Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Saturday, March 12, 2011

မိုးလည်းအသက်ကြီးပြီ


တစ်ခါက အညာဒေသမှာ မိုးခေါင် ရေရှားလွန်းလို့လူ
တွေလည်း သီးနှံတွေ ပျက်စီးပြီး၊ စီးပွားရေး အဆင်မ
ပြေမှုတွေ ဖြစ်ပါတယ်။ လူတွေလည်း မိုးရွာအောင်အ
မျိုးမျိုးလုပ်ကြတာပေါ့ဗျာ။ ဘုရားကို ရေသွားပြီး သပ္ပါ
ယ်ရင် မိုးရွာတယ်လို့ ပြောတော့ ဘုရားကို ရေသွားပြီ
းသပ္ပါယ်ကြပါတယ်။ လွန်ဆွဲပွဲ လုပ်ရင် မိုးရွာတယ်လို့
ပြောကြပြန်တော့ လွန်ဆွဲပွဲတွေ လုပ်ကြပြန်တယ်။နေ
ာက်တစ်ခါ ငါးရံ့မင်း ပရိတ်ရွတ်ရင် မိုးရွာတယ်ပြော


 
တော့ တစ်ခါ ဘုန်းကြီးတွေကို ပင့်ပြီး ငါးရံ့မင်းပရိတ်
ရွတ်ကြပြန်ပါတယ်။ ငါးရံ့မင်း ပရိတ်ရွတ်ပြီးနောက်ရ
က်မှာတော့ မိုးအနည်းငယ်ရွာပါတယ်။ ဘာပဲပြောပြေ
ာလေ မရွာတာနဲ့စာရင်တော့ နည်းနည်းလေးရွာတော့
ဝမ်းသာကြတာပေါ့။ အဲဒီအချိန်မှ လူတွေလည်း ပျော်
ပြီး ပျော်ပျော်ရွှင်ရွှင် စကားတွေပြောနိုင်ကြတာပေါ့ဗျ။
အဲဒီအချိန်မှာပဲ တရားသမားကြီး တစ်ယောက် ကမင်
းတို့ကလည်း တရားမရှိလိုက်ကြတာ    မင်းတို့တောင်
တစ်ရက်တစ်ခြား အသက်တွေကြီးပြီး အိုလာပြီလေ။
မိုးမရွာတာလည်း ဘာဆန်းလို့တုန်းဟ မိုးကလည်းအ
သက်ကြီးပြီလေ။ အဲတော့ ဘယ်လိုလုပ်ပြီး   မိုးကရွာ
နိုင်ပါတုန်း..သူလည်း အိုပြီပေါ့။ အဲလိုပြောလိုက်မှ ရွ
ာသူ၊ ရွာသားတွေကလည်း သဘောကျပြီးရယ်ကြပါ
တော့သည်။ အခုလည်း အဲဒီ တရားသမားကြီး ပြော
သလိုမျိုး ပြောရမလိုတောင်ဖြစ်နေပြီဗျာ။ ကျွန်တော်
တို့ ကမ္ဘာကြီးလည်းအသက် ကြီးလို့များတစ်ခုပြီး တ
စ်ခုပျက်စီးနေတာလား မသိတော့ပါဘူးဗျာ။ ကြားရ
တဲ့သတင်းတွေကလည်း စိတ်မကောင်းစရာတွေကြ
ည့်ပါပဲဗျာ။
(ကျွန်တော့်ရဲ့ ရေးသားချက်များ အဓိပ္ပါယ် မပေါ်လွင်
ခဲ့ပါကကျွန်တော့်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်းဝန်ခံ
အပ်ပါတယ်ခင်ဗျား။)
စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို
စောင့်မျှော်နေပါတယ်။
အားလုံးကိုကျေးဇူးတင်လျက်....
ရာဇာ(ကျေးတောသားလေး)
12.3.2011

2 comments:

ရွှေရတုမှတ်တမ်း said...

ဟ...ကောင်လေး..ခုဘယ်နိုင်ငံမှာရောက်နေတာလဲ..၊ နိုင်ငံခြားမှာက လူတွေက ကိုယ့်အလုပ်တွေနဲ့ကိုယ်..မနဲအချိန်ယူနေရတာ..ဘလော့တွေ ကို နေ့တိုင်းတခါထည်းအပြီးဝင်ဖတ်နိုင်တာမဟုတ်ဘူး..နေ့တိုင်းတင်နေရင် တချို့post တွေ ကို ဟောင်းပြီဆိုပြီး မဖတ်ပဲကျော်သွားမှာပေါ့..ကိုယ့်မှာ ဝမ်းစာပြည့်နေရင် ရေးနိုင်အား ရှိပေမဲ့..ဝမ်းစာနဲသွားရင် ကုန်သွားရင် ရေးစရာခက်သွားမယ်..အဲဒီကြမှ forword mail ကို post လုပ်တင်လိုတင်၊ you tube က သီချင်းကို post လုပ်တင်လိုတင်..သတင်းတွေကို ရောယောင်ပြီး post လုပ်လိုလုပ်နဲ့ ဒုက္ခ များသွားမယ်၊ နဂိုကထဲက ကိုယ့်ဘလော့မှာ မူ တခုထား..ပင်ကိုယ်ရေးပဲ တင်မယ်ဆို ပင်ကိုယ်ရေးပဲတင်၊ နိုင်ငံရေး ယောင်ယောင်တွေ မညှပ်နဲံ့၊ ကဗျာလိုင်းဆိုလဲ ကဗျာ သန့်သန့်လုပ်၊ ကဗျာလိုလို စာလိုလို ရောတိရောရာတွေ မရေးနဲ့၊ ကိုယ့်စိတ်အပန်းပြေ ကိုယ်လုပ်ချင်ရာလုပ်လို့ရပေမဲ့ စာဖတ်သူကို ထည့်တွက်ရမယ်..၊ ခု ဘုရားဘုရား အော်လိုက် ခု သီချင်း ထဆိုပြလိုက်၊ ခု အဖေအမေ ရည်းစားလွမ်းလှချည့် လုပ်ပြလိုက်ဆိုရင် လာဖတ်သူက ကိုယ့်ကို ဘာကိုမျှော်လင့်ပြီးလာဖတ်ရမှန်းမသိပဲဖြစ်သွားမယ်..တပတ်ကို ၃ ခုလောက်ပဲ အများဆုံးတင်၊ အရှည်ကြီးလဲလျှောက်ရေးမနေနဲ့၊ တ်ေရတဲ့သူငြီးငွေ့တတ်တယ်..
ဘကျောက်က ဘလော့တကာကို ၂ နှစ်လောက် လည်ပြီးမှ ကိုယ့်မူ နဲ့ကိုယ်သွားဖို့ဆုံးဖြတ်တာ၊ နိုင်ငံရေးကိုတောင် သရော်တာမျိုးလောက်ရေးတာ..တစ်တစ်ခွခွ နအဖကို အပြစ်ပြော ဆဲမနေဘူး..ဘာသာရေးကတော့ လုံးဝမထိတာကောင်းတယ်..ကိုယ့်စာလာဖတ်သူတွေမှာ ဘာသာတရားပေါင်းစုံကလူတွေ လာတာ၊

yar zar said...

ဟုတ်ကဲ့ပါ အစ်ကိုရေ အခုလိုပြောပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော်က ရုရှားမှာ ကျောင်းတက်နေတာပါ ။ ကျောင်းသွားတယ် ကျောင်းကပြန်လာရင် စာကြည့်စရာရှိရင်ကြည့်တယ်။ ခေါင်းပူသွားရင် ဇာတ်ကားလေး ဘာလေးကြည့်ပေါ့။ ပြီးမှ စာရေးတာလေ။ ကျွန်တော် အခုတင်နေတာက နောက်ဆို အချိန်မရတော့လို့ပါ အစ်ကိုရာ။ (၇) လပိုင်းဆိုပြန်ရတော့မှာလေ။ အဲဒါကြောင့် ကျွန်တော် အားတုန်းလေး ရေးတင်နေတာပါ အစ်ကို။ အစ်ကိုပြောတာ မှန်ပါတယ်ဗျာ။ နောက်ဆို ညီ အစ်ကို ပြောသလို တင်ပါ့မယ်။ ကျွန်တော်က လိုင်းပူးဖို့တော့စိတ်ကူးမရှိပါဘူး အစ်ကိုရယ်။ ကျွန်တော်မွေးရပ် အကြောင်းလေးတွေတင်တယ်။ တရားသဘောဆန်ဆန်လေးတွေ ရေးတာလောက်ပဲ ရှိတာပါအစ်ကို။ ကျန်တာတော့ ဘာမှမလုပ်ပါဘူး။အခုလို ညီကို့ လာပြီး ပြောပြပေးတာ ကျေးဇူး အထူးကမ္ဘာပါ အစ်ကိုရာ။ နောက်လည်း ကြုံရင် ကြုံသလို လာလည်ပါအစ်ကို။ အစ်ကို့ကို ကျွန်တော် ဆွေမျိုးသားချင်း တစ်ယောက်လို သဘောထားပါတယ်ဗျာ။
လေးစားလျှက်
ရာဇာ(ကျေးတောသားလေး)

Post a Comment