Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Wednesday, February 16, 2011

သမက် နဲ့ ယောက်ခမ (ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပါ)


ကျွန်တော် တို့ ငယ်ငယ် က ရွာမှာ တွေ့ကြုံ ခဲ့ရတဲ့ အဖြစ် အပျက်လေး တစ်ခု ကို ပြောပြချင်ပါတယ်...။
ဒေါ်ရှင်မ ဆို တဲ့ အသက် (၆၀) ကျော် အဖွားကြီး တစ်ယောက်ရှိပါတယ်...။ သူ့မှာ သား ၊ သမီး (၆) ယောက်
တောင်ရှိတယ် ...။ အဖွားကြီ့း အသက်ကြီးလာတော့ ဇရာ ရဲ့ ဒဏ်ကို ခံရင်း နားပင်း သွားခဲ့ပါတယ်...။ သား ၊
သမီးတွေ အရွယ်ရောက်တော့ အိမ်ထောင် ကိုယ်စီကြကုန်ကျတယ်ဗျ။ အဲဒီ သားသမီးတွေထဲက မှ ဒုတိယမြော
က် သမီးရဲ့ ယောက်ျားကလည်း အရွယ်လေးငယ်ငယ် နဲ့ သူပြု လုပ်ခဲ့တဲ့ ရှေးဘ၀က အကုသိုလ်ကံ တွေကြောင့်
ဒီဘ၀မှာ သူ့ယောက်ခမ လိုပဲ နားပင်း နေရှာတယ်ဗျ...။ အိမ်ထောင်ကျ ပြီဆိုတော့လည်း သိတဲ့အတိုင်းပဲလေ
ယောင်နောက် ဆံထုံးပါဆိုသလို ပါပဲ ...။အဖွားကြီးရဲ့ သမီးက ယောက်ျား အိမ်ကို လိုက်သွားရတာပေါ့...။ သူတို့
လင်မယားနေတဲ့ အိမ်က အဖွားကြီး အိမ်နဲ့ သိပ် မဝေးဘူးလေ... ငါးအိမ်လောက်ပဲ ကျော်တယ်...။ ညားခါစ
ဆိုတော့ အဖွားကြီးရဲ့ အိမ်ကို နေ့ စဉ်ရက်ဆက် သွားကြတာပေါ့...။ အဲဒီမှာ သမက်နဲ့ ယောက်ခမ စတွေ့တာ
ပဲလေ ယောက်ခမက ပြောချင်ရာပြော သမက်ကကြားချင်ရာကြား ...ကြားထဲက သမီးလုပ်တဲ့သူက အမေနဲ့ယေ
ာက်ျားကြားမှာ အမေပြောတာ အဲဒီလိုမဟုတ်ဘူးဆိုတာကို ယောက်ျားကို ပြန်ရှင်းပြ ၊ ယောက်ျား ပြောတာ မဟုတ်
ဘူးဆိုတာကို အမေကိုပြန်ရှင်းပြရတဲ့ သူခင်ဗျာ ဗျာများ နေရပါတော့တယ်...။ သူယောက်ခမ အိမ်က လမ်းဘေး
မှာရှိတာဆိုတော့ သူသမက်နဲ့ ယောက်ခမ ပြောတဲ့ စကားတွေကို လမ်းသွား ၊ လမ်းလာတွေကကြား ၊ဘေးပါတ်
ဝန်းကျင် အိမ်တွေကပါကြားပြီး ဟာသကား ကြည့်စရာမလိုပဲကို ရယ်နေရပါတော့တယ်...။
တစ်ရက်တော့ သူ့ယောက်ခမ အိမ်ကို သမက်လုပ်တဲ့သူက ပေါက်ပြား လာငှားပါတယ်...။ ကိုမောင်ခ ကြီး
သူ့မိန်းမ မပါပဲ သူ့ယောက်ခမ အိမ်ထဲ ၀င်သွားတာကို ကျွန်တော် အမှတ်မထင်မြင်လိုက်တယ်လေ...( ကျွန်တော်
တို့ အိမ်က သူတို့အိမ်နဲ့ ကပ်နေလို့ပါ)။ ကျွန်တော် သိလိုက်ပြီလေ သမက်နဲ့ ယောက်ခမ ဘယ်လို အပေးအယူစ
ကားတွေနဲ့များ နားလည်အောင်ပြောကြမလဲ ဆိုတာကို အရမ်း စိတ်ဝင်စားသွားတယ် ...။ ကျွန်တော်ရဲ့ ဘေးမှာလ
ည်း ကျွန်တော့် အမေနဲ့ အမေ့ရဲ့ သူငယ်ချင်းတို့လည်း အရမ်းစိတ်ဝင်စား သွားကြတယ်...။

ကိုမောင်ခ ပြောတဲ့ စကားသံ ကို စကြားရတာပါပဲ...။ "အမေရှင် တောထဲသွားမလို့ ပေါက်ပြားလေးခဏ
ငှားပါအုံး... ဟေ ငခ ဆောက်သွားက ဘာလုပ်ဖို့တုန်းဟဲ့... စောစောစီးစီး နင်တို့ နတ်အုန်း (နတ်အုန်းဆိုတာ နတ်
တင်ထားတဲ့ အုန်းသီးကိုခေါ်ပါသည်) ခွဲစားမလို့လား...။ (ကျွန်တော်တို့ဆီမှာ အုန်းသီးခွဲပြီးရင် အတွင်းက အုန်းသီး
ဆံ ကိုဆောက်သွားဖြင့် ထိုးစားသောကြောင့် ပြောခြင်းဖြစ်သည်)။ မဟုတ်ပါဘူးဗျာ တောထဲမှာ ကန်သင်းရိုး ကျိုးနေ
လို့ သွားပြင်မလို့ပါ...။ ဟယ် ငခ နင့်ယောက်ခမထီး ဆုံးတာ နင်တို့ အိမ်ထောင်မကျခင်ထဲကလေ ငါက ဘယ်သူ
နဲ့ အ၀ှါ ပြု ရမှာတုန်း နင်ရိုင်းတယ်နော်...။ အာ အမေရှင်ကလည်း စောစောစီးစီး နောက်ပြီး ရေတက်ချိန်လေ ဘ
ယ်က ငါးသည်က လာလို့ ငါးဇင်ရိုင်းက ရှိရမှာတုန်း....။ အေးပါဟယ် ရေခပ် စရာရှိရင်လည်းသွားသွားရေခပ်...။
သြော် မေ့နေတာ ငခ ရယ် နင့်မိန်းမ ညကအလည်လာတုန်းငါ့ကို ပြောသွားတယ်ဟဲ့ ။ မနက်ကြ ကိုမောင်ခ လာရင်
ပေါက်ပြားလေး ငှားလိုက်ပါအုံးတဲ့...။ယူသွား ဟို မှာ ထောင်ထားတယ် ပေါက်ပြားက ဆိုပြီး လက်ညှိုးထိုးပြလိုက်တယ်၊ ဆောက်သွားကတော့ ဘယ်သူငှားသွားလည်းမသိဘူးဟဲ့ ငါထားတဲ့နေရာမှာမရှိဘူး မင်းခယ်မ ပြန်လာမှမေးအုံးမယ်...။
ကိုမောင်ခ တစ်ယောက်လည်း သူ့ယောက်ခမ ညွှန်ပြလိုက်တဲ့ ပေါက်ပြားကို ယူပြီး ပြန်သွားပါတော့တယ်....။

သူတို့ နှစ်ယောက်ပြောနေတဲ့ စကားသံတွေကြားပြီး ကျွန်တော့်အမေနဲ့ သူ့ သူငယ်ချင်းကတော့ ခွက်ထိုးခွက်
လန်ရယ်နေကြပါတယ်...။ ကျွန်တော်လည်းရယ်ပါတယ် သူတို့လောက်တော့ မဟုတ်ပါ...။ ဟုတ်တယ်လေ ပေါက်ပြား
ငှားတာကို ဆောက်သွားလို့ ကြားမိတာရယ်၊ နင်ရိုင်းတယ်နော် လို့ ပြောလိုက်တာကို ငါးဇင်ရိုင်းသည်လို့ကြားမိတာရယ်
၊ ရေတက်ချိန်ကို ရေခပ်ချိန်လို့ ကြားမိတာရယ်ကို ကျွန်တော်ရယ်မိခြင်းပါ...။ ဒါပေမဲ့ ကျွန်တော် နားမလည်မိသည်က
ကိုမောင်ခ ပြောတာက ကန်သင်းရိုးကျိုးလို့ ဆိုတာကို သူ့ယောက်ခမက ကြားပြီး ငါကဘာလို့ အ၀ှါ ပြုရမှာ ဆိုတာကိုနား
မလည်မိပါ...။ အမေ အမေရှင်က ကိုမောင်ခ ကိုလေ ငါက ဘယ်သူနဲ့ အ၀ှါ ပြုရမှာတုန်း ဆိုပြီး အော်လိုက်တာကိုကြား
လိုက်တယ် ...။ အဲဒါ ကိုမောင်ခ က ဘာပြောမိလို့လဲဟင်... အဲဒါလေးကို ရှင်းပြပါလား အမေလို့ ပြောလိုက်မိပါတယ်...
အဲဒီတော့ အမေနဲ့ သူ့ရဲ့ သူငယ်ချင်းက မျက်လုံးချင်းကြည့်ပြီး ပြုံးစေ့စေ့လုပ်နေကြပါတယ်... ဒီကလေး ဘာတွေလာမေး
နေတာတုန်း နင်အရွယ်ရောက်ရင် သိလာလိမ့်မယ်တဲ့... အဲဒါပဲပြန်ပြောတယ်... ။ ကျွန်တော်လည်း ငြိမ်နေလိုက်ပါတော့
တယ် ထပ်ပြီးမမေးမိတော့ပါဘူး...။ အခု အရွယ်ရောက်လာတော့ အမေ ရှင်းမပြခဲ့တဲ့ အ၀ှါဆိုတာကို သိရှိ နားလည်လိုက်
ပါပြီ...။ သူငယ်ချင်းတို့လည်း အ၀ှါ ဆိုတာ ဘာလဲ လို့ မေးရမဲ့အ ရွယ်တွေ မဟုတ်တော့ဘူးလို့ ထင်မိပါတယ်....။

အမေရှင် နဲ့ ကိုမောင်ခတို့ ဖြစ်ခဲ့တဲ့ အဖြစ်လေးတွေက သာမန်ကြည့်မယ်ဆိုရင်တော့ နေ့စဉ်ပြောပြနေတဲ့
ဟာသကောင်း လေးတွေလို့ ထင်နိုင်ပါတယ်။ ဒါပေမဲ့ ရှေ့ ကိုနဲနဲ ဆက်ကြည့်မယ် ဆိုရင်တော့ ကျွန်တော့် အဖွား အမြဲ
ပြောနေကြ စကားတစ်ခွန်းနဲ့ ကိုက်ညီနေတယ်လေ...။ အဲဒါ ဘာလဲဆိုတော့ " မျက်စေ့အရှုံး ၊ နားအဆုံး တဲ့" မျက်စေ့
ကွယ်သွားတယ်ဆိုရင် ရှုံး ယုံပဲ ရှုံးတာတဲ့ ၊ နားပင်းသွားခဲ့ရင်တော့ တစ်သက်လုံးအတွက် ၊ တစ်သံသရာလုံး အတွက်
ဆုံးသွားတာပါပဲ...။(မျက်စေ့ အရှုံး ၊ နားအဆုံး ဆိုတဲ့ ခေါင်းစဉ်နဲ့ အကျယ် ရေးပါဦးမည်...)။ အခုလည်း အမေရှင် နဲ့
ကိုမောင်ခ တို့နှစ်ယောက်လုံးဟာ အဆုံး တွေနဲ့ ရင်ဆိုင်နေရတာပါ...။ ဘာကြောင့် ဆုံးတယ်လို့ ပြောသလဲဆိုရင်တော့
တော ပြောရင် တောင် ကြားတဲ့ နားပင်းနေသူတွေရဲ့ ဘ၀ဟာ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို ဘယ်လိုများကြားနိုင်ပါ
တော့မလဲ ... အဲဒီအတွက် နားအဆုံး လို့ ရေးသားထားခြင်းဖြစ်ပါသည်..။ သူငယ်ချင်း ၊ မိတ်ဆွေတွေ အားလုံးလည်း
နားကို အထူး ဂရုစိုက်နိုင်ကြပါစေ...။ နားကျန်းမာရေး အတွက် စကားပုံတစ်ခုကတော့ ဒီလိုဆိုပါတယ်... “မျက်စေ့မှာ
ရေ ၊ နားမှာ ဆီတဲ့“ ... ။ ကျွန်တော် အကြံပေးချင်တာကတော့ နားထဲကို ကြက်တောင်မွှေးလေး ဆီသုတ်ပြီး တစ်ပါတ်
တစ်ခါ နားကြပ် ပေးကြပါလို့ပြောကြားရင်း ဒီပို့စ် လေးကို အဆုံးသတ်ပါရစေခင်ဗျာ...။
အားလုံးကိုကျေးဇူးတင်ပါတယ်.... သူငယ်ချင်းအားလုံး အသိ နှင့် သတိ ကပ်နိုင်ကြပါစေ...

ရာဇာ (ကျေးတောသားလေး)
16.2.2011

0 comments:

Post a Comment