Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Saturday, March 26, 2011

နတ်မကြောက်သူ

နတ်ကွန်း(From GG)

မြန်မာနိုင်ငံမှာ နတ်ကိုးကွယ်မှု တစ်နိုင်ငံလုံးမှာ ရှိနေမယ်လို့
ထင်ပါတယ်...။ ကျွန်တော်တို့ နယ်ဘက်တွေမှာတော့ ရွာ့အ
ပြင်ဘက်တွေမှာ နတ်စင်လေးတွေ ရှိတတ်ကြတယ်ဗျ...။
အဲဒီ နတ်ကိုတော့ မြင်းဖြူရှင်လို့ ပြောကြတာပဲ...

တစ်ခါက ရွာတစ်ရွာမှာ ကိုစိန်သောင်းနဲ့ မလှလေး ဆိုတဲ့ လ
င်မယား နှစ်ယောက်ရှိသတဲ့...။ အဲဒီ ရွာကလူတွေက နတ်ကို
ကြောက်ကြတယ်တဲ့လေ...။    အဲဒီ ထဲမှာ မလှလေးကလည်း
တစ်ယောက် အပါအ၀င်ပေါ့။   သူများတွေ ဘယ်လောက်ပဲေ
ကြာက်နေပါစေ... ကိုစိန်သောင်း တစ်ယောက်ကတော့ နတ်
ကို မယုံတဲ့ အပြင် ၊ နတ်ကတော် တွေပါ မုန်းတီးနေသူတစ်ေ
ယာက်ပေါ့...။


 
နတ်ကတော် နတ်ကနေဟန်

“မလှလေးရာ မင်းမလဲ နတ်ကို တယ်ကြောက်သကိုးကွ..။ နတ်
ကို မကြောက်နဲ့ ငါ့ကိုကြောက် နတ်က မင်းကို ဘာမှ မလုပ်နိုင်
ဘူး... ငါက မူးလာရင် မင်းကို ရိုက်နိုင် ၊   နှပ်နိုင်တယ် သိရဲ့လား
”...။“  ကိုစိန်သောင်း တော် ကျုပ်ကို ရိုက်တာက ကျုပ်ကတော့
ကို ချစ်တော့ ခွင့်လွှတ်တယ်တော့။ နတ်ကို သွားပြီး မစော်ကား
နဲ့တော့ တော့ကိုကိုင်လိမ့်မယ်”... ကိုစိန်သောင်းကတော့ ဟား
တိုက်ပြီးပင် ရယ်လိုက်ပါသေးသည်...

“မလှလေးရာ ကြောက်တက်ရန်ကော ငါ့ကို  ဘယ်နတ်ကကိုင်
နိုင်မတုန်း မင်းစောင့်ကြည့်နေ”...။သူများတွေ နတ်ကိုကြောက်
တဲ့ အချိန်မှာ ကိုစိန်သောင်းကတော့ မကြောက်ရေးချ  မကြော
က် ဆိုတဲ့လူလေ...။
တစ်ရက်မှာတော့ ကိုစိန်သောင်းတစ်ယောက် နွားမ သားအမိ
ကို တောထဲ(ယာထဲ)ကို ခေါ်သွားပါသည်။ ယာထဲက အလုပ်ပြီ
းတဲ့ အချိန်ရောက်တော့ နွားမသားအမိကို ပြန်ခေါ်  လာခဲ့ပါသ
ည်။ ရွာထိပ်က နတ်စင်ကို ရောက်တော့ နွားကလေးကို နတ်စ
င်မှာ ကြိုးချည်ထား ပြီးတော့ နွားမကြီးကို ခေါ်သွားရော...။

နွားလေးက အမေ့ဆီကို လိုက်ချင်တော့ ရုန်းတော့တာပဲဗျို့..။
နောက်ပိုင်းကျ နွားရဲ့ ရုန်းအားကြောင့် နတ်စင်ကြီးပြိုပြီး နတ်
ရုပ်ကြီးလည်းဟို ရောက်၊ ဒီရောက်နဲ့ ဖြစ်ပြီး နွားချေးပုံပေါ်ကို
နတ်ရုပ်ကြီး မှောက်ရက် ကျသွားသတဲ့ဗျာ....။

ရွာက လူတွေရော၊ သူ့မိန်းမ မလှလေး ရောသိတော့ နတ်ကို
င်လိမ့်မယ် ဆိုပြီးးပြန်တောင်းပန်ခိုင်းတာပေါ့...။
ဒါပေမယ့် နတ်မကြောက်တဲ့ ကိုစိန်သောင်းက သူ့မိန်းမနဲ့၊ ရွာ
ထဲက လူတွေကို ပြန်ပြောသတဲ့ “ အဲဒါ ကျုပ်လုပ်တာမဟုတ်
ဘူး... နွားကလေး လုပ်တာလို့ ပြောသတဲ့...” နွားကလေးကို
တော့ နတ်က မကိုင်ဘူးဗျ...ဟ..ဟ..ဟ...:))
ကိုစိန်သောင်းဆိုရင်တော့ ဝေးရောပေါ့ဗျာ...။

“ဘုရားသည်သာ ကိုးကွယ်ရာ
တရားသည်သာ ကိုးကွယ်ရာ
သံဃာသည်သာ ကိုးကွယ်ရာ”
အားလုံး ကိုးကွယ်ခြင်း အစစ်အမှန်နဲ့ ကိုးကွယ် နိုင်ကြပါစေ...

(ကျွန်တော့်ရဲ့ရေးသားချက်များအဓိပ္ပါယ်မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း
ဝန်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်.....
ရာဇာ(ကျေးတောသားလေး)
27.3.2011



3 comments:

ညိမ်းနိုင် said...

အကိုတော့ ယုံတယ်လည်းမဟုတ်၊မယုံဘူးလည်းမဟုတ်၊ပတ်လည်းမပတ်သက်၊
အဲ..နတ်အကတို့၊နတ်ဒိုးတို့တော့ လွှတ်ကြိုက်....:)

Angelhlaing(May everybody be happy and healthy! said...

အင်းနော် ဟုတ်တော့လည်း ဟုတ်သား...နော်အကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။

yar zar said...

အစ်ကိုက ကရတာကို သဘောကျတာထင်တယ်နော်..
နတ်ဒိုးက မြူးတော့ ကလို့တော့ ကောင်းပါတယ်...
ဟီး..........
ရာဇာ(ကျေးလက်သားလေး)

Post a Comment