Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Thursday, February 17, 2011

သရက်ပင် ၏ ကိုယ်ရေးရာဇ၀င်


အရင်နေ့ က မန်ကျည်းပင် ၏ အသုံးဝင်ပုံများ ဆိုတဲ့ ပို့ စ်ကို ရေးသားပြီးဖြစ်ပါသည်။ အဲဒီပို့ စ် တင်ပြီးတဲ့အချိန်မှာတော့မန်ကျည်းရွက်ကိုလွမ်းနေကြတဲ့ရောင်းရင်းတွေအမြောက်အများရှိနေတယ်ဆိုတာကို
သိလိုက်ရပါတယ်...။ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်လွမ်းနေတဲ့သူ ဖြစ်တဲ့အတွက် ရောင်းရင်းများရဲ့ ဆန္ဒ ကို မဖြ
ည့်ဆီးပေးနိုင်တာ ကျွန်တော် လုံးဝ စိတ်မကောင်းပါဘူးခင်ဗျာ...။ တစ်ခုတော့ရှိပါတယ်အညာကို ရောက်အော
င်လာခဲ့ကြပါ မန်ကျည်းရွက်ကို အမုန်း ကျွေး လွှတ် နိုင်တယ်ဆိုတာကိုတော့ ကတိပေးနိုင်ပါတာယ်ခင်ဗျာ...။
ယခု တစ်ပါတ် အလှည့်ကြလာတဲ့ အပင်လေးရဲ့ နာမည်ကတော့ သရက်ပင်ပဲ ဖြစ်ပါတယ်...။ သရက်ပင်လို့ပြေ
ာလိုက်တာနဲ့ ကျေးလက်မှာ နေထိုင်သူရော ၊ မြို့  ပြမှာ နေထိုင် တဲ့ ကလေး မှ အစ လူကြီးအဆုံး သိကြပြီးဖြစ်
လိမ့်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ...။ ဒီတစ်ခါတော့ အစေ့ ဘ၀ မှ အပင်အိုကြီး ဖြစ်တဲ့အထိ အစိတ်
ပိုင်း အားလုံး ကို သိသမျှ တင်ပြပေးမှာ ဖြစ်ပါတယ်...။
အပင်များ တွင် ပျိုးရသော အပင်နှင့် ၊ မပျိုး ရသော အပင်ဟူ၍ နှစ်မျိုး ရှိပါတယ်...။ ပျိုးရတဲ့အပင်
ဆိုတာက လူအများ စားသုံးနေတဲ့ အပင်များနှင့် ပန်းပင်အမျိုးအစား အများစုတို့ ဖြစ်ပါတယ်...။ မပျိုးရတဲ့ အပင်
ဆိုတာကတော့ အလေ့ကျပေါက်တဲ့ အပင်တွေပေါ့... ဥပမာ တမာ ၊ ကုက္ကို ၊ ဆိပ်ဖြေ (ဘောစကိုင်း၊ ဝေရာ)
စတဲ့ အပင်တွေလေ...။ အဲဒီအထဲမှာမှ ပျိုးရတဲ့အပင် တစ်ပင်ဖြစ်တဲ့ သရက်ပျိုးပင် အကြောင်းကို ပထမဆုံး ပြော
ပြချင်ပါတယ်...။ သရက်ပင်ကို အမျိုး အစား အလိုက် ပျိုးကြပါတယ်...။ စိန်တစ်လုံး၊ ဟင်္သာ ၊သုံးလုံးတစ်တောင်၊
မချစ်စု ၊ သံကောက် ၊ ဘဲလေး ၊ပန်းဆွဲ ၊ ၀ါဆိုသီး ၊ မျောက်ခေါင်း ၊ ဗိုလ်အောင်ဒင် ၊ ရန်ကြီးအောင် စတဲ့ အမျိုး
အစားတွေပေါ့...။ ဒါပေမဲ့ အခြား ပျိုးပင်နဲ့ မတူပဲ သရက်စေ့ဟာ နေရာတိုင်းမှာ ပေါက် ရောက်ဖြစ်ထွန်းပါတယ်။
သရက်သီး စားပြီး လို့ အစေ့ကို ပစ်ထား လိုက်ရင် မိုးရာသီ (သို့) ရေနဲ့ ထိ တဲ့ အစေ့ တွေက အပင်ပေါက်စေ
ပါတယ်...။ တကူးတက ပျိုးစရာမလိုပါ...။ အဲဒီ အချက်ကိုတော့ အရမ်းသဘောကျပါတယ်...။

အပင်လေး သူ့ အလိုလို အရွယ်ရောက်လာပြီး အရွက် ဆင့်တဲ့အရွယ်ရောက်မှ စိုက်မဲ့နေရာကို ရွှေ့
လိုက်တာပါပဲ...။ သရက်ပင်လေး ပန်းပြချိန် ရောက်လို့မှ ပန်းမပြဘူး ဆိုရင်တော့ ကျွန်တော်တို့ အညာဓလေ့အ
တိုင်း အဲဒီအပင်လေးကို အထက်ဆင်ပါတဲ့ မိန်းမလုံချည်ကို ပတ်ပေးပါတယ်...။ အဲလို ၀တ်ပေးလိုက်ရင် နောက်နှ
စ် ကျ ပန်းပြပါတယ်....(ပန်းပြတယ်ဆိုတာ အပွင့်စပွင့်တာကို ဆိုလိုတာပါ)။ “ ပိန္နဲ ခဲ ပစ်၊ သရက် ဓါးထစ် “ဆိုတဲ့
ပုံခိုင်း အတိုင်း အရွယ်ရောက်ပြီးသားအပင်ကိုတော့ တန်ဆောင်မုန်းလပြည့်နေ့ ခြင်ထုတ်တဲ့အချိန်မှာ အသီး
များများ သီးဖို့ အတွက် သရက်ပင်၏ ပင်စည်ကို ဓါး ၊ ပုဆိန် ၊ ပေါက်ချွန်း စတဲ့ အရာတွေ နဲ့ ထစ်ပေးပါတယ်...။
ပိန္နဲ အသီးများများ သီးစေချင်ရင်တော့ ခဲ နဲ့ ပစ်ပေးရပါတယ်...။ (ခြင်ထုတ်တယ်ဆိုတာ အိမ်ထဲမှာ ရှိတဲ့ ခြင်တွေ
အဝေးကို ပြေးအောင် တန်ဆောင်မုန်းလပြည့်နေ့ ညနေခင်းမှာ တစ်ရွာလုံး တစ်အိမ်မကျန် သံပုံးကိုတီး အိမ်တွေ
ရိုက်ပြီး အသံဆူညံအောင်ပြုလုပ်ခြင်းကိုခေါ်ပါသည်...)။ အဲဒီဟာတွေကတော့ အညာရဲ့ အလေ့အထ ဓလေ့တစ်
မျိုးပဲ ဖြစ်ပါတယ်...။ အဲဒီလို ပြုလုပ်ပြီး မကြာပါဘူး ... ပြာသိုလ် အကုန် တပို့တွဲ အကူးမှာတော့ အချို့အပင်တွေ
က စပြီး ပန်းပြ ပါတယ်...။ ပုရစ်ဖူး လေးတွေကနေ တဖြည်းဖြည်း အဖူးပုံစံကို ပီပြင်လာပါတယ်...။ တပို့ တွဲလပြ
ည့်လောက် ရောက်ပြီဆိုရင်တော့ အပင်တိုင်းက အငုံ ၊ အဖူး ၊ အပွင့်တွေ နဲ့ ဝေေ၀ဆာဆာနေပါတယ်...။ သရက်
ဖူး တွေနဲ့ အပြိုင် အရွက်နုလေးတွေလည်း အနည်းငယ် ရှိနေတတ်ကြပါတယ်...။


သရက်အဖူးတွေကြားက သရက်ကင်းများ

အဲဒီအချိန်ရောက်ပြီ ဆိုရင်တော့ ထမင်းစားလို့ ကောင်းပြီး ထမင်းစား လို့ အရမ်း မြိန်ပါတယ်... ။ ငါးပိ
ရည်လေးကျို ၊ ပဲဆို လေးပြုတ်( ပဲဆို ဆိုတာ မြို့အခေါ် ပဲစိမ်းပါ)၊ ဗူးရွက် ဟင်းချိုလေးချက်၊ အတို့အမြှုတ်ကတေ
ာ့ ရာသီစာဖြစ်တဲ့ သရက်ညွန့် ရေစိမ် ၊ သရက်ဖူး လေး အရမ်း စားလို့ ကောင်းပါတယ်...။ မစားဖူးသေးရင် အဲဒီ
ဟင်း လေးတွေ အစမ်းချက်စားကြည့် ကြပါ...။ လျှာ လည် မသွားဘူး ဆိုရင် ကြိုက်သလော ပြောနိုင်ပါတယ်...။
အဲဒီ အဖူးလေးကနေ ပန်းပွင့် ၊ ပန်းပွင့်ကြားကနေ အသီးနုလေး တွေ ကပ်လာပါတယ်...။ အသီးနုလေးတွေစားလို့
ရတဲ့အရွယ် (သရက်ကင်း) ရောက်လာရင်တော့ တစ်ခါ ပျော်ရပြန်ပါတယ်...။ ဘာလို့လည်း ဆိုရင် သူကလည်း ရာ
သီ စာ အတို့အမြှုတ်ပဲလေ...။ လေကြွေ သရက် ကင်းလေးတွေ ကိုကောက် ပြီးရင် ရေဆေးပြီး အစိမ်းလိုက်လည်း
တို့ပါတယ်...နောက်ပြီး သရက်သီး ဆားရေစိမ်လည်းလုပ်ပါသေးတယ်... (သရက်သီး ဆားရေစိမ်ဆိုတာ သရက်
သီး အကင်းလေးကို ရေဆေးပြီး ဓါးနဲ့ ခြမ်းလိုက်ပါတယ် ... အစေ့လေးတွေမပါအောင် ကောက်ပြစ်ပါ...နောက်ပြီး
ဆားလေးနဲ့ အင်တုံ(အင်တုံဆိုတာ မြေနဲ့ လုပ်ပြီး စဥ့်သုပ်ထားတဲ့ ခွက် ကိုပြောတာပါ... ) ထဲကို ထည့်ပြီး စိမ်ထား
လိုက်ပါ...)...။ အဲဒါတွေကတော့ ငါးပိရည်ဖျော်နဲ့ အလိုက်ဖက်ဆုံးပေါ့...။


သရက်ကင်းများ

တစ်လ ကျော်ကျော်လောက်ကြာတဲ့အခါ မှာတော့ သရက်ကင်း အဖြစ်မှ သရက်သီး အစေ့ကပ်ချိန်ကိုရော
က်လာပါတယ်...။ သရက်သီး အစေ့ကပ်ချိန် မှာတော့ အတို့ အမြှုတ် လုပ်ပြီး မစားတော့ပါဘူး ။ သရက်သီးကို ခူး
ပြီး ရေဆေးပါတယ်... သရက်သီးရဲ့ မျက်နှာပြင် နှစ်ခုလုံးကို ဓါးနဲ့ စောင်းပြီး လှီးပါတယ် ... ပြီးရင် ဆားနဲ့ နယ်ပြီး
သရက်သီး ပိုးတီချဉ်လုပ်ပါတယ်...။ နပ်အိသွား တဲ့အချိန်မှာတော့ ကြက်သွန် နီကို ပါးပါးလှီး ရေဆေးပြီး သုပ်စားရင်
အရမ်းကောင်းပါတယ်...။ အဲဒါကိုတော့ လူတိုင်းစားဖူး မယ်ထင်ပါတယ်...။ သရက်သီး ရွမ်းပြင်း ဖြစ်လာတဲ့အချိန်မှာ
တော့ ပိုးတီချဉ်မလုပ်တော့ပါဘူး...(ရွမ်းပြင်း ဆိုတာ သရက်သီးမမှည့်ခင် အစိမ်းရောင် သရက်သီး အရင့်ကို ဆိုလို
သည်..)။ အဲဒီရွမ်းပြင်း ကို သရက်ကင် လုပ်တဲ့နေရာ မှာ အသုံး ပြုပါတယ်... မြို့ စကားနဲ့ ပြောရရင်တော့ သရက်
ကင်ချိုချိုလေးပေါ့...။ သရက်ကင် ကို ဆားနဲ့ တို့ ပြီးစားရတဲ့ အရသာကို အရမ်းကြိုက်ပါသည်...။ နောက်ပြီး အဲဒီ
ရွမ်းပြင်းကို နောက်တစ်မျိုး လုပ်စားပါသေးတယ်...။ သရက်သီးကို ရေဆေးပြီး ဓါးနဲ့ ခပ်နုတ်နုတ် ပေါက် (သို့) ဂျစ်
နဲ့ ခြစ်ပြီး သရက်သီးလည်း သုပ်စားကြပါသေးတယ်...။ သရက်သီးသုပ်ဆိုတာက ဓါးနဲ့ ပေါက် လို့ ရလာတဲ့ အဖတ်
လေးတွေကို ပန်းကန်ထဲ ထည့် မြေပဲလှော်ပြီးသားထောင်း ၊ ကြက်သွန်ကို နုတ်နုတ်လှီး ၊ ငါးပိကို ဖုတ်ပြီးထည့် ၊ငရု
တ်သီးလေးများများ ထည့်၊ ကျန်တာက ဆား နဲ့ အချိုမှုန့် ၊ ဆီ အနည်းငယ်ထည့်ပြီး နယ်လိုက်ရင် သရက်သီးသုပ်ဖြစ်
ပါတယ်...။ အထူးသဖြင့် သရက်သီးသုပ်ကို ရေနွေးကြမ်းနဲ့ အမြီး လုပ်ပြီးစားပါတယ်...။ နောက်ပြီး ပိုးတီချဉ်နဲ့ အလ
ားတူ သရက်ချဉ်လည်းလုပ်ပါသေးတယ်...။ အရမ်းစားကောင်းတဲ့ ဟာတွေပေါ့...။


သရက်သီး ပိုးတီ


သရက်သီး ပိုးတီချဉ်သုပ်

သရက်သီးရွမ်းးပြင်း


သရက်သီးသုပ်


သရက်ချဉ်သုပ်နဲ့ တွဲစားဖို့ ငါးပိရည်ဖျော်


သရက်သီးမှည့်

ဝါဆို၊ ၀ါခေါင် ရေဖောင်ဖောင်ဆိုတဲ့ အချိန်ကိုရောက်ရင်တော့ သရက်သီးများ စပြီး မှည့်ပါပြီ...။ သရက်သီး
အမှည့်ကြောင်းကိုတော့ အထူးပြောစရာလိုမည်မထင်ပါ...။ ဒါပေမဲ့ အနည်းငယ်ပြောပါအုံးမည်...။ သရက်သီး အမှည့်
ကတော့ သရက်အမျိုး အစားပေါ်မူတည်ပြီး စားကောင်းတာ ရှိသလို၊ စားမကောင်းတာတွေလည်းရှိပါတယ်...။ အချို့
ကအခွံ ပါး ၊ အချို့က အခွံ ထူ၊ အချို့က အမွှေးပေါ ၊ အချို့ က အနံ့နံတာတွေလည်းရှိပါတယ်...။ ကျွန်တော်ကတော့
စိန် တစ်လုံးသရက်ကို အရမ်းကြိုက်ပါတယ်...။ ဘာလို့လဲဆိုတော့ အဲဒီအသီးက အခွံပါးပြီး အသားထူ ၊ အမွှေးအမျှင်
နဲပြီး အနံ့ မွှေး အရသာကတော့ (ဗိန္နရ သရက်ကို မစားဖူးလို့သာ) စားဖူးမယ်ဆိုရင်တော့ ဘယ်အသီးက တစ်ဖြစ်မ
ယ်ဆိုတာ ကျွန်တော်ခွဲခြမ်းပြီးပြောနိုင်မှာပါ...။ သူငယ်ချင်းတို့လည်း ဘယ်သရက်သီးကို အကြိုက်ဆုံးလည်းဆိုတာ စီ
ဘောက်မှာ အော်သွားကြပါအုံးဗျာ.... ။ ဒီပို့စ် ကလေးကို ကျေနပ်နိုင်ကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်...။
ဒီပို့ စ်ကလေးထဲက ဗဟုသုတ အနည်းငယ် ရသွားကြမယ်ဆိုရင် အပျော်ဆုံးလူဟာ ကျွန်တော်ဖြစ်ပါလိမ့်မယ်ဗျာ...။

သူငယ်ချင်းအားလုံး စာဖတ်ပြီးရင် သရက်သီးလေးတွေ ကို သုံးဆောင်သွားပါအုံးဗျာ...။

***(မှတ်ချက် အခြားအပင်များ အကြောင်းကို ဆက်လက်ရေးသားပါအုံးမည်...။)***

သူငယ်ချင်းတို့ အသိကို သတိ နဲ့ ကပ်နိုင်ကြပါစေ...

ရာဇာ(ကျေးတောသားလေး)
18.2.2011

1 comments:

Unknown said...

စိန်တစ်လုံးသရက်စိုက်မလို့
ဘယ်လမှာမြေချစိုက်ရ
င်ကောင်းမလဲ
အကြံပေးပါဦး

Post a Comment