Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Tuesday, March 8, 2011

အိမ်ဝိုင်းထဲကအပင်များ(၂)


ဒီတစ်ခါတော့အိမ်ဝိုင်းထဲမှာစိုက်တဲ့အပင်များ(၂)အကြောင်းကိုရေးပါမယ်။ဘူးပင်၊ကင်းပုံပင်အကြောင်းကို
ရေးမှာဖြစ်ပါတယ်။ဘူးပင်ရော၊ ကင်းပုံပင်ရော နှစ်ပင်လုံးကအနွယ်မျိုးတွေဖြစ်ပါတယ်။စင်ခံပေးလေကေ
ာင်းလေပါပဲ။စကားပုံတောင်ရှိတယ်လေ.."ဘူးကောင်းတော့စင်ခံ၊ လင်ကောင်းတော့စံ"တဲ့။

ကျွန်တော်တို့ရွာမှာတော့အယူတစ်ခုရှိတယ်။ဘူးပင်ကိုအိမ်ဝိုင်းထဲမစိုက်ရဘူးတဲ့။ဘူးပင်စိုက်လိုက်လို့အပင်
ကအရမ်းဖြစ်ပြီး အသီးတွေအများကြီးသီးရင်လူသေတယ်လို့ပြောကြပါတယ်။တိုက်ဆိုင်မှုတွေလားဆိုတာ
တော့ကျွန်တော်လည်းမသိပါဘူး။တစ်ချို့လူမနေတဲ့ အိမ်ဝိုင်းတွေထဲမှာတော့ စိုက်ပါတယ်။လူမနေလို့လား
တော့မသိဘူး စိုက်တဲ့သူတွေဘာမှတော့မဖြစ်ပါဘူး။ လူနေတဲ့ဝိုင်းထဲမှာတော့မစိုက်ကြဘူး။"ကြောက်တ
တ်ဝန်ကင်း၊ရဲလျှင်မင်းဖြစ်"ဆိုသလိုပေါ့ ကြောက်တဲ့သူကမစိုက်၊မကြောက်တဲ့သူကစိုက်တယ်ပေါ့။


 
ဘူးပင်(ဗူးပင်)
ဘူးသီးခြောက်
ဘူးသီးကြော်



ဘူးပင်=ဘူးပင်ကအနွယ်ပင်မျိုးပါ။ ဘူးပင်အရွယ်ရောက်လို့အနွယ်ရမ်းပြီဆိုရင်ကိုဘူးညွန့်စားလို့ရပါပြီ။ အ
ညွန့်ကိုဆိတ်ပေးလေအပင်ခွလေပါပဲ။ဘူးညွန့်ကိုခူး....ခူးပြီးရင်တော့သေချာသင်ရပါတယ်။ ဘူးညွန့်ရဲ့အ
ကြားမှာပိုးတွန့်ကောင်အစိမ်းလေးတွေပါတတ်လို့ပါ။အိုးလေးထဲကိုရေထည့်၊ငါးပိလေးထည့်၊ ကြက်သွန်နီ
လေးကိုလှီးထည့်ပြီးရင်မီးဖိုပေါ်တင် အဲဒီအိုးပွတ်ပြီဆိုရင်တော့ သင်ပြီးသားဘူးညွန့်ကလေးကိုထည့်၊ကြက်
သွန်ဖြူလေးထောင်းပြီးခတ်လိုက်...ခရမ်းချဉ်သီးငါးပိချက်ရယ်၊ပဲပြုတ်ရယ်၊ဘူးရွက်ဟင်းချိုရယ်ဆိုရင်ထမ
င်းစားလို့အရမ်းကောင်းတာဗျ။ ဘူးသီးလေးသီးလာပြန်ပြီဆိုတော့လည်းအရမ်းပျော်ရပြန်တာ။ဘူးသီးကိုဆွ
တ်အခွံကိုခွါပြီးဘူးသီးဟင်းချိုချက်စားတယ်။နောက်ပြီး ဘူးသီးကြော်စားလို့လည်းကောင်းတယ်။ကျွန်တော်
တို့ဆီကြော်တဲ့ ဘူးသီးကြော်ကအရမ်းကောင်းတာဗျ။မြို့ရောက်လို့ဘူးသီးကြော်စားရင်မကောင်းဘူး။ အတွ
င်းထဲကမနပ်တနပ် အပြင်ကျတော့ကျွမ်းလို့။ အကြော်ပုံစံကျတော့လည်း ဘူးသီးမြှောင်းတစ်မြှောင်းကိုမုန့်
နှစ်ထဲအောင်းကြော်ထားတာလေ။ အဲတော့ဘယ်နပ်မလည်း။ ကျွန်တော်တို့ဆီကဘူးသီးပေါင်းကြော်ကအ
မြှောင်းသေးသေးလေတွေနဲ့လေးငါးမြှောင်းပေါင်းတာလေ။ ကျွန်တော်တို့ငယ်ငယ်ကကလေးတွေတစ်ယေ
ာက်ခြေထောက်ပေါ်တစ်ယောက်တင်ပြီးအိပ်နေပြီဆိုရင်လူကြီးတွေက "ဟဲ့..ကလေးတွေဘယ်လိုအိပ်နေ
တာလဲဘူးသီးပေါင်းကြော်ကျနေတာပဲ"လို့ပြောတတ်ကြပါတယ်။နောက်ပြီး ဘူးသီးရင့်လို့ခြောက်သွားတဲ့အ
ခါမျိုးမှာဆိုရင်တော့ မျိုးစေ့လည်းရပါတယ်။ဘူးသီးခြောက်ကိုခွဲပြီး ဘူးဒါးလုပ်ပါတယ်။(ဘူးဒါး ဆိုတာ အ
ညာက ဗိုင်းငင်တဲ့အခါ အသုံးပြုတဲ့ရစ်ရဲ့ တစ်နေရာမှာအသုံးပြုတဲ့အရာ)။နောက်တစ်ခုက ဘူးသီးခြောက်
ကိုအရင်တုန်းက ရေဗူး အဖြစ်အသုံးပြုပါတယ်။(အခုက ပလက်စတစ်ဗူးတွေပေါသည့်အတွက် မသုံးတော့
ပါ။)

ဝေေ၀ဆာဆာကင်းပုံပင်
ကင်းပုံသီးမှည့်နေပုံ
ကင်းပုံသီး

ကင်းပုံပင်=ကင်းပုံပင်ကလည်းအနွယ်ပင်အမျိုးအစားထဲကတစ်ပင်ပါပဲ။ကင်းပုံပင်တစ်ပင်လောက်စိုက်ထာ
းရင်စားရောဗျာ။ကုန်မကုန်တော့ဘူး။ကင်းပုံပင်ကနှစ်ရှည်ထားလို့ရတဲ့အပင်ပါ။ အိမ်ရှေ့တလင်းပြင်မှာစိုက်
ထားလိုက်ရင်အရိပ်အတွက်လည်းဖြစ်၊စားချင်တဲ့အချိန်မှာဆွတ်ချက်ရုံပဲဗျာ။ ကင်းပုံပင်က(၂)မျိုးရှိတာဗျ။
အချိုပင်နဲ့အခါးပင်ဆိုပြီးတော့လေ။ ဟင်းချက်စားလို့ကောင်းတာကအခါးသီးကချက်စားလို့ကောင်းတာပါ။
ကင်းပုံပင်ကအလေ့ကျပေါက်တဲ့အမျိုးအစားပါ။ တောထဲကချုံပုတ်တွေပေါ်မှာဆိုရင်ကင်းပုံသီးတွေသီးနေ
တာတိုးလို့တွဲလောင်းပါပဲ။ကင်းပုံသီးဆွတ်ရတာကလည်း အလွန်ပျော်ဖို့ကောင်းတာ။ချိတ်တောက်(ချိတ်ေ
ကာက်)လေးတစ်ချောင်းနဲ့တောထဲကိုသွားလိုက်ရင် ကင်းပုံသီး၊ကင်းပုံရွက်၊ဂုံရွက်၊ကျီးအာရွက်၊ဆူးပုတ်ရွ
က်နှစ်ရက်စာကတော့အေးဆေးပဲ...အဲဒါတောင်ခဏပဲခူးရတာ။တစ်ခါတော့ကျွန်တော်တောထဲကိုသွားရင်း
ကင်းပုံသီးဆွတ်တာပေါ့ဗျာ။ ကင်းပုံသီးကကြည့်နိုင်မှမြင်တာ ကိုယ့်မျက်စေ့ရှေ့ရှိနေပေမဲ့လည်း သေချာ
မကြည့်ရင်မမြင်ရဘူးဗျ။ ဟိုထိပ်မှာသီးနေတာက ကင်းပုံသီးအလုံးချောချောတွေ(၆)လုံးလောက်ရှိတယ်။
ကျွန်တော် ဘယ်လိုကြည့်ကြည့်အဲဒီကအသီးတွေပဲမြင်တယ်။ ကိုယ့်ရှေ့ကအသီးကိုမမြင်ပါဘူး။ ကျွန်တေ
ာ်နဲ့တူတူဆွတ်တဲ့သူက ကင်းပုံသီးတစ်ပြည်သားလောက်ရနေပြီ။ကျွန်တော်က တစ်ဗူးလောက်ပဲရသေးတ
ယ်။ကျွန်တော်ငမ်းနေတာက မမှီတဲ့အလုံးကိုလေ။အဲတော့မရတာ ဘယ်ဆန်းမလဲနော်။ကျွန်တော်ဇွဲမလျှေ
ာ့ပါဘူး.အဲဒီအသီးရရေး ချိတ်ကိုကိုင် အားနဲ့ခုန်ပြီးအသီးကိုချိတ်လိုက်တာ ကင်းပုံသီးကမပါပဲ မြွေစိမ်းမြီး
ခြောက်က ဘယ်ကပါလာတယ်မသိဘူး ကျွန်တော့်ဂုတ်ပေါ်လာကျတာ လန့်ပြီးမြွေကိုခါချပြီးပြေးလိုက်တ
ာ ဖိနပ် ကျွတ်နေခဲ့တာတောင်မသိပါဘူး။အခုစဉ်းစားမိရင် အခုဖြစ်ခဲ့သလို ကြက်သီးတောင်ထထသွားတ
ယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်အကြောက်ဆုံးကမြွေမို့ပါပဲ။ ဆင်ကြီးလာပြီးကိုင်ပေါက်မယ်ဆိုရင်တော
င်သေရုံပဲသေမှာ။ မြွေဆိုရင်တော့ မသေခင်၊မကိုက်ခင် သူ့မြင်ပြီးကိုလန့်ပြီးသေသွားနိုင်တယ်။အဲလောက်
မြွေကြောက်တာလေ။ အဲဒီအချိန်ကစပြီး တောထဲက ကင်းပုံသီးမဆွတ်တော့တာအခုချိန်ထိပါပဲ။ အိမ်မှာ
ပေါက်နေတဲ့ ကင်းပုံပင်က ကင်းပုံသီးဆွတ်ခိုင်းရင်တောင်သေချာကြည့်ပြီးမှတစ်လုံးချင်းဆွတ်တော့တာ။
ကင်းပုံသီးကချက်စားလည်းကောင်းတယ်၊အရွက်ကိုလည်း ဟင်းချိုကျိုသောက်လို့ရတယ်ဆိုတော့ အသုံး
ဝင်တာပေါ့ဗျာ။အကြိုက်ဆုံးအစားအစာထဲမှာ ကင်းပုံသီးလည်းပါသဗျို့။
(မြွေကိုမြင်ရင် ခေါင်းပုတ်လောက်ကြီးလာတတ်တာကျွန်တော်ပါ)။:(
အားလုံးကိုကျေးဇူးတင်ပါတယ်............
ရာဇာ(ကျေးတောသားလေး)
8.3.2011






6 comments:

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ့်ကြည်နုးစရာကျေးလက်မြင်းကွင်းလေးပါပဲ။
ညီမလေးလည်းကင်ပုံသီးကိုပုဇွန်ခြောက်နဲ့အမေကြော်ကျွေးတာ
သိတရသွားပြီ။:P:P
ကျေးဇူးပါအကို...
ကောင်းသောနေ့လေးဖြစ်ပါစေ။

တောက်ပကြယ်စင် said...

ဘူးသီးကို ရေဗူးလုပ်ပြီး သောက်ရတဲ့အရသာက တစ်မျိုးဗျ။ ကော်ဗူးထဲက အရသာနဲ့ ဘာမှမဆိုင်ဘူး။ အော် မနေ့က ဦးဇင်းတို့ ဘူးသီးတောင်ကြော်စားလိုက်သေးတယ်။ ပုံထဲက ရာဇာကိုယ်တိုင်ကြော်ထားတာလား အဲဒီပုံတွေထဲက တစ်ပုံနဲ့ တစ်ပုံစံတည်းဗျ။ ကြော်တတ်တဲ့ဦးဇင်းက ကြော်ပေးတာပါ။ ဦးဇင်းက ဘေးကနေ ဆားပေါ့ဆားငန် မြည်းကြည့်ပေးရုံသာ မဟုတ်ပါဘူး တန်ဆာပလာနဲ့ နယ်ထားပြီးသားကို ဒယ်အိုးထဲ ရှလောင်းရှလောင်း.....ဆိုပြီး ထည့်ပေးရသေးတယ် ရာဇာက မြွေကြောက်တယ်ပေါ့နော်။ ဦးဇင်းကတော့ မြွေဆိုရင် ကြိုက်သလောက်သာလာစမ်းပါ ထွက်ပြေးတာ တန်းနေတာပဲ အော် ရေးကောင်းကောင်းနဲ့ စာလည်း များသွားပြီကွာ ရွှင်လန်းချမ်းမြေ့ပါစေ...

အဖြူရောင်နတ်သမီး said...

မုန့်ဟင်းခါး စားနေတာ အကြော်မရှိတာနဲ့ အတော်ပဲ..၊ ဘူးသီးကြော်နဲနဲယူသွားတယ်ဗျို့..

ပေါ့ဆိမ့် said...

ဘူးသီးကြော်လေးတွေ မြင်တော့ မစားရတာကြာတဲ့ ဘူးသီးကြော်လေးနဲ့ ဘူးသီးကြော်ဆိုင်လေးကို သတိရသွားမိတယ်...

yar zar said...

ဘုန်းဘုန်းနှင့်တကွ လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေတွေအားလုံးကိုအထူးကျေးဇူးတင်လျှက်
ရာဇာ(ကျေးတောသားလေး)

SHWE ZIN U said...

ဘူးသီးကြော်လာစားသွားတယ်ဗျို့

Post a Comment