Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Friday, February 18, 2011

ဆင်ခြေပေး တဲ့ ပါးစပ်

အပင်တွေ အကြောင်းကြည့်ဖတ်နေရတာ ငြီးငွေ့ပြီး ပျင်းနေမှာဆိုးလို့ ဒီတစ်ခါတော့ ကျေးလက်
က ဟာသလေးအကြောင်းကို ဖောက်သည် ချအုံးမယ်ဗျ...။

ဖြစ်ပုံက ဒီလိုပါ...။ရွာနာမည်တော့မပြောတော့ပါဘူး...။ အဲဒီရွာမှာ အသက်(၄၀)ကျော်လင်မယ
ားစုံတွဲ တစ်တွဲရှိပါတယ်...။ ဦးမွှေးနီ နဲ့ ဒေါ်ချည် တဲ့...။ သူတို့ လင်မယားက ရွာရဲ့ အဓိက အချက်အချာ
ကျတဲ့ ရွာအ၀င်တံခါးပေါက်ဘေးက အိမ်မှာနေပါတယ်...။ တစ်ရက်မှာတော့ ဦးမွှေးနီက မိန်းမရေ ငါယာ
ခင်းထဲ ခဏသွားအုံးမယ်...။ အင်းပါတော် သွားသွား ကျုပ်လည်း ထမင်းဟင်းချက်အုံးမယ်...။အေးအေးငါ
သွားပြီ...။ ဒီလိုနဲ့ ဦးမွှေးနီ တစ်ယောက် ယာခင်းကိုရောက်သွားတာပေါ့...။ ယာခင်းကို ရောက်သွားတော့
ခွေးအ(ရိုးရိုး ခွေးမဟုတ်ပါ) ခြေရာတွေကို တွေ့ပါတယ်..။ခွေးအတွေက စိုက်ထားတဲ့ပြောင်းဖူး ခင်းကပြေ
ာင်းဖူးတွေကို အမြဲလိုလို လာ လာပြီးဖျက်ဆီးတာပေါ့...။ ဦးမွှေးနီလည်း တော်တော် စိတ်ဆိုးသွားပြီး နော
ရက် ညမှာ သွားဖမ်းမယ်ဆိုပြီး အိမ်ကိုပြန်လာခဲ့ပါတယ်....။ ဦးမွှေးနီက အရမ်း သတိမေ့တတ်တယ်လေ
...။ အိမ်ကိုပြန်ရောက်တော့ မျက်နှာက စူပုတ်နေတာပေါ့...။ သူဘာဖြစ်လာတယ်ဆိုတာကို သူ့မိန်းမကမ
သိဘူးလေ ...။ အဲဒါနဲ့ ကိုမွှေးနီ တော် ဘာဖြစ်နေတုန်း ပြန်လာကထဲက မျက်နှာက မကောင်းပါလား...။



အဲဒီတော့မှ သူဘာဖြစ်လာလည်း ဆိုတာကို ပြန်စဉ်းစားပြီး ... သြော်သိပြီ မိန်းမရေ ငါသတိရပြီဟ...ငါတို့
ပြောင်းဖူးခင်းကို ခွေး အ ကိုက်တယ်ကွာ ရ စရာကို မရှိဘူး...။ အဲဒီ ခွေးကို စိတ်တို လာလို့ပါကွာ...။ ညေ
န မိုးချုပ်ရင် ငါ့ကို သတိပေးပါအုံးဟ... ငါ သွားချောင်းစမ်းမလို့...။ အင်းပါ တော် အင်းပါ...။ညနေရောက်
တော့ ကိုမွှေးနီ မိုးချုပ်ပြီ... တော် ခွေး အ သွားချောင်းမယ်ဆိုရင် သွားဖို့ ပြင်လေ...။ သြော် အေးဟ ဟုတ်
ပေသားပဲ ... ငါကလည်း အရမ်း မေ့တတ်တယ်ကွာ...။ ငါသွားမယ်နော်....အင်းပါတော် အင်းပါ သွားသွား“
...။ ဦးမွှေးနီ လည်း ယာခင်းနား ရောက်သွားတယ် ... ဘာ ခွေးအ မ မရှိဘူး....။ ခဏစောင့်မယ်ဆိုပြီး ခပ်
လှမ်းလှမ်းကနေ ချောင်းနေလိုက်တယ်။ နဲနဲ မှောင်သွားတော့ ခွေး အ သုံးကောင်ရောက်လာတယ်...။ အဲ
ဒီတော့ သူ ခွေးအကို သတ်ဖို့ လက်ကို မြှောက်လိုက်မှ ဘာပစ္စည်းမှ မပါဘူးဆိုတာ သူသိသွားပါတယ်...။
ဦးမွှေးနီလည်း ခွေး အ တွေ မသိအောင် အိမ်ကို အမြန်ပြေးလာခဲ့ပါတယ်...။ ပြေးရင်းတန်းလန်း သူ့ရဲ့ ပုဆိုး
(အညာအခေါ် လုံချည်) က ပြဲသွားပါတယ် ... ပြဲတာမှ ၀တ်မရအောင်ကို ပြဲသွားတာပါ မှောင်ကလည်းမှေ
ာင် လူကလည်း မရှိတော့တဲ့ အချိန်ဆိုတော့ ဦးမွှေးနီလည်း မထူးတော့ဘူးဆိုပြီး ပြဲနေတဲ့ ပုဆိုးကို လည်ပင်
းရောက်ပြီး ပြေးပါတယ်... ။ ပုဆိုးမပါတော့ ခင်ဗျား တို့လည်း စဉ်းစားကြည့်ပေါ့...ဘယ်လိုဖြစ်မယ်ဆိုတာကို
...။အိမ်လည်းရောက်ရော ဦးမွှေးနီ အရမ်းကိုမောနေပါတယ်... ။ မောနေတဲ့ ကြားကနေ ဦးမွှေးနီ အသံ
ကျယ်ကြီးနဲ့ အော်လိုက်ပါတယ်...။ “မိန်းမရေ လုံချည် လှံပေး ဟ လုံချည် လှံပေး... ထပ်အော်လိုက်ပြန်ပါ
တယ် မိန်းမရေ လုံချည် လှံပေး ဟ လုံချည် လှန်ပေး....။သူပြောလိုက်တာက မိန်းမရေ လုံချည် နဲ့ လှံပေး
လို့ ပြောလိုက်တာပါ။ မိန်းမကလည်း အားကျမခံ ပြန်အော်လိုက်ပါတယ်.. တော်ဘာဖြစ်နေတာတုန်း ခုနှစ်
အိမ်ကြား၊ ရှစ်အိမ်ကြားအသံကြီးနဲ့ ၀င်ခဲ့လေတော် ဒီက ပြီးနေတာကြာပြီတော့ လို့ပြောလိုက်တော့ ယော
က်ျားလည်း အိမ်ထဲကို ၀င်ကြည့်လိုက်ပါတယ်...။အဲဒီအချိန်ကျမှ ဦးမွှေးနီ ခင်ဗျာ ငိုရမလို ၊ ရယ်ရမလို ဖြစ်
သွားပါတယ်...။ ဒေါ်ချည်က “တော် လုံချည်လှံပေးဆိုလို့ ဒီမှာ....... စကားပြောလို့မှ မဆုံးခင် ဦးမွှေးနီပြောလို
က်တာက ငါ ကခွေးအ သတ်ဖို့ လှံ မေ့နေခဲ့လို့ လှံ တောင်းတာကွ မင်းက မဟုတ်တာတွေ... မပြောချင်ဘူး
ကွာ...။“ သူ့ယောက်ျားမာန်ဖီ တဲ့ အသံနဲ့ပြောလိုက်မှ ဒေါ်ချည်က သဘောပေါက်သွားပြီး...။ မျက်နှာကို ခပ်တ
ည်တည်နဲ့ သူ့အမှားကို ဆင်ခြေပေးလိုက်တာက ဟောဒီမှာတော် တော့လုံချည် ... ဟိုထောင့်မှာက တော်
တောင်းတဲ့လှံ လို့ပြောလိုက်ပါတယ်...။ ဦးမွှေးနီ တွက်ထားတာက ဒီတစ်ခါတော့ သူ့မိန်းမ သူ့ကိုဆင်ခြေမေ
ပး နိုင်တော့ဘူးလို့ ထင်ခဲ့တာ...။ ဒါပေမဲ့ သူ့ မိန်းမကို ဘာမှမပြောဘူး နောက်တစ်ခါ မှ ဆင်ခြေမပေးနိုင်ေ
အာင်လုပ်မယ်လို့ တွေးထားလိုက်ပါတယ်...။“

တစ်ရက်မှာတော့ ဒေါ်ချည်က အပြင်သွားဖို့ အ၀တ်အစားလဲ နေပါတယ်...။ ဦးမွှေးနီလည်း သူ့
မိန်းလုပ် နေသမျှကို ဆေးလိပ်ကြီးဖွာရင်း မသိမသာ ထိုင်ကြည့်ပြီး အကဲခတ်နေပါတယ်...။ ခဏနေတော့
ပြင်ဆင်လို့ ပြီးသွားပါတယ်...။ ရွာထဲက သူနဲ့ အတူတူ သွားမဲ့အဖော်တွေလည်းရောက်လို့လာပါတယ်...။
“ဟဲ့ မိချည် ညီး ပြီးပြီလား ပြီးရင်သွားစို့အေ နေပူနေမယ်ဟဲ့... ပြီးပါပြီတော်ဆိုပြီး အိမ်ထဲကထွက်လိုက်တာ
အိမ်ရှေ့ မှာ အိပ်နေတဲ့ ခွေးကို တတ်နင်းမိပါတယ်...။“ ဦးမွှေးနီလည်း သူ့ မိန်းမ ဘာဆင်ခြေပေးမယ်ဆိုတ
ာကို သိသိသာသာ လှမ်းကြည့်လိုက်ပါတယ်...။ ဒေါ်ချည်ပြောတာက ဒီခွေး ငါမုန်းနေတာ ကြာပြီ ငါ့ရှေ့မှာ
အမြဲတမ်းရှုပ်တယ်တဲ့...။ ဦးမွှေးနီ ပြုံးလိုက်ပါသည်..ဘာမှမတော့ မပြောဖြစ်လိုက်ပါ...။ အဲဒီနောက် သူတို့
အုပ်စု ထွက်သွားပါသည် ... ဦးမွှေးနီ လည်း သူ့ မိန်းမ သွားတဲ့နောက် လိုက်ကြည့်နေပါတယ်...။ မကြာပါ
လမ်းဘေးမှာ ပေါက်နေသော သစ်ငုတ်တိုကို ၀င်တိုက်ပြီး လဲကျသွားပါတယ်...။ ဦးမွှေးနီ သူ့မိန်းမရှိရာကို
အမြန်ပြေးလိုက်ပါတယ်... ဦးမွှေးနီ ပြေးလာတာကို မြင်တဲ့ ဒေါ်ချည် ဆီးပြီး ပြောလိုက်တာက ဒီသစ်ငုတ်လူ
တွေကို ဒုက္ခ ပေးနေတာ ကြာပြီ... အခုတော့ ဘာတတ်နိုင်သေးလဲ အမြှစ်ပါ ပြုတ်အောင် တိုက်အုံးမှာတဲ့..။
ဒေါ်ချည် က အဲလိုမျိုး ဆင်ခြေပေးတတ်သူပါ...။ ဦးမွှေးနီ ဘယ်လိုပဲပဲ ပြောမယ်လို့ စောင့်ကြည့် စောင့်ကြ
ည့် ဒေါ်ချည်ရဲ့ ဆင်ခြေကို တော့ ဘယ်သောအခါမှ နိုင်မှာမဟုတ်ပါ...။ ဦးမွှေးနီ တွေးလိုက်တာကတော့“ခြံ
ခုန် နေကျ နွားက ခြံခုန်မယ် ၊ ခြံကျော် နေကျ နွားက ခြံကျော်မယ်“ ဆိုတာပါပဲ...။ သူ့ မိန်းမ ဒေါ်ချည်လည်း
သူ့ရဲ့ အကျင့် ဆင်ခြေပေးတတ်တဲ့ ပါးစပ် ကတော့ ဘယ်သော အခါမှ ပျောက်လိမ့်မည် မဟုတ်တော့ပါ...။
သူငယ်ချင်းတို့ လည်း ဒေါ်ချည်လိုဆင်ခြေပေးတတ်တဲ့သူတွေလားဆိုတာ...စီဘောက်မှာ အော်သွားကြပါ
အုံးဗျာ...။
သူငယ်ချင်းအားလုံး ပျော်ရွှင်ကြပါစေဗျာ...။

ရာဇာ(ကျေးတောသားလေး)
19.2.2011

0 comments:

Post a Comment