Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Tuesday, February 22, 2011

ကွမ်းတောင်ကိုင်နှင့်အညာအလှူ(၂)


အလှူရက်သေချာပြီဆိုတော့တစ်ရွာလုံးအုံးအုံးကြွက်ကြွက်နဲ့အင်္ကျီအ၀တ်စားဝယ်တဲ့သူက၀ယ်..။တစ်ချို့လည်းအ၀တ်အစားဝယ်ဖို့ပိုက်ဆံမပြည့်သေးလို့ ကောက်သင်းကောက်ထွက်ပြီးစုကြနဲ့အားလုံးယောက်ယက်ခတ်နေတာပဲ...။“ဟေ့ တင်မြတို့ အကြော်ဟေ့..။ အရီးပုတော်သေးပြီ...။ဒီဘက်ကမောင်ကြီးတို့အကြော်...။လာပါအုံးအရီးပုရာ...။အေးဒီဟာကဘယာကြော်၊ဒါကကုလားဘယာကြော်၊ဒါကပုဇွန်စိတ်ပေါင်းကြော်၊ဒီဘက်ကပဲကြမ်းတွဲကြော်....ဘူးသီးကြော်မပါတော့ဘူးလားအရီးပု...။အေးဟဲ့ကုန်ခဲ့ပြီအလှူအိမ်ကယူထားလိုက်တာတော်..။သြော်ဒါဆိုကုလားပဲနှစ်ဗူးဖိုးအကြော်စုံထည့်ဗျာ...။ရော့မောင်ကြီးအဆစ်တစ်ခု...။အဖေမြန်မြန်လာ ကျောင်းသွားတော့မလို၊့ သွားသွား မောင်ကြီးကလေးတွေကကျောင်းသွားမှာကိုနောက်ကျနေမယ်ဟဲ့“..။အရီးပုလာပါအုံးတော်.. ဒီမှာကျုပ်အလှူဖို့ဝယ်ထားတဲ့အထည်စလေးလာကြည့်ပါအုံးလှလားလို့...အေးအေး...လှပါ့တော်ညီးအသားကဖြူတော့အရောင်ကလေးကလွင်နေတာပဲအေ...ဒါနဲ့မိတင်မေညီးသမီးဖို့ရောဝယ်ပြီးမလား...။အင်းပြီးပြီတော့သူ့ကိုကွမ်းတောင်ကိုင်ခိုင်းရမလား...ပေါက်ပေါက်ပက်ခိုင်းရမလား...ဖက်စိမ်းကွမ်းတောင်ကိုင်ခိုင်းရမလား စဉ်းစားနေတာတော့...။ဟောတော် မိတင်မေဘာမှတောင် မစီစဉ်ရသေးဘူးညီးက...ညီးသမီးအတွက်နေရာတွေတောင်စီစဉ်နေပါလား။ဒီနေ့ညတိုင်ပင်မှာတော့ကျုပ်တို့အပျိုခေါင်းဆောင်တွေနဲ့ကာလသားခေါင်းဆောင်တွေရယ်အလှူအိမ်ကခေါ်ထားတယ်တော့..။အေး..ကောင်းပါ့အေငါ့မြေးလေးကွမ်းတောင်ကိုင်ခိုင်းရအောင်ငါလည်းအပျိုခေါင်းလုပ်အုံးမှတော်...အရီးပုခက်ငေါ့ငေါ့လေးပြောလိုက်တယ်...အရီးပုကအသက်ကြီးပြီလေတော်အခုဟာကကျုပ်တို့ခေတ်တော့ကျုပ်တို့ခေတ်...။အေးပါအေ အေးပါ...။

ညရောက်တော့အရီးလေးတင်မေအလှူအိမ်မှာလူစုံနေပြီတဲ့ဘကြီးတင့်ကခေါ်ခိုင်းလို့...။အေးအေးငါလာပြီမောင်ကလေးရေ...။အရီးလေးတင်မေရယ်နောက်ကျလိုက်တာဒီမှာမစောတို့၊မပြည့်တို့၊မသန်းမြတို့၊အမေဆင့်တို့ရောက်ကုန်ပြီတော့..တော့်ကိုစောင့်နေတာ... အေးဟယ်ဘုရားရှိခိုနေလို့နောက်ကျသွားတာအေ့...။ကိုင်းအမျိုးသမီးခေါင်းဆောင်တွေ လူစုံကြပြီလား..။ဟုတ်ဘကြီးတင့်စုံပြီ ။ကာလသားခေါင်း..မင်းတို့အဖွဲ့ရော၊ဟုတ်စုံပြီဘကြီးတင့်ရ...။အေးအေးဒါဆိုစမယ်ကွအပျိုခေါင်းတွေနားထောင်အခုမဲနှိုက်မယ်တောင်ပိုင်း၊မြောက်ပိုင်း၊အလယ်ပိုင်းရယ်ကို ရွှေကွမ်းတောင်၊ပန်းကွမ်းတောင် ကတစ်ဖွဲ့၊ဖက်စိမ်းကွမ်းတောင်ကတစ်ဖွဲ့၊ပေါက်ပေါက်ပက် ငွေဖလားကိုင်ကတစ်ဖွဲ့အားလုံးသုံးပိုင်းပိုင်းထားတယ်။ဖက်စိမ်းကွမ်းတောင်ကိုင်မဲ့အပျိုလေးတွေကထုံးစံအတိုင်းမှကိုင်လို့ရမယ်နော်...ဘိုးစုံဘွားစုံအဖေအမေစုံမှကိုင်လို့ရတာဆိုတော့ကျတဲ့အပိုင်းကအဲလိုမိန်းကလေးမရှိရင်ရှိတဲ့အပိုင်းကသင့်တော်တဲ့သူကိုကိုင်ခိုင်းရမယ်လူရွေးပြီးရင်စာရင်းလာပေး။ကိုင်းစမယ်ဘိုးတင့်ကဖလားထဲကိုမဲလိပ်ထည့်ပြီးခလောက်လိုက်တယ်။ကိုင်းဘယ်သူအရင်နှိုက်မလဲ...။မစောက ကျုပ်အရင်နှိုက်မယ် ...။ အေးလာ...။မစောရင်ဘက်ကိုဖိပြီး မျက်လုံးမှိတ်လိုက်တယ်...။ပြီးတော့မျက်လုံးကို အသာဖွင့်လိုက်တယ်..။ကွမ်းတောင်၊ပန်းတောင်တဲ့တော့..။ကိုင်းတစ်ယောက်...မတင်မေကကျုပ်နှိုက်မယ်တော်...ကျန်တဲ့နှစ်လိပ်ကိုမျက်လုံးလေးထောင့်ကပ်အကဲခတ်ပြီး နှိုက်လိုက်တယ်.... ပေါက်ပေါက်ပက်ငွေဖလားတဲ့တော့...။ကျန်တဲ့တစ်လိပ်ကိုတော့ မသန်းမြအဖွဲ့ကမဲမနှိုက်ရပဲဖက်စိမ်းကွမ်းတောင်ပေါက်သွားပါတယ်...ကိုင်းဒါဆိုမြောက်ပိုင်းကမစောအဖွဲ့ကကွမ်းတောင်ပန်းတောင်၊အလယ်ပိုင်းမသန်းမြအဖွဲ့ကဖက်စိမ်းကွမ်းတောင်၊တောင်ပိုင်းကပေါက်ပေါက်ပက်ငွေဖလား...။ကိုင်းနင်တို့အပျိုခေါင်းတွေလူရွေးပြီးတော့အဆင်ပြေသလိုလုပ်ကြဟ...။ကိုင်းကာလသားတွေမင်းတို့တွေကမောင်ရွှေရိုးနဲ့ဒေါ်မိုးအိုးစည်အဖွဲ့အားလုံးလုပ်ထားကြ...။ကိုင်းဒီညတော့ဒါပဲကွာ...။ဘိုးတင့် အဆုံးသတ်လိုက်ပါတယ်...။
မတင်မေနဲ့မသန်းမြ၊မပြည့်တို့ကျန်တဲ့အပိုင်းလိုက်အပျိုခေါင်းတွေအကုန်လုံးမနက်ဖြန်နေ့လည်လောက်
ကျုပ်အိမ်ကိုလာခဲ့ကြတော့်...ကျုပ်တို့လိုအပ်တာတွေလုပ်ကြရအောင်...အေးအေးမစောအဲဒါဆိုငါတို့လာခဲ့မယ်...ဘယ်အချိန်လောက်တုန်း...ထမင်းစားပြီးပေါ့အေ(၁၂)နာရီလောက်ပေါ့...။သူတို့အဖွဲ့လူစုခွဲပြီးအိမ်ပြန်ကုန်ကြတယ်...။အဘွားအလှူအိမ်က ဘာတဲ့တုန်းတော့...အေးအးပျိုခေါင်းတွေအပိုင်းလိုက်သူကိုင်ရမဲ့ဟာကိုမဲနှိုက်တာပါအေ...။အမေဒါဆိုကျုပ်တဲ့အပိုင်းကဘာပေါက်တာတုန်းတော့....ငါတို့ပိုင်းကကွမ်းတောင်၊ပန်းတောင်တဲ့တော်...အလယ်ပိုင်းမသန်းမြတို့အဖွဲ့ကဖက်စိမ်းကွမ်းတောင်တဲ့တော်...မတင်မေတို့တောင်ပိုင်းအဖွဲ့ကတော့ငွေဖလားကိုင်ရမှာတဲ့တော်...။စိတ်ရှည်လက်ရှည်ဒေါ်စောရှင်းပြနေလိုက်ပါတယ်...။အဘွားဒါဆိုကျုပ်ကဘာကိုင်ရမှာတုန်းတော့...ကွမ်းတောင်ကိုင်ရမှာလား...မိချိုညီးကငယ်သေးတယ်အဲတော့လှူရန်ပစ္စည်းတွေကိုင်ရမှာပေါ့...။အင်းပါအဖွားရယ်အင်းပါ...။နောက်ရက်နေ့လည်ရောက်တော့အပျိုခေါင်းအဖွဲ့ကလူတွေတဖြည်းဖြည်းရောက်လာကြပါတယ်...။ကိုင်း...မိတင်မြညီးတို့တောင်ပိုင်းကဖလားကိုင်နိုင်တဲ့အပျိုဘယ်နှစ်ယောက်ရှိတုန်းတွက်အေ...။မတင်မြတွက်လိုက်ပါသည်...သန်းဌေး၊လှချော.........။မစောအားလုံးပေါင်း(၁၆)ယောက်တော်...။မိသန်းမြညီးကရောဘယ်နှစ်ယောက်ရှိတုန်း...။တွက်တုန်းတော့...လှမေ၊ခင်တုတ်၊မိဝင်း...........အားလုံး(၁၄)ယောက်တော်...။ဒါပေမဲ့မစောဖက်စိမ်းကွမ်းတောင်ကလူတိုင်းကိုင်လို့ရတာမဟုတ်ဘူးလေတော်...အဲတော့ဘိုးစုံ၊ဘွားစုံ၊အဖေစုံ၊အမေစုံတွက်ကြည့်တော့(၄)ယောက်ပဲရှိတယ်တော့...။အေး ငါတို့အပိုင်းကတော့ အယောက်(၂၀)တောင်ရှိတယ်တော်...။နေအုံးမိသန်းမြရဲ့ ဖက်စိမ်းကွမ်းတောင်ကိုင်ဖို့က လူနည်းတယ် အဲတော့ မိတင်မြ ညီးလူတွေထဲက မိစုံဖစုံကိုရွေးစမ်းအေ..ငါလည်း ရွေးလိုက်အုံးမယ်...။မစော ကျုပ်တို့အပိုင်းက (၂)ယောက်ရှိတယ်...။ငါ့အပိုင်းကလည်း(၂)ယောက်ရှိတယ်...။အင်းဒါဆိုအားလုံးပေါင်းလိုက်ရင်(၈)ယောက်ပေါ့...။အေးဒါဆို ဖက်စိမ်းကွမ်းတောင် (၈)ခု၊ငွေဖလားက (၁၆) လုံး၊ ကွမ်းတောင်၊ပန်းတောင်က (၁၈)ခု ....ကိုင်းဒါဆို အလှူအိမ်ကို ငါတို့ စာရင်းသွားပြပြီးလိုအပ်တာတွေကိုလုပ်ခိုင်းရမယ်လေ...။ဒါဆိုသွားကြအောင်တော်...အပျိုခေါင်းတစ်သိုက်ဂျုံခမောက်ကိုယ်
စီဆောင်းပြီးအလှူအိမ်ကိုထွက်သွားကြပါတယ်...။မိကြည်ငါတို့စာရင်းကောက်ပြီးပြီဒီမှာ...။ဟုတ်အရီးလေးစော...။ဖက်စိမ်းကို ဘယ်သူ့ထိုးခိုင်းမလ။ဲ ရွာအရှေ့ပိုင်းက ကိုလေးတုတ်တို့ အမေသီတို့သားမိထိုးတက်တယ်လေ...သူတို့ပဲထိုးခိုင်းရမှာပေါ့...။အေး မိကြည်သူ့တို့ကိုသွားခေါ်ခိုင်းအေအပ်ရအောင်...။ဖိုးကောက်လာအုံးခဏ...ဘာတုန်းအမေရအမေသီကိုခဏသွားခေါ်အုံး...။ဘယ်လိုပြောရမှာတုန်းအမေ...အရီးလေးစောကခေါ်ခိုင်းတယ်လို့ပြော...။အင်းအင်း...အမေ...။ဗျို့အမေသီမရှိဘူးလား...အေး.... မရှိဘူးကွ...ဒါဆို ဦးလေးတုတ်လိုက်ခဲ့ဗျာ...အေးဘာလုပ်မလို့တဲ့တုန်းကွ...အရီးလေးစောတို့ရောက်နေတယ်ဗျ...အ
လှူအတွက်ထင်တာပဲ...။အေးအေး ငါလိုက်ခဲ့မယ်ကွာ...။ ဟဲ့ ဖိုးကောက် အမေသီမပါဘူးလား...အင်း ...မရှိဘူးဗျ... ဦးလေးတုတ်ပါတယ်...နောက်မှာ...။ဟိုမှာလာပြီ...။ဟဲ့ငတုတ်...မင်းအမေရောအမေမြောက်ဘက်ရွာသွားတယ်ဗျ...။ဘာလို့လဲအရီး...။ဖက်စိမ်းကွမ်းတောင်ထိုးခိုင်းမလို့ပါကွာ...။အဲဒါပြောမလို့...။သြော်...။ရပါတယ်...ဘယ်နှစ်ခုတုန်းပြောလေ အရီး...။(၈) ခုကွာ...။အင်း ဖြစ်ပါတယ် ...အရီးရ...။ငှက်ပျောပင်ကိုတော့ အရွက်ကောင်းကောင်းရအောင် သေချာလုပ်ထားအုံးနော်...။ဟုတ်အရီး...။ငတုတ်..။ဗျို...မင်းအိမ်ကိုတန်းပြန်မှာလား..။ဘာလို့လဲမမိကြည်...။သြော်...ဘာမှမဟုတ်ပါဘူး...ပြန်မှာဆိုသံလုံးကိုလွှတ်လိုက်စမ်းပါကွာ...။မင်းကလမ်းသင့်လို့လေ...။သြော်...ဟုတ်..မမိကြည်ကျုပ်လွှတ်လိုက်မယ်...။ခဏနေတော့ သံလုံးရောက်ချလာပါသည်...။သံလုံးရေ လော်လေးနဲ့ အော်ပါအုံးဟဲ့...။ဘယ်သူ့ကိုခေါ်ပေးရမှာတု
န်း မမိကြည်...။ရွာထဲကကာလသားခေါင်းနဲ့ လူငယ်တွေကိုခေါ်လိုက်ပါအုံး...။တိုင်ပင်စရာရှိတယ်လို့...။ဟုတ်မမိကြည်...။ ဟလို..တက်စီ..ဟလို...ဟလို...တောက်တောက်...အရှေ့ရပ်မှ ကိုပြည့်ခင်ဗျာ...အရှေ့ရပ်မှကိုပြည့် ကြားရာအရပ်မှ လှူငယ်တွေစုပြီးအလှူအိမ်သို့ကြွကျပါခင်ဗျာ...။ကိုပြည့်အိပ်ချင်မူးတူးဖြင့်အိပ်ယာမှလူးလည်းထပြီး...။ဟာမိသော်..အလှူအိမ်ကခေါ်နေတာကြားသလားလို့...အဲဒါဟုတ်လား...။ဟုတ်တယ်ကိုရင်ပြည့်တိုင်ပင်စရာရှိလို့တဲ့တော့...။သွားသွားမြန်မြန်..။အေးအေး...ငါသွားပြီဟ...။
ဆက်ပါဦးမည်....အပိုင်း(၃) မျှော်......................
အညာဒေသရဲ့ ဓလေ့ထုံးစံ အလှူပွဲလေး အကြောင်းပါ...ဗဟုသုတ ရမယ်ထင်ပါတယ်...။
သူငယ်ချင်းတို့ရဲ့လက်ခုပ်သံက ကျွန်တော့်အတွက်အားဆေးတစ်ခုပါ...။
ရာဇာ(ကျေးတောသားလေး)
21.2.2011

0 comments:

Post a Comment