင် said...

ပဲရွက်ကြော်ချက်လေး စားချင်လိုက်တာ..း)

khin oo may said...

စိတ်ဝင်စားစရာ.
ကျေးဇူး

ရွှေညာသား said...

ကုလားပဲရွက်ဟင်းချိုလေးကိုတောင် သတိရမိတယ်ဗျာ...အညွှန့်တွေစိမ်းစိမ်းစိုစို မြင်တော့လက်တွေကို ရွနေတာပဲ ဆိတ်လိုက်ရရင်တော့...ကုလားပဲရိတ်တဲ့ အချိန် ခြေထောက်တွေများ အသားပတ်နေရင် ကုလားပဲပင်ရဲ့အဆီလို့ကတော့ အတော်စပ်တာ...ကုလားပဲသီးမစိုမခြောက် ကိုနှုတ်ပြီးတော့ ထန်းရွက်ခြောက် နဲ့မီးမြှိုက်ပြီး စားရတာကိုတော့ သဘောကျတယ်...ရွာအလွမ်းပြေလေးတွေ ကိုရှာဖွေပြီး တင်ပေးတဲ့ ကျေးတောသားလေး ကျေးဇူးတင်ပါတယ်ဗျာ...

Angelhlaing(May everybody be happy and healthy! said...

အပင်လေးတွေက ချစ်စရာလေးနော်အကို။
ဗဟုသုတတွေအတွက် ကျေးဇူးပါအကိုရေ။
ကောင်းသောနေ့လေးဖြစ်ပါစေ။

Unknown said...

ကုလားပဲရွက်ကို ငရုပ်သီးစပ်စပ်လေးနဲ့ ချက်စားခြင်နေတာကြာနေပီဗျာ..
ု ကိုရာဇာ စာကို ဖတ်ရတော့ ပိုပီးတော့ စားခြင်လာတယ်..
အခုလို အပင်ပန်းခံပီး ဗဟုသုတရအောင် တင်ပေး ရေးပေး လို့ ကျေးဇူးတင်ပါတယ်ဗျာ..

May Lwin said...

ကုလားပဲပင်ကိုလည်း အခုမှတွေ့ဖူးရ အပင်းအကြောင်းတွေလည်းစုံလင်စွာသိရလို့ ကျေးဇူးတင်ပါတယ်။ ပဲဆိုအမျိုးစုံကြိုက်ပါတယ်။

Post a Comment