Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Thursday, March 10, 2011

အညာမြေကဆေးရွက်ကြီး


“တံတားဦးက ကွမ်းနုဝါ
ငါန်းမြာက ဆေး
ကွမ်းသီး တောင်ငူနှင့်
ကိုင်းထုံးဖြူ ပြည်ရှား
သာဝါးလို့ထွေး” ဆိုတဲ့ကဗျာလေးကို လူတိုင်းသိကြပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ အနည်းငယ်ပြန်ပြောပါရစေ။ကွ
မ်းတစ်ယာ ၀ါးတော့မယ်ဆိုရင် အဲဒီကွမ်းယာထဲထည့်ဖို့ပစ္စည်းတွေ လိုအပ်ပါတယ်။ အဲဒီ လိုအပ်တဲ့ပစ္စည်း
တွေကတော့ တံတားဦးကထွက်တဲ့ ကွမ်းနုဝါ၊ ငါန်းမြာကထွက်တဲ့ ဆေးရွက်ကြီး၊ တောင်ငူကထွက်တဲ့ကွ
မ်းသီး၊ စစ်ကိုင်းကထွက်တဲ့ထုံး နဲ့ ပြည်ကထွက်တဲ့ ရှားတို့ပဲဖြစ်ပါတယ်။ အဲဒီ ဒေသတွေကထွက်တဲ့ ပစ္စည်း
တွေက အကောင်းဆုံးပေါ့။ အဲဒီပစ္စည်းတွေထဲကမှ ငါန်းမြာကထွက်တဲ့ဆေးအကြောင်းကို ဖော်ပြမှာပါ။

ဗာဂျီးနီးယားဆေးပင်

 
ဗာဂျီးနီးယားဆေးရွက်

ဆေးလိပ်

ကျွန်တော်တို့ ကွေ့ကြီးရွာကလေးဟာလည်း ငါန်းမြာနဲ့ သိပ်ပြီးအလှမ်းမဝေးလှပါဘူး။ ငါန်းမြာကဆေးဆိုတဲ့
အထဲမှာ ကျွန်တော်တို့ဒေသတွေရော ပါတာပေါ့ဗျာ။ ဆေးရွက်ကြီးက အမျိုးအစား(၂)မျိုးရှိပါတယ်။
(၁)ဗာဂျီးနီးယား
(၂)ဗမာဆေးရွက်ကြီးတို့ပဲဖြစ်ပါတယ်။

(၁)ဗာဂျီးနီးယားဆေးရွက်ကို ကျွန်တော်တို့ဒေသမှာ အနည်းငယ်မျှသာစိုက်ပျိုးကြပါတယ်။ ဗာဂ်ီးနီးယားေ
ဆးဟာ စိုက်ပျိုးရတာ အရမ်းလွယ်ကူပြီး သက်သာလှပါတယ်။ အပင်ပုံစံကတော့ အရပ်မြင့်ပြီး ၊အရွက်ပုံစံ
က ရှည်ရှည်မျောမျောလေးတွေပါ။ စိုက်ပျိုးရတာ သက်သာလှပေမဲ့ ဘာကြောင့်မစိုက်ပျိုးကြတာလဲဆိုရင်
အစိုးရပေါင်းရုံတွေကသာ ၀ယ်တာဖြစ်တဲ့အတွက် ၀ယ်သူရှားပါးမှုကြောင့်ဖြစ်ပါတယ်။ ဗာဂျီးနီးယား ဆေး
ရွက်ခူးလို့ရတဲ့အရွယ်ရောက်ရင် ခူးပြီး ပေါင်းရုံကို တန်းပို့လိုက်ရုံပါ။ ဘာမှမလုပ်ရပါဘူး။ အဲဒီဆေးရွက်ကို
တော့ စီးကရက် ပြုလုပ်တဲ့နေရာမှာ အသုံးပြုတာဖြစ်ပါတယ်။ဆေးရွက်တွေ အားလုံးခူးပြီးတဲ့အချိန်ရောက်
ရင်တော့ ဆေးရိုးကို တူးပြီး အခြောက်လှမ်း။ခြောက်သွားပြီဆိုတဲ့အခါမှာတော့ ဆေးရိုးကို ရောင်းလို့ရပါတ
ယ်။(ဗာဂျီးနီးယားဆေးရွက်ဟာ ဗမာဆေးရွက်လောက် ပိုက်ဆံမရပါ)။

ဗမာဆေးပင်
ဗမာဆေးပင်
ဆေးသီးခိုင်(ဆေးကြီးခိုင်)
ဆေးရွက်ခြောက်

(၂)ဗမာဆေးကိုတော့ ကျွန်တော်တို့ဒေသမှာ တွင်တွင်ကျယ်ကျယ်စိုက်ပျိုးကြပါတယ်။ ဗမာဆေး စိုက်ရတာ
အရမ်းလက်ဝင်လှပါတယ်။ စိုက်ပျိုးတဲ့အချိန်ကနေ ပြီးဆုံးသည့်အချိန်ထိ ကျွန်တော် ရှင်းပြပါမယ်။ မိုးဦးအ
ဆုံး ၊မိုးလယ်အစလောက်မှာ မျိုးစေ့ချရပါတယ်။ မျိုးစေ့ချတယ်ဆိုတာ ဆေးစေ့လေးတွေကို ထွန်ယက်စိုက်
ပျိုးထားတဲ့ မြေနေရာလေးမှာ ပျိုးချတာကိုပြောတာပါ။ပြောရရင်တော့ စပါးပျိုးထောင်သလိုပေါ့။ စိုက်လော
က်တဲ့အရွယ်ရောက်မှ စိုက်ပျိုးမဲ့မြေကွက်ထဲကို ရွှေ့ပြောင်းစိုက်ပျိုးကြရတာပါ။ ဆေးစေ့လေးတွေ အပင်ပေါ
က်လာပြီ ဆိုရင်တော့ ပေါင်းမြက်လေးတွေ မရှိအောင် ပေါင်းသင်ပေးပါတယ်။ ဆေးစေ့အုံ ပေါင်းသင်တယ်
လို့ခေါ်တာပါ။ (လူတိုင်းလုပ်လို့မရပါ ပျိုးပင်လေးတွေ ထိခိုက်မှာစိုးသည့်အတွက်)။ မိုးတွေလှိုင်လှိုင်ရွာတဲ့ဝါ
ခေါင်လာလောက်ဆိုရင် စတင်စိုက်ပျိုးကြပါတယ်။ တစ်ချို့လည်း တော်သလင်းလမှ စိုက်ပါတယ်။ နောက်
ဆုံးစိုက်ပျိုးတဲ့သူတွေကတော့ သီတင်းကျွတ်လပေါ့။ အဲလိုဆေးစိုက်တဲ့အချိန်ရောက်ပြီဆိုရင်တော့ ဆေးပင်
ပျိုးဝယ်တဲ့သူတွေ အရမ်းပေါပါတယ်။ တစ်ပင်ကို (၁၀)ဖြင့် တစ်ဆယ် အဲလိုရောင်းရတာပါ။ဆေးစိုက်ပြီးလို့
မိုးမရွာတော့ရင် ရေလိုက်လောင်းပေးရပါတယ်။ စိုက်ပြီးခါစ မိုးရွာပြန်ရင်လည်း ဆေးပျိုးပင်လေးတွေကိုမြေ
မြုတ်သွားတတ်ပြန်ပါတယ်။ အဲလိုဖြစ်တာကိုတော့ မြေမြိုတယ်လို့ ခေါ်ပါတယ်။ဆေးခင်းလေးအရွယ်ရောက်
လာရင်တော့ ပေါက်တူးပေါက်ပေးရပါတယ်။ အရွက် (၈)ရွက်(၉)ရွက်လောက်တဲ့ ရှိလာပြီဆိုရင်တော့ စပြီး
ညွန့်ဖူးဆိတ်ရပါတယ်။(ညွန့်ဖူးဆိတ်တယ်ဆိုတာ အဲဒီ အရွက်တွေထဲက အညွန့်လေးကိုစိတ်ပြီး အောက်ကစပြီ
းဖြစ်လာတဲ့အရွက်(၃)ရွက်လောက်ကို ခူးပစ်ပါတယ်။(၅)ရွက် (၆) ရွက်က အများဆုံးထားတာပေါ့။အောက်
ကခူးပစ်လိုက်တဲ့ အရွက်ကိုတော့ ချက်ရွက်လို့ခေါ်ပါတယ်။ အဲဒီလို ညွန့်ဖူးစိတ်ပြီးလို့ တစ်ပါတ်လောက်နေ
ရင် အဲဒီစိတ်ထားတဲ့ အညွန့်နေရာကနေ အတက်တွေထွက်လာပါတယ်။ အဲဒီအတက်တွေကို တစ်ခါဖယ်ရ
ပြန်ပါတယ်။ဖယ်ပြီး အတက်ထက်ပြီးထွက်လာအောင်စောင့် ထွက်လာတဲ့ဟာကိုဖယ်ရပြန်ပါတယ်။ ခဏက
ချန်ထားတဲ့ အရွက်(၅)ရွက်မရင့်မချင်းပေါ့။ အဲဒီအရွက်တွေရင့်တော့မဲ့အချိန်ကျမှ တစ်ပင်တစ်လေကို အတ
က်မချိုးပဲ ချန်ထားပါတယ်။ ဘာအတွက်လည်းဆိုတော့ မျိုးစေ့အတွက်ပါ။ အဲဒီမျိုးစေ့အတက်ကြီးကိုတော့
ဆေးညွန့်ဖူးခိုင်လို့ခေါ်ပါတယ်။ ဆေးတွေရင့်ပြီဆိုရင်တော့ ရင့်တဲ့အရွက်ကို အရင်ခူးရပါတယ်။ ခူးလို့ရတဲ့အ
ရွက်ကို တစ်ယောက်က တုံးပေါ်တင်ပြီး တုတ်နဲ့ထုပေးတာကို တစ်ယောက်က ကောက်ယူရပါတယ်။ အဲဒီ
အောက်ကခံတဲ့တုံးကို ဆေးထုတုံးလို့ခေါ်ပြီး၊ ထုတဲ့ တုတ်ကိုတော့ ဆေးထုတုတ်လို့ခေါ်ပါတယ်။ အဲဒီထုလို
က်လို့ရလာတဲ့အရွက်ကို ကောက်တဲ့သူကိုတော့ ဆေးစွဲတဲ့သူလို့ ခေါ်ပါတယ်။ နောက်တစ်ခါ အဲဒီထုပြီးသား
ဆေးရွက်တွေကို တလင်းပြင်မှာ လှမ်းရပါတယ်။ လေတိုက်မယ်ထင်ရင် ဆေးရွက်ကို တုတ်ချောင်းလေးေ
တွနဲ့ဖိရပါတယ်။ အဲဒီတုတ်ချောင်းလေးတွေကိုတော့ ဆေးပြာဖိလို့ခေါ်ပါတယ်။ အဲဒီလိုလှမ်းပြီး (၄)ရက်လေ
ာက်နေရင်တော့ ဆေးရွက်တွေ ခြောက်နေပါပြီ။ အဲဒီခြောက်တဲ့အရွက်ကို ကောက်ရပါတယ်။ အဲဒါကိုတော့
ဆေးကောက်တယ်လို့ခေါ်ပါတယ်။ အဲဒီလိုလှမ်းထားလို့ အရမ်းခြောက်သွားရင် ရေပန်းလေးနဲ့ ပန်းပြီးကော
က်ရပြန်ပါတယ်။ တစ်ခါတစ်လေဆို ဆေးရွက်လှမ်းထားတဲ့အချိန်မှာ လေပွေထိုးသွားလို့ ဆေးရွက်တွေ ပျ
က်စီးပြီး ဟိုလွင့် ဒီလွင့်ကရှိပါသေးတယ်။ မပြီးမချင်း အဲလိုတွေလုပ်နေရတာပါ။ ဆေးပင်ကို ကိုင်ပြီးရင်တေ
ာ့ ဆေးချေး ဆိုတာတက်ပါတယ်။ စီးပြီးတော့ မဲနေတာပါ..အရသာကတော့ အရမ်းခါးတာဗျာ။ အဲဒီတက်တဲ့
ဆေးချေးက ဆပ်ပြာနဲ့ဆေးရင် မပြောင်ပါဘူး။ခရမ်းချဉ်ပင်က ခရမ်းချဉ်သီးအမှည့်လေးတွေကို ဆွတ်ပြီး ပွ
တ်လိုက်ရင်တော့ ခဏက ဆေးကြီးတွေက ထွက်ပြေးသလားတောင် အောက်မေ့ရပါတယ်။ (သူ့ဟာနဲ့သူေ
တော့ဟုတ်နေတာပဲနော်)။ ခဏကဆေးရွက်ခြောက်တွေကို အိမ်ရောက်ရင် တစ်ရွက်ချင်း စီ လေးထောင့်
ထပ်ပြီးပုံထားရပါတယ်။ အဲဒါကိုတော့ ဆေးဆိုင်တယ်လို့ခေါ်ပါတယ်။ ဆေးရွက်စိုက်တဲ့ဆီက လူတွေမဟု
တ်ရင်တော့ အရက်သောက်စရာမလိုပဲ မူးသွားမှာပါ။ ကျွန်တော်တို့ နှာခေါင်းကတော့ ယဉ်နေပြီလေ။ အဲလို
ဆိုင်ပြီးသား ဆေးပုံကြီးကို မိုးဦးကျရင်တော့ ဆေးကိုင်ကြရပါတယ်။ ဆေးကိုင်တယ်ဆိုတာ ခြောက်နေတဲ့ေ
ဆးရွက်ပုံကြီးကို ရေနဲ့ဖြန်းပြီး အစီအစဉ်တကျ ပြန်ပုံထားတာပါ(ပြောရရင်တော့ ရေနဲ့နှပ်ထားတာပေါ့ အိသွ
ားအောင်လို့လေ)။ အဲဒီနှပ်ထားတဲ့ဆေးရွက်တွေကိုတော့ နောက်(၅)ရက်လောက်နေရင် ပုတ်(ရွှေဘိုဘက်
တွေကတော့ တိုလို့ခေါ်တာကြားဖူးတာပဲ)ထဲကို အစီအစဉ်တကျ ထည့်ရပါတယ်။ အဲဒါကိုတော့ ဆေးသိပ်
တယ်လို့ခေါ်တာပါ။ ဆေးကိုင်တဲ့အချိန် နဲ့ ဆေးသိပ်တဲ့အချိန်ကတော့ တောင်သူတွေအချင်းချင်း အပြန်အ
လှန် ကူလုပ်ကြတာပါ။ ကိုယ့်အလှည့်သူလုပ် သူ့အလှည့်ကိုယ်လုပ်နဲ့ပေါ့။ ဆေးကိုင်တဲ့နေ့မှာတော့ ထမင်း
ဟင်း အကောင်း ချက်ပြုတ်ကျွေးမွေးရပါတယ်။ အဲဒီဆေးရွက်ကြီးတွေကိုတော့ ဆေးလိပ်ခုံတွေက၀ယ်သ
လို၊ ဆေးမစိုက်တဲ့အရပ်ဒေသတွေကလည်းဝယ်ပါတယ်။ ကျွန်တော်တို့အညာမှာတော့ ပြောင်းဖူးဖက်နဲ့ေ
ဆးပင်ကရတဲ့အရိုးကို အခြောက်လှမ်းပြီး စင်းထားတဲ့ဟာကို ဆေးရွက်ကြီးထည့်ပြီး ပြောင်းဖူးဆေးဖက်လိပ်
တွေလုပ်သောက်ကြပါတယ်။ နောက်ပြီး အချို့သောလူကြီးတွေက ဆေးရွက်ကြီးကို ပါးစပ်ထဲမှာငုံတတ်ကြ
ပါတယ်။ကွမ်းဆိုင်တွေက ဗမာဆေးပဲဖြစ်ဖြစ် ၊ နှပ်ဆေးပဲဖြစ်ဖြစ် အဲဒီဆေးတွေအားလုံးက ဆေးရွက်ကြီးက
နေလုပ်တာပါ။ ဆေးပင်ရဲ့ အရိုးဆေးရိုးကိုတော့ ဆေးလိပ်အတွင်းထဲက ဆေးသားအဖြစ် အသုံးပြုကြပါတ
ယ်။ ကိုင်း...ဆေးပင်တစ်ပင်ရဖို့ ဘယ်လောက်တောင် ခက်ခဲပင်ပန်းလှပါသလဲ။ ဆေးလိပ်သောက်တဲ့သူေ
တွေ၊ ကွမ်းထဲကို ဆေးထည့်စားတဲ့သူတွေကတော့ အလွယ်တကူ ပိုက်ဆံလေးပေးလိုက်ရုံပါပဲ။ တကယ်စို
က်ပျိုးရတဲ့ တောင်သူတွေကတော့ အဆင့်ပေါင်းမြောက်များစွာကို ပြုလုပ်ကြရပါတယ်။ အဲဒီတော့ တောင်
သူဦးကြီးတွေဟာ လူသားတိုင်းရဲ့ ကျေးဇူးရှင်ကြီးတွေ ဖြစ်မနေကြပေဘူးလား။ တစ်ချို့ မြို့သူ၊ မြို့သားတွေ
က တောသူ၊ တောင်သားတွေဆို အထင်သေးတတ်ကြပါတယ်။ ဇာတ်ကားတွေထဲမှာဆိုရင်လည်း တောသူ
၊ တောင်သားတွေကို မတူမတန်တဲ့သူတွေလို သဘောထားတတ်ကြပါတယ်။ ကျွန်တော့်အထင်တော့ အဲဒါ
တွေက တောဓလေ့နဲ့ဝေးတဲ့ မြို့သူ၊ မြို့သားတွေအတွက်တော့ အထင်အမြင်လွဲစရာတွေလို့ထင်မိပါတယ်။
ကျွန်တော်က တောသားမို့ အဲလိုတွေပြောနေတာမဟုတ်ဘူး ဆိုတာကိုတော့ နားလည်ပေးစေချင်ပါတယ်။
တောသူ၊ တောင်သားတွေဟာ လူသားတိုင်းအတွက် ကျေးဇူးရှင်တွေဆိုတာကိုတော့ မမေ့သင့်ပါဘူးနော်။
ကျေးဇူးရှင်တွေကို မကူညီချင်နေလိုက်ပါ မစော်ကားမိကြပါစေနဲ့လို့ တော့ ပြောလိုက်ပါရစေနော်...။
(ကျွန်တော့်ရဲ့ ရေးသားချက်များ အဓိပ္ပါယ်မပေါ်လွင်ခဲ့ပါက ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်း
ဝန်ခံ အပ်ပါတယ်ခင်ဗျား။)
စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။

(အားလုံး ကျေးဇူးရှိတဲ့သူကို ကျေးဇူးဆပ်နိုင်ကြပါစေ...)
အားလုံးကိုကျေးဇူးတင်လျက်....
ရာဇာ(ကျေးတောသားလေး)
11.3.2011




4 comments:

ရွှေရတုမှတ်တမ်း said...

ကိုင်း..ရွာသား..စလုံး ဆလိမ် ပီအောင်ရေးပါအုန်း..
ရန်ကုန်က လူတွေက ဗမာမစစ်ကြတာများလို့ မပီတာကို မပြောလိုပေမဲ့ အညာသား ဗမာ အစစ်ကတော့သတိထားပါအုန်း...
(လူတိုင်းလုပ်လို့မရပါ ပျိုးပင်လေးတွေ ထိခိုက်မှာဆိုးသည့်အတွက် )
ထိခိုက်မှာစိုး (စိုးရိမ်) တာ၊ ဆိုးတာမဟုတ်ပါဘူး
(ညွန့်ဖူးစိတ်တယ်ဆိုတာ အဲဒီ အရွက်တွေထဲက အညွန့်လေးကိုစိတ်ပြီး) ....အညွန့်လေးတွေကို ဆိတ်တာပါ..စိတ်တာမဟုတ်ပါဘူး..လက်နဲ့ဆိတ်ပစ်တာပါ
ဘလော့ အတော်များများမှာ..စကားမပီတာတွေ သတ်ပုံမှားကြတာတွေ ခနခန တွေ့နေတာ ကြာပါပြီ..ကာယကံရှင်ကမှ ဂရုတစိုက် မပြင်( တချို့က အမှန်ကို သိကိုမသိတာ) ကြတော့ ပြောရတာမောလို့ မပြောချင်တော့ဘူး..ဗမာစစ်စစ် အညာသားချင်းမို့ ခုလဲပြောမိတာ..မကြိုက်ရင်တော့ မပြောတော့ဘူး..

ဆောင်း said...

တကယ်ဆို ကျမတို့ မြန်မာနိုင်ငံမှာ နည်းပညာ တွေ မတိုးတက် သလို အခွန်ကောက်တွေကများ အခက်ခဲ ဖြစ်တာအကူညီမရတာတွေ ရှိနေတော့ စိုက်ပျိုးသမျှ ကျယ်၂ပြန့်၂ မထွက်ဘူးပေါ့ ဥပမာ စက်နဲ့ စိုက်တာ ရိတ်သိမ်းတာ လယ်ထွန်တာမျိုး ဆိုရင် အချိန်ကုန် သက်သာ လူသက်သာ အပျက်စီးနည်း အထွက်တိုး နိုင်တယ်။ နိုင်ငံခြားစိုက်ပျိုးရေးက ခေတ်မှီနည်းပညာ တွေနဲ့ ဆိုတော့ သုတေသနလုပ်ပြီး မျိုးကောင်းတွေ ထုတ်နိုင်ကြတာ တကယ် အားကျဖို့ ကောင်း ပါတယ်။ တကယ်ဆိုရင် စိုက်ပျိုးရေးလုပ်တဲ့သူတွေ မွေးမြူရေး လုပ်တဲ့သူတွေက နည်းပညာ အပြင် ပံ့ပိုးကူညီမှု့ သာရရင် ပိုအောင်မြင်မှာပါ။

ပြောရရင် အစ္စရေးနိုင်ငံကို အတော် ချီးကျူးမိတယ် သဲကန္တာရ ကျောက်ဆောင်တွေမှာ စိုက်ခင်းအရ စိုက်နိုင်တာ တကယ် ဥာဏ်သွားတာဘဲ။

ကိုယ့်မြန်မာနိုင်ငံသားတွေကတော့ ဘာလုပ်လုပ် အချင်းချင်းနှိမ်တာ အတင်းပြောတာ ကိုယ့်ထက်သာ မနာလိုတာတွေ များနေတာပါဘဲ။ နိင်ငံခြားသားတွေက တော့ ဘာလုပ်လုပ် အလုပ်ဟူသမျှ ဂုဏ်ရှိစွပါ။

အင်ဂလန်မှာ လမ်းဘေးဆိုင်းဘုတ်မီးလုံးပြင်တဲ့သူတွေ တချို့  ၀န်ကြီးတွေလောက် နီးပါးလစာရကြတာ။

လူကို လူလို့ ဘဲ မြင်နိုင်ကြပါစေ လူသားအချင်းချင်း နှိပ်စက် နှိမ့်ချမှု့ များမှ ကင်းဝေးနိုင်ပါစေ

yar zar said...

အစ်ကိုကျေးဇူးပါဗျာ။ အခုလိုလာလည်တာကျေးဇူးနော်။ပြင်လိုက်ပါပြီ။

Angelhlaing(May everybody be happy and healthy! said...

အင်းအခုမှပဲသေသေချာချာသိရတော့တယ်။
ကျေးကျေးအကိုရေ....
ကောင်းသောနေ့လေးဖြစ်ပါစေ။

Post a Comment