Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Sunday, March 20, 2011

ဆေးဖက်ဝင် ကြိတ်မှန်ပင်

 ဆေးဖက်ဝင် ကြိတ်မှန်ပင် (From Google)

ဒီတစ်ခါတော့ အညာဒေသမှာ ပေါက်ရောက်တဲ့     ဆေးဖက်ဝင်
ကြိတ်မှန်ပင် အကြောင်းကို အနည်းငယ်    ရေးပါမယ်ဗျာ။ ကြိတ်
မှန်ပင်က အညာဒေသမှာတော့ လမ်းဘေးမှာ အလေ့ကျ ပေါက်
ရောက်တဲ့ အပင်မျိုးပါ။ တကူးတက   စိုက်ပျိုးစရာ မလိုပါဘူး။ အဲ
ဒီအပင်က အမျိုးသမီးတွေနဲ့ ပိုပြီးတော့ တည့်ပါတယ်။  ကြိတ်မှန်
ရွက်ကို အခြောက်လှန်းပြီး အမှုန့်လည်း လုပ်ထားတတ်ကြပါသေး


 တယ်။ အများဆုံး လုပ်ပြီး စားတာကတော့ ငါးပိချက်နဲ့ တို့စားတာ
ပဲဗျ..။ ဘာအတွက် ကောင်းတာလည်းဆိုတာကို   ဆက်ရေးထား
တယ်ဗျ..။ အောက်မှာ ဆက်ဖတ်ကြည့်အုံးနော်...

အမျိုးသမီးတွေ တစ်လ၊ တစ်ခါ လာတဲ့ ရောဂါပေါ့ဗျာ။ အဲဒီ ကြိ
တ်မှန်ရွက်ကို ရေနဲ့ သန့်အောင် ဆေးကြောပြီး အတို့အမြှုတ်လု
ပ်စားလို့ရပါတယ်။ နောက်ပြီး သုပ်စားလို့လည်းရပါတယ်။ ဟင်း
ချို ချက်သောက်လို့လည်းရပါတယ်။ ထန်းလျက်နဲ့ ကြိုသောက်
လို့လည်းရပါတယ်။ အဲဒါကို ပုံမှန်လေး စားပေးရင် သွေးသားလ
ည်ပတ်မှု ကောင်းစေပြီး၊ အိပ်ပျော်စားဝင်ပြီး ကျန်းမာရေးလည်း
ကောင်းစေတယ်၊ အသားအရေ ကိုလည်း စိုပြည်စေပါတယ်ဗျာ
...။

အညာဒေသမှာ အလေ့ကျ ပေါက်တဲ့ ကြိတ်မှန်ပင်က အဖိုးမတ
န်ပေမယ့် ကျန်းမာရေး အတွက်တော့ အသုံးဝင်တယ်ဗျို...။ ကို
င်း ကြိတ်မှန်ပင်ရဲ့ ဆေးစွမ်းကိုတော့ အနည်းငယ် သိလောက်ေ
ရာပေါ့ဗျာ..။ နောက်မှ အညာမြေက ဆေးစွမ်းထက်တဲ့ အပင်ေ
တွ အကြောင်းကို ဆက်ရေးပါအုံးမယ်ဗျာ..အခုတော့ ဒီလောက်
ပဲပေါ့..။
ဗဟုသုတ အနည်းငယ်တော့ ရမယ်ထင်ပါတယ်ဗျ...သိပြီးသား
တွေဆိုရင်လည်း ကျွန်တော်တောင်းပန်ပါတယ်ခင်ဗျား...

(ကျွန်တော့်ရဲ့ ရေးသားချက်များ အဓိပ္ပါယ် မပေါ်လွင်ခဲ့ပါက ကျွန်ေ
တာ့်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်း ၀န်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ရင်ထဲကလာတဲ့ စကားလေးတွေကိုစောင့်မျှော်နေပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်....................

ရာဇာ(ကျေးတောသားလေး)
20.3.2011

6 comments:

တောက်ပကြယ်စင် said...

အော် ကြိတ်မှန်ပင် ကြိတ်မှန်ပင် ကိုရာဇာပြောမှပဲ သတိရတော့တယ် အကြီးတန်းတက်နှစ်တုန်းက တစ်ရက်တော့ ဆွမ်းခံသွားခါနီး ဓာတ်ဘူးတစ်လုံး ခြေထောက်ပေါ် ကျကွဲသွားပါလေရော ဆွမ်းခံကြွတော့ ဆွမ်းခံအိမ်က ကြိတ်မှန်ရွက်ကို ညှစ်ပြီး လိမ်းခိုင်းတယ် သက်သာတယ်ဗျ။ တစ်ခါတစ်ခါ အဲဒီအကြောင်းကို သတိရတယ်။ အပင်နာမည်မေ့နေလို့လေ...ကျေးဇူး...ကျန်းမာရွှင်လန်း အေးချမ်းပါစေနော်...

မေသိမ့်သိမ့် ကျော် said...

ကျေးဇူးတင်ပါတယ် ကိုရာဇာ။ ကျွန်မ အနာမှာအုံတာပဲသိတာ။ ဒီလောက်မသိဘူး။ ကျေးဇူးပဲ။ စားကြည့်ဦးမှ။ ကျွန်မအတွက်တော့ တော်တော် အကျိုးရှိတဲ့ ပို့စ်ပဲရှင့်။

ခင်မင်လေးစားလျက်

ခနွဲ said...

ကိုရာဇာရေ ကျွန်တော်ကိုယ်တွေ့ဖြစ်ရပ်ကတော့ ငယ်ငယ်တုန်းက ၉ တန်းလောက်ကပေါ့။ လက်ကို ရေနွေးပူလောင်တာ နည်းတဲ့ အပူလောင်ဖု မဟုတ်ဘူး။ သိတဲ့အတိုင်း ရေနွေးပူလောင်ရင် ခရုသင်းလိုလို ဘာလိုလို အဖြူကွက်ကြီး ဖြစ်ကျန်နေတက်တယ်မဟုတ်လား အစ်ကိုရ။ အဲဒီ အပူလောင်ဖုကို အမာရွတ်မကျန်အောင်ဆိုပြီး ညစ်ပြီး လိမ်းပေးရတယ်ဗျ။ အဲဒီအချိန်က မလုပ်လိုက်ရင် လက်ကိုတောင် ဖုံးထားရမယ်ထင်ပ။ အခုတော့ ပုံမှန်အသားအရေအတိုင်းပါပဲ။ ကျွန်တော်တို့ နယ်မှာ သိတာတော့ အဲဒီ အမာရွတ် ပျောက်ကင်းတယ်ဆိုတာတော့ သိတယ်အစ်ကို။ ဒါက တနည်းပေါ့လေ။

yar zar said...

ဟုတ်တယ် ကိုခနွဲရေ.. အနာစိမ်းတွေ ဖြစ်ရင် အရည်ကိုညှစ်ပြီး အနာ
ပေါ်ကို လောင်းပေးပါတယ်။ သွေးတိတ်လည်း သက်သာတယ်လေ။ နည်း
တွေကတော့ အများကြီးရှိမှာပါ ကျွန်တော် ဗဟုသုတ အားနည်းလို့ မသိ
တာပါ..ကိုခနွဲ အခုလို လာရောက်အားပေးတာ ကျေးဇူးနော်...
ရာဇာ(ကျေးတောသားလေး)

...အလင်းစက်များ said...

ဆိုင်ကယ်မှောက်တုန်းက ဘယ်ဖက်ပါးကြီး စုတ်ပြတ်သွားသေးတယ်.... အဲ့ဒါ ခု ကြိတ်မှန်ကျေးဇူးနဲ့  ဘာအရာမှ မကျန်ဘူးဗျာ... ကိုယ်တွေ့ ပဲ။

Angelhlaing(May everybody be happy and healthy! said...

ဟုတ်အကို ညီမလေးလဲ ဒဏ်ရာတွေကြောင့် သုံးဖူးလို့ သိနေတာ။
ကျေးဇူးပါ အကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။

Post a Comment