Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Sunday, March 6, 2011

အညာမြေကမုန့်များ


ကျွန်တော်ကအညာသားဆိုတော့ အညာမုန့်တွေကိုအရမ်းကြိုက်တာဗျ။ မြို့ရောက်လို့အစားအသောက်ကေ
ာင်းတွေစားနေရလည်း မွေးရပ်မြေကမုန့်ကိုတော့သတိရဆဲပါပဲ။ ဘာလို့မွေးရပ်မြေကမုန့်တွေကိုကြိုက်တာ
လည်းဆိုတော့ ကျွန်တော်တို့အညာဒေသမှာ မြို့ကမုန့်တွေရှားပါးတယ်လေ။ အဲဒီတော့ကိုယ့်မှာရှိတဲ့ကော
က်ညှင်းဆန်ကိုထောင်းပြီးအမှုန့်လုပ်ထားတယ်။ ထန်းလျက်ကလည်းပေါတယ်ဆိုတော့ စားချင်တဲ့အချိန်မှာ
မုန့်မျိုးစုံလုပ်စားကျတာပါပဲ။ အညာမုန့်တော်တော်များများကကောက်ညှင်းဆန်နဲ့ထန်းလျက်ရှိရင်ပြီးပြီ။ မွေး
ကတည်းကအညာမုန့်ကိုစားပြီးကြီးခဲ့ရတာဆိုတော့မြို့ကမုန့်တွေများ တယ်ပြီးခံတွင်းမတွေ့ချင်လှဘူးဗျာ။
အညာပါးစပ်ကတော့ အညာမုန့်ပဲကြိုက်တယ်ထင်ပါ့ဗျာ။

အညာကအိမ်ထောင်ရှင်မအများစုကတော့အိမ်ထောင်မှုကျွမ်းကျင်ပိုင်နိုင်ပြီး၊ အညာအစားအစာတွေနဲ့ပါတ်
သတ်ပြီးမလုပ်တတ်တာမရှိလောက်အောင်ကိုကျွမ်းကျင်ကြပါတယ်။အိမ်မှာဆို ကျွန်တော်ကပေါက်ကရအ
စားချင်ဆုံးပဲ။ အမေ ဘာလေးလုပ်စားရအောင်ဆိုရင် အမေကနောက်ကပါပြီးသားပဲ။ထန်းလျက်ကုန်နေတဲ့
အခါမျိုးမှာဆိုရင်တော့ အမေကမုန့်ဖုတ်ကျွေးပါတယ်။ မုန့်ဖုတ်ဆိုတာ ကောက်ညှင်းမှုန့်၊ဆန်မှုန့် တို့ကိုရေ
နဲ့နယ်ပြီးမုန့်ပြားလို့ရရင်မီးကြီးပေါ်တင်ပြီးဖုတ်တာကိုပြောတာပါ အရမ်းမွှေးတယ်။ အညာမုန့်ဆိုရင်ဘာပဲဖြ
စ်ဖြစ်အကုန်ကြိုတ်တာ။


 
သာကူကျို
မုန့်ဆီကြော်
မုန့်လက်ကောက်ကြော်

"အမေဒီနေ့မုန့်တစ်ခုခုလောက်လုပ်စားရအောင်ဗျာ။အေးကောင်းသားပဲ..ငါ့သားဘာမုန့်စားမလဲပြော။ သာ
ကကျိုလုပ်စားရင်မကောင်းဘူးလား...အုန်းသီးလည်းရှိတယ်လေ။အေးကောင်းသားပဲ..ဒါဆိုအုန်းသီးခွဲထား
နှင့်အမေထန်းလျက်ရည်ကျိုရအောင်ထန်းလျက်ထုလိုက်အုံးမယ်။ဟုတ်အမေ... ထန်းလျက်ရည်ကျွန်တော်
ကျိုထားလိုက်မယ်။အမေက အရီးသန်းတို့အိမ်မှာအုန်းဂျစ်သွားငှားလိုက်နော်။သြော်..အေးအေး..အဲဒါဆိုအ
မေသွားငှားလိုက်မယ်။ မင်းအုန်းသီးခွဲပြီးရင် ထန်းလျက်ပဲထုထားလိုက် အမေပြန်လာမှကြိုမယ်"။ အမေက
ထန်းလျက်ရည်ကျိုနေတုန်း၊ ကျွန်တော်က အုန်းသီးကို ဂျစ်နဲ့ခြစ်ထားပါတယ်။ ထန်းလျက်ရည်ကျက်တော့
သာကူစေကျိုပြန်ပါတယ်။ အားလုံးပြီးပြီဆိုတဲ့အချိန်မှာတော့ သာကူစေ့ထဲကို ထန်းလျက်ရည်လေးလောင်း
ထည့်၊ အုန်းလေးဖြူးပြီးတော့သောက် အရမ်းကောင်းတာ။ကျွန်တော်စားချင်တာမှန်သမျှအကုန်လုပ်စားကြ
ပါတယ်။
မုန့်လုံး
မုန်ု့ဖက်ထုပ်
မုန့်ကျွဲသည်း
ပဲခြမ်းကြော်(ပဲကပ်ကြော်)

"အမေဒီနေ့မုန့်လုံးလုံးစားရအောင်"လို့ပြောလိုက်တာနဲ့ အမေကမုန့်မှုန့်နဲ့ဆန်မှုန့်ကိုရောပြီးနယ်တော့တာပဲ။
နယ်ရင်းတန်းလန်းနဲ့ ကျွန်တော်ကိုထန်းလျက်ထုခိုင်းပါတယ်။ပါးစပ်ကလည်း အရွယ်တော်လေးတွေထုနော်
နဲ့မှာပါတယ်။သူမုန့်မနယ်ခင်ကထဲကရေနွေးအိုးကတယ်ထားတာဆိုတော့ မုန့်နယ်ပြီး၊ထန်းလျက်ထုပြီးတာ
နဲ့ကွက်တိပါပဲ။ကျွန်တော်တို့အညာမှာ တကူးတက အုန်းသီးဖြူးမစားပါဘူး။ ဒီတိုင်းပဲစားတာများပါတယ်။
မုန့်ဆီကြော်ဆိုလည်း ကြော်လိုက်တာပဲ။ ညာတယာ ဆိုလည်းကြော်လိုက်တာပဲ။ စားချင်ရာသာပြောလိုက်
အကုန်ကိုကြော်ပေးတာ။ကုလားပဲခွေ၊ ပဲမုန့်ကြော်၊ ထိုးမုန့်၊ဘယာကြော်၊ ကုလားဗယာကြော်၊ ငါးပေါင်းကြေ
ာ်၊ဆူးပုတ်ရွက်ပေါင်းကြော်၊ပုဇွန်ပေါင်းကြော်၊မြင်းခွါရွက်ပေါင်းကြော်၊ လသာရွက်ကြော်၊ဧကရဇ်ရွက်ကြော်၊မု
န့်လက်ကောက်ကြော်၊ ထန်းလျက်အောင်းမုန့်ကြော် အိုးအစုံကိုစားရတာပါ။
ပဲမုန့်ကြော်
ထန်းသီးမုန့်
ညာတယာမုန့်
မုန့်လက်ဆောင်
ရွှေဝါကန်ဇွန်းဥပြုတ်
သဘောင်္သီးပင်မှည့်
မာလကာသီးပင်မှည့်
ပိန်းဥ
ပဲမြစ်
သြဇာသီး
မုန့်ပြားသလက်(ဘိန်းမုန့်)
ထန်းလျက်
မြေပဲပြုတ်

အကြော်မဟုတ်တဲ့ဟာတွေလည်းပေါပါတယ်။ ပြောင်းဖူးပြုတ်၊ပြောင်းဖူးဖုတ်၊ ထန်းပင်မြစ်ဖုတ်၊ ပဲမြစ်ပြုတ်
၊ပိန်းဥပြုတ်၊မြေပဲလှော်၊ မြေပဲပြုတ်၊ ပဲလှော်၊ပဲကြီးလှော်၊ ကုလားပဲလှော်၊ကန်ဇွန်းဥပြုတ်၊ပဲစိမ်းစားဥ.....
...အဲလိုမျိုးဟာတွေကလည်းရာသီအလိုက်ပေါပါတယ်။ မုန့်ကျွဲသည်း၊ပေါက်ပေါက်ဆုပ်၊မုန့်လေပွေ၊ လေ
ပွေသီး၊ထန်းသီးမုန့်၊ မုန့်ဖက်ထုပ်၊ မုန့်ပေါင်း၊ မုန့်ပြားသလက်၊ တို့ဝူးသုပ်၊မုန့်ဟင်းခါ(လက်သုပ်ကိုခေါ်သည်
)၊ခေါက်ဆွဲသုပ် စတဲ့ဟာတွေလည်းပေါပါတယ်။ဆီးယို၊ ဖယုံယို၊ ကြံသကာ၊ထန်းလျက်၊ ထန်းလျက်ဖြူဆုပ်၊
မုန့်ကြွပ်၊ကုလားပဲချောင်း၊မုန့်ပဲဆုပ် စတဲ့မုန့်တွေလည်းပေါမှပေါ။အသီးအနှံတွေဆိုရင်လည်း အိမ်ထဲမှာစိုက်
ထားတာရော၊တောမှာစိုက်ထားတာရော အမုန်းဆွဲရုံပါပဲ။ သရက်သီး၊မာလကာသီး၊သင်္ဘောသီး၊ရှောက်သီး၊
ဖရဲသီး..စတဲ့ဟာတွေပေါ့။အညာမှာမုန့်တွေကအဲလောက်ပေါတာဆိုတော့ အညာမုန့်ကိုစားပြီးကြီးခဲ့ရတဲ့ကျွ
န်တော်ကတော့ အညာမုန့်ကြိုက်တာမဆန်းလောက်ဘူးထင်ပါတယ်နော်။အညာကလူတွေကို ဟမ်ဘာကာ
တို့၊ဂျေဒိုးနပ်တို့ သွားပြောကြည့်ပါလား သိမှာတောင်မဟုတ်ဘူး။ ကြားဖူးရုံလောက်တော့ ကြားဖူးကြပေမ
ပေါ့။ ကျွန်တော်လည်း အညာသွေးကအပြည့်ပါတာဆိုတော့ ဟမ်ဘာကာကိုမကြိုက်ဘူးဗျ။ အညာသား
တွေကြိုက်တာက ချိုလို့လဲသွားရင်လဲသွားပါစေ။ အဲလိုချိုတဲ့မုန့်တွေပဲကြိုက်ကြတာ။ မြို့ရောက်လို့လဘက်
ရည်သောက်တယ်ဆိုရင်တောင် ကျောက်ပန်းတောင်းတစ်ခွက်၊ ဂိတ်ဆုံးတစ်ခွက်၊ ချိုပစ်တစ်ခွက်လို့မှာတ
က်ကြတဲ့သူတွေလေ။အဆုံးသတ်ရရင်တော့ အညာသားများအချိုကြိုက်ကြ၏ပေါ့။
(ဒီပို့စ်ကလေးကိုဖတ်လိုက်လို့ စာဖတ်သူအညာကမုန့်တွေအကြောင်းသိသွားတယ်ဆိုရင် ကျွန်တော်အရမ်း
ကိုကျေနပ်မှာပါ။)
အဆိုးအကောင်း၊အကျိုးအကြောင်းလေးတွေကိုအကြံပြုချင်တယ်ဆိုရင်တော့ စီဘောက်(သို့)ကွန်မန့်မှာ
အော်သွားကြပါအုံးဗျာ။
အားလုံးကိုကျေးဇူးတင်ပါတယ်........................
ရာဇာ(ကျေးတောသားလေး)
6.3.2011


















7 comments:

မေသိမ့်သိမ့် ကျော် said...

ထန်းသီးမုန့်က အညာမှာ အဖြူရောင်လားဟင်။ ကျွန်မက အဝါပဲ စားဖူးတယ်။ အရမ်းကြိုက်တဲ့ မုန့်မို့ စိတ် ဝင်စားလို့။ ရန်ကုန်မှာ အလုပ်လုပ်တော့ ထန်းသီးမုန့်ကို သံလျင်အထိတောင် မှာစားတတ်တယ်။ ရန်ကုန်ရောက်မှ စားဖူးတာပါ။း) ညာတရာမုန့်ဆိုတာ မုန့် စလင်းထောင့်နဲ့ တူမယ်ထင်တယ်နော်။ အညာက ကထိန် သွားလည်တုန်းက စားဖူးတယ်။း) သင်္ဘောသီးပင်မှည့်ကတော့ တကယ်ချိုတယ်။ အဲတာကို အတော်အမှတ်ရတာရှင့်။ သူမျာအိမ်မှာ ဧည့်သည်သွားလုပ်တုန်းက အဲဒါပဲ ပြောပြောနေလို့ လားတော့ မသိဘူး။ ပြန်လာတော့ သင်္ဘောသီးမှည့်တွေ အတင်းပေးတဲ့အပြင် အညာကလူကြုံလာတော့ သင်္ဘောသီးမှည့်တွေ ထည့်ပေးလိုက်တယ်။ အမယ် မဆိုးဘူးရှင့်။ ရန်ကုန်ရောက်လာတာတောင်မှ ပျော့မသွားဘူး။ သဘာဝ အမှည့်မို့လို့လား မသိဘူး။ ရန်ကုန်က သင်္ဘောသီး မှည့်လို့ ဒီနေ့ မခွဲမိတာ နောက်နေ့ ပျော့သွားတယ်။ ဆေးတို့ထားတယ်ထင်တယ်။ အညာက ပင်မှည့်လောက်မချိုဘူး။ ကျွန်မ တို့ ရှမ်းပြည်မှာ သင်္ဘောသီးမှည့် သိပ်မစားဖြစ်ဖူး။ အေးလို့လေ။ သင်္ဘောသီးနဲ့ ပတ်သက်ရင်တော့ ယိုးဒယားသင်္ဘောသီးထောင်းပဲ စားကြတာ များတယ်ရှင့်။ ကြိုက်တာလေးတွေ ရွေးပြီး စားသွားကြောင်း....း)

yar zar said...

ထန်းသီးမုန့်က အဖြူလည်းရှိပါတယ်။အ၀ါလည်းရှိပါတယ်။ ညာတယာကအခေါ်မတူတာဖြစ်နိုင်ပါတယ်ဗျာ။ မြို့ကအသီးတွေကဆေးတို့တာတွေများတယ်။ပင်မှည့်သီးကတော့အရမ်းချိုတာပေါ့ဗျာ။ လာလည်တာကျေးဇူးပါနော်။

ရွှေရတုမှတ်တမ်း said...

ကိုင်း...ဆမိတ်ခုံသားရာ..
အညာမုန့်ထဲမှာ မုန့်ပေါင်းပုံ ပါမလာပါ့လား...
အလယ်ကပဲစေ့လေးနဲ့ စားလို့ကောင်းတဲ့မုန့်ပေါင်းရယ်...
မုန့်ပစ်သလက်ရယ်ကို အကြိုက်ဆုံး.....

yar zar said...

ဟုတ်တယ်အစ်ကိုရေ ပုံရှာမတွေ့လို့ဗျ...:)

Sint Si said...

If I could I would run back to Burma and eat all that yummy snacks.

ma yu said...

မုန့် သြ ဇာတော့မေ့ထားခဲ့တယ်ပေါ့လေ။ ပြီးတော့ မုန့် မရွေးရော။ စကားမ
စပ် ပွင့်ဖြူမြို့ မှာ နာမည်ရတဲ့ မရွေးမုန့် ရှိတယ်။ တော်တော်လဲကောင်းပါတယ်။ မြို့ ပြန် လက်ဆောင်ပေး ကြတယ်။ တပင်တိုင်မုန့် ဟင်းခါးအကြောင်းမေးထားတာ မမေ့နဲ့ နော်။

yar zar said...

ဟုတ်ကဲ့ပါ မမယုရေ...မုန့်သြဇာက ပုံရှာမတွေ့လို့လေ..စာရေးထားတာ
တော့ ပါပါတယ်.. ကုလားပဲခွေဆိုပြီးလေ..။ မရွေးတို့ ၊ မုန့်ကြွပ်တို့လည်း
ကောင်းတယ်နော် အစ်မ..။ တပင်တိုင် မုန့်ဟင်းခါးအကြောင်း နောက်ရက်
ကျ ရေးတင်ပေးပါ့မယ် အစ်မ။ သိပ်တော့ မကျွမ်းကျင်ဘူးပေါ့..
လာလည်တာ ကျေးဇူးနော် မမယု

Post a Comment