Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Thursday, March 24, 2011

အသုံးဝင် ရှားစောင်းလက်ပတ်


အရင်နေ့က ဆေးဖက်ဝင် ကြိတ်မှန်ပင်အကြောင်း ရေးပြီးပြီဆိုတော့ ဒီတစ်ခါတော့ အညာမြေက ဆေးစွ
မ်းထက်တဲ့ ဆေးတစ်လက် အကြောင်းလေး ပြောပြမယ်ဗျ။ သိပြီးသားဆိုရင်လည်း တောင်းပန်ပါတယ်။

ရှားစောင်းလက်ပတ်ကို လူတိုင်းသိလား ၊မသိလား ဆိုတာကိုတော့ ကျွန်တော်လည်း မသိဘူးဗျ။ ကျွန်ေ
တ်ာတို့ အညာဒေသမှာတော့ အိမ်ဝိုင်းထဲက စည်းရိုးဘေးတွေမှာ စိုက်ထားတာဗျ။ အပင်ပုံစံက အရင်းပြ
ားပြီး အဖျားလေးကသေးပြီး ချွန်သွားပါတယ်။ အဲဒီ ရှားစောင်းလက်ပတ် အရိုးမှာဆူးလေးတွေ ပါတယ်ေ
လေ။ ကျွန်တော်တို့ အညာဒေသမှာတော့ ရှားစောင်းလက်ပတ်ကို (တစောင်းလက်ပတ်) လို့ ခေါ်ကြတာ
ဗျ။ ကျွန်တော်လည်း တစောင်းလက်ပတ်လို့ပဲ သုံးလိုက်တော့မယ်ဗျ...

 တစောင်းလက်ပတ်က တော်တော် ဆေးသုံးတည့်တယ်ဗျ။ ဆေးအတွက်တင်မကသေးဘူးဗျ... အလှအ
ပအတွက်လည်း အသုံးပြုလို့ရသေးတယ်နော်။

တစောင်းလက်ပတ်ကို ချက်ဆေး လုပ်ပြီးစားကြတယ်ဗျ။ ပျောက်ကင်းတဲ့ ရောဂါတွေကတော့ ၀မ်းနဲ့ပါတ်
သတ်ပြီး ကောင်းတယ်၊ လေကို နိုင်စေတယ်၊ မိန်းကလေးတွေ အတွက်ဆိုရင်တော့ သွေးသားသန့်စင်ပြီ
း မိန်းမရောဂါအတွက် အထူးသင့်တော်လှပါတယ်။ အဖွားတို့ ၊ အမေတို့ ဆိုရင် အိမ်မှာ ချက်ဆေးတွေလု
ပ်လုပ် ထားတတ်ကြတယ်ဗျ။ ချက်ဆေး ဆိုတာက ထစောင်းလက်ပတ်ပင်က ထစောင်းလက်ပတ်ကိုခုတ်
ပြီး ရေနဲ့ သန့်နေအောင် သေချာဆေး၊ ပြီးရင် ထန်းလျက်၊ ပျားရည်၊ သကြားတို့နဲ့ ချက်ဆေးကျိုတော့တာ
ပဲလေ။ အဲဒါက ၀မ်းကိုကောင်းစေတယ် ၊ လေကို ကောင်းစေတယ်၊ အမျိုးသမီးတွေ အတွက် အထူးကေ
ာင်းပါတယ်။

နောက်တစ်မျိုးက အပူလောင်တဲ့အခါမျိုးတွေမှာ၊ အနာစိမ်းတွေ ပြည်မပေါက်တဲ့အခါမျိုးတွေမှာဆိုရင် တ
စောင်းလက်ပတ်ကို မီးဖုတ် ပြီးရင် အအေးခံပြီး အနာပေါ်တွေ အုံပေးတတ်ပါတယ်။ ပြည်လည်းထွက်တ
ယ် ၊ မန်းလည်းယိုတယ်လေ။ ပြောရမယ်ဆိုရင်တော့ တိုင်းရင်းဆေးပေါ့...

ရှားစောင်းလက်ပတ်(တစောင်းလက်ပတ်)

နောက်တနည်းကတော့ အလှအပအတွက် အသုံးပြုကြတာဗျ။ တစောင်းလက်ပတ် ထဲက အသားအိတုံ
လေးတွေကို မျက်နှာပေါ်မှာ တင်ပြီး တအောင့်လောက်နေတော့ မျက်နှာသစ်ကြတာလေ။ ၀က်ခြံတို့ ၊အ
ပူ ဖုလေးတွေ ပျောက်တယ်ဗျ။ ခေါင်းလျှော်တဲ့ အခါမှာလည်း တစောင်းလက်ပတ်ကို ခေါင်းလျှော်ရည်နဲ့
ရောပြီး လျှော်ကြတာဗျ။ အဲလိုမျိုး လျှော်တဲ့အခါမှာတော့ ဗောက်တွေ ပျောက်တယ်၊ ဆံပင်တွေကိုလည်း
နူးညံ့ပျော့ပျောင်း စေပြီး ၊ ဆံပင်ခွတာတွေ ၊ ဆံပင်ပြတ်တာတွေကိုလည်း ပြန်လည်ကောင်းမွန်စေတယ်
ဗျ။ မျက်နှာ ပေါင်းတင်တာက တစ်ချို့လူတွေပဲ လုပ်ကြတာပါ။ ကျန်တာကတော့ အားလုံး အသုံးပြုကြ
တယ်ဗျ...။ တောကတော့ ရိုးရိုးရှင်းရှင်းပဲသုံးတယ်ဗျို့...



မြို့အရပ်ဒေသတွေမှာတော့ တစောင်းလက်ပတ်နဲ့ လုပ်တဲ့ ခေတ်မှီ ပစ္စည်းတွေပေါ်နေပါပြီ...
ဘော်ဒီလိုးရှင်းတို့ ၊ သွားတိုက်ဆေးတို့ စတဲ့ဟာတွေပေါ့ဗျာ...။ ကျွန်တော်မသိတာတွေလည်း အများကြီ
းရှိအုံးမှာပါ။

ဘော်ဘော်တွေအားလုံး တစောင်းလက်ပတ်(ရှားစောင်းလက်ပတ်) ကိုအသုံးပြုပြီး အသားအရေတွေစိုပြ
ည်ပြီး၊ ဆံပင်တွေလည်း ကောင်းနိုင်ကြပါစေဗျာ...

(ကျွန်တော့်ရဲ့ရေးသားချက်များအဓိပ္ပါယ်မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း
ဝန်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်.....
ရာဇာ(ကျေးတောသားလေး)
24.3.2011

3 comments:

PAUK said...

တစောင်းလက်ပတ်အသုံးဝင်ပုံတွေအတွက်..
ကျေးဇူးတင်ပါတယ်..။

တောက်ပကြယ်စင် said...

ဆေးဖက်ဝင်မှန်းတော့ သိတယ်။ ဘယ်လိုနေရာမှာ အသုံးဝင်တာဆိုတာတော့ ကိုရာဇာပြောမှပဲ ကျယ်ကျယ်ပြန့်ပြန့် သိရတော့တယ်။ ကျေးဇူးနော်...ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

ခနွဲ said...

အိမ်က အစ်မတွေတော့ ချက်ဆေးဆို စားကြတာတော့ တွေ့ဖူးတယ်။

Post a Comment