Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Friday, March 11, 2011

ကိုယ့်ရေကိုယ်ကောင်း


တစ်ခါက ကျွန်တော်တို့ရွာမှာ ဦးဥာဏ်ဆိုတဲ့လူစ်ယောက်ရှိ
ပါတယ်။ သူက ဒေသအစွဲကြီးသူ တစ်ယောက်ပေါ့။ ဘာပဲ
ဖြစ်ဖြစ် အသေးလေးကနေ အကြီးကြီးထိကို အစွဲကြီးသူပါ။
တစ်ခါတစ်လေဆို ရွာထဲကလူတွေနဲ့ အချင်းချင်းတောင်မှ
အဆင်မပြေဖြစ်တဲ့သူဆိုလည်း မမှားဘူးပေါ့ဗျာ။ တစ်ခါက
လည်း တစ်ရွာလုံး ဘုရားပွဲမုန့် ကြော်ကြတာပေါ့။ အဲလိုကြေ
ာ်ကြကြပေမဲ့ သူတို့အိမ်က အဲဒီအချိန်ထိ မကြော်သေးဘူးေ
လ။အဲလိုမကြော်ရသေးတာကိုသိတော့ ပါတ်ဝန်းကျင်က မုန့်
တွေသွားပေးတာပေါ့။ အဲဒါကို မစားဘူးလေ။ မစားတဲ့အပြင်

 
ဘယ်သူ့အိမ်က မုန့်တွေဘယ်လောက်ပဲ ကောင်းကောင်းသူ့
အိမ်က မုန့်ကပဲကောင်းတယ်တဲ့။ ကိုင်း...အဲလောက်တောင်
အစွဲကြီးတဲ့သူပါ။ အဲလောက်တောင် အစွဲကြီးလွန်းတော့လ
ည်း လူတွေနဲ့က သိပ် အဆင်မပြေချင်ကြဘူးပေါ့ဗျာ။ အဆိုး
ဆုံးက အဲဒီလူကြီးက ဘယ်ကိုပဲသွားသွား ရေသောက်တဲ့အခါ
မှာ ရွာကရေကိုပဲ ယူသွားလေ့ရှိတယ်။ အဲလိုကြီး အစွဲကြီး
တာဆိုတော့ သူ့အကြောင်းသိတဲ့ သူတွေ အားလုံးကတော့
ပညာပေးဖို့ပဲ ကြည့်နေကြတာပေါ့ဗျာ။ တစ်ရက်တော့ အဲဒီ
လူကြီးက မြစ်နဲ့ နီးတဲ့ရွာက လူတွေနဲ့ စကားနိုင်လုကြတာေ
ပါ့ဗျာ။သူကတော့ သူ့ရွာက ရေပဲကောင်းတယ်တဲ့။ ဟိုကလူ
တွေကလည်း သူတို့ရေကကောင်းတယ်ပေါ့။ အဲလိုတွေအ
ငြင်းအခုန်ဖြစ်ကြရော။ အဲဒီလိုဖြစ်တယ်ဆိုတာကို ဦးဥာဏ်
တို့ အိမ်ဘေးက လူတွေသိသွားတာပေါ့ဗျာ။ အဲလိုသိသွား
တော့ ပညာပေးဖို့ ဆုံးဖြတ်လိုက်တာပေါ့။ မြစ်ကရေကိုယူ
ပြီး အဲဒီလူကြီးမသိတဲ့အချိန်မှာ သူတို့အိမ်က သောက်ရေအို
းထဲကို သွားထည့်ထားတာပေါ့။(သူ့အိမ်က လူတွေတော့သိ
တာပေါ့ဗျာ။ သူ့အစွဲကို ပျောက်စေချင်လို့ လက်ဝါးရိုက်ထား
ကျတာလေ။ အဲဒီလူကြီးရဲ့အိမ်ကိုလည်း ပါတ်ဝန်းကျင်ကလူ
တွေရော ၊သူနဲ့စကားနိုင်လုထားတဲ့ မြစ်ရေသောက်တဲ့မိတ်
ဆွေတွေရောပေါ့။ ဦးဥာဏ်အပြင်က ပြန်လာတော့ လူတွေ
များနေတော့ ထူးဆန်းနေတာပေါ့။ သူ့အိမ်ကိုလည်း မေးတ
ာပေါ့ လူတွေဘာလို့အဲလောက် များနေလဲဆိုတာကိုလေ။
သူအိမ်ကလည်း အဆင်ပြေသလို ဖြေထားတာပေါ့။ အဲလို
လည်းမေးပြီးရော သူသောက်ရေအိုးနားကိုသွား ရေတစ်ခွ
က်ခပ်သောက်လိုက်ပါတယ်။ သောက်ပြီးတော့ ပြုံးဖြီးဖြီးနဲ့
ပြောလိုက်တာက မြစ်ရေမကလို့ ဘာရေပဲဖြစ်ဖြစ် ကိုယ်ရေ
ကိုယ်ကောင်းတယ်တဲ့။ အဲလိုပြောတော့ ရောက်နေတဲ့သူေ
တွကလည်း ၀ိုင်းပြီးရယ်ကြတော့တာပေါ့ဗျာ။ အဲဒီအချိန်မှာ
ဦးဥာဏ်ရဲ့မိန်းမပြောလိုက်တာက “ကိုယ့်ရေကိုယ်ကောင်းမ
နနဲ့ အဲဒါမြစ်ရေတွေ...တော့အစွဲကို ပျောက်စေချင်လို့ ဟေ
ာဒီ လူတွေနဲ့ တိုင်ပင်ပြီး လုပ်လိုက်တာ”တဲ့။ အဲဒီတော့မှ ဦး
ဥာဏ်လည်း ရှက်ရမ်း ရမ်းပြီး “ငါ လျှာတွေထူနေလို့ မသိလို
က်တာ..ဘာပဲပြောပြော လျှာကောင်းရင်တော့ ကိုယ့်ရေကို
ယ်ပဲကောင်းတယ်ဟေ”့တဲ့။ ကိုင်း...အဲလောက်တောင် အစွဲ
ကြီးတဲ့ ဦးဥာဏ်ပါဗျာ။ သူငယ်ချင်းတို့တစ်တွေလည်း.. ဦးဥာ
ဏ်လို ကိုယ့်ရေကိုယ်ကောင်းတဲ့သူတွေများလား...။ အဲဒီလို
အစွဲအလမ်းကြီးမယ်ဆိုရင်တော့ ဘယ်နေရာပဲရောက်ရောက်
၊ဘယ်လူတွေနဲ့ပဲတွေ့တွေ့ လုံးဝ အဆင်ပြေမှာမဟုတ်ပါဘူး။
အစွဲအလန်းမကြီးကြနဲ့နော်....။ :)
(ကျွန်တော့်ရဲ့ ရေးသားချက်များ အဓိပ္ပါယ် မပေါ်လွင်ခဲ့ပါက
ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်းဝန်ခံ အပ်ပါတယ်
ခင်ဗျား။)
စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်
နေပါတယ်။
အားလုံးကိုကျေးဇူးတင်လျက်....
ရာဇာ(ကျေးတောသားလေး)
11.3.2011

3 comments:

ရွှေရတုမှတ်တမ်း said...

ဟုတ်ပါ့..နိုင်ငံခြားမှာ ရောက်နေတဲ့ဗမာတွေထဲမှာ ကိုယ့်ရေကိုယ်ကောင်းတယ်ဆိုပြီး အစွဲကြီးနေတဲ့သူတွေ တပြုံကြီး..

Angelhlaing(May everybody be happy and healthy! said...

အကိုရေ စာလာဖတ်သွားတယ်နော်။
အသစ်အသစ်တွေ စောင့်မျှော်နေပါတယ်လို့..။
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

ရွှေဘုန်း(စေတနာပန်းခင်း) said...

အင်း ...အတ္တလေ။ အတ္တတွေများနေလို့ လောကကြိးအရုပ်ဆိုးနေတာပေါ့။ အောင်မြင်ပါစေ။ အလင်းအိမ်

Post a Comment