Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Saturday, March 26, 2011

ပဒိုင်းပင်

ပဒိုင်းပင်လေး

ဒီတစ်ခါတော့ အညာအရပ်မှာ အလေ့ကျ ပေါက်ရောက်တဲ့ အပင်လေး
တစ်ပင် အကြောင်းကို ပြောပြမယ်နော်...။   အဲဒီအပင်လေးကို လူတွေ
က ရှေ့မတိုးသာ၊     နောက်မဆုတ်သာ ဖြစ်တတ်တဲ့ အချိန်မှာ ခိုင်းနှိုင်း
တတ်ကြတယ်လေ...။ အဲဒါက ဘာလဲဆိုတော့.....


“ဆုပ်ရင်လည်းစူး ၊ စားရင်လည်းရူးတဲ့ ပဒိုင်းပင် ” တဲ့လေ...။

ပဒိုင်းပင်က အလေ့ကျ ပေါက်ရောက်တဲ့ အပင်မျိုးပါ...။ အပွင့်ပုံစံက
ခေါင်းလောင်းပုံစံ အော်လံပွင့် အဖြူလေးတွေပါ။ အသီးကတော့ အ
ပြင်က ဆူးလေးတွေပါ ပါတယ်...။

အဲဒီအသီးက လူပဲဖြစ်ဖြစ် ၊တိရစ္ဆာန်ပဲဖြစ်ဖြစ် စားမိရင် ရူးရောလေ..။
အဲဒါကြောင့် အဲဒီ အပင်ပေါက်လာတာတဲ့ တူးပစ်တတ်ကြတယ်ဗျ..
သူတို့ကို အသက်ရှင်ခွင့် မပေးတဲ့သဘောပေါ့...

ပဒိုင်းပွင့်လေးတွေ ဝေေ၀ဆာ

တစ်ခါတစ်လေ ကျတော့လည်း ပဒိုင်းသီး မစားပါပဲ... လူတွေက ရူး
တတ်ကြတယ်နော်.. ပဒိုင်းသီးကို စားလည်းမစား ၊ဆုပ်လည်းမဆုပ်
ပါပဲနဲ့ ရှေ့မတိုးသာ နောက်မဆုတ်သာ တဲ့ အခြေအနေမျိုးတွေ ကြုံ
ရတတ်သေးတယ်ဗျ...

အဲဒီ အချိန်မျိုးကြုံရပြီ ဆိုရင်တော့ ပဒိုင်းပင်လေးကို သတိရမိတယ်
လေ... အဲဒါကြောင့် ကျွန်တော်က အိမ်ကိုပြောထားတယ် ပဒိုင်းပင်
လေးတွေ ပေါက်လာရင် တူးမပစ်ပါနဲ့လို့ ။ အပြင်မှာမစားလည်း ရူး၊
မဆုပ်ပဲလည်း စူး တဲ့ အခြေအနေတွေ အများကြီး ရှိတယ် လို့ ပြော
ထားတာလေ...
အခုဆိုရင်တော့ ကျွန်တော်တို့ယာ နားမှာ ပဒိုင်းပင်လေးတွေ ပေါက်
နေတတ်တယ်လေ...။
ဘာပဲဖြစ်ဖြစ် ပဒိုင်းပင်လေးကတော့ လှသားဗျ.....................

(ကျွန်တော့်ရဲ့ ရေးသားချက်များ အဓိပ္ပါယ် မပေါ်လွင်ခဲ့ပါက ကျွန်ေ
တာ့်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်း ၀န်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ရင်ထဲကလာတဲ့ စကားလေးတွေကိုစောင့်မျှော်နေပါတယ်။

အားလုံးပြုံးပျော်နိုင်ကြပါစေ........

ရာဇာ(ကျေးတောသားလေး)
26.3.2011


6 comments:

ရွှေညာသား said...

“ဆုပ်ရင်စူး စားရင်ရူးဆိုပေမဲ့” ဆေးဘက်လည်း ၀င်တယ်ဗျ... အနာတွေ ဓားရှလို့ပဲ ဖြစ်ဖြစ် ခွေးကိုက်လို့ပဲ ဖြစ်ဖြစ် အနာမှာ အညှော်နံပြီး ယောင်ယမ်းနေရင် ပဒိုင်းရွက်ကလေးကို ခူးပြီး နွမ်းသွားအောင် မီးကင်ပြီး အနာပေါ်မှာကပ်ပေးရင် အယောင်လျော့သွားတယ်။ ပြည် ပေါက်ခါနီးရင် သူ့ကိုမီးကင်ပြီး ခပ်နွေးနွေးလေး ကပ်ပေးရင် ပြည်ပေါက်သွားတာပဲ။ ကျုပ်တို့ရွာမှာတော့ အနာပေါက်ရင်၊ ခွေးကိုက်ခံရပြီး အနာမန်းကိုက်ရင် ပဒိုင်းရွက်လေးကို မီးကင်ပြီး ကပ်ပေးကြတယ်။ အနာက သိသိသာသာကို အယောင်လျော့သွားတယ်ဗျာ။ ဆေးအသုံး ဗဟုသုတလေးပါ.... ကျန်းမာပါစေ ကျေးတောသားလေးရေ...

တောက်ပကြယ်စင် said...

ခပ်ပေါပေါလူတစ်ယောက်ကို အကျွေးခံရတာ တွေ့ဖူးတယ်။ နောက်ရက်လောက်ဆို ပျောက်သွားပါတယ်။ မြေကြီးကို အ၀ိုင်းတစ်ခု ဆွဲခြစ်ပြီး ဘုရားဂုဏ်တော်တွေကို ရွတ်နေလိုက်တယ်။ သူရူးတာကလည်း ကုသိုလ်ရတဲ့ရူးနည်းပဲ။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

yar zar said...

အခုလိုလေး ဆေးအသုံး ဗဟုသုတလေး ရှင်းပြပေးတာ
ကျေးဇူးတင်ပါတယ် ကိုရွှေညာသားလေးရေ...
ရာဇာ(ကျေးတောသားလေး)

yar zar said...

ဟုတ်ပါ့ သူလို ဘုရားဂုဏ်တော် ရွတ်ပြီး ရူးတာဆိုတော့
ကုသိုလ်တော့ ရသား...
ကျေးဇူးပါ ဘုန်းဘုန်းဘုရား...
ရာဇာ(ကျေးတောသားလေး)

Angelhlaing(May everybody be happy and healthy! said...

မမြင်ဖူးသေးတာ အခုမှပဲ မြင်ဖူးတာအကိုရ
အဲလို ဗဟုသုတကြွယ်တာ...အဟီး:P
ကျေးဇူးပါ...အကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။

Baby taster said...

ပဒိုင်းပင် အိမ်ဘေးက အိမ်မှာရှိတယ်
ငယ်ငယ်က ပြောကြတာတော့ ပဒိုင်းသီးစားရင်
ရူးတယ် ဆိုလို့ အဲ့ဒီအပင်နားတောင်မကပ်ဖူးဘူးး)

Post a Comment