Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Saturday, February 19, 2011

ဖရဲပင်ကြောင်း သိကောင်းစရာများ


အချဉ်တွေ အကြောင်းကြည့်တင်နေလို့      ကျွန်တော့်ရဲ့ သူငယ်ချင်း၊            ညီအစ်ကိုတွေ သွားတွေများ ကျိန်းနေကြပြီလားတော့မသိဘူးဗျ...။အဲဒါကြောင့်သူငယ်ချင်းတို့ကိုဒီတစ်ခါတော့အချိုပေးပြီးအချဉ်ဖမ်းမှာ
မဟုတ်ပါဘူး...။အချဉ်လေးနဲနဲနဲ့အချိုများများကျွေးမှာပါ...။ကြိုပြီးတော့ပြောထားပါရစေ...အချဉ်ကြိုက်တဲ့သူ
က  အချဉ်ကိုစားပြီး...အချိုကြိုက်တဲ့သူကတော့အချိုကို စားသွားကြပါလို့...။

ဖရဲပင်က အမျိုးအစား နှစ်မျိုးရှိပါတယ်...။          စားလို့ရတဲ့အပင်နဲ့စားလို့မရတဲ့အပင်ပေါ့...။  စားလို့ရတဲ့ အပင်ကိုတော့လူတိုင်းမမြင်ဖူးရင်တောင် အားလုံးသိကြမယ်လို့ ယုံကြည်ပါတယ်...။            စားလို့မရတဲ့ အပင်ကိုတော့ဖရဲခါးလို့ ခေါ်ပါတယ်...။   ဖရဲခါးပင်က ရိုးရိုးဖရဲပင်နဲ့ခွဲလို့         မရအောင်ကိုတူပါတယ်... နဲနဲ(မသိမသာ)အရွက်ကြီးတာပဲကွာတယ်...။အသီးကတော့ငယ်ငယ်လေးတွေပါ...       လုံးဝမတူပါဘူး။ ဖရဲခါးပင်ကကျွန်တော်တို့ဆီမှာတော့သဲရိုးတွေထဲမှာပေါက်တာများတယ်လေ...။  ဘာကိုမှစားလို့မရပါ
ဘူး...ပြောရမယ်ဆိုရင်တော့ အသုံးမကြတဲ့အပင်ပေါ့...။

ဖရဲခါးနဲ့ဆန့်ကျင်ဘက်စားလို့ရတဲ့ဖရဲပင်ကတော့တော်တော်ကိုအသုံးဝင်ပါတယ်...။   စားလို့ရတဲ့ဖရဲပင်မှာ
တောင်အမျိုးအစားပေါင်းမြောက်များစွာရှိပါတယ်...။  ရိုးရိုးဗမာဖရဲပင်၊ဖရဲဝါသီးပင်နဲ့ထိုင်ဝမ်ဖရဲပင်တို့ဖြစ်
ပါတယ်...။
(၁)ရိုးရိုးဖရဲပင်ကတကူးတကစိုက်ပျိုးစရာမလိုပါဘူး...မိုးဦးကျပြီးထွန်ယက်စိုက်ပျိုးချိန်မှာပြောင်း၊နှမ်း၊ပဲစိမ်းငုံ၊
ဝါတို့နဲ့ရောပြီးဖရဲစေ့၊ပဲတောင်ရှည်စေ့တို့ကိုရောပြီးပက်လိုက်တာပါပဲ...။သူ့အတွက်ဘာမှလက်ဝင်မှုမရှိပါဘူး...။
(၂)ဖရဲဝါသီးကလည်းရိုးရိုးဖရဲပင်လိုပါပဲ...သိပ်ပြီးကွာခြားမှုမရှိပါဘူး...ခဏအတိုင်းပါပဲမိုးဦးကျထွန်ယက်စိုက်
ပျိုးတဲ့အချိန်မှာရောပြီးပက်လိုက်တာပါပဲ...။ထူးခြားမှုကတော့ မျိုးစေ့ကွာသွားခြင်းပါပဲ...။မှည့်တဲ့အခါမှာတော့ ရိုးရိုးဖရဲ၊ထိုင်ဝမ်ဖရဲတွေလိုနီရဲမနေပါဘူး...။သူ့ရဲ့အသားက၀ါထိန်နေပါတယ်...။     အရသာကလည်းအရမ်း
ကောင်းပါတယ်...။
(၃)ထိုင်ဝမ်ဖရဲကတော့အထက်ကအပင်တွေနဲ့လုံးဝဆန့်ကျင်ဘက်ပါပဲ...။သူကတကူးတကစိုက်ပျိုးရပါတယ်...။ မြေကိုကြေညှပ်ပြီး ထွန်ရေးရဲနေအောင်ထိ ထွန်ယက်ရပါတယ်...။   မြေထွန်ရေးကောင်းသွားပြီဆိုရင်တော့ စည်းစနစ်ကျနစွာ တစ်ပင်နဲ့တစ်ပင် ကျယ်ကျယ်ပြန့်ပြန့် နေရာရဖို့အတွက်          တစ်လံသာသာခြားပြီး ဖရဲပင်စိုက်ပျိုးမဲ့ကြွင်းနေရာလေးတွေပုံဖော်ပေးပါတယ်...။မျိုးစေ့ကိုတော့မြို့ကနေအဖိုးအခကြီးကြီးပေးပြီးမှာ
ယူထားရပါတယ်...။မိုးရွာပြီဆိုတာနဲ့ခဏကကြွင်းနေရာလေးတွေအတိုင်းစိုက်ပျိုးရပါတယ်...။အရမ်းလက်ဝင်
ပါတယ်...။အဲဒါကြောင့်သိပ်ပြီးမစိုက်ပျိုးကြပါ....စိုက်ပျိုးတဲ့သူများကလည်းစီးပွားဖြစ်စိုက်ပျိုးတာများပါတယ်...
ကံကိုပုံပြီးစိုက်ပျိုးရတာပေါ့...(ဖရဲဈေးကွက်ကြောင့်ပါ)။
ရွှမ်းဖောက်နေတဲ့ ဖရဲညွှန့်လေး


ရိုးရိုးဖရဲကတော့ဘာမှကိုလုပ်ပေးစရာမလိုပါဘူး။အရွယ်ရောက်လာပြီဆိုရင်လည်းသူ့ဟာသူပြောင်းပင်တွေ၊
ဝါပင်တွေ ရဲ့အောက်မှာ နွယ်ပင်တို့ရဲ့မျိုးရိုးအတိုင်း ဖြာဆင်းသွားပါတယ်...။    ပဲတောင့်ရှည်ပင်တွေကတော့ နီးရာပြောင်းပင်၊၀ါပင်တွေပေါ်ကိုတွယ်တက်ပါတယ်...။ဖရဲပင်လေးဝေေ၀ဆာဆာဖြစ်လာပြီဆိုရင်တော့အညွှန့်
တလူလူနဲ့ပေါ့...အဲလိုဝေဆာလာတဲ့အရွယ်ကထဲကစပြီးအသုံးဝင်ပါပြီဗျာ...။တောထဲကိုသွား(တောဆိုတာယာ
ကိုဆိုလိုသည်)ဖရဲညွှန့်လေးကိုခူးအိမ်ရောက်တာနဲ့ရေဆေးပြီးရေနွေးအိုတည်ပြီးသားပူပူထဲမှာထည့်ပြုတ်ပါတ
ယ်...အိသွားရင်တော့မီးဖိုပေါ်ကချပြီးဇကာခုံး(နှီးဖြင့်လုပ်ထားသောအောက်တွင်အပေါက်ပါပြီးရေစစ်စရာခြင်း
တောင်း)      ထဲကိုထည့်ပြီးရေစစ်ထား   လိုက်ပါတယ်...နောက်ပြီး          သူနဲ့တွဲစားဖို့ရန်                  အတွက်
ဆားငံပြာရည်ကိုချက်ပါတယ်...ဆားငံပြာရည်ဆိုတာကြက်သွန်နီ၊ကြက်သွန်ဖြူဆီသတ်ပြီးနွမ်းသွားတဲ့အခါမှာ ငရုတ်သီးများများထည့်ပြီးမွှေပါတယ်...အားလုံးရောပြီးကျက်ခါနီးတဲ့အခါမှာတော့ ဆားများများထည့်ပါတယ် ခပ်ငန်ငန်လေးဖြစ်အောင်ပေါ့...ပြီးမှရေထည့်ပြီးဆူပွတ်လာတဲ့အထိချက်လိုက်ပါတယ်....   ရေဆူပွတ်သွားရင်
တော့ဆားငံပြာရည်ချက်ကိုရပြီလေ...သူကငံပြာရည်လောက်မငန်တော့ပိုပြီးစားလို့ကောင်းတယ်လေ...အား
လုံးကြက်ရင်တော့ ဆားငံပြာရည်ချက်နဲ့ ဖရဲညွှန့်ပြုတ်ကိုတို့ပြီးသာစားလိုက်ဗျာ...။ဘာကောင်းသလဲမမေးနဲ့ ကောင်းမှကောင်း **ရှယ်**ပေါ့...။

ဖရဲပွင့်လေးနဲ့ ဖရဲသီးနုလေး သီးနေတဲ့ပုံပါ


အဲဒီလိုနဲ့နောက်ပိုင်းမှာတော့ဖရဲပင်လေးကအဖူး၊အပွင့်လေးတွေဝင်လာပြီးဖရဲသီးအကင်းလေးတွေတောင်ကပ်
လာပြီပေါ့ဗျာ...။ဖရဲသီးအကင်းကပ်လို့ဆယ်ရက်၊ဆယ့်ငါးရက်လောက်နေတော့အသီးလေးတွေကတော်တော်
ထွားလာပါတယ်...ဖရဲသီးကင်းကလေတိုက်လေကြီးတာမြန်လေပဲလေ...။  ဒီလိုနေ့မှာလက်ဖက်ရည်ကြမ်းပန်း
ကန်လုံးလောက်မြင်ခဲ့နောက်ရက်သွားကြည့်ရင်သိသိသာသာကြီးနေတာကိုတွေ့ရတာ...။အဲလိုဖရဲသီးနုလေး
တွေရွှမ်းဖောက်နေတဲ့အရွယ်ရောက်ပြီဆိုရင်တော့တစ်ခါပျော်ရပြန်တယ်လေ...။   အညာကျေးလက်မှာတော့ ဟင်းချက်စရာက အလျှံပယ်ကိုပေါပါတယ်...။      တောထဲကိုသွား ဖရဲသီး နုနုလေးတွေ          ဆွတ်ပါတယ်...(ကျွန်တော်တို့ဆီမှာတော့ ခူးတာကို ဆွတ်တယ်လို့ခေါ်တာဗျ...တစ်ရွာတစ်ပုဒ်ဆန်းတာပေါ့လေ)။
ဖရဲသီးနုကိုတော့ အမျိုးအမျိုးလုပ်စားတယ်ဗျ...။ဖရဲသီးကိုအချဉ်စားချင်တယ်ဆိုရင်တော့ ဖရဲသီးနုကိုရေဆေး ပြီးရင် ဓါးနဲ့နုတ်နုတ်လေးတွေပေါက်၊ဒါမှမဟုတ်ရင်လည်း ဂျစ်ကြီးကြီးနဲ့ ခြစ်။ အဲလိုပေါက်ပြီး ခြစ်ပြီးလို့ရလာတဲ့ ဖရဲသီးဖတ်လေးတွေကို ဇလုံအကြီးစားထဲမှာထည့် ဆားနဲ့နယ်        မြန်မြန်ချဉ်ချင်တယ်ဆိုရင်တော့ဆန့်မှုန့် နဲနဲထည့်ဆန်ဆေးရေလေးနဲ့မြေအိုးထဲမှာထည့်ပြီးစိမ်လိုက်ပါတယ်...ပြီးမှအပေါ်ကနေထမင်းရည်  (အညာအ
ခေါ်မှရည်)လေးလောင်းထည့်ထားလိုက်ပါတယ်ငါးရက်၊      ခြောက်ရက်လောက်ကြာတော့စပြီးချဉ်ပါတယ်...
နောက်ထပ်နှစ်ရက်လောက်စောင့်လိုက်ရင်တော့လုံးဝကိုချဉ်သွားပါတယ်...အဲဒါကိုတော့**ဖရဲချဉ်**လို့ခေါ်
ပါတယ်...။     ဖရဲချဉ်ကိုနှစ်မျိုးလုပ်စားလို့ရပါတယ်...တစ်မျိုးက ဖရဲချဉ်ဖတ်ကိုယူ ပြီးရင် ကြက်သွန်စိမ်းလေး
ကိုပါးပါးလှီးရေဆေးထား၊မြေပဲလှော်အနည်းငယ်ထောင်းထား၊ငရုတ်သီးစိမ်းကိုလည်းပါးပါးလှီးထားအားလုံးပြီး
ရင်တော့ရောထည့်ပြီးနယ်လိုက်ပါ...ဖရဲချဉ်သုပ်လေးရပါပြီ...အရမ်းကိုစားကောင်းပါတယ်ဗျာ...။နောက်တစ်
မျိုးကတောခဏကဖရဲချဉ်ဖတ်ကိုပဲယူပြီးကြက်သွန်နီကိုငါးပိနဲ့ဆီသတ်လိုက်ပါနွမ်းသွားပြီဆိုရင်တော့ဖရဲချဉ်
ဖတ်နဲ့ဖရဲချဉ်အရည်ကိုလောင်းထည့်ပြီး        အိုးအဖုန်းအုပ်ထားလိုက်ပါ...               ကျက်ခါနီးပြီဆိုရင်တော့ အညာကပင်စိမ်းမွှေးမွှေးလေးကိုထည့်ပြီး အုပ်လိုက်ပါတယ်...အဖုန်းဖွင့်လိုက်တဲ့အခါမှတော့ ပင်စိမ်းနံ့လေးနဲ့ ဖရဲချဉ်ချက်လေးက စားချင်စဖွယ် မွှေးကြိုင်နေပါတယ်...   အဲဒါကတော့ငရုတ်သီး                မကြိုက်သူတွေ
အတွက်ပေါ့...   အမှန်က ငရုတ်သီးများများလေးနဲ့ကပိုစားကောင်းတာဗျ...။             နောက်ပြီးဖရဲသီးနုကိုပဲ အချိုကြိုက်ရင်လည်း အမျိုးမျိုးလုပ်စားကြပါသေးတယ်...။             ဖရဲသီးနုလေးကို အခွံနွှာ ပြီးရင်ရေနွေးနဲ့ ပြုတ်ပြီးငါးပိရည်ချက်နဲ့တို့စားပါတယ်...အစိမ်းကြိုက်တဲ့သူတွေကလည်းအစိမ်းကို       အခွံနွှာပြီး ဒီတိုင်းပဲ တို့စားပါတယ်...ကျွန်တော်ကတော့နှစ်မျိုးလုံးကြိုက်တယ်...။နောက်ပြီးဖရဲသီးနုကိုပဲ    ရေဆေးအခွံနွှာပြီး ဖရဲသီးအချိုချက်ချက်စားပါသေးတယ် ပင်စိမ်းရွက်လေးအုပ်ပြီးပေါ့...နောက်တစ်မျိုးကတော့    ဖရဲသီးငါး
ပိချက်ပေါ့ ...  အဲဒါလည်းကောင်းတယ်...။         ရေနွေးအိုးလေးတည်ထား                   ပူလာပြီဆိုရင်တော့ ဖရဲသီး   လှီးပြီးသားလေးကို       ရေနွေးပူပူထဲထည့်ပြီး       ဂျင်း၊  ဆား၊     ဆီ                     လေးထည့်ပြီး ဖရဲသီးဟင်းချိုကိုလည်းချက်စားကြပါသေးတယ်...။  အချဉ်ကြိုက်တဲ့သူကတော့ချဉ်ပေါင်ရယ်၊ကန်စွန်းရွက်
ရယ်၊ပဲတောင့်ရှည်သီးနဲနဲရယ်၊ဖရဲသီးနုရယ်ကိုရောပြီး ချဉ်ရည်လည်းချက်သောက်ပါသေးတယ်...။  အဲဒါ
ကလည်းအရမ်းကောင်းပေါ့ဗျာ...။
မှည့်ဖို လိုသေးတဲ့အချိန်

မှည့်ခါနီးအချိန်


ဗူးလိမ်ခြောက်ခါစ ဖရဲသီးမှည့်

ဖရဲသီးမှည့်ချိုချိုလေး

သကြားပေါက်နေတဲ့ ဖရဲသီးမှည့်



အဲဒီလိုနဲ့ဖရဲသီးတွေတော်တော်ကြီးလာပြီးရင့်မှည့်တဲ့အချိန်ကိုရောက်လာပါတယ်...။အဲဒီအချိန်ကြရင်လည်း
ပျော်ရပြန်ရောဗျ...။တောထဲကိုသွားလို့နေကပူ၊ရေကငတ်ပြီဆိုရင်တော့ဖရဲသီးကအရမ်းအသုံးဝင်တယ်လေ...။
ဖရဲသီးမှည့်လေးကိုဓါးနဲ့ခွဲ၊ဓါးမပါဘူးဆိုရင်တော့တံဇဉ်ဦးလေးနဲ့ချိတ်ပြီးခွဲပါတယ်...။အဲဒါနှစ်ခုလုံးမပါဘူးဆိုရင်
တော့ လက်ကိုသုံးပြီး လက်ဝါးစောင်း    ရိုက်ချပါတယ်...    ပြီးရင်တော့စားတာပေါ့...     စားပြီးသွားရင်တော့ ပူနေတာရော ၊ ရေငတ်တာရောက ယူပြစ်သလိုကိုပျောက်သွားရော။ဖရဲသီးက အရည်ရွှမ်းပြီး ရေဓါတ်ပါတော့ ရေငတ်ပြေပြီးရင်ကိုအေးဆေးတာပေါ့...။ဖရဲသီးကရွာမှာတော့အပေါဆုံးပဲဗျာ...။မုန်းလွန်းလွန်းကိုမစားချင်ဘူး... အခုနဲ့ကတော့ဖီလာကန့်လန့်၊တောင်နဲ့မြောက်ပါပဲ...။ဒီမှာရှိတဲ့ဖရဲသီးတွေကလည်းအလွမ်းပြေ၀ယ်စားမိပါတယ်...ဈေးကြီးတာပဲအဖတ်တင်တယ်...မချိုဘူးလေ...။နဲနဲအလွမ်းတော့ပြေတာပေါ့ ကုလားမရှိတော့လည်း ၊ ဘာဘူကြီးနဲ့ပေါ့လေ...။           ဖရဲခင်းထဲရောက်သွားရင်တော့ ဖရဲသီး မှည့်မမှည့်ကို အရင်ဆုံးစနည်းနာပါတယ်...။(စနည်းနာတယ်ဆိုတာ လေ့လာတာကိုပြောတာပါ)။       ဖရဲသီး မှည့်မမှည့်က ဖရဲသီးရဲ့အညှာပေါ်က**ဗူးလိမ်**ကိုကြည့်ရပါတယ်စပရိန်ပုံစံလေးပေါ့...အဲဒါလေးကခြောက်သွေ့ပြီးလက်နဲ့ချိုး
လို့ရပြီဆိုရင်တော့ အဲဒီဖရဲသီးက လုံးဝကိုမှည့်နေပါပြီ...။အချွန်နဲ့ထိုးဖောက်ကြည့်စရာမလိုပါဘူး...။နောက်ပြီး လက်နဲ့ပုတ်လည်းကြည့်ရပါသေးတယ်...     ဗူးလိမ် အရမ်းခြောက်    နေပြီး                              ပုတ်လိုက်လို့
“ဗုန်း ဗုန်း ဗုန်း ဗုန်း“ဆိုတဲ့ အသံကြီးထွက်နေရင်တော့ အတွင်းကအူချောင်နေပါပြီ...  (အူချောင်တယ်ဆိုတာ အတွင်းထဲမှာရှိတဲ့အသားက အမှည့်လွန်ပြီး အရည်ဖြစ်သွားလို့ပါ)      အဲဒါဆိုရင်တော့စားလို့မရတော့ပါဘူး... ၀ယ်စားမယ်ဆိုရင်တော့အဲဒါမျိုးကိုရှောင်ကြပေါ့...။ဗူးလိမ်ကလည်းခြောက်ပြီးပုတ်ကြည့်လိုက်လို့အသံကလည်း
ဘာမှမဖြစ်ဘူးဆိုရင်တော့                   အရမ်းချိုပြီး အရမ်းကိုစားကောင်းပါတယ်...။     တစ်ချို့ အလုံးများဆို သကြားတောင်ပေါက်နေသေးတယ် ...           အဲလိုပေါက်နေရင်တော့ အဲဒီအသီးကဖရဲသီးထဲမှာ  ချိုတကာ့ ထွတ်ခေါင် ဖရဲသီးဘုရင်ပေါ့...။ (သကြားပေါက်တယ်ဆိုတာ အတွင်းသားကရဲပြီး သကြားအမှုန်   ပုံစံရှတတ
လေးဖြစ်နေတာကိုပြောတာပါ...)။အဲစားပြီးလို့ကျန်တဲ့အခွံကလည်းအသုံးဝင်သေးတယ်လေ...။စားပြီးသားအ
ခွံကိုအိမ်ကိုယူလာပြီးဓါးနဲ့နုတ်နုတ်ခုတ်ပြီးနွားကိုကျွေးရင်နွားကလည်းအရမ်းကြိုက်တာဗျ...။ဖရဲအခွံများလက်
ထဲကိုင်ထားပြီး သူတို့ကိုမကျွေးရင်       ငါကြိုက်တဲ့ဟာ     မကျွေးရကောင်းလားဆိုပြီး သူ့ရဲ့ချို      (ဂျို)လေးနဲ့ ရမ်းခါရမ်းခါနဲ့ ကျီစယ်ပြီးတောင်းသေးတာ...။နောက်တစ်ခုက ဖရဲသီးတွေတုံးသွားပြီဆိုရင်(တုံးတယ်ဆိုတာ ဖရဲအပင်ဖရဲသီး     သန်သန်ထွားထွားတွေမသီးတော့ပဲ        ပိုးကိုက်လောက်စားလောက်ပဲ       သီးတာကို ခေါ်တာပါ)ဖရဲပင်ကိုဆက်မထားတော့ပါဘူး။ တံစဉ်နဲ့ရိတ်ပြီးနွားစာ အဖြစ်အသုံးပြုပါတယ်...။
ကိုင်းဘယ်လောက်တောင်အသုံးဝင်လိုက်သလဲ...။ပြောအုံးမယ်ဗျ...။တစ်နှစ်မှာတော့ကျွန်တော်တက္ကသိုလ်တ
က်နေတဲ့အ်ချိန်ပေါ့ ...ရွာမှာ ထိုင်ဝမ်  ဖရဲသီးက ခေတ်စားနေပါတယ်...။               ပေါ်တာလည်းစောတယ် ...ပိုက်ဆံလည်းရတာကိုးဗျ..(ပေါ်တယ်ဆိုတာ ဖရဲသီးအမှည့်စောတာကိုဆိုလိုတာပါ)။ပိုက်ဆံရတာမြန်တော့ ကျွန်တော်တို့အိမ်လည်းစိုက်တာပေါ့ဗျာ...။ကျောင်းပိတ်လို့အိမ်ကိုခဏပြန်တော့တစ်ရွာလုံးရော၊တစ်နယ်လုံး
ရော စိုက်တဲ့သူတိုင်း ဖရဲသီးမှည့်တွေက တောင်လိုကိုပုံနေတာပါ...။ကျွန်တော်လည်း အံ့သြသွားတာပေါ့...။ “အမေဖရဲသီးတွေကဘာလို့ဒီလောက်ပေါနေတာလဲဗျ...သြော်...ငါ့သားရယ်ဖရဲသီးခေတ်ပျက်တာဟဲ့...။မိုးတွေ
ကအရမ်းကောင်းတော့ လမ်းပန်းဆက်သွယ်ရေးမကောင်းတော့ဝယ်လက်မဆင်းတာလေ...အဲတော့ငါ့သားမြ
င်သလိုတွေဖြစ်နေတာပေါ့ကွယ်...။အမေတို့လည်း**ထိုင်နေအကောင်းသား၊ထသွားမှကျိုးမှန်းသိတော့တယ်**
...။သူများဝမ်လို့ဝမ်လိုက်ပါတယ်တော်အခုတော့စိမ်းသွားတာပဲ...”။စာဖတ်ပရိတ်သတ်များနားများရှုပ်သွားကြ
သလား...ဒီလိုပါခင်ဗျာ...   ကျွန်တော့်အမေပြောတာက သူများတွေထိုင်ဝမ်စိုက်လို့            စိုက်လိုက်ပါတယ် ...အခုမိုးဖျက်လို့ တောင်လိုပုံနေတဲ့ ဖရီးသီးစိမ်းတွေမြင်နေရတာကိုပြောတာပါ...။              ကျွန်တော်လည်း ကျောင်းပိတ်လို့ခဏပြန်လာပါတယ်...ဖရဲသီးတွေတောင်လိုပုံနေတာမြင်ပြီးမြန်မြန်ပဲကျောင်းကိုပြန်သွားလိုက်
ပါတော့တယ်...။         အဲဒီတုန်းကဖရဲသီးတွေပေါလွန်းလို့ လူတွေမပြောနဲ့         နွားတွေကမုန်း၊  ခွေးတွေက
မုန်းနဲ့ကျွန်တော်လည်းဖရဲသီးကိုမုန်းဖူးတာအဲဒီတစ်ခါပဲရှိပါတယ်ဗျာ...။အမူးပြေ၊အပင်မော့ကြည့်ဆိုသလိုပါပဲ.
..အဲဒီတစ်နှစ်ပဲမုန်းလိုက်တာပါ...နောက်ကျတော့ ဒုံရင်းကဒုံရင်းပါပဲ ...မမုန်းဘူးဗျ...။            ဒီပို့စ်ကလေးကို ဒီလောက်နဲ့အဆုံးသတ်လိုက်ပါတယ်...။သူငယ်ချင်းအားလုံးဒီပို့စ်ကလေးထဲကမကောင်းတာကိုပယ်ပြီး၊ကောင်း
တာကိုသယ်သွား နိုင်ပါစေ...။      ဒီပို့စ်ကိုဖတ်လို့ ဗဟုသုတ အနည်းငယ်ရမယ်ဆိုရင်           အပျော်ဆုံးလူက ကျွန်တော်ပဲဖြစ်ပါလိမ့်မယ်...။ကိုင်းဖရဲသီးကြိုက်တယ်၊ မကြိုက်ဘူး...            စားချင်တယ်မစားချင်ဘူးဆိုတာ စီဘောက်ထဲမှာ အော်သွားကြပါအုံးဗျာ...။
အားလုံးကိုကျေးဇူးတင်ပါတယ်...
(မှတ်ချက်။အမျိုးသမီးများ ဓမ္မတာလာချိန်တွင် ဖရဲသီးစားတာရှောင်ရပါတယ်... ဗဟုသုတပါခင်ဗျ...)။ :)

ရာဇာ(ကျေးတောသားလေး)
20.2.2011

2 comments:

meerket said...

ကောင်းတာကို သယ်သွားပါတယ် ဖရဲချဉ် ဆိုတာ ခုမှ ကြားဖူးလို့ စမ်းကြည့်မလို့ ဖရဲသီးကို အမှည့်ခွဲစားတာ အခွံနွားကျွေးတာနဲ့ အသီးကင်း ပြုတ်တို့တာလောက်ပဲ သိတာ
ကျေးဇူးဘဲ

ကဗျာဥယျာဉ် said...

ကိုရာဇာခင်ဗျာ.. ကျွန်တော့်ကို ထိုင်ဝမ် ဖရဲသီးတွေအကြောင်းပေါ့ဗျာ..
ဘယ်လို စိုက်ရတယ် ဘယ်လို ပျိုးရတယ်ဆိုတာလေး.ပြောပြပေးပါလားဗျ.
ကျွန်တော်စိတ်ဝင်စားလို့ပါခင်ဗျ အခု ကိုရာဇာရေးထားတာလေးတွေဖတ်ပြီး.
ကျွန်တော် ဗဟုသုတ တော်တော်ရလိုက်ပါတယ်ဗျ.
နောင်လဲ ဒီ့ထက်ပိုရေးတင်နိုင်ပါစေဗျာ။။။။။။

Post a Comment