Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Wednesday, February 23, 2011

ကွမ်းတောင်ကိုင်နှင့်အညာအလှူ(၄)


အရီးပုရောက်လာပြီးခဏနေတော့...ဗန်းလေးတွေကိုယ်စီကိုင်ပြီး..မိန်းမကြီး၊မိန်းမလတ်၊မိန်းမငယ်အာ
းလုံးမကျန်တစ်ဖွဲဖွဲနဲ့တစ်သုတ်ပြီးတစ်သုတ်ရောက်ရှိလာပါသည်။ ကာလသားလူပျိုတစ်သိုက်လည်းကပ်ပါ
လာကြပါသည်။ဟဲ့...နိုင်ဝင်းနဲ့သန်းစိုးတို့ဒီကိုလာကြ...။ အိမ်ထဲကဆန်အိပ်တွေအပြင်သယ်ခဲ့ကြဟဲ့...။သော
င်းညွန့်မင်းကဖျာတွေခင်း...။အဲဒီအပေါ်ကိုဆန်ပုံရအောင်စောင်တွေခင်းထားကျ...။ ငပြည့်မင်းကစောင်တွေ
ပေါ်ဆန်တွေလိုက်ပုံ...။ မဏ္ဍာပ်တစ်ခုလုံး ဆန်သင်လာတဲ့အအို၊အပျိုအားလုံး၊ဆန်သယ်ပေးနေတဲ့ကာလသ
ားတစ်စုလုံးဆူလို့၊ညံလို့မမောနိုင်၊မပန်းနိုင် သူ့စလိုက်၊ကိုယ့်စလိုက်နဲ့ပုံထားတဲ့ဆန်တွေတောင်တစ်ဝက်ကျိုး
သွားပြီ...။နိုင်ဝင်းတို့သင်ပြီးသားဆန်တွေကိုအိပ်တွေနဲ့ပြန်ထည့်ထား...။ ပြီးရင်ပြန်စုပုံကြအိမ်ထဲကို အရီးေ
လးစော လှမ်းအော်လိုက်ပါသည်...။ ဟိုကောင်မလေးငွေမှုံဒီဘက်ဝိုင်းကို စပ်ချဉ်သုပ်နဲ့ရေနွေကြမ်းလာချပေ
းလိုက်အုံး...။မိဆုံညီးကမတင်မေတို့ဝိုင်းကိုသွားချ...။ မမောမပန်းနဲ့လုပ်လိုက်ကြတာဆန်ပုံကြီးပြီးသွားပါသ
ည်..။ ငွေမှုံလုပ်နေတာကိုမျက်တောင်မခတ်ပဲလိုက်ကြည့်နေတဲ့သူကတော့မုဆိုးမ ဒေါ်ကြီးညိုရဲ့သားဖိုးဇော်ပဲ
ဖြစ်ပါသည်။ဖိုးဇော်က ငွေမှုံကိုတစ်ဖက်သတ်ချစ်မြတ်နိုးနေပါသည်..။ ဒါပေမဲ့ ရုပ်ဆိုးဆိုး ၊ပိုက်ဆံမရှိတဲ့မုဆို
းမသား ဖိုးဇော်မိမိကိုယ်ကိုသိမ်ငယ်နေ၍ ငွေမှုံကိုချစ်မြတ်နိုးကြောင်းဘယ်အချိန်တုန်းကမှမပြောခဲ့ဖူးပါ...။
ဖိုးဇော် ငွေမှုံကိုချစ်နေတာ တစ်ရွာလုံးကသိထားပါသည်...။ ငွေမှုံကိုယ်တိုင်လည်းသိပါသည်...။အကျည်းတ
န်တဲ့ဖိုးဇော်ကို ကွမ်းတောင်ကိုင်မလေး ငွေမှုံကလည်း လုံးဝမှမချစ်ပါ...။ငွေမှုံသဘောကျနေတာက မောင်နို
င်ဆိုတဲ့ခပ်ချောချောကောင်လေးကိုပါ...။“ငွေမှုံ..... ဖိုးဇော်ညီးကိုကြည့်နေတာ မျက်လုံးကျွတ်ကျမတက်ပဲ...။
ကြည့်ကြည့်ပေါ့ ငါကဘာလုပ်ရမှာတုန်း...။ မိဆုံညီးနော်...သိပ်မပြောချင်ဘူး....။ဖိုးဇော် မင်းငွေမှုံကိုဖွင့်ပြေ
ာတော့နော်...တော်ကြာ...မောင်နိုင်နောက်ပါသွားလိမ့်မယ်...။ ငါတို့ကမင်းနဲ့သဘောတူတာကွ...။နိုင်ဝင်းက
အချွန်နဲ့မလိုက်ပါသည်။ ငါမပြောရဲဘူးနိုင်ဝင်းရာ...ငါဒီတိုင်းလေးချစ်နေတာကကောင်းပါတယ်ကွာ...။ သူငါ့
ကိုမချစ်နိုင်ဘူးလို့ပြောလိုက်ရင် ငါလည်းသေသွားနိုင်တယ် နိုင်ဝင်းရ..။ တော်ပါပြီ...မပြောတော့ဘူး... ဒီတိုင်း
ပဲတိတ်တခိုးလေးချစ်နေတော့မယ်...။ မင်းမောင်နိုင်နောက်ပါသွားရင်ရော ဘယ်လိုလုပ်မလဲ...။ အဲလိုတော့
အပါမခံနိုင်ဘူးကွ...။ အေး...အဲဒါကြောင့်ငါပြောတာပေါ့ ပြောပါလို့။ အေးကွာ..ငါလိုက်ပြောမယ်..နောက်ရက်
ကျရင်...။ နောက်ရက်လုပ်မနေနဲ့ အခုဆန်သင်ပြန်ရင်လိုက်ပြောကွာမင်းနဲ့လမ်းချင်းတူတာပဲ...။ သူ့အမေပါ
တယ်နိုင်ဝင်းရ...။ သူတို့ပြောနေတဲ့ရှေ့ငွေမှုံ ရေနွေးလင်ပန်းလေးမသွားတာမြင်တော့... ဖိုးဇော်ခြေတွေလ
က်တွေအားလုံးအေးဆက်ပြီး... တဒိတ်ဒိတ်ခုန်နေတဲ့ရင်ခုန်သံကြောင့် အကျီလေးတောင်တုန်တုန်သွားပါသ
ည်..။ ငါမဖြစ်ပါဘူးနိုင်ဝင်းရာ...အခုသူငါ့ရှေ့ကဖြတ်သွားတာတောင် ငါရင်တွေခုန်ပြီးသေတော့မယ်...။ အေး...
...ဒါဆိုဒီလိုလုပ် ငါတို့သူငယ်ချင်းတွေဝိုင်းပြီး ဂွင်ဖန်ပေးမယ်ကွာ..။ အဲဒီကျရင်မင်းလှုပ်ရှားပေါ့...။ အေး...မင်
းတို့ပါရင်တော့ငါမကြောက်ဘူးကွ...။ ငွေမှုံ လည်း အတွေးပင်လယ်ဝေနေတာပေါ့... ငါ့ကို ဖိုးဇော်ဖွင့်ပြောလ
ာရင်ငါဘယ်လိုငြင်းရမလဲ...။ တစ်ရွာတည်းသားချင်းဆိုတော့ မျက်နှာပျက်ကုန်ရင်လည်းမကောင်းဘူး...။ သူ့
အတွေးနဲ့သူ လွင့်မျောနေပါသည်...။ မနက်ဖြန်ခါမှာ ဆက်ပြီး ကြက်သွန်သင်ပါမယ်...။ ကာလသားတွေက
ငါးခြောက်ခုတ်ရပါမယ်...။ မနက်ဖြန်လည်း နေ့လည်ပိုင်းပါပဲ လို့ အရီးပုအော်လိုက်ပါသည်..။ သူများတွေထွ
က်သွားတာတောင်ဗန်းလေးလက်ထဲကိုင်ပြီး ကျန်ခဲ့သူကတော့ကွမ်းတောင်ကိုင်မလေးငွေမှုံပါပဲ...။ ဟဲ့.....
ငွေမှုံ သွားမယ်လေ... ညီးဘာတွေတွေးနေတာတုန်း...။ သြော်အမေ လူတွေကဘယ်သွားကုန်ကျတာတုန်း.....
...။ဟောတော်....မိငွေမှုံ ..ညီးရူးများသွားတာလား... ပြီးလို့ပြန်ကုန်တာပေါ့...။ ဟင်..အမေကလည်း..ခဏ
ကအရီးပုကပြောစရာရှိတယ်..နေအုံးလို့ပြောတယ်.. အဲဒါဘာမှတောင်မပြောရသေးဘူးလေ...။ ဟာ..လုပ်လို
က်ရဒီကောင်မလေးသေတော့မယ်...။ ပြောပြီးလို့ အားလုံးပြန်ကုန်တာဟဲ့...။ အဲလိုပြောလိုက်မှ ငွေမှုံ ခေါင်း
လေးငုံ့ပြီး သူအတွေးလွန်နေတာကိုသတိရသွားပါသည်“..။

အိမ်နောက်ဖေးက စံပယ်ရုံလေး

ကိုင်း...ငွေမှုံ..ညီးပြန်နှင့်တော့ ငါအရီးလေးစောတို့အိမ်ဝင်ခဲ့အုံးမယ်...။ အမေကျုပ်တစ်ယောက်ထဲပြန်
ရမှာလားတော့...။ အောင်မာ ညီးက တစ်သက်လုံး ဂွေးပင်ကုန်းမှာမွေး.. ဂွေးပင်ကုန်းမှာကြီးခဲ့တဲ့သူကဘာ
ကြောက်နေတာတုန်း..။ ညီးဒီအရွယ်ထိ ဘယ်သူကလိုက်နှောင့်ယှက်ဖူးလို့လဲ..။ ကိုင်း...သွားတော့ မိငွေမှုံ...
။ဟုတ်...။ အမေထွက်သွားတော့ သူလည်းတစ်ယောက်ထဲပြန်ခဲ့ပါသည်..။ သူလေးအိမ်မြောက်လောက်ရော
က်တော့ မောင်နိုင်စက်ဘီးလေးစီးပြီး သူ့ဆီဦးတည်လာနေပါသည်...။ ဘာမဆိုင်ညာမဆိုင် ငွေမှုံခုန်နေလိုက်
တဲ့ရင်တွေ ... အနားမှာလူရှိရင် အဲဒီလူတောင်ကြားနိုင်ပါလိမ့်မည်...။ သူ့ဟာသူရှက်ပြုံးလေးပြုံးပြီးခေါင်းငုံ့နေ
လိုက်ပါသည်...။ တစ်အောင့်လောက်နေတဲ့အထိ မောင်နိုင်သူ့ဆီရောက်မလာတော့ ခေါင်းလေးမော့ပြီး ကြ
ည့်လိုက်သည်...။ သူ့ဆီပြုံးပြီးလျှောက်လာတဲ့ ဖိုးဇော်ကိုမြင်လိုက်တော့ အံ့သြတုန်လှုပ်ပြီး ခုန်နေတဲ့ရင်တွေ
ရပ်သွားလိုက်တာများ အံ့သြဖို့တောင်ကောင်းနေတာကို ငွေမှုံသူကိုယ်တိုင် မယုံကြည်အောင်ဖြစ်နေရပါသ
ည်။ ငွေ.....မှုံ...တုန်တုန်ရီရီနဲ့ဖိုးဇော်ခေါ်လိုက်ပါသည်...ဘာတုန်းပြော...။ ငွေမှုံခပ်ပြတ်ပြတ်ပြန်ပြောလိုက်ပါသည်။
ပြောပါရစေ...ငွေမှုံရယ်...ငါလေ...နင့်...ကို...ချစ်...............................။မပြောနဲ့ မကြားချင်
ဘူး ...ငွေမှုံအော်လိုက်ပါသည်...။ ဖိုးဇော်စကားမဆုံးလိုက်တော့ ပြောရမဲ့စကားကတစ်သွားပါသည်...။
ငွေမှုံဒေါသဖြစ်နေတာကို ဖိုးဇော်သိလိုက်ပါသည်...။ ကလင်..ကလင်...ကလင်...စက်ဘီးဘဲတီးသံကိုကြား
တော့ငွေမှုံနောက်ပြန်လှည့်လိုက်ပါသည်...။ ဘုရားရေ မောင်နိုင်...မောင်နိုင်...။ ကြည့်နေရင်းတန်းလန်းမော
င်နိုင် သူတို့အနားရောက်လာပါသည်...။ ငွေမှုံနဲ့ ဖိုးဇော် မင်းတို့ ဘာဖြစ်နေကြတာတုန်း...။ ဘာမှမဖြစ်ပါဘူး
မောင်နိုင်ရာ...။ ဖိုးဇော်...အဆင်ပြေအောင်ဖြေလိုက်သည်...။ ငွေမှုံကတော့ရှက်သွေးဖျန်းနေတဲ့မျက်နှာလေ
းနဲ့..မော့ပင်မကြည့်တော့ပါ...။ ဟဲ့...ငွေမှုံ နင်နဲ့မိတ်ဆက်ပေးရအုံးမယ်...။ အဲလိုပြောလိုက်တော့ ငွေမှုံမျက်
နှာကိုမော့ကြည့်လိုက်ပါသည်...။ ငွေမှုံ ဒါငါ့ရည်းစားလေ...မြောက်ဘက်ရွာက နှင်းမြတဲ့။ အံ့သြခြင်း၊၀မ်းန
ည်းခြင်း၊ ရှက်ကြောက်ခြင်းတို့ကြောင့် ငွေမှုံ တုန်တုန်ရီရီဖြင့်...သြော်...ဟုတ်လား...။ ကောင်းတာပေါ့ဟာ...
ငါသွားတော့မယ်...ငွေမှုံ.. ဒါပဲနော်...။ မောင်နိုင်ထွက်သွားရာလမ်းတစ်လျှောက် လိုက်ကြည့်ရင်း ဆုံးရှုံးလိုက်
ရတဲ့မျက်နှာလေးနဲ့ ကောင်းပါတယ် မောင်နိုင်ရယ်... ကောင်းပါတယ်...။ အဲလိုဖြစ်နေတာတွေကို ဖိုးဇော်
ကြည့်ရင်း ၀မ်းသာရမလိုလို၊ ၀မ်းနည်းရမလိုလိုနဲ့ ငါလည်းသွားတော့မယ် ငွေမှုံ.. မနက်ဖြန်မှတွေ့မယ်နော်.
..။နင့်ဘာသာ သွားသွား၊ သေသေဟာ... သွား၊ နင့်ငါ့ကိုပြောမဲ့စကား ကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး..
နင်သွားတော့...။ ကောင်းပါပြီ ငွေမှုံရယ် ၊ကောင်းပါပြီ ငွေမှုံ ..ငါနင့်ကိုကတိပေးပါတယ်..။ ငါဘယ်တော့မှနင့်
ရှေ့ကဖြတ်ရှောက်မှာမဟုတ်ဘူး...။ အဲဒါဘာလို့လည်းဆိုတော့ငါနင့်ကိုစိတ်ချမ်းသာစေချင်လို့ပါ... ဘာလို့စိတ်
ချမ်းသာစေချင်တုန်းဆိုတာက ငါနင့်ကိုအရမ်းချစ်လို့... အဲဒါကိုတော့ယုံထားဟာ...ငါသွားပြီ...။
ဖိုးဇော်တစ်ယောက် အဲဒီအချိန်ကနေစပြီး မြို့မှာအလုပ်သွားလုပ်နေတာ အခုချိန်ထိတောင်ပေါ်မလာတော့ပါ
ဘူး..။ သူ့အမေကိုတော့ လူကြုံနဲ့အမြဲတမ်းပိုက်ဆံပို့ပေးပါတယ်...။ အရမ်းအချစ်ကြီးတဲ့ဖိုးဇော်လေ အခုချိန်
ထိအိမ်ထောင်မပြုပါဘူး...။
ဆက်ပါဦးမည်......အပိုင်း(၅)မျှော်...
အညာဒေသရဲ့ ဓလေ့ထုံးစံ အလှူပွဲလေး အကြောင်းပါ...ဗဟုသုတ ရမယ်ထင်ပါတယ်...။
သူငယ်ချင်းတို့ရဲ့လက်ခုပ်သံက ကျွန်တော့်အတွက်အားဆေးတစ်ခုပါ...။
ရာဇာ(ကျေးတောသားလေး)
23.2.2011

0 comments:

Post a Comment