Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Wednesday, February 16, 2011

အညာဓလေ့ မှ ကလေးဘ၀များ


နွေ မှ မိုး ၊ မိုးမှ ဆောင်း ၊ ဆောင်း မှ နွေ ဥတုသုံးပါး ပြောင်းလဲနေလိုက်တာ … ကျွန်တော်တောင် ၂
စွန်း လို့ ၃ နား ရောက်တော့မယ်လေ….။ အဲဒီ အရွယ် ရှိကြတဲ့ လူတိုင်း ကလေးဘ၀ကလို မဟုတ်ပဲ ဘဝ
အမောတွေ ရှိနေကြမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်…။ အဲဒီလို ဘ၀အမောတွေ ကြုံတွေ့ရတဲ့အခါ
မျိုးမှာတော့ ကလေးဘ၀ပဲ ကောင်းတယ်လို့ လူတိုင်းနီးပါး တွေးဘူးကြမယ်လို့ ကျွန်တော်ထင်ပါတယ်…။
အဲဒီ အထဲ မှာကျွန်တော် ကိုယ်တိုင်ပါဝင်ပါတယ်… ။ တစ်ခါတစ်လေ ပညာရေး ၊ လူမှုရေး ၊ အချစ်ရေးတွေ
နဲ့ စိတ်ရှုပ်ရတာ ကြုံဖူးကြမှာပေါ့…။ အဲလို အချိန်မျိုးမှာဆိုရင်တော့ ကျွန်တော် နေထိုင်ကြီးပြင်း ခဲ့တဲ့ အညာ
က ကလေးဘ၀ ကို ပြန်ပြီး သတိရမိပါတယ်…။ ရေးရင်းနဲ့ ကလေးဘ၀က အဖြစ်အပျက်လေးတွေကို ပုံရိပ်ထင်
လာပါတော့တယ်...။

“ ညအခါ ၊ လသာသာ
ကစားမလား ၊နားမလား“ ဆိုတဲ့ စာသားလေးကို သင်ယူဖူး ကြပါလိမ့်မည်…။ အဲဒီလို ညအခါ ကစားခဲ့ရတဲ့ အညာက
လေးဘ၀ကို လည်း အခုစဉ်းစားမိရင် အခုကိုလွမ်းမိပါသည်…။ ( မြို့ မှာ မွေးဖွား ကြီးပြင်းခဲ့ကြတဲ့ ကလေးငယ်
လေးတွေကတော့ ဖိုးလမင်းကြီးရဲ့ အသုံးဝင်ပုံကို တောက ကလေးများလောက် ခံစားနားလည်ဖူးကြလိမ့်မည်မ
ဟုတ်ပါ..)။
“ကိုကိုရေ ဒီနေ့ည အရီးပု တို့ ၀ိုင်းထဲမှာ ဖိုးထောင် တို့၊ မိတုတ် တို့၊ စာဥတို့၊ ဂွတို တို့ ကစားမယ် လို့
ပြောနေတာ ငါကြားခဲ့တယ်ကွ…။ အဲဒါညကျရင် သွားရအောင်ကွ…။အေး အဲဒါဆိုရင်လည်း သူတို့ ကစားတဲ့အ
သံတွေကြားမှ သွားမယ်ကွာ…။ ဒီလိုနဲ့ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက် ဖိုးထောင်တို့အဖွဲ့ ကစားမဲ့အချိန်
ကိုစောင့်နေကြပါတယ်…။ ဖိုးထောင်တို့နဲ့ မိတုတ်တို့အဖွဲ့ ထုပ်စည်းတိုးတမ်း ကစားနေတဲ့အသံတွေ ကျွန်တော်
တို့ကြားတော့ သူတို့ရှိရာ အနောက်ချောင်ကို ဦးတည်ပြီး ခြေထောက် စက်တပ်ထားသလိုပါပဲ အတင်းပြေးကြ
ပါတယ် …။ ဟိုရောက်တော့ မိတုတ်တို့အဖွဲ့ နဲ့ ဖိုးထောင် တို့ အဖွဲ့က ထုပ်စည်းတိုးနေကြတယ်…စာဥတို့ အဖွဲ
့နဲ့ ဂွတို တို့ အဖွဲ့ က ခွေးရူးလိုက်တိုင်း ကစားနေကြတယ်…။ သာဂိတို့ အဖွဲ့ကတော့ မိတုတ်တို့ ကစားနေ
တာကို ထိုင်ကြည့်နေပါတယ်…၊သာဂိတို့ အဖွဲ့ဘေးမှာတော့ ဖိုးစီတို့ အုပ်စုက ထိုင်ပြီး သရဲ ခြောက်တဲ့အကြေ
ာင်း ၊ ဥစ္စာ စောင့် တွေအကြောင်း စိတ်ဝင်တစား အာပေါင် အာရင်းသန်သန်နဲ့ပြောနေတာကို တွေ့ရပါတယ်..
ကျွန်တော်တို့ ညီအစ်ကိုလည်း မိတုတ်တို့ ကစားနေတာကို ကြည့်နေကြပါတယ်..။ ခဏနေတော့ မိတုတ်တို့
အဖွဲ့ထဲက စောရီ နဲ့ စောမှီ တို့ ညီအစ်မနှစ်ယောက်က သူ့အိမ်ကခေါ်လို့ ကစားပွဲထဲက ထွက်သွားပါတယ်..။

ကျွန်တော်တို့လည်း ဂွင် တွေ့ပြီဆိုတာ နဲ့ စောရီ တို့ ညီအစ်မ နှစ်ယောက်အစား ငါတို့ ညီအစ်ကို ပါမယ်ဟေ့
လို့အော်လိုက်ပါတယ်…။ မိတုတ် နဲ့ ဖိုးထောင် ကြည့်လိုက်တဲ့ အကြည့်က ကျွန်တော်တို့ ညီအစ်ကို လန့်တေ
ာင်သွားပါတယ်…။ နှစ်ဖွဲ့လုံးက ကလေးတွေက ၀ိုင်းပြီးအော်လိုက်ပါတယ် နင်တို့ မြောက်ချောင်(မြောက်အရပ်
ကို ခေါ်ခြင်းဖြစ်သည်)က လူတွေ မပါရဘူးတဲ့…။ ကျွန်တော်တို့လည်း ရန်ဖြစ်ကြတာပေါ့… “တစ်ရွာထဲနေတဲ့သူ
တွေပဲ ပါမှာပေါ့ မင်းတို့တွေ က ဘာလို့ ချောင်ခွဲ နေတာလဲ…။ ငါတို့ချောင်ခွဲတော့ ဘာဖြစ်တုန်း မင်းတို့ ချောင်
က လူတွေက ငါတော့လာကြည့်တာတောင်မှ ငါတို့ကိုမကြည့်နဲ့ပြန်လို့ပြောထားတာလေ…။ ငါတို့ကမပါတာ
မပါခိုင်းတာ မင်းတို့လို စိတ်မပုတ်ဘူး ကြည့်ခိုင်းတယ်…ငါတို့က စိတ်မပုတ်ဘူး မင်းတို့ပုတ်တာ“ တစ်ယောက်နဲ့တစ်ယောက် စကားနိုင်တွေ လုနေလိုက်ကြတာ တော်တော်လေးအချိန်ကုန်သွားပါတယ်…။ ကျွ
န်တော်တို့လည်း မပါရတဲ့အဆုံး စိတ်တိုပြီး အိမ်ကိုပြန်သွားကြပါတယ်…။ အိမ်နားရောက်ခါနီးပဲရှိသေးတယ် ကျွ
န်တော်တို့ချောင်က မိဆိတ် တို့ သံလုံးတို့ ၊ ဖိုးခွါး တို့ အဖွဲ့တွေစုပြီး ကစားနေကြပါပြီ…။ သူတို့ အသံတွေကြ
ားတော့ ကျွန်တော်တို့ ညီအစ်ကိုလည်း ဒုတိယအကြိမ်မြောက်ပြေးကြပြန်ပါတယ် …။ဘယ်သူ့ ၀ိုင်းထဲမှာဆော့
နေတယ်ဆိုတာကိုမသိကြပါဘူး… အသံကြားရာပြေးကြတာပါ…။ ဟိုရောက်တော့ သူတို့ဆော့နေတာက ကျွန်
တော်တို့ အိမ်ရဲ့ အနောက်ဘက် တစ်အိမ်ကျော်က ဘကြီးပျော့ တို့ဝိုင်းထဲမှာပေါ့…။ ကျွန်တော်တို့လည်းဝမ်းသ
ာအားရနဲ့သူတို့အနားကပ်သွားပါတယ်…။မိဆိတ်ပြောလိုက်တဲ့စကားက “ သစ္စာဖောက်တွေ ငါတို့နဲ့လာမဆေ
ာ့နဲ့ ငါတို့ဆော့မှာသိသား နဲ့ သူများချောင်မှာ သွားဆော့တဲ့ကောင်တွေ မပါနဲ့ မပါခိုင်းဘူး…ကျန်တဲ့သူတွေက
လည်းဟုတ်တယ် မပါနဲ့လို့ ၀ိုင်းအော်ခံရပါတယ်…“။ ကျွန်တော် အစ်ကိုက မျက်နှာငယ်လေးနဲ့ ဘာမှမပြော
တော့ပဲ ဘေးနားမှာ ထိုင်နေပါတယ် …။ပါးစပ်ကလည်း တတွတ်တွတ် နဲ့ အဲဒါ မင်းသွားချင် လို့ဖြစ်တာ မင်း
ကြောင့် အခုတော့ ဖွတ်မရ ဓါးမဆုံးဖြစ်ပြီ ဘယ်သူ ကမှ ငါတို့ကို မပါခိုင်းတော့ဘူး …ဆုပြီး ကျွန်တော်ကို
ရန်ထောင်နေပါတယ်… ။ ကျွန်တော်လည်းတော်တော်လေး စိတ်မကောင်းဖြစ်မိသွားတယ် … ကိုကို အဲဒါဆိုရင်
ခဏစောင့် ငါကြံလိုက်မယ်ဆိုပြီး အလင်းရောင်မရှိတဲ့ သစ်ပင်အောက်ကို ၀င်သွားလိုက်ပါတယ်… ကိုကိုကလှ
မ်းပြီးပြောလိုက်ပါသေးတယ် မင်းဘာလုပ်မလို့လဲတဲ့ …ခဏစောင့်ဆိုပြီး အကြံအစည်ကို အကောင်အထည်ဖေ
ာ်လိုက်ပါတယ်…။ တအောင့်လောက် (ခဏကိုပြောခြင်းဖြစ်ပါသည်) ကြာတော့ ကျွန်တော် ကြောက်ရွံ့ တဲ့ပုံစံနဲ့
မိဆိတ်ရေ လုပ်ပါအုံးဆိုပြီး အော်ပြီးသူတို့ဆီကိုပြေးသွားလိုက်တယ် …သူတို့လည်း ကစားတာကိုရပ်ပြီး ဘာ
ဖြစ်တာ လဲ ရာဇာ ရ ၊ ဘာတွေ့လို့လဲ ၊ သရဲခြောက်လို့လား ၊ မြွှေတွေ့လို့လားနဲ့ တစ်ယောက်တစ်ပေါက်ဝိုင်း
မေးကြပါတယ်…ကျွန်တော်လည်း ခပ်တည်တည် ကြောက်ရွံ့တဲ့ပုံစံ နဲ့ ဟို တမာပင်ပေါ်က တစ်ကိုယ်လုံးဖြူစွ
တ်နေတဲ့ လူကြီးတစ်ယောက်ဆင်းလာတယ် မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးကြီးတွေနဲ့ …။ ငါ့ကိုပြောသွားတယ်
“မင်းတို့ကစားနေတာလားမင်းတို့ အဖွဲ့ခေါင်းဆောင်ကို ခေါ်လိုက်၊ ငါသူနဲ့တွေ့မယ် တဲ့။အဲဒါနဲ့ ငါကပြန်ပြော
လိုက်တာဟ ကျွန်တော့်တို့ ဒီနေ့ အဖွဲ့ခေါင်းဆောင်မရှိဘူး ညီအစ်ကိုနှစ်ယောက်လုံး အဖွဲ့ခေါင်းဆောင်ကမပါ
ခိုင်းလို့လို့ မပါရဘူး… အေးအဲဒါကိုငါသိတယ် အဲဒါကြောင့် သူ့ကိုခေါ်ခိုင်းတာ ငါကလည်း ခေါ်မပေးချင်လို့
ငြင်း ၊ သူကလည်းအတင်းခေါ်ခိုင်း ခေါ်မပေးရင် မင်းတို့တစ်ဖွဲ့လုံး ငါနဲ့တွေ့မယ်တဲ့ …အဲဒါငါ့ဆီလှမ်းလာတယ်
ငါကလည်းကြောက်ပြီး ဟုတ်ကဲ့ အခုအတူတူဖြစ်သွားပြီ ကျွန်တော်တို့တည့်သွားပြီ ခေါ်မေးပြမယ်ဆိုပြီး မိဆိ
တ်လို့အော်ပြီးပြေးလာတာ …သူကပြောတယ် ဟုတရင်ဟုတ် မဟုတ်ရင်တော့ တွေ့မယ်တဲ့…။အဲဒါဆိုသူက
ငါတို့ကိုစောင့်ကြည့်နေတာ နေမှာ လာလာ နင်တို့ညီအစ်ကိုနှစ်ယောက် ငါတို့နဲ့လာဆော့“ ကျွန်တော့်အစ်ကို
ကအဖွဲ့ဆီကိုပြေးလာပြီး သူတို့အားလုံးမမြင်အောင် ကျွန်တော်ကို လက်မထောင်ပြလိုက်ပါတယ်...။ကျွန်တေ
ာ်လည်း အောင်ပြီ ဆိုပြီး ကြိတ်ဝမ်းသာနေတာပေါ့…။ အဲဒီအချိန်မှာ နောက်ကနေ အဲဒါ လိမ်တာဆိုပြီး ကျွန်တေ
ာ်ပုခုံးကိုပုတ်လိုက်ပါတယ် … ကျွန်တော်လည်းအရမ်းကိုလန့်သွားပါတယ်…။ အဲဒီနောက်ဘာတွေဆက်ဖြစ်သေ
းတယ် ၊ ဘာတွေဆက်ဖြစ်အုံးမယ်ဆိုတာကို အပိုင်း(၂) မှာ စောင့်မျှော်ဖတ်ရှုကြပါအုံးဗျာ…
ဆက်ပါဦးမည်…

ရာဇာ (ကျေးတောသားလေး)
17.2.2011

0 comments:

Post a Comment