Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Sunday, February 27, 2011

ကျေးလက်ရဲ့ အရုဏ်အလှ


“အောက်...အီး..အီး...အွတ်“ ၊“ဖလန်း...ဖလန်း...ဖလန်း..အောက်...အီး..အီး...အွတ်“၊အရီးမှုန်တို့အိမ်က
ကြက်ဖကြီးက တောင်ပံခတ်ပြီးတွန်လိုက်တော့ တစ်ရွာလုံးရှိကြက်တွေကလည်း လိုက်ပြီးတွန်လိုက်ပါသည်
။တစ်ရွာလုံးကိုဆူညံသွားတာပါပဲ။ ရွာဦးဘုန်းကြီးကျောင်းကလည်း အုန်းမောင်းခေါက်ပါတော့သည်..။ ”တုံ...
တုံ...တုံ....။ဟဲ့...လှပုံ...သမီး ထထ၊ ရွာဦးကျောင်းကတုန်း ခေါက်ပြီ...ဆွမ်းဟင်းချက်ရအောင်။ ဟုတ်အမေ
...။ဟဲ့...ငအေး...ငအေး...။ ဗျာ..အမေ..။ထထ ငါ့သား နွားလေးတွေကျွေးတော့...ဒီနေ့အရှေ့တောနွားထွန်
ရမှာ...။ဟုတ်..အမေ...“။ ဒေါ်ဘုံလည်း မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး သောက်တော်ရေ၊ဆီမီးတို့ကိုမြ
တ်စွာဘုရားကပ်လှူပူဇော်ပါတယ်...။ လှပုံလည်း မျက်နှာသစ်ပြီး...မီးမွှေးပါတယ်...ပြီးတော့ရေနွေးအိုးလေး
အရင်တည်ပြီးမှ ထမင်းအိုး ဆန်ဆေးပြီး မီးဖိုနားချထားပါတယ်...။ ရေနွေးအိုးပွက်မှ ထမင်းအိုးလေးကောက်
တင်လိုက်ပါတယ်...။ ဒေါ်ဘုံကတော့ အိမ်ဝိုင်းထဲ တံမြက်စည်းလှည်း ပြီးတော့ ရဟန်းသံဃာတွေ ၊ လူအများ
သွားလာတဲ့ လမ်းဖက်ကိုထွက်ပြီး သန့်ရှင်းရေးလုပ်ပါတယ်...။ ဒေါ်ဘုံတံမြက်စည်းလှည်းပြီး အဆုံးသတ်ထား
တဲ့နေရာကို ၊ဟိုဘက်အိမ်ကဒေါ်သန်းကဆက်ပြီးလှည်းပါတယ်...အဲလို..အဲလို...လှည်းလှည်း သွားကြတာတ
စ်ရွာလုံးကိုသန့်ရှင်းနေတာပါပဲ...။ “ငအေး...နွားတွေကျွေးဖို့ နွားစာမလောက်လောက်ဘူးနွားစာ ထက်စဉ်းအုံ
းလေ..။အေးပါ...မကြီးလှပုံရာ..“။ ငအေးလည်း နွားစာစဉ်းလိုက်ပါတယ်...။ဂျွက်...ဂျွက်..ဂျွက်..။“ငအေးရေ
နွားလေးတွေမော့နေပြီ (မော့တယ်ဆိုတာ အစာကုန်လို့ မစားပဲမော့ကြည့်နေတာ ကိုဆိုလိုတာပါ) နွားစာထ
ည့်အုံးလေ...။ဟုတ်..အမေ...“။ လှပုံကတော့ မီးခွက်ရောင်မှိန်မှိန်လေးအောက်မှာ ဟင်းချက်ဖို့ ကြက်သွန်လှီး
နေပါတယ်...။ဟဲ့...သမီး...ညီးဘာချက်မလို့တုန်း။ အမေ...ဒီနေ့...ငါးချက်လိုက်မယ်..။မနေ့က၀ယ်ထားတဲ့
ဝယ်ထားတဲ့ငါးလား သမီး...။ ဟုတ်တယ် အမေ..။အေးအေး..။ အရန်ဟင်းကတော့ ပြောင်းဖူးနုလေးကိုလှီးပြီး
ကြော်မယ်..၊ မန်ချည်းရွက်လေးကို မန်ကျည်းရွက်ငါးပိချက် ချက်မယ်တော်..၊ နောက်တစ်ခုက ပဲစိုလေးပြုတ်
မယ်...၊ ဟင်းချိုကတော့ ဗူးရွက်လေးကိုချက်လိုက်မယ်....။ အနောက်ဘက် အရီးမြတို့အိမ်ကတော့ ငရုတ်
ဆုံထောင်းနေတဲ့အသံထွက်နေပါတယ်...။ ဟဲ့..လှဘုံ...ငါ ငရုတ်သီးနဲ့ ငါးပိကြော်မလို့ ညှော်နံအုံးမယ်....။
ညီးအမေကြီးကို စောင်သေချာသွားပြီး ခြုံပေးလိုက်အုံး...။ ဟုတ်..အရီးမြ။ တောင်ဘက်အိမ်က ဘိုးသင်က
တော့ကြေးစည်လေး ထုပြီး သတ္တ၀ါတွေကို မေတ္တာပို့နေပါတယ်...။ ကြားရသူ ရင်ထဲမှာတော့ ဘိုးသင်ရဲ့
မေတ္တာ ပို့သံက တစ်ရွာလုံးကို လွှမ်းခြုံနေပါတော့တယ်...။ ဒေါ်ဘုံကတော့ ဘိုးသင်ပို့လိုက်တဲ့ မေတ္တာပို့သံ
နဲ့အတူ သာဓုခေါ်နေပါတော့တယ်...။
အိပ်တန်းထငှက်လေးများ

ကျေးငှက်သာရကာလေးတွေကလည်း ကျွိ..ကျွိ..ကျွိ..ကျွိ ဆိုတဲ့အသံလေးတွေနဲ့ အတူအိပ်တန်းမှနိုးထပြီး အစာရှာဖို့ပြင်နေပါတော့တယ်...။ “စောစောထတဲ့ငှက်၊အစာစောစောစားရ“ ဆိုသလိုနေမှာပေါ့။ အဲဒီအချိန်
မှာ လှပုံရဲ့အဖေ ဦးလူအေးက အိပ်ယာကထ မျက်နှာသစ်ပြီး ရေနွေးကြမ်းလေးနဲ့ ကျန်တဲ့ထမင်းကြမ်းလေး
ကို ဆီဆမ်းပြီး အကြော်ပူပူလေးနဲ့ သားအဖနှစ်ယောက် တောမသွားခင် အစာပြေ စားနေကြပါတယ်...။ ထ
မင်းကြမ်းစားပြီးတဲ့ အချိန်မှာတော့..“ကိုင်း..ငအေး..ငါ့သား လှည်းကောက်ကွာ စောစောသွားရအောင်ပြန်ခါ
နွားလေးတွေနေပူနေမယ်ကွ...။ဟုတ်..အဖေ“..ပြောပြောဆိုဆိုပဲ..ငအေး နွားသဂျင်း(နွားကျွေးတဲ့ခွက်) မှနွ
ားနှစ်ကောင်ကို ဆွဲပြီး..လှည်းကောက်လိုက်ပါတယ်..။“အဖေ..သွားမယ်လေ..လှည်းကောက်ပြီးပြီ...။အေး
အေး..လာပြီ။ ကိုငအေး...ရော့..ဒီမှာ့..တော့ခမောက်...နေကအရမ်းပူတယ်တော့ တောရောက်ရင်ခမောက်
စောင်းထား။အေးပါကွာ..“။ဦးလူအေးတို့ သားအဖလည်း လှည်းမောင်းပြီးထွက်သွားကြပါတယ်..။ သူတို့အိမ်
ကခွေးကလေး မောင်မဲကလည်း လှည်းနောက်က လိုက်သွားပါတယ်..။ “ဟဲ့..ငအေး..ရေဗူးယူသွားအုံးလေ
...။ သြော်...ဟုတ် အမေ..မေ့သွားတာဗျ...ရေဗူးက ထည့်ပြီးသားရယ်..။အေး..အဲဒါကိုတွေ့လို့လိုက်ပေး
တာဟဲ့..။ တစ်ရွာလုံးက တောင်သူလယ်သမားတွေလည်း ကိုယ်စီ လှည်းလေးတွေမောင်းလို့ သူတို့ဆိုင်ရာ
တောတွေကိုသွားနေကြပါတယ်.။ “ကျွီ...ကျွီ..ကျွီ..“ ဦးလေးသာရင် လှည်းမောင်းလာပါသည်..။“ကိုရင်သ
ာရင် တော့လှည်းက မြည်လှချည်လားတော့...။အေးဟာ...ဟုတ်တယ်..မဘုံရေ...ငါလှည်းကောက်တော့လှ
ည်းဝင်ရိုးကို ရေတော့ပက်ခဲ့တယ်ဟ...။ဒါပေမဲ့...မြည်တုန်းဟ..။ ကိုရင်သာရင်ကလည်းတော်.မုရိုးရွက်မထ
ည့်ဘူးလားတော့...။အေး..ငါဒီနေ့ တောကပြန်မှမုရိုးရွက်ခူးပြီးထည့်ခဲ့ပါအုံးမယ်ဟာ..“။ ဒီလိုနဲ့မနက်အရုဏ်
တက်ချိန်လေးမှာ ဈေးသည်တွေကဈေးရောင်း၊ တောင်သူလယ်သမားတွေက နွားနဲ့ဖက်ပြီး ယာထဲ၊ လယ်ထဲ
ကိုဆင်းအဲလိုနဲ့ပဲ နေ့စဉ်ဖြတ်သန်းနေကြတာပါ...။
မနက်လင်းအရုဏ်ဦး

မနက်လင်းအရုဏ် ရောင်ခြည်လာတော့ ဘုန်းကြီးကျောင်းက ဘုန်းကြီးကျောင်းသားလေးတွေ ဆွမ်းအုပ်(
ဆွမ်းချိုင့်)ယူရောက်လာကြပါတယ်...။“ဒေါ်ကြီးဘုံ...ဆွမ်းအုပ်ရပြီလားဗျို့..။အေးရပြီ..လာကြ..လာကြ..
အိမ်ထဲကိုဝင်ခဲ့ကြ...။ခွေးကြည့်အုံးလေ...။ခွေးချည်ထားပါတယ်ဟယ်..နင်တို့ကလည်း..“။လှပုံလေးကတေ
ာ့ဆွမ်းအုပ်ထဲမှာ ဆွမ်းတွေခူးထည့်၊ဟင်းခွက်တွေထဲကိုလည်း ဟင်းတွေ အစီအစဉ်တကျ ထည့်ပြီး... ချိုင့်
ထဲမှာတော့ ဗူးရွက်ဟင်းချိုရည်လေး ထည့်ပေးပြီး...။“ရပြီ ဆွမ်းအုပ်ကို ကောင်းကောင်းရွက်ကြနော်...မှေ
ာက်ကျအုံးမယ်...။ဟုတ်ကဲ့ပါ...မလှပုံ...“။ကျောင်းသားလေးတွေလည်းဆွမ်းအုပ်ကလေးကိုရွက်ပြီးထွက်သွ
ားကြပါတော့တယ်...။လှပုံလည်း သူပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုရဲ့အဖို့ဘာကကိုအာရုဏ်ပြုပြီး အမျှ အတ
န်းပေးဝေနေပါတယ်.။ “ဟဲ့...လှပုံ...။တော်...အမေ့။ ဆွမ်းလောင်းဖို့ရော ဆွမ်းခူးထားပြီလား။ဟုတ်အမေ
..ခူးပြီး အပေါ်မှာတင်ထားတယ်တော့..။အေးအေး...။ အမေ ကျုပ်လည်းခဏနေရင် မိအုံးတို့အဖွဲ့နဲ့ နွားစာ မြတ်သွားရိတ်မလို့အမေ...။အေးအေး...သွားရင် ပိုးမွှားတိရစ္ဆာန်ကိုတော့ကြည့်ရိတ်နော်...။ ဟုတ်ကဲ့
ပါအမေရဲ့...“။(မိဘကပြောတဲ့စကားက တကယ်ဖြစ်တတ်လို့ မကျိန်ရ၊မဆဲရဘူးဆိုတာ သိကြမှာပါ..အဲလိုပဲ
မိဘက ကောင်းကောင်းဂရုစိုက်ဖို့ မြွေပါး၊ကင်းပါးကို သတိထားဖို့ပြောလိုက်ရင် မြွေနဲ့ တွေ့ရင်တောင် မိဘ
ရဲ့ မေတ္တာကြောင့် ရန်မပြုပဲ ရှောင်သွားရပါတယ်တဲ့) ။ဒီလိုနဲ့ မိအုံးတို့အုပ်စုနဲ့ လှပုံ မြတ်သွားရိတ်ပါတော့တ
ယ်...။
ရွာထဲဆွမ်းခံဝင်နေစဉ်
ဆင်းရဲပေမဲ့လည်း အလှူရေစက်လက်နဲ့မကွာ

နဲနဲ လေးအရုဏ်မြင့်လာပြီဆိုရင်တော့ ရွာဦးကျောင်းက ဦးဇင်းတွေနဲ့ ကိုရင် တွေဆွမ်းခံကြသလို၊ အခြား
ရွာကျောင်းက ဦးဇင်းတွေ ကိုရင်တွေလည်းဆွမ်းခံလာပါတယ်...။အဲလိုအချိန် မှာတော့ ရွာထဲက ရွာသူ၊ရွာ
သားတွေ ဆွမ်းလောင်းဖို့တန်းစီနေပါတယ်။ “တဝေ...ဝေ... ဆွမ်းတော်ဗျို့...“။ရွာအ၀င်လမ်းက ဒေါ်နု
ကထွက်လာပြီးဆွမ်းလောင်း၊ ဟင်းရာခွက်လောင်းပါတယ်...။ နောက်တစ်အိမ်က အရမ်းဆင်းရဲတဲ့ ဒေါ်မိတု
တ်တို့အိမ်ပါ...သူတို့ ဘယ်လောက်ပဲဆင်းရဲနေပါစေ..။ဆွမ်းတော်ဗျို့လို့ အော်လိုက်တာနဲ့ ဆွမ်းတော်ခွက်
လေးကို ကိုင်ပြီး ထွက်လောင်းပြီးသား...။ဘယ်လောက်ပဲဆင်းရဲနုံခြာပါစေ...သိဏ္ဍပတ်ဆွမ်းကတော့လော
င်းပြီးသားပါ။တစ်ရွာလုံးကြွလာတဲ့ ဦးဇင်း၊ ကိုရင်အားလုံးကို ဆွမ်းလောင်း၊ ဟင်းရာခွက်တက်နိုင်တဲ့လူတွေ
ကလည်း ဆွမ်းနဲ့ဟင်းကို လောင်းလှူကြပါတယ်...။ကျောင်းတွေမှာတော့ ဆွမ်းနဲ့ကွမ်းက အလျှံပယ်ပါပဲလ
ာသမျှ ဧည့်သည်တွေကိုလည်း ရွာထဲကခံထားတဲ့ဆွမ်းနဲ့ကွမ်းကိုပဲကျွေးတာပါ...အဲလောက်တောင် ဆွမ်း ၊
ကွမ်းပေါတာပါ...။ကျေးလက်တောသူ၊ တောင်သားတွေက ဆင်းရဲနွမ်းပါးပြီး စကားသာကြမ်းကြမ်းတမ်းတ
မ်းတွေပြောချင်ပြောကြမယ်...ဧည့်ဝတ်ကျေပွန်မှုနဲ့ စေတနာတွေကတော့ သူတို့တွေရဲ့ စိတ်သဏ္ဍာန်မှာအ
မြဲကိန်းအောင်းနေတာပါ...။

(ဒီပို့စ်လေးကိုရေးရတဲ့ရည်ရွယ်ချက်ကတော့ တောသူတောင်သားတွေရဲ့ မနက်အရုက် အတက်မှာ လုပ်လေ့
လုပ်ထရှိတဲ့ ရွာဦးကျောင်းကအုန်းမောင်းခေါက်သံကြားတာနဲ့ ဆွမ်း၊ဟင်းချက်ကြပုံ....တောသွားဖို့ ပြင်ဆင်
ကြပုံ...တစ်ရွာလုံး အိမ်ဝိုင်းအတွင်းအပြင်မှာသန့်ရှင်းရေးလုပ်ပုံ....စောစောစီးစီး မေတ္တာပို့ အမျှဝေပုံ....
ကျေးငှက်သာရကာလေးတွေရဲ့ အိပ်တန်းထပုံ၊ သိဏ္ဍပတ်ဆွမ်းလောင်းလှူပုံတို့ကိုသိစေချင်သောရည်ရွယ်ချက်
ဖြင့်ရေးသားခြင်းဖြစ်ပါသည်...။ ဒီပို့စ်ကလေးကို ဖတ်လိုက်လို့ ဗဟုသုတအနည်းငယ်ပဲဖြစ်ဖြစ်..ရသတစ်ခု
ခုရသွားတယ်ဆိုရင်ဖြစ်ဖြစ် အပျော်ဆုံးလူကကျွန်တော်ပဲဖြစ်မှာပါ....။)
သူငယ်ချင်းတို့ရဲ့အားပေးမှုက ကျွန်တော် ရှေ့ဆက်ဖို့ရန်အတွက် အားဆေးတစ်ခုဖြစ်ပါတယ်...။ အဆိုး
အကောင်း၊ အကျိုး အကြောင်း ဝေဖန်အကြံပေးချင်တယ်ဆိုရင်တော့ စီဘောက်မှာပဲဖြစ်ဖြစ်၊ ကွန်မန့်မှာပဲဖြစ်
ဖြစ် အော်သွားကြပါအုံးဗျာ.....
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်...

(ကျွန်တော်ကိုယ်တိုင်မနက်စောစောမှာ ဆွမ်းချက်ပြီး ဘုန်းကြီး၊ဦးဇင်း၊ကိုရင်တွေကို သိဏ္ဍပတ်ဆွမ်းလော
င်းဖူးပါတယ်...မနက်စော အာရုဏ်ကျင်း အလင်းမှာဆွမ်းလောင်းရတဲ့ ပီတိဟာ အရမ်းကိုမှ ၀မ်းမြောက်ပြီး
အေးချမ်းရပါတယ်...။မနက်စောစောဆွမ်းမလောင်းဖူးသေးရင်ထပြီးလောင်းကြည့်ပါလား စိတ်ရဲ့အေးချမ်း
မှုကို မလွဲမသွေတွေ့ကြရမှာပါ)။
ရာဇာ(ကျေးတောသားလေး)
27.2.2011








0 comments:

Post a Comment