Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Monday, March 7, 2011

အမေသို့တမ်းချင်း


အမေ....
သား..အမေ့ရင်ခွင်ထဲကနေ ထွက်ခွါသွားတဲ့အချိန်ကစပြီး အမေ့ကိုအရမ်းလွမ်းတယ်အမေ။
မြို့ကြီးပြကြီးရောက်လို့ မိုးထိအောင်မြင့်တဲ့တိုက်တွေပေါ်မှာနေရပေမဲ့ အမေ့အိမ်လေးကိုလွမ်းတယ်အမေ။
မြို့ကြီးပြကြီးမှာ အစားအသောက်ကောင်းတွေစားနေရပေမဲ့ အမေချက်ကျွေးတဲ့ တောထမင်း၊တောဟင်း
လေးတွေကို အရမ်းလွမ်းတယ် အမေ။
မြို့ကြီးပြကြီးမှာ အ၀တ်အစားအကောင်းတွေဝတ်နေရပေမဲ့ အမေကိုယ်တိုက်ယက်ပေးတဲ့ ဖျင်လုံချည်နဲ့၊ဖျင်တဘက်ကိုလွမ်းတယ်အမေ။
မြို့ကြီးပြကြီးမှာ ဖုန်းကိုနှိုးစက်ပေး၊နာရီကိုနှိုးစက်ပေး၊ကွန်ပြူတာတွေနှိုးစက်ပေးနေရပေမဲ့ အမေ့ရွာကကြ
က်ဖတွန်သံကိုလွမ်းတယ်အမေ။
မြို့ကြီးပြကြီးမှာ လေပန်ကာတွေနဲ့လေတွေအေးအောင်လုပ်နေပေမဲ့ အမေ့ယပ်တောင်လေးကိုပဲလွမ်းတယ်
အမေ။


 

အမေ....
သား..အမေ့ရင်ခွင်ထဲကနေ ထွက်ခွါသွားတဲ့အချိန်ကစပြီး အမေ့ကိုအရမ်းလွမ်းတယ်အမေ။
မြို့ကြီးပြကြီးမှာ ယာဉ်မျိုးစုံအကောင်းစားကြီးတွေစီးနေရပေမဲ့လည်း အမေ့အိမ်ကနွားလှည်းလေးကိုအရမ်း
လွမ်းတယ်အမေ။
မြို့ကြီးပြကြီးမှာရနံ့ပေါင်းစုံကိုရှုရှိုက်နေရပေမဲ့သားတို့ရွာလယ်ကွင်းထဲကဖြတ်တိုက်လာတဲ့လေနုအေးလေးတွေကိုလွမ်းတယ်အမေ။
မြို့ကြီးပြကြီးမှာ သူများတွေ မိတ်ကပ်၊ရေမွှေး သိန်းကျော်တန်တွေသုံးနေတဲ့အချိန်မှာ သားကတော့အမေ့
ပါးပြင်ကသနပ်ခါးနံ့လေးကိုလွမ်းတယ်အမေ။
မြို့ကြီးပြကြီးက စက်သံတွေဆူညံနေတဲ့အချိန်မှာ အမေ့ရွာကကျေးငှက် သာရကာလေးတွေအော်နေတဲ့
အသံကိုလွမ်းတယ်အမေ။
မြို့ကြီးပြကြီးမှာ သီချင်းအကောင်းစားတွေနားထောင်နေရပေမဲ့ အမေဆိုပြတဲ့ အို...အေ့..အေ..အို ဆိုတဲ့
သားချော့တေးကိုလွမ်းတယ်အမေ။

အမေ....
သား..အမေ့ရင်ခွင်ထဲကနေ ထွက်ခွါသွားတဲ့အချိန်ကစပြီး အမေ့ကိုအရမ်းလွမ်းတယ်အမေ။
မြို့ကြီးပြကြီးမှာ လျှပ်စစ်မီးတွေထိန်ထိန်ညီးနေပေမဲ့ အမေ့အိမ်က မှိတ်တုတ်၊မှိတ်တုတ်လင်းနေတဲ့ ရေနံဆီ
မီးခွက်လေးကိုလွမ်းတယ်အမေ။
မြို့ကြီးပြကြီးမှာ ရေပူ၊ရေအေး ကြိုက်သလိုသုံးနေရတဲ့အချိန်မှာ အမေ့ရွာကရေတွင်းလေးထဲကရေနောက်
နောက်လေးတွေကိုလွမ်းတယ်အမေ။
မြို့ကြီးပြကြီးက အရမ်းကိုထည်ဝါခံ့ညားနေပေမဲ့လည်း နေကပူ၊ဖုန်ကထ၊ရေရှားတဲ့ အမေ့ရွာလေးကိုလွမ်း
တယ်အမေ။
မြို့ကြီးပြကြီးက သရီးဒီ(3D)ရုပ်ရှင်တွေခေတ်စားနေတဲ့အချိန်မှာ အမေ့အိမ်ကတီဗွီ(TV)လေးကိုပဲလွမ်းတယ်အ
မေ။

မြို့ကြီးပြကြီးမှာဘာတွေပဲလုပ်နေလုပ်နေ၊ဘာတွေပဲစားနေစားနေ သားကတော့အမေ့ရွာကအကြောင်းလေ
းတွေနဲ့ ယှဉ်ယှဉ်ကြည့်မိတယ်အမေ။ ဒီမှာ-ဘာတွေဘယ်လောက်ပဲတိုးတက်နေပါစေ...သားကတော့အမေ့
အိမ်လေးရယ်၊အမေ့ရွာလေးရယ်၊အမေ့အပြုံးလေးရယ်တော့ သားအမြဲတမ်းလွမ်းနေပါတယ်ဗျာ။
(အဝေးတနေရာမှ အမေ့ကိုရှိခိုးဦးခိုက်လျှက်)
ရာဇာ(ကျေးတောသားလေး)
7.3.2011

4 comments:

တောက်ပကြယ်စင် said...

ဘယ်တူနိုင်ပါ့မလဲ အမေ့ရင်ခွင်နဲ့ တခြားရင်ခွင်၊ ရေးတတ်ပါ့ဗျာ၊ ကောင်းလိုက်တဲ့ ကဗျာလေးပါ၊ ရွှင်လန်းချမ်းမြေ့ပါစေ...
တောက်ပကြယ်စင်

yar zar said...

ကျေးဇူးပါ ဘုန်းဘုန်းဘုရား။ နောက်လည်းလာလည်ပါအုံးဘုရား။

Angelhlaing(May everybody be happy and healthy! said...

အိမ်လွမ်းနေပါတယ်ဆိုနော်..ငိုချင်အောင်လုပ်တယ်။
အားပေးသွားတယ်အကို။
အမေအိမ်ကိုလွမ်းတာမှ...အရမ်း...
ကောင်းသောနေ့လေးဖြစ်ပါစေ။

Unknown said...
This comment has been removed by the author.

Post a Comment