Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Monday, March 14, 2011

အညာမြေကဆီထွက်သီးနှံ(၂)


မြေပဲပင်ရဲ့ အသုံးဝင်ပုံနဲ့ စိုက်ပျိုးပုံ ကိုပြောပြီးခဲ့ပါပြီ။ အခုတစ်ခါတော့ ဆီထွက်သီးနှံ တစ်မျိုးဖြစ်တဲ့ နှမ်းပင်
ရဲ့ အသုံးဝင်ပုံနှင့် စိုက်ပျိုးပုံ အကြောင်းကို ပြောပြပါမယ်။
နှမ်းပွင့်နဲ့နှမ်းသီး



နှမ်းပင်ကိုတော့ သုံးမျိုးခွဲခြားထားပါတယ်။ နှမ်းနက်၊ နှမ်းဖြူ၊ နှမ်းမယ်သီလ ဆိုပြီးပေါ့။ ဘာလို့အဲလို ခေါ်တ
ာလည်းဆိုရင် နှမ်းနက်ရဲ့ အစေ့က နက်ပါတယ်၊ နှမ်းဖြူရဲ့ အစေ့က ဖြူပါတယ်၊နှမ်းမယ်သီလရဲ့ အစေ့က နဲ
နဲဝါပါတယ်..အဲလိုအစေ့ တွေရဲ့အရောင်ကို ကြည့်ပြီး နာမည်ပေးထားတယ်ထင်ပါတယ်။ နှမ်းကလည်း ဆီ
တစ်ခု အတွက်ပဲ အသုံးဝင်တာမဟုတ်ပါဘူး။ အရွက်ကလည်း အသုံးဝင်ပါသေးတယ်။ နှမ်းပင်ရဲ့ အမြင့်က
လူတစ်ယောက်ရဲ့ ရင်ခေါင်းလောက်ထိမြင့်ပါတယ်။ အရွက်က တစ်ရွက်ထဲကိုမှ ချွန်ချွန်လေးတွေပါ။ အပွင့်
ကအဖြူရောင် ခေါင်းလောင်း လေးတွေလိုပါပဲ။ အစေ့ရဲ့ အရသာက နည်းနည်းခါးပါတယ်။ အရွက်က နည်း
နည်း ချွဲကျိကျိနိုင်ပါတယ်။ နှမ်းကို မိုးဦးကျမှာ စိုက်ပျိုးကြပါတယ်။ စိုက်ပျိုးတယ်ဆိုလို့ အထူးအဆန်းတော့
မထင်လိုက်ပါနဲ့။ နွားထွန်ထားတဲ့အပေါ်ကိုမှ အစေ့လေးတွေပက်ကျဲ ပါတယ်။ အဲဒီအစိလေးတွေလုံသွားေ
အာင်လို့ ထယ်ထိုးပြီးလိုက်အုပ်ပါတယ်။ အစေ့လေးတွေက အပင်ပေါက်လာပြီဆိုရင်တော့ မွစိတက်နေတာ
ပါပဲ။ နှမ်းပင်က အရွက်တွေ ထွက်ပြီး ကြီးလာပြီဆိုရင်တော့ နှမ်းရွက်ကိုခူးပြီး တရော်ရယ်၊ကင်ပွန်းသီးရယ်၊
နှမ်းရွက်ရယ်ကို ရောပြုတ်ပါတယ်။ ကင်ပွန်းသီး ပွပြီဆိုရင်တော့ မီးဖို ပေါ်ကချပြီး အအေးခံထားပါတယ်။ေ
အးပြီဆိုရင်တော့ ခေါင်းလျှော်ကြပါတယ်။ အညာမြေက ခေါင်းလျှော်ရည်ပေါ့ဗျာ။ မြို့တွေလို အမွှေးအကြိုင်
သုံးပြီး မလျှော်ကြပါဘူး။ နှမ်းရွက်ပြုတ် ခေါင်းလျှော်ရည်နဲ့ လျှော်ပြီးရင်တော့ ကင်ပွန်းသီးနံ့လေးက မွှေးပြီး
ခေါင်းရဲ့ ဦးရေ လေးကလည်း အေးမြနေတာပါ။ ကျွန်တော်တော့ ဓါတုဗေဒနည်းနဲ့ လုပ်ထားတဲ့ ခေါင်းလျှော်
ရည်တွေ မကြိုက်ပါဘူး။ အညာမြေက ခေါင်းလျှော်ရည်ကိုပဲ ကြိုက်တယ်ဗျာ။
နှမ်းခင်း
နှမ်းရင့်ချိန်
နှမ်းဖြူ
နှမ်းနက်
နှမ်းမယ်သီလ

နယုန်လလောက်ရောက်ရင်တော့ လေလေးကတဖြူးဖြူး နှမ်းပင်လေးတွေက အပွင့်လေးတွေဝင်ပြီး လေတို
က်တိုင်း ယိမ်း နွဲ့ လို့ အရမ်းကြည့်လို့ကောင်းပါတယ်။ နှမ်းခင်းတွေထဲမှာ တစ်ခါတစ်လေ မြက်နုတ်ရတာေ
တွလည်း ရှိပါတယ်။ အဲလို မြတ်နုတ်ပြီး အိမ်ကိုပြန်ရောက်တဲ့ အခါ ရေချိုးရင် အရမ်းသိသာပါတယ်။ တစ်
ကိုလုံးကို ချွဲကျိနေတာပဲ။ နှမ်းသီးချိန် ရောက်ပြီဆိုရင်တော့ နှမ်းခင်းထဲက နှမ်းပင်လေးတွေကို ကြည့်ပြီးဘ
ယ်သူ့ အကွက်ကတော့ နှမ်း သုံးရှင်းဝင်နေပြီ၊ ဘယ်သူကွက်ကတော့ နှမ်းငါးရှင်းဝင်နေပြီ..အဲလိုပြောကြပါ
တယ်။(အရှင်းဆိုတာ တစ်စုံကိုပြောတာပါ ။နှမ်းအကောင်းဆုံးအပင်က (၉)ရှင်း၊(၁၀)ရှင်းဆိုတာ အများဆုံး
ပါပဲ။) မိုးခေါင်တဲ့နှစ် နှမ်းစိုက်မိရင်တော့ အရှုံးပေါ်တော့တာပေါ့ဗျာ။ မိုးခေါင်တဲ့ နှစ်ဆို တောင်သူတွေပြော
တတ်ကြပါတယ်။ဒီနှစ်တော့ နှမ်းတွေ ချိုလိမ် ကုန်ပြီဟေ့တဲ့။ နှမ်းချိုလိမ်ဆိုတာ အပင်က မဖြစ်တော့ပဲအညွ
န့်တွေ လိပ်နေတာကိုပြောတာပါ။ နှမ်းရင့်ချိန်ရောက်ပြီဆိုရင်တော့ နှမ်းပွင့်လေးတွေ အဖျားမှာပဲ အနည်းင
ယ်ကျန်တော့တယ်။ နှမ်းတွေရင့်ပြီဆိုရင် အသီးတွေက ၀င်းလာပြီ အရွက်တွေလည်း ကြွေကုန်ပါတယ်။တစ်
ရွက်တစ်လေပဲကျန်တော့တာလေ။တောင်သူတွေ ပြောတတ်ကြပါတယ်။ ဘယ်သူ့နှမ်းခင်းကတော့ ရိတ်လို့
ရပြီဟေ့ အရင်းသီးတွေ ကွဲကုန်ပြီတဲ့။ အဲလိုရင့်ပြီဆိုရင်တော့ ရိတ်ကြပါတော့တယ်။ အရင်းသီးကွဲနေတာေ
လးတွေကို စောင်နဲ့ခံပါတယ်။ အဲဒါနှမ်းကိုတော့ နှမ်းပေါက်လို့ခေါ်ပါတယ်။ ဖုန်မထိလို့ ကြော်လှော်စားတဲ့ေ
နရာတွေမှာ အသုံးပြုကြပါတယ်။ နှမ်းလေးကိုလှော်ပြီး လ္ဘက်ထဲထည့်စားရင် အရမ်းကောင်းပါတယ်။ မျှစ်သု
ပ်စားတဲ့အခါမျိုးမှာဆိုရင်လည်း နှမ်းပေါက်လေးကိုလှော်ပြီး မျှစ်သုပ်ထဲကို ထည့်တတ်ကြပါသေးတယ်။ ကျွ
န်တော်ကတော့ နှမ်းရိတ်တဲ့အချိန်မှာ နှမ်းရိတ်ရတာကိုအရမ်းကြောက်တယ်ဗျ။ ဘာလို့လဲဆိုတော့ နှမ်းပင်
တွေမှာ ပိုးစိမ်းကောင်ကြီးတွေ တွယ်တွယ်နေတတ်လို့ပါပဲ။ အဲဒီအကောင်ကြီးတွေက ကိုက်တာတော့မဟု
တ်ပါဘူး။ ဒါပေမဲ့ ကြည့်ရတာ အရမ်းကြက်သီးထဖို့ ကောင်းပါတယ်။
နှမ်းဆီ

နှမ်းတွေ ရိတ်ပြီးသွားရင်တော့ လှည်း နဲ့သယ်ရပါတယ်။ အိမ်ရောက်ပြီဆိုရင်တော့ နှမ်းတွေကို နေပူထဲမှာ
ထောင်ရပါတယ်။ အဲဒါကိုတော့ နှမ်းထောင်တယ်လို့ခေါ်ပါတယ်။ နှမ်းပင်တွေ ထောင်ပြီးလို့ အသီးတွေ ကွဲ
လာပြီဆိုရင် နှမ်းခါရပါတယ်။ ခါပြီးရင် အစေ့တွေ ယူရပါတယ်။ အဲဒါပြီးရင်တစ်ခါ ထပ်ထောင်ရပါတယ်။ ေ
ထာင်လိုက် အစေ့ယူလိုက်။ ပြန်ထောင်လိုက်နဲ့ (၅)ခါလောက်လုပ်ရပါတယ်။ အဲဒါပြီးပြီဆိုရင်တော့ နှမ်းပြီးပြီ
ပေါ့။ နှမ်းဆီကလည်း စားလို့ကောင်းပါတယ်။ ဒါပေမဲ့ နှမ်းဆီက နဲနဲ သက်ပါတယ်။ နှမ်းဆီရဲ့ အားနည်းချက်
ကတော့ ဆီပူနေတဲ့အချိန်မှာ ကြော်စရာ ပစ္စည်း ထည့်လိုက်ရင် အမြှုတ်တွေ တော်တော်တက်ပါတယ်။ အဲ
ဒါကြောင့် စားအုံးဆီတွေနဲ့ပဲ ကြော်တာများပါတယ်။ နှမ်းဆီကိုတော့ ဟင်းချက်စားတဲ့နေရာတွေမှာ အဓိက
သုံးပါတယ်။ နှမ်းစေ့ကိုတော့ နှမ်းပြစ်၊ နှမ်းနဲ့ ဆိုင်တဲ့မုန့်တွေလည်း လုပ်စားကြပါသေးတယ်။ နှမ်းတွေပြီးသွ
ားလို့ နှမ်းရိုးပုံကြီးတွေ ပုံထားရင် ကျွန်တော်တို့ ငယ်ငယ်ကတော့ တက်တက် ဆော့တာပါ။ ကလေးတွေအ
တွက်တော့ စိမ်ခံ ဆိုဖာကြီးပေါ့ဗျာ။ :) ကိုင်း..ဒီလောက်နဲ့ပဲ အဆုံးသတ်တော့မယ်ဗျာ။
(ကျွန်တော့်ရဲ့ ရေးသားချက်များ အဓိပ္ပါယ် မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်းဝန်ခံ
အပ်ပါတယ်ခင်ဗျား။)
စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကိုစောင့်မျှော်နေပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
ရာဇာ(ကျေးတောသားလေး)
14.3.2011





4 comments:

တောက်ပကြယ်စင် said...

ပိုးစိမ်းကောင်ကြီးတွေဆို အရမ်းကြောက်တယ် ခုထိပဲ။ ဦးဇင်းအမေကတော့ အဲဒီအကောင်ကြီးကို လက်နဲ့ပဲ နှစ်ပိုင်းချိုးပစ်လိုက်တယ်။ ခု ရေးနေတာတောင် ကြက်သီးမွှေးညှင်း ထနေပြီ။ ခရမ်းပင်က ပိုးစိမ်းကောင်နဲ့တူလားတော့ မသိဘူး။ ကျန်းမာပျော်ရွှင်ပါစေ...
တောက်ပကြယ်စင်

yar zar said...

တူပါတယ်ဘုန်းဘုန်းဘုရား အစိမ်းကောင်အကြီးကြီး တစ်ထွာနီးပါးရှိပါတယ်။ အမွှေး နှစ်မွှေးက ထောင်နေပါသေးတယ်ဘုရား။

Angelhlaing(May everybody be happy and healthy! said...

တော်တော်လေး ဗဟုသုတလေးတွေပေးနိုင်တဲ့အကိုကိုယ်
အားကျလိုက်တာ...ညီမလေးကတော့ ဘာမှသိဘူး:P:P:P:P
ကျေးဇူးအကိုရေ...သိခွင့်ရလို့..
ကောင်းသောနေ့လေးဖြစ်ပါစေ။

ရွှေရတုမှတ်တမ်း said...

မြေပဲ၊ နှမ်း...ပြီးတော့..ဘာလာမလဲ ကိုကြီး..
နေကြာလား..ဝါစေ့လား...ညီမငေးက တိတ်တိဂျင်တာပဲ..ဟင့်

Post a Comment