Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Friday, March 25, 2011

ကွမ်းပင် နှင့်ကွမ်းယာ


ကျွန်တော်တို့ အိမ်မှာ ကွမ်းပင် တစ်ပင် စိုက်ထားတယ်လေ...။ ကွမ်းပင်က နေပူတာတော့ အရမ်းကြော
က်တာဗျ...။ အဲဒါကြောင့် ကုလားကင်ပွန်းပင် အောက်မှာ စိုက်ထားလိုက်တယ်.. အပင်ကဖြစ်လာတော့
ကုလားကင်ပွန်းပင် ပေါ်ကို တင်ပေးလိုက်တာလေ...။

ဘာလို့ ကွမ်းပင်လေး တစ်ပင်စိုက်ထားတုန်းလို့ ထင်မှာပဲနော်...။ အဲဒါက ဒီလိုဗျ..။  ကွမ်းရွက်က ဆေးဖ
က်ဝင်တယ်လေ...။ ရင်ကြပ်နေတဲ့ ကလေးငယ်လေးတွေကို ကွမ်းရွက်လေးကို မီးကင်ပြီး ရင်ဘက်ကိုက
ပ်ပေးလိုက်ရင် သက်သာရောဗျ...။ နောက်တစ်ခုက ကွမ်းရွက်ကို ထန်းလျက်လေးနဲ့ပြုတ်ပြီး ကွမ်းရွက်ပြ
ုတ်ရည် ပူပူလေးနဲ့ ဗမာဆေးနဲ့ ရောတိုက်ရင် အခိုးပွင့်ပြီး နေကောင်းစေတယ်ဗျ...။ကွမ်းရွက်က ချောင်း
ဆိုးတာကိုလည်း သက်သာစေတယ်လေ...။ နောက်တစ်ခုက မျက်စိတွေ ကြည့်မကောင်းတာတို့၊ မျက်ရိုး
ကိုက်သလို ဖြစ်ရင်လည်း ကွမ်းရွက်လေးကို မျက်ခွံပေါ်တို့၊ မျက်ခုံးပေါ်တို့ ကပ်ပေးရင် သက်သာတယ်ေ
လ...။ အဲဒါကတော့ ကျန်းမာရေး အတွက်ပေါ့ဗျာ...။



ယွန်းကွမ်းအစ်

ကွမ်းရွက်က စားလို့ ရတယ်ဆိုတာကိုတော့ လူတိုင်းသိမှာပါနော်...။ ရှေးတုန်းက လူကြီးတွေ ကွမ်းစားတ
ာနဲ့ အခုခေတ် လူတွေ ကွမ်းစားတာ မတူကြတော့ဘူးဗျ...။ရှေးတုန်းက လူကြီးတွေက စည်းကမ်းရှိကြတ
ယ်လေ...။ ကျွန်တော်တို့ အိမ်မှာတော့ အဖေကြီး(အဘ)ရဲ့ အမွေ ကွမ်းအစ်တွေ ကျန်ခဲ့တယ်ဗျ...
ကြေးကွမ်းအစ်တစ်လုံးရယ်၊ ယွန်းကွမ်းအစ် တစ်လုံးရယ်ပေါ့...။

ကွမ်းအစ်က အဆင့် သုံးဆင့်ပါတယ်ဗျ။ အောက်ဆုံးအဆင့်မှာ ကွမ်းရွက်တွေထည့်တယ်၊ ဒုတိယ အဆင့်
မှာ ဆေးရွက်ကြီးခြောက်တွေ ထည့်တယ်၊ အပေါ်ဆုံး   အဆင့်မှာတော့ ကွမ်းသီး၊ ရှားဗူး၊ ထုံးဗူး၊ ကွမ်းသီး
ညှပ်စရာ ကွမ်းညှပ် တွေ ထည့်ထားပါတယ်။ ယွန်းကွမ်းအစ် ပေးပတ်လည်မှာတော့ ဆယ့်နှစ်ရာသီ အရု
ပ်တွေ ပါတယ်ဗျ...။ အဲဒီ ယွန်းကွမ်းအစ်ကိုတော့ ဘုန်းကြီးတွေ ဆွမ်းကပ်တဲ့အခါ၊ လူကြီးလူကောင်းတွေ
ကို ဧည့်ခံတဲ့ အခါမှ သုံးလေ့ရှိတာဗျ။      အဲဒီကွမ်းအစ်ထဲမှာ ထည့်တဲ့ ရှားဗူး ၊ထုံးဗူး၊ ကွမ်းသီးဗူး..ဆိုတာ
တွေက ပလက်စတစ် ဗူးတွေမဟုတ်ဘူးနော်... ငွေအစစ်ကို မှ ပန်းဖော်ပြီး လုပ်ထားတာဗျ...။

ကွမ်းရွက်

ကွမ်းသီး

အခုခေတ်တောင် လူတွေ ပြောပြောနေကြတာလေ ကွမ်း၊ ဆေး ၊ လ္ဘက်တဲ့...။ အဲဒါတွေကတော့ အညာ
မြေက ဧည့်ခံစရာတွေပေါ့ဗျာ...။ မုန့်တွေ၊ စားစရာတွေ မပါရင်သာနေမယ်....  မနက်လင်းတာနဲ့ စားပွဲေ
ပ်ါမှာ ချထားတာက ရေနွေးခရား တစ်လုံး၊ ဆေးလိပ်ခွက် တွေက အမြဲရှိတာဗျ...။  ဧည့်သည် တစ်ယော
က်လာပြီဆိုရင်တော့ ကွမ်းအစ်ကလေးကိုချပေး၊ ရေနွေးကြမ်း၊ ဆေးလိပ်၊ လဘက်ကတော့ အမြဲပါတာ
.။ အညာသူ၊ အညာသားတွေက ဧည့်ဝတ်ကျွေပွန် တတ်ကြတယ်ဗျို့...။:)

အခုချိန်ထိလည်း အဲဒီဓလေ့လေးတွေက မပျောက်သေးဘူးလေ...။ အခုခေတ်ကတော့ ကွမ်းဆို ဆိုင်ကွ
မ်းမှ စားကြတဲ့ ခေတ်ရောက်နေပြီဗျ...။ အခုခေတ် ကွမ်းတွေက မစားချင်စားချင်အောင် နည်းအမျိုးမျိုးနဲ့
ကွမ်းယာထဲမှာ ဆေးတွေ ထည့်ကြတာဗျ...။ အဲဒီ ဆေးတွေက လူကို စွဲစေတော့ လူတွေကလည်း မစား
ရမနေနိုင်တွေ ဖြစ်ပြီး စားကြရောလေ...။ အဲဒီ ဆေးအမျိုးမျိုးကြောင့်လည်း အခုခေတ်မှာ ခံတွင်း ကင်ဆ
ာ၊ လျှာကင်ဆာ တွေဖြစ်တာပေါ့ဗျာ...။  နောက်ပြီး  အခုခေတ် လူတွေက စည်းကမ်းမရှိကြဘူးဗျ...  ကွမ်း
စားပြီးရင် ကွမ်းတံတွေးကို နေရာမရွေးထွေးတာပဲဗျ... အဲဒီတစ်ခုကိုတော့ ကျွန်တော် သဘောမကျမိဘူး
ဗျာ... ကျွန်တော်ကိုယ်တိုင်လည်း ကွမ်းကြိုက်တဲ့ ၊ ကွမ်းစားတဲ့ လူတစ်ယောက်ပါ...ဒါပေမယ့်  ကျွန်တော်
ကွမ်းတံတွေးကို မဆင်မခြင် တစ်ခါမှ မထွေးဖူးပါဘူး...။  ကွမ်းတံတွေးက ရုပ်ဆိုးတယ်ဗျာ...    အားလုံးစ
ည်းကမ်းရှိရင် သိပ်ကောင်းမှာပဲနော်...။

ရှေးတုန်းက လူတွေကတော့ သွားနာရင် ကွမ်းယာထဲကို လေးညှင်းပွင့်လေး ထည့်စားရင် သက်သာတယ်
တဲ့...။ အခုခေတ်ကတော့ ကွမ်းယာကြောင့်ပဲ ရောဂါတွေ ရနေကြတယ်နော်... စဉ်းစားစရာလို့ ထင်မိပါ
တယ်ဗျာ....
စဉ်းစားတော် မူကြပါကုန်သော်.............

(ကျွန်တော့်ရဲ့ရေးသားချက်များအဓိပ္ပါယ်မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း
ဝန်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်.....

ရာဇာ(ကျေးတောသားလေး)
25.3.2011


2 comments:

တောက်ပကြယ်စင် said...

သီရိလင်္ကာမှာနေတုန်းက သီရိလင်္ကာကလူတွေ ကွမ်းစားပုံကို ဗဟုသုတအဖြစ် ပြောပြအုံးမယ်။ ကွမ်းရွက်ကို အရင်ပါးစပ်ထဲထည့်လိုက်တယ်၊ ပြီးမှ ထုံးတွေ၊ ကွမ်းသီးတွေ ကော်ပြီးပါးစပ်ထဲထည့် ပြီးမှ ၀ါးတာဗျ...ဘုန်းဘုန်းတို့မြန်မာပြည်မှာလို သေချာယာပြီး မစားကြဘူးဗျ...ကျန်းမာရွှင်လန်း အေးချမ်းပါစေနော်...

Angelhlaing(May everybody be happy and healthy! said...

အကိုရေ ဗဟုသုတလေးတွေ အများကြိးရလို့
ကျေးဇူးပါနော်။
ကောင်းသောနေ့လေးဖြစ်ပါစေ။

Post a Comment