Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Tuesday, March 15, 2011

တိုတိုတုတ်တုတ် ကြိုက်တဲ့ သားအဖ


တစ်ခါကတုန်းက ရွာတစ်ရွာမှာ သားအဖ နှစ်ရောက်ရှိတယ်တဲ့ဗျာ။
အဲဒီ အဖေကြီးက သားလေးကို ပညာတတ် အရမ်းဖြစ်စေချင်သတဲ့
...။အဲဒါကြောင့် ပညာတွေသင်ပေးတာပေါ့ဗျာ။ သားလေးကလည်း
ပညာပါရမီ ထူးချွန်တယ်လို့ပြောရမှာပေါ့ဗျာ။ တစ်နှစ်တစ်တန်းပုံမှ
န်အောင်ပြီး ဆယ်တန်းလည်းအောင်သွားတာပေါ့..။သားလေးဆယ်
တန်းအောင်တယ်ဆိုတော့ ဖအေ ကြီးခမြာ ၀မ်းလည်းဝမ်းသာပြီး၊ဝ
မ်းလည်း ၀မ်းနည်းရှာတာပေါ့။ ၀မ်းသာတာကတော့ တစ်ရွာလုံးမှာ

ရှားရှားပါးပါး သူ့သားလေးတစ်ယောက်ပဲ ဆယ်တန်းအောင်ထားတဲ့
လူ ရှိတာဆိုတော့လေ။ ၀မ်းနည်းတာကတော့ အဖေတစ်ခု၊သားတ
စ်ခု ရှိတဲ့ဘ၀လေးကနေ သားလေးကို တက္ကသိုလ် ပို့ရမှာဆိုတော့
သူ့အတွက် သိပ်အဆင်မပြေလှဘူးလေ။ အဲတော့လည်း ၀မ်းနည်း
တာ မဆန်းဘူးပေါ့။ ဒါပေမဲ့ သားကို ပညာတတ်စေချင်တာဆိုတေ
ာ့ တက္ကသိုလ်ပို့လိုက်တာပေါ့ဗျာ။ သားလေးကလည်း လိမ္မာရှာပါတ
ယ်။ တစ်ရက်တော့ သားဆီကို အလွမ်းပြေစာရေးတာပေါ့။ရေးထာ
းတာက ရိုးရိုးရှင်းရှင်းလေးပါပဲ။ ဖတ်ကြည့်လိုက်ကြပါအုံး...
သို့ /
“ငါ့သား အဖေစာရေးလိုက်တယ်...။ ငါ့သား နေကောင်းလား။ ကျန်း
မာရေးကိုလည်း ဂရုစိုက်။ အဖေဆီကိုလည်း စာရေးအုံး... တိုတိုတု
တ်တုတ်ပေါ့”။
ပုံ=မင်းအဖေ
အဲဒီစာက ရက်မကြာခင်မှာပဲ သားလုပ်တဲ့သူဆီကို ရောက်သွားပါ
တယ်။ သားလုပ်တဲ့သူလည်း အဖေ့ဆီက စာရောက်လာတာဆိုေ
တာ့ ၀မ်းသာအားရနဲ့ စာကိုဖောက်ဖတ်လိုက်တာပေါ့။ စာဖတ်ပြီး
တဲ့အချိန်မှာတော့ အဖေဆီကို စာပြန်လိုက်ပါတယ်။
“..............................................................................”။
အဲဒီစာကို သားလုပ်တဲ့သူက အဖေဆီပြန်ပို့လိုက်တာပေါ့။ အဖေလု
ပ်တဲ့သူကလည်း သားဆီက စာဆိုတော့ ၀မ်းသာအားရနဲ့ စာကိုဖော
က်ဖတ်လိုက်ပါတယ်။ သားရေးထားတဲ့စာက အရမ်းတိုနေတာလေ။
အဲတော့ အဖေလုပ်တဲ့သူကဖတ်ရတာ အားမလိုအားမရဖြစ်ပြီး ဘယ်
နားများ ထပ်ရေးထားသေးလည်းလို့ ရှာတော့တာပေါ့။      နောက်ဆုံး
မတွေ့တဲ့အဆုံးမှာတော့ အဖေလုပ်တဲ့သူ လက်လျှော့လိုက်ရတော့တ
ာပေါ့။ စာဖတ်ပြီး အဖေလုပ်တဲ့သူ ပြောလိုက်တဲ့စကားက “ငါ့သားက
တော့ ငါကတိုတို တုတ်တုတ်လို့ ပြောလိုက်တာနဲ့     ရေးလိုက်တဲ့ စာ
က ဒီလောက်တိုရသလားကွာ”ဆိုပြီး တောက်တခေါက်ခေါက်နဲ့ ဖြစ်
နေတာပေါ့ဗျာ။ ဇာတ်လမ်းလေးကတော့ ဒါပါပဲဗျာ။
သားလုပ်တဲ့သူ ပြန်ရေးပေးလိုက်တဲ့စာက ဘယ်လောက်တိုနေလို့မျ
ား အဖေလုပ်တဲ့သူ အားမလိုအားမရဖြစ်တာပါလိမ့်။အဲဒီ သားရေးလို
က်တဲ့ စာကလည်း အရမ်းကိုထိမိတဲ့စာလေးပါပဲ။
အဲဒါဘာဖြစ်မယ်ဆိုတာ ကွန်မန့် မှာဖြေပေးသွားကြပါအုံးဗျာ။အဖြေ
လေးကို စောင့်မျှော်နေပါမယ်။ အားလုံးကို လေးစားလျက်.............
(ကျွန်တော့်ရဲ့ ရေးသားချက်များ အဓိပ္ပါယ် မပေါ်လွင်ခဲ့ပါက
ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်း ၀န်ခံအပ်ပါတယ်ခင်ဗျား။)
စာဖတ်သူရဲ့ရင်ထဲကလာတဲ့ စကားလေးတွေကိုစောင့်မျှော်နေပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်........
ရာဇာ(ကျေးတောသားလေး)
16.3.2011


5 comments:

မြူးမြူး said...

ဟုတ်ကဲ့ တဲ့.. မှန်လား..

ရွှေဘုန်း(စေတနာပန်းခင်း) said...

နှမြောစရာကောင်းလိုက်တာ။ ကိုယ်ကဖြေမလို့ လုပ်နေတာ တစ်ယောက်က ဖြေပြီးပြီ ၊ လာလည်သွားတယ် ကျေးလက်သားလေးရေ။ အဖြေလေးလည်းပေးခဲ့တယ်။ (သူဖြေထားတဲ့အတိုင်းပဲလေ) အေးချမ်းပါစေ။

တောက်ပကြယ်စင် said...

ဟုတ်...

yar zar said...

မြူးမြူးနဲ့ ဘုန်းဘုန်း အလင်းအိမ်က မှန်တော့မှန်ချင်ပါတယ် ဒါပေမဲ့ မတိကျပါဘူးဘုရား“ကဲ့” တစ်လုံးပိုနေတပါတယ်ဘုရား။ ဘုန်းဘုန်းတောက်ပကြယ်စင်မှန်ပါတယ်ဘုရား။ သားလေး ပြန်ဖြေလိုက်တာက
{ဟုတ်}တဲ့။
အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။

Angelhlaing(May everybody be happy and healthy! said...

ဟုတ်တဲ့ ..တစ်လုံးထည်းပေါ့နော်..အဟီး
အဖေတူသားလေး....:P:P:P:P:P
အားပေးသွားလျှက်အကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။

Post a Comment