Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Monday, March 28, 2011

ကတတ်ပင် နဲ့ ကြက်တက်ပင်

ကတတ်ပင်(ခတက်ပင်)
အညာဒေသမှာတော့ နာမည်ပေးပုံတွေက အလွယ်သားဗျ...။ မြင်ရာ၊
တွေ့ရာကို အစွဲပြုပြီး ခေါ်တတ်ကြတယ်လေ...။  ကတတ်ပင်ပေါက်တဲ့
တောကို ကတတ်ပင်ကွက်၊ ဆူးပုတ်ပင်ပေါက်တဲ့  တောတွေကို ဆူးပု
တ်တန်း၊ တမာပင်တွေ တန်းနေရင် တမာတန်း၊ ခပေါင်းပင် ရှိရင် ခေ
ပါင်းပင်ကွက်၊ တောင်ဘက်အရပ်က ကုန်းပေါ်မှာရှိရင် တောင်ကုန်းေ
ပါ်၊ ချောင်းမြောက်ဘက်ကမှာ ရှိရင် ချောင်းမြောက်ဘက် အဲလိုပဲ နာမ
ည်ကို အစွဲပြုပြီး ခေါ်ကြတာလေ...
ခတက်ပင်ပွင့်နေပုံ

အခုပြောမှာကတော့ ကတတ်ပင်နဲ့ ကြက်တက်ပင်ရဲ့ စားသောက်လို့ရ
တဲ့အကြောင်းကိုပြောပြမှာပါ...။ ကျွန်တော်တို့အညာဒေသမှာတော့က


 တတ်ပင်က   ပေါတယ်ဗျ...။့   ကျွန်တော်တို့  ယာကွက်     ဘေးမှာတေ
ာင် ရှိသေးတယ်။ ကိုယ့်အကွက်မှာ  ပေါက်လို့ ကိုယ်ကြည့် ပိုင်တာမဟု
တ်ပါဘူး။ ဦးရာလူ ခူးလို့ရပါတယ်...။  ကိုယ်လည်း သူများကွက်မှာ ပေါ
က်နေရင် ခူးလို့ရပါတယ်။  ကတတ်ရွက်ညွန့် လေးတွေ နုနေရင် ဆိတ်
ပြီး အိမ်ကို ခူးယူသွားပါတယ်။ အိမ်ကို ရောက်တယ်ဆိုရင်တော့ ကတ
တ်ရွက် လေးတွေကို ရေဆေးပြီး      ဆန်ဆေးရည်နဲ့ စိမ်ပေးရပါတယ်...
နောက် လေးငါးရက် ကြာရင်တော့   ကတတ်ရွက်လေးက နူးအိလာပါ
တယ်.. အဲလို ဖြစ်လာရင်တော့ စားလို့ရပြီပေါ့ဗျာ..။  ခရမ်းချဉ်သီးကို င
ပိနဲ့ ငရုတ်သီး များများဆီပြန်ချက် ၊    ပြီးရင်တော့ ကတတ်ရွက်နဲ့ တို့စ
ားတာပဲဗျို့...။ ကျွန်တော်တို့ ဆီမှာတော့   ကတတ်ရွက်ကို အချဉ်တည်
ပြီး မစားကြဘူးဗျ...။ (ဟင်းဂလာရွက်ကိုတော့   အချဉ်တည်ပြီး စားကြ
တယ်...ဟင်းဂလာ ချဉ်သုပ်တော့ တော်တော်ကြိုက်တာဗျို့...။)
(မှတ်ချက်-ကတတ်ပင်= ခတက်ပင် အမှန်သာ ရွေးဖတ်သွားကြပါ):)

ကြက်တက်ပင်

ကတတ်ပင်အကြောင်းလေးပြီးတော့ ကြက်တက်ပင် အကြောင်းလေးနည်း
နည်း ပြောပြအုံးမယ်နော်.။         ကြက်တက်ပင်ကလည်း ပေါတယ်နော်...။
ကြက်တက်ပင်က   ရွာနားက    လယ်ကွက်တွေမှာတော့          မရှိဘူးဗျ...။
ကျွန်တော်တို့ ရွာကို  ချောင်းကပတ်လည် ၀ိုင်းထားတာလေ. ချောင်းထဲမှာ
တော့ ကန္တာရပင်တွေပေါက်နေတာလေ..။    အရင်တုန်းကတော့ ဘာပင်မှ
မရှိပါဘူး။ ကြက်တက်ပင်ပေါတဲ့ ကျွန်တော်တို့ ယာကွက်က   အဲဒီချောင်းရဲ့
အရှေ့ဘက်မှာရှိတာလေ။  အဲဒီ ယာကွက်ကို ရောက်ပြီဆိုတာနဲ့   ကြက်တ
က်ရွက်တွေ ခူးတော့တာပါပဲ...။

ကြက်တက်ရွက် ခူးပြီးသားလေးတွေကို ဆန်ဆေးရည်နဲ့ စိမ်ပေးပါတယ်..
အရွက်ကလေး နူးအိလာပြီ ဆိုရင်တော့ စားလို့ရပြီပေါ့...။    အဲဒီ အရွက်
လေးကို တို့စားတာထက် သုပ်စားတာက များတယ်ဗျ... မြေပဲစေ့ကိုလှေ
ာ်.. ပြီးရင်ထောင်း ၊   ထောင်းပြီးရင်တော့သုပ်ပေါ့...။      ကြက်သွန်ဖြူ၊ နီ
ကလည်း    လိုသေးတာဗျ...     အဲဒီ နှစ်မျိုးကို ဆီသတ် ပြီးရင် ပေါင်းသုပ်
လိုက်ပါတယ်..   အရမ်းစားကောင်းတာဗျာ..။ ကြက်တက်ရွက် ပေါ်တဲ့အ
ချိန်ဆို ဥပုသ်နေ့တွေမှာ ဘုန်းကြီးကျောင်းမှာ ကြက်တက်ရွက် သုပ်တွေ
ပေါတယ်ဗျို့.....    ကျွန်တော်ကတော့ အရမ်းကြိုက်တာ ကြက်တက်ရွက်
သုပ်ကို..။ ဒါပေမယ့် တခုတော့ရှိတယ်နော်...     ကြက်တက်ရွက် မနုးအိ
ခင် သုပ်စားရင်တော့ ၀မ်းသွားတယ်ဗျို့....     အဲဒီ တစ်ခုပဲ ကျန်တာအား
လုံးကောင်း....

ဒီမှာတော့   အညာအစား အစာ   အကုန်ငတ်တယ်ဗျို့.... အဲဒါကြောင့် မြ
န်မာပြည်ကို မြန်မြန်ပြန်ချင်ပြီဗျာ....:(

(ကျွန်တော့်ရဲ့ ရေးသားချက်များ အဓိပ္ပါယ် မပေါ်လွင်ခဲ့ပါက ကျွန်ေ
တာ့်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်း ၀န်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ရင်ထဲကလာတဲ့ စကားလေးတွေကိုစောင့်မျှော်နေပါတယ်။

အားလုံကိုကျေးဇူးတင်ပါတယ်........

ရာဇာ(ကျေးတောသားလေး)
28.3.2011





9 comments:

Sunny said...

ကတက်ချဉ်နဲ့ ငါးပိရည် စားချင်တယ်.. ကြက်တက်ရွက်ကို လက်ဖက်လို သုပ်စားချင်တယ်.. ကျေးတောသားလေးကတော့ လွမ်းစရာတွေ လုပ်နေပြီ..

Baby taster said...

ဟင်းချက်နည်းပါ တခါတည်းပေးတယ်
ငှက်တက်ပင်ရော ၇ှိဖူးလားဟင်:P

yar zar said...

ငှက်တက်တဲ့ အပင်တွေတော့ရှိတယ်
အမ ဘေဘီ.. ဒါပေမယ့် စားရလ
ားတော့ မသိဘူး...:PPP...
အခုလို လာလည်တာ ကျေးဇူးပါ မမရေ..
မမ ဆန်နီလည်း လာလည်တာ ကျေးဇူးပါ..
လေးစားလျက်
ရာဇာ(ကျေးတောသားလေး)

Unknown said...

အကိုရေ အပေါ်က အပင်တော့ မြင်ဖူးတယ် ဘယ်လို လုပ်စားတယ်မသိဘူး မစားဖူးဘူး ။ အောက်ကအပင်ကို သိတယ် ဗျ အကိုခေါ်တဲ့ နာမည်နဲ့တော့ လွဲနေတယ်အကိုရေ ကျနော်တို့  ခေါ်တာက တစ်မျိုး ဗျ ...။ အကိုပြောသလို ငပိချက်ဆီပြန် ငရုပ်သီးစပ်စပ် နဲ့ တို့ ပြီး စားတဲ့နေ့ကတော့ ထမင်း မလောက်ငှ ဘူးအကိုရေ ....ကျနော် လည်း ပြန်ချင်ပါပြီအကိုရာ ...လွမ်းနေလို့  လွမ်းသူကို....ဟီးးးးးးးးးဟီးးးးးးးး

Iora said...

တချို့ ကရာဘာရွက်နုတွေကို ကတက်ချဉ်တည်ပြီးရောင်းကြတယ်။
ကိုယ်ကတော့ ကတက်ချဉ်သုပ်ဆိုသိပ်ကြိုက်။ ဒီမှာလည်းငတ်တာပါဘဲ။

yar zar said...

ကုသရေ အခေါ်အဝေါ်တွေ လွဲနေတာပဲ ဖြစ်မှာပါ...။
နှစ်မျိုးလုံးစားကောင်းတယ် ပြန်ရောက်ရင် လုပ်စားကြည့်...

yar zar said...

အစ်မလိုရာ လာလည်တာ ကျေးဇူးနော်..
နောက်လည်း လာလည်ပါအုံး..

နိုင်နိုင် said...

ကြက်တက်ရွက်တွေက ခုဈေးကောင်းလာတယ်ဗျ မသမာတဲ့စီးပွါးရေးသမားတွေက လဖက်တွေထဲရောပြီးရောင်းလာတယ်

yar zar said...

ကြက်တက်ရွက် သုပ်စားရတာ ကောင်းတယ်နော်.. မြေပဲလေးနဲ့ဆို မွှေးနေတာပဲ.. နိုင်နိုင် လာလည်တာ ကျေးဇူးပါ...

Post a Comment