Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Tuesday, February 15, 2011

အတုယူသင့်သည့် စိတ်ဓါတ်






တစ်ခါက ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး တိုင်းပြည်အုပ်ချုပ် မင်းလုပ်စဉ် ဘုရင်ကြီးမှာ ဘုရားလောင်း သားတော်လေးတစ်ပါး ဖွားမြင်ခဲ့ပါတယ်... သားတော်လေးရဲ့နာမည်ကို ဇနသံဒ မင်းသားလေးလို့ခေါ်ပါသတဲ့။ သားတော်လေးအရွယ်ရောက်လာချိန်မှာ ဘုရင်ကြီးကနတ်ရွာစံသွားပါတယ်။ အဲဒီအချိန်မှာ ဇနသံဒ မင်းသားလေးဟာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရပါသတဲ့။ ဇနသံဒ ဘုရင်ဟာ သူတိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့အချိန်မှာ ငါရဲ့တိုင်းပြည်ဟာ တရားသောတိုင်းပြည်၊ ငါ့ရဲ့ လူမျိုးဟာ တရားသောလူမျိုးဖြစ်ရမယ်လို့ စဉ်းစားမိပြီး ပထမဦးဆုံး ဘုရားလောင်းက ငါ့တိုင်းပြည်မှာ ဆင်းရဲမှု့မရှိအောင်၊ငတ်မွတ်ခေါင်းပါးမှုမရှိအောင် အရင်လုပ်ရမယ်လို့အကြံရသတဲ့။ ထို့ကြောင် ဘုရားလောင်း ဘုရင်လေးဟာ တိုင်းပြည်မှာ အခွန်ဘဏ္ဍာ လုံးဝမကောက်ခံရလို့ အမိန့်ထုတ်လိုက်ပါတယ်တဲ့... တိုင်းပြည်အတွင်း အရပ်ရှစ်မျက်နှာမှာ မဏ္ဍာပ် ၁၆ ခု ဆောက်လုပ်စေပြီး စားစရာမရှိတဲ့သူ စားစရာလာယူလှည့်ကြပါ ၊၀တ်စရာအ၀တ်မရှိတဲ့သူ ၀တ်စရာအ၀တ်လာယူလှည့်ကြပါ အလှူကြီးပေးမယ်လို့ကြေငြာထားလိုက်ပါသတဲ့။ လာရောက်ကြတဲ့တိုင်းသူပြည်သားတွေကိုလည်း ဘုရားလောင်းဘုရင်လေးက စားစရာမရှိရင် သူ့ဆီလာတောင်းဖို့ ၊ ၀တ်စရာမရှိရင်သူ့ဆီလာတောင်းဖို့ ကုန်းချောခြင်း ၊ ကုန်းတိုက်ခြင်းတွေမလုပ်ဖို့ ၊သူများသားမယားကို မစော်ကားဖို့၊ သူများပစ္စည်း မခိုးဖို့၊ သူများအသတ်ကိုမသတ်ဖို့၊တစ်ယောက်နဲ့တစ်ယောက်ချစ်ချစ်ခင်ခင်နေကြဖို့မှာကြားလိုက်ပါသတဲ့။
သူအုပ်ချုပ်လို့ နန်းသက် တစ်နှစ်တာကာလအတွင်းမှာ တိုင်းပြည်ကသိသိသာသာ တိုးတက်ဖွံ့ဖြိုးလာပါသတဲ့...။တိုင်းပြည်မှာရှိတဲ့ထောင်တွေမှန်သမျှပိတ်ထားရတယ်တဲ့။ နောက်ပြီးဘာအမှုကိစ္စမှလည်း မရှိတော့ဘူးတဲ့။ ဇနသံဒ ဘုရင်ရဲ့ တိုင်းပြည်ဟာ အရမ်းကို
အေးချမ်းပြီး စည်ပင်သာယာဝပြောတဲ့ တိုင်းပြည်ဖြစ်လာပါသတဲ့ .....။
ဘုရားလောင်းဘုရင် ဇနသံဒ ဟာ တိုင်းသူပြည်သားတွေကို ကျင့်ကြံ ရမည့် တရားအချက်(၁၀)ချက်ကို အမြဲတမ်း ဆုံးမသွန်သင်ပြီ
း ကျင့်ကြံခိုင်းပါသတဲ့...သူကိုယ်တိုင်လည်းကျင့်ကြံ ကြိုးကုတ် အားထုတ်ပါသတဲ့။
ဇနသံဒဘုရင် တိုင်းသူပြည်သားတွေကို ကျင့်ကြံခိုင်းတဲ့အချက်တွေကတော့ -
(၁)ပညာရှာတဲ့အရွယ်မှာပညာရှာပါ
(၂)ဥစ္စာရှာတဲ့အရွယ်မှာ ဥစ္စာရှာပါ
(၃)သူများအသတ်ကို လုံးဝ မသတ်ပါနဲ့
(၄)သူများပစ္စည်း လုံးဝ မခိုးပါနဲ့
(၅)ကုန်းချောခြင်း၊ ကုန်းတိုက်ခြင်း လုံးဝမလုပ်ပါနဲ့
(၆)မိဘကို ရိုသေစွာလုပ်ကျွေးပါ
(၇)ဆရာသမားကို ရိုသေလေးစားစွာ ဆည်းကပ်ပါ
(၈)သူများသားမယား ကို မပစ်မှား မကျူးလွန်ပါနဲ့
(၉)ပေးကမ်းလှူဒါန်း စွန့်ကြဲပါ
(၁၀) မြတ်စွာဘုရားရဲ့အဆုံးအမကို ညွှန်ကြားဆုံးမ သင်ကြားပြသနိုင်တဲ့ ဆရာသမားကို ဆည်းကပ်ပါ တဲ့။
အဲဒီအချက်တွေကို မကျင့်ကြံခဲ့ ၊မပြုလုပ်ခဲ့ပါက နောင်တစ်ချိန်မှာနောင်တ ရတတ်ပါသတဲ့ပညာရှာတဲ့အရွယ်မှာ ပညာကိုရှာရပါမယ် ရှာသင့်ပါတယ် ၊ ဥစ္စာလည်း ရှာရပါမယ် ရှာသင့်ပါတယ်။သူများအသက်ကိုလည်းလုံးဝမသတ်မိအောင်ထိန်းသိမ်းစောင့်ရှောက်ပြီး ကျင့်ကြံရပါမယ်။သူများပစ္စည်းကိုလည်း လုံးဝ မခိုးမိအောင် ကျင့်ကြံအားထုတ်ရပါမယ်။ကုန်းချောခြင်း
ကုန်းတိုက်ခြင်းကိုလည်း လုံးဝကို မပြုလုပ်မိအောင် ကျင့်ကြံအားထုတ်ရပါမယ်။မိဘကိုလည်း ရိုသေစွာလုပ်ကျွေးရပါမယ်။ ဆရာသမားကိုလည်းရိုသေစွာ ဆည်းကပ်ရပါမယ်၊။သူများသားမယားကိုလည်း မပစ်မှားမကျူးလွန်မိအောင် စောင့်ထိန်းရပါမယ်၊ သူများကိုပေးကမ်းလှူဒါန်းရပါမယ် ၊အဆုံးအမပေးတဲ့ဆရာသမားကိုလည်း ရိုသေစွာ ဆည်းကပ်ရပါမယ်..။
အဲဒီအချက် (၁၀) ချက်ကို ကျင့်ကြံသူအားလုံး နောင်တဆိုတာလုံးဝမရှိတော့ပဲ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့နေနိုင်ကြမှာဖြစ်ပါတယ်......။ စာဖတ်ပရိတ်သတ်များလည် ဒီအကြောင်းလေးကိုဖတ်ပြီး အတူယူနိုင်ကြပါစေ။ ဇနသံဒဘုရင်ကိုအတုယူပြီး တစ်ကမ္ဘာလုံးမှာ ရှိတဲ့တိုင်းပြည်အုပ်ချုပ်နေကြတဲ့ ဘုရင်မင်းမြတ်တွေလည်း ဘုရားလောင်းဘုရင်ဇနသံဒ လို ကျင့်ကြံအားထုတ်နိုင်ကြပြီး ကမ္ဘာသူ ၊ကမ္ဘာသားများအားလုံး ရဲ့ တိုင်းပြည်တွေဟာလည်း ဇနသံဒဘုရင် ရဲ့တိုင်းပြည်လို အမြဲတမ်း စည်ပင်သာယာဝပြောပြီး အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ကပ်ကြီးသုံးပါးမှကျော်လွှားနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
သူငယ်ချင်း ၊ မိတ်ဆွေများ အားလုံး သတိ နဲ့ အသိ ကပ်နိုင်ကြပါစေ...။

ရာဇာ (ကျေးတောသားလေး)
16.2.2011

0 comments:

Post a Comment